Blog

၀၀၂။ စူရာ အလ်ဘကရာ : ဂါဝီကဏ္ဍ အပိုင်း (၂) (အာယသ် ၁၄၁-၂၈၆) (မက္ကာမြို့တော်ကျ- အစောင် ၁၊ ကဏ္ဍ ၂၊ ၂၈၆ အာယသ်တော်၊ ၄၀ ရကူ)

surah-2_img2
The Holy Quran and Myanmar Translation

၀၀၂။ စူရာ အလ်ဘကရာ : ဂါဝီကဏ္ဍ အပိုင်း (၂) (အာယသ် ၁၄၁-၂၈၆) (မက္ကာမြို့တော်ကျ- အစောင် ၁၊ ကဏ္ဍ ၂၊ ၂၈၆ အာယသ်တော်၊ ၄၀ ရကူ)


Notice: Undefined index: options in /home/kpr4d695aq7d/public_html/wp-content/themes/edumall/elementor/widgets/original/section.php on line 45

၀၀၂ : ၁၄၁။ ထိုသူတို့သည် (အတိတ်ကာလ၌) လွန်လေပြီးသောသာသနာဝင်လူစုဖြစ်ကြကုန်၍ ထိုသူတို့ပြုကျင့် ဆည်းပူးခဲ့သမျှသောသုစရိုက်မှုကုသိုလ်ကံ၊ ဒုစရိုက်မှု အကုသိုလ်ကံတို့သည် ထိုသူတို့အဘို့သာဖြစ်လေသည်။ ထိုနည်းတူစွာ အသင်တို့ပြုကျင့်ဆည်းပူးခဲ့သမျှ သော(ကောင်းမှုမကောင်းမှု)တို့၏အကျိုးသည်လည်း သင်တို့အဘို့အရာသာတည်း။ ထိုမှတပါးအသင်တို့ သည် ထိုသူတို့ပြုကျင့်ခဲ့ကြသော ကိစ္စများနှင့်စပ်လျဉ်း၍ မေးမြန်းခြင်းကိုခံကြရမည်မဟုတ်ပေ။

၀၀၂ : ၁၄၂။ မကြာမီကာလအတွင်း လူတို့အနက်မှ (ကစ်ဗ်လဟ် ပြောင်းလွဲခြင်း၏ သဘောတရား ကို နာ းမလည်ကြသော) လူ့ဗာလတို့က အဘယ် အရာသည် ယင်း မွတ်စ်လင်မ် များကို မိမိတို့၏ နဂိုမူလ မျက်နှာမူရာ အရပ်ဒိ သာဘက်မှ ပြောင်းလွဲအောင် ပြုဘိသနည်းဟု မုချ (ကဲ့ရဲ့ပြစ် တင်)ပြောဆိုကြကုန်အံ့။ (အို-နဗီတမန်တော်) အသင်သည် အရှေ့နေထွက်ရာအရပ်ကိုလည်းကောင်း၊ အနောက် နေဝင်ရာအရပ်ကိုလည်းကောင်း၊ (အရပ်ရှစ်မျက်နှာ လုံးကို) အလ္လာဟ်အရှင်မြတ်သည်သာလျှင် ပိုင်ဆိုင်တော်မူ သည်၊ ထိုအသျှင်မြတ်သည် မိမိနှစ်လိုတော်မူသော သူကို သာလျှင် ဖြောင့်မတ်မှန်ကန်သော တရားလမ်းသို့ ညွှန်ကြားပြ သပို့ဆောင်တော် မူသည်ဟု (ထိုသူတို့အား) တု့ံပြန်ဖြေကြား ပါလေ။

၀၀၂ : ၁၄၃။ ထို့ပြင် ဤနည်းနှင်နှင် ငါအသျှင်မြတ်သည် အသင်တို့ကိုလည်း အလယ်အလတ် (တရားမျှတ သော အမြင့်မြတ်ဆုံးသော) သာသနာဝင်များအဖြစ် ပြုတော်မူ ခဲ့လေပြီ၊ (ယင်းကဲ့သို့ပြုတော်မူခြင်းမှာ) အသင်တို့သည် လူခပ်သိမ်းတို့အဘို့ အသိသက်သေများ ဖြစ်စေအ့ံသော ငှာလည်းကောင်း၊ ထို့ပြင်ရစူလ်တမန်တော် (မုဟမ္မဒ်)သည် လည်း အသင်တို့အဘို့ အသိသက်သေ ဖြစ်စိမ့်သောငှာ လည်း ကောင်း၊ (ပြုတော်မူခြင်းပင်) ဖြစ်လေသည်။ စင်စစ် ငါအရှင် မြတ်သည် အသင်(နဂိုမူလက) မျက်နှာမူခဲ့ဘူးသည့် ကစ်ဗ်လဟ် (၀ါ) ဗိုင်တုလ်မုကဒ္ဒတ်စ် ကို (ကစ်ဗ်လဟ်အဖြစ်ယာယီအား ဖြင့်)ထားရှိတော်မူခဲ့ခြင်းအကြောင်းမှာ (နောင်အနာ ဂတ်တွင် ကစ်ဗ်လဟ် မျက်နှာမူရာ ကအ်ဗဟ် ဘက်သို့ ပြောင်းလွှဲ သောအခါ) ရစူလ်တမန်တော်၏ အမိန့်ကို လိုက်နာသောသူနှင့် မိမိတို့ခြေဖနောင့် ဘက်သို့ ပြန်လှည့်သွားသူတို့ကို(ခွဲခြား) သိ တော်မူရန်သာဖြစ်ချေသည်။ စင်စစ်သော်ကား (ကစ်ဗ်လဟ် ပြောင်းလွှဲရန် အမိန့်တော်သည်) အလ္လာဟ်အရှင်မြတ်က တရား လမ်းမှန်ကို ညွှန်ကြားပြသ (ပို့ဆောင်)တော်မူခြင်းကို ခံရသူတို့ မှအပ (အခြားသူတို့ အဘို့လိုက်နာရန်) အလွန်ပင် ခဲယဉ်းလှ ပေသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ ယုံကြည်ခြင်းသဒ္ဓါတရား [(၀ါ) မူလ ကစ်ဗ်လဟ်ဘက်သို့ မျက် နှာမူ၍ ဆွလာတ် ဝတ်ပြုခဲ့ကြသည်] ကို အချည်းနှီးအကျိုးမဲ့ ဖြစ်စိမ့် သောငှာ (ဤသို့ပြောင်းလွှဲရန် အမိန့်ထုတ်ပြန်တော် မူသည်) မဟုတ်ချေ။ အလ္လာဟ်အရှင်မြတ်သည် လူခပ်သိမ်း တို့အပေါ်ဝယ် စင်စစ် နူးည့ံသိမ်မွေ့တော် မူထသောအရှင်၊ မပြတ်မစဲ သနားညှာတာတော် မူထသောအရှင်၊ ဖြစ်တော်မူ ပေသတည်း။

၀၀၂ : ၁၄၄။ အသင်သည် (မိမိစိတ်တွင်းဝယ်ဆွလာတ် ဝတ် ပြုရာ၌မျက်နှာမူရန် ကအ်ဗဟ်ကျောင်းတော်ကို ကစ်ဗ်လဟ်ဖြစ် စေလို၍အလ္လာဟ်အရှင်မြတ်အထံတော် မှ အမိန့်တော်ကို မျှော်လင့် လျက်) မိုးကောင်းကင်သို့ အကြိမ်ကြိမ်မျက်နှာမော်၍ ကြည့်နေသည်ကိုငါအရှင် မြတ်သည် မုချ မြင်တော်မူသည်ဖြစ် လေရာ အသင်နှစ်သက်လေသောကစ်ဗ်လဟ် ဘက်သို့ အသင့်အား ငါအရှင်မြတ်သည် မုချဧကန် လှည့်၍ပေး တော်မူအံ့။ သို့ဖြစ်ရာ (အို-နဗီတမန်တော်) အသင်သည် မိမိ မျက်နှာကို (ယခုချိန်မှစ၍ ဆွလာတ်ဝတ်ပြုရာတွင်) မတ်စ်ဂျိ ဒေဟရာမ် (၀ါ) ကအ်ဗဟ်ကျောင်းတော်ဘက် သို့လှည့်ပါလေ။ ထိုမှတစ်ပါးအသင်တို့သည် မည်သည့် နေရာ (အရပ်ဒေသ) ၌ပင် ရှိနေစေကာမူ (ဆွလာတ်ဝတ်ပြုသောအခါ) ယင်း (မတ်စ် ဂျိဒေ့ဟရာမ်)ဘက်သို့သာလျှင် မိမိတို့မျက်နှာများကို လှည့်ကြ ကုန်လော့။ အမှန်စင်စစ်(အလ္လာဟ်အသျှင်မြတ်ထံမှ) ကျမ်း ဂန်ရသောသူတို့သည်(လည်း) ထို (မတ်စ်ဂျိဒေ့ဟရာမ် ရှိရာ ဘက်သို့ မျက်နှာမူရန် အမိန့်တော်သည်) မိမိတို့အား မွေးမြူ တော်မူသော (အလ္လာဟ်)အရှင်မြတ်အထံတော်မှကျရောက်၍ မှန်ကန်သောအမိန့်တော်ပင်ဖြစ်သည်ဟု မုချအမှန် သိရှိကြကုန် ၏။ (သို့ရာတွင် မနာလိုမုန်းထားသော သဘောဖြင့်သာလျှင် မထီမဲ့မြင် ပြုကြလေသတည်း)။ စင်စစ် အလ္လာဟ်အရှင်မြတ် သည် ယင်းသူတို့ပြုမူကျင့်ကြံလေသောကိစ္စရပ်များကို မေ့လျော့ လျစ်လျူရှုတော်မူမည့်အသျှင်မဟုတ်ပေ။

၀၀၂ : ၁၄၅။ ထို့ပြင်တဝ (အို-နဗီတမန်တော်၊ အလ္လာဟ်အရှင် မြတ်အထံတော်မှ) ဓမ္မဒေသနာကျမ်းဂန်များ ရရှိသူ (ယဟူ ဒီနှင့် ခရစ်ယာန်)တို့ရှေ့ဝယ် အကယ်စင်စစ် အသင်သည် သက်သေသာဓကလက္ခဏာ ဟူသမျှကိုယူဆောင်တင်ပြပါ သော်လည်း ယင်းသူတို့သည် အသင်၏မျက်နှာမူရာ ကစ်ဗ် လဟ်ကို လိုက်နာကြလိမ့်မည် မဟုတ်ချေ။ အသင်သည်လည်း ယင်းသူတို့၏မျက်နှာမူရာအရပ်ကို လိုက်နာမည်မဟုတ်။ ယင်း (ယဟူဒီနှင့်ခရစ်ယာန်) တို့သည်လည်း အချင်းချင်း အချို့သည် အချို့၏မျက်နှာမူရာအရပ်ကို လိုက်နာကြသည်မဟုတ်ပေ။ သို့ ဖြစ်၍ (ငါ အရှင်မြတ်၏အထံတော်မှ ကအ်ဗဟ်ကျောင်းတော် ဘက်သို့ မျက်နှာမူရန်အမိန့်တော်ကျရောက်၍ မှန်ကန်သော) အသိတရားများ အသင့်ထံရောက်ပြီးသည့်နောက် အသင်သည် ယင်းသူတို့၏ အလိုဆန္ဒများကို အကယ်စင်စစ် လိုက်လျောခဲ့ ပါမူ အသင်သည် ပြစ်မှုကျူးလွန်သောသူများတွင် ဧကန်မုချ တစ်ဦးအပါအဝင် ဖြစ်ချေတော့အံ့။

၀၀၂ : ၁၄၆။ အမှန်စင်စစ် [တောင်ရာတ်နှင့်အင်(န်)ဂျီလ်)] ကျမ်းများကို ငါအရှင်မြတ်ပေးသနားတော်မူသော(ယဟူဒီ နှင့်ခရစ်ယာန်တို့၏ပညာရှိသုခမိန်)တို့သည် မိမိတို့၏ သားမြေး တို့ကို သိဘိသကဲ့သို့ပင် ထို[နဗီတမန်တော်မုဟမ္မဒ်(ဆွ)] ကို လည်း သိကြလေသည်။ သို့ရာတွင် ဧကန်မုချ ယင်းသူတို့ အနက်မှ လူတစ်စုသည် အမှန်ကို (အမှန်ဟူ၍) သိရှိပါလျက် နှင့်ပင် ထိမ်ချန်ထားရှိကြလေသတည်း။
၀၀၂ း ၁၄၇။ (အို-နဗီတမန်တော်) ဤ (ကစ်ဗ်လဟ် ပြောင်း လွှဲခြင်းနှင့် စပ်လျဉ်းသော) အမိန့်တော်သည် အသင့်ကို မွေးမြူတော်မူသော အရှင်မြတ်၏အထံတော်မှ ကျရောက်သည့် မှန်ကန်သော အမိန့်တော်ပင် ဖြစ်ချေသည်။ သို့ဖြစ် လေရာ အသင်သည် ဒွိဟ မကင်းသောသူတို့တွင် အပါအဝင် မဖြစ်ပါလေနှင့်။

၀၀၂ : ၁၄၇။ (အို-နဗီတမန်တော်) ဤ (ကစ်ဗ်လဟ် ပြောင်း လွှဲခြင်းနှင့် စပ်လျဉ်းသော) အမိန့်တော်သည် အသင့်ကို မွေးမြူတော်မူသော အရှင်မြတ်၏အထံတော်မှ ကျရောက်သည့် မှန်ကန်သော အမိန့်တော်ပင် ဖြစ်ချေသည်။ သို့ဖြစ် လေရာ အသင်သည် ဒွိဟ မကင်းသောသူတို့တွင် အပါအဝင် မဖြစ်ပါလေနှင့်။

၀၀၂ : ၁၄၈။ ထိုမှတပါး လူမျိုးအသီးသီးတို့၌ (မျက်နှာမူရာ) အရပ်တခုကျစီရှိ၏။ ထို(လူမျိုးအသီးသီး) တို့သည် (ဝတ်ပြုရာ ၌မိမိတို့ဘာသာတရားနှင့်အညီ) ထိုမျက်နှာမူရာဘက်သို့ မျက်နှာမူလေ့ရှိကြကုန်၏။ သို့ဖြစ်လေရာ အသင်တို့သည် ကုသိုလ်ကောင်းမှု ဆည်းပူးရာ၌ သူ့ထက်ငါသာအောင် (လုံ့လဝီရိယစိုက်ထုတ်ကာ)အဆောတလျင်ပြုလုပ်ကြကုန်လော့။ အသင်တို့သည် မည်သည့်နေရာ၌မဆို ရှိကြအံ့၊ အလ္လာဟ် အရှင်မြတ်သည် အသင်တို့ အားလုံးတို့ကို (တဌာနတည်း၌) စုရုံးတော်မူအံ့။ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အရာခပ် သိမ်းတို့ အပေါ်ဝယ် စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ လေသတည်း။

၀၀၂ : ၁၄၉။ ထို့ပြင်တဝ (အို-နဗီတမန်တော်) အသင်သည် မည်သည့်နေရာဌာနမှမဆို (ခရီး) ထွက်အံ့၊ (၀ါ) မည်သည့် နေရာ၌မဆိုရှိနေအ့ံ၊ ဆွလာတ်ဝတ်ပြု ရာ၌ မိမိမျက်နှာကို (ထိုဌာနမှ) မတ်စ်ဂျိဒေ့ဟရာမ် ကျောင်းတော်ဘက်သို့သာ လျှင်လှည့်ပါလေ။ စင်စစ် သော်ကား မုချဧကန် ဤအမိန့်တော် သည် အသင့် အား မွေးမြူတော်မူသော အရှင်မြတ်၏အထံ တော်မှ လုံးဝမှန်ကန်သော အမိန့်တော်ပင်ဖြစ်သည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ် ကျင့်မူကြကုန် သော ကိစ္စရပ်များကို မေ့လျော့ လျစ်လျူရှုတော်မူမည့်အရှင် မဟုတ်ပေ။

၀၀၂ : ၁၅၀။ တဖန် (အို-နဗီတမန်တော်) အသင်သည် မည်သည့်နေရာဌာနမှမဆို (ခရီး)ထွက်အံ့။ သို့(ခရီး) ထွက်ရာ နေရာဌာနမှ (ဆွလာတ်ဝတ်ပြုရာ၌)ကအ်ဗဟ် ကျောင်းတော် ဘက်သို့သာလျှင် မျက်နှာမူပါလေ။ တဖန်ပြကတေ့ ထိုနည်း အတိုင်း (အို-မွတ်စ်လင်မ် အပေါင်းတို့) အသင်တို့သည်လည်း မည်သည့် နေရာဌာန၌မဆို ရှိကြသည် ဖြစ်အံ့။ ဆွလာတ် ဝတ်ပြုရာ၌) ထို (ကအ်ဗဟ်ကျောင်းတော်) ဖက်သို့ သာလျှင် မျက်နှာမူကြကုန်လော့။ ဤအမိန့်တော် ထုတ်ပြန်တော်မူ ခြင်းကား အသင်တို့အား အတိုက်အခံ ပြုကြကုန်သော လူခပ်သိမ်းတို့ အဖို့ အသင်တို့နှင့် ဆန့်ကျင်၍ လျှောက်လဲချက် မရှိရန်အလို့ငှာ ဖြစ်သည်။ သို့ရာတွင် ယင်းသူတို့ အနက်မှ မတော်မတရားပြုမူသော သူတို့ကား (ဇွတ်မှိတ်၍ ဆင်ခြေလဲ ကြဦးမည် ဖြစ်သော်လည်း ၎င်းတို့၏ဆင်ခြေလဲခြင်းမှာ ဂရုပြုဘွယ်မဟုတ်ချေ။) သို့ဖြစ်ပေရာ အသင်တို့သည် ၎င်းတို့ အား အလျင်း မကြောက်ရွံ့ကြပဲ ငါအရှင်မြတ်ကိုသာလျှင် ကြောက်ရွံ့ကြလေကုန်။ သို့မှသာလျှင် ငါအရှင်မြတ်သည် အသင်တို့အပေါ် မိမိကျေးဇူးတော်များကို ပြည့်စုံ စေတော်မူအံ့။ ထို့ပြင်တဝ အသင်တို့သည် ဥဇုမဂ္ဂတည်းဟူသော ဖြောင့်မတ်မှန်ကန်သော တရား လမ်းကိုရရှိသူများလည်းဖြစ်ကြအံ့။

၀၀၂ : ၁၅၁။ (ငါအရှင်မြတ်သည် ကအ်ဗဟ် ကျောင်း တော်ကို ကစ်ဗ်လဟ်အဖြစ် သတ်မှတ်၍ ပေးတော် မူခြင်းမှာ) ငါ အရှင်မြတ်သည် အသင်တို့ထံဝယ် အသင်တို့အနက်မှ ရစူလ် တမန်တော်တပါး စေလွှတ် တော်မူသကဲ့သို့ပင်ဖြစ်သည်၊ ထို ရစူလ်တမန်တော် သည် ငါအရှင်မြတ် (ပို့ချတော်မူသော) ဒေသနာများကို အသင်တို့ရှေ့ဝယ် ရွတ်ဘတ် သရဇ္ဈာယ်သည်။ ထို့ပြင်တဝ အသင်တို့(၏ စိတ်နှလုံးများ)ကို (အကုသိုလ် ဒုစရိုက်များမှ) သန့်စင်အောင်ပြုပေးသည်။ ထိုမျှမက အသင်တို့အား ကျမ်းဂန်နှင့် အသိ အလိမ္မာ အမြော်အမြင် တရားများကိုလည်း သင် ကြားပြသသည်၊ ထိုမှတပါး အသင်တို့ မသိ နားမလည်ခဲ့ကြသော အကြောင်းအရာအရပ်ရပ် တို့ကို လည်း သင်ကြားပြသသည်။

၀၀၂ : ၁၅၂။ သို့ဖြစ်လေရာ အသင်တို့သည် ငါအရှင်မြတ် ကို (ခဝပ်ကိုးကွယ်ခြင်းအားဖြင့် လည်းကောင်း၊ ငါအရှင်မြတ်၏ အမိန့် တော်များကို ရိုသေစွာ လိုက်နာခြင်းအား ဖြင့်လည်း ကောင်း) အောက်မေ့တသ သတိရကြကုန်လော့၊ ငါအရှင် မြတ်သည် လည်း အသင်တို့အား (ကူညီ စောင့်ရှောက်တော်မူ ခြင်း အားဖြင့်) သတိရတော်မူအံ့။ ထိုမှတစ်ပါး အသင်တို့သည် ငါအရှင်မြတ်၏ကျေးဇူး တော်ကိုသိကြကုန်လော့။ အသင် တို့သည် ငါ အရှင်မြတ်အား ကျေးဇူးမကန်းကြကုန်လင့်။

၀၀၂ : ၁၅၃။ အို- ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိကြသူ အပေါင်းတို့၊ သင်တို့သည် သည်းခံတရားထားခြင်း ဖြင့်လည်း ကောင်း၊ ဆွလာတ်ဝတ်ပြုခြင်းဖြင့်လည်းကောင်း၊ (အလ္လာဟ် အရှင်မြတ်၏ အထံတော်မှ) ကူညီထောက်ပံ့ စောင်မတော် မူခြင်းကို ရယူကြကုန်လော့။ ဧကန်အမှန် အလ္လာဟ်အရှင် မြတ်သည် ခန္တီတရားထားရှိသောသူ တို့နှင့်အတူတကွ (အမြဲ) ရှိတော်မူလေသတည်း။

၀၀၂ : ၁၅၄။ ထို့ပြင်တဝ (အို-မုအ်မင်န် အပေါင်းတို့) အသင် တို့သည် အလ္လာဟ်အရှင်မြတ် လမ်းတော်၌ သတ်ဖြတ်ခြင်းခံရ သူတို့ကို သူသေများဟူ၍ မပြောဆိုကြကုန်လင့်။ (ယင်းသူတို့ သည် သူသေများ) အလျင်းမဟုတ်။ စင်စစ်မှာမူ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏ အထံတော်၌ အသက်ရှင်လျက်ပင် ရှိကြလေသည်။ သို့ရာတွင် အသင်တို့သည် (ထိုအကြောင်းကို) တွေးဆဆင်ခြင် မသိမမြင်နိုင်ကြချေ။

၀၀၂ : ၁၅၅။ ထို့ပြင်တဝ (အို-မုအ်မင်န် အပေါင်းတို့) မချွတ် ဧကန် ငါအရှင်မြတ်သည် အသင်တို့ကို တစ်စုံတစ်ခုသော ကြောက်ရွံ့ စိုးရိမ်စေခြင်းဖြင့် သော်၎င်း၊ ငတ်မွတ်စေခြင်း အားဖြင့်သော်၎င်း၊ ဥစ္စာပစ္စည်းများ ဆုံးပါးစေခြင်းဖြင့် သော်၎င်း၊ အသက်သေကြေပျက်စီးစေခြင်းဖြင့်သော်လည်း ကောင်း၊ ကောက်ပဲသီးနှံများ ပျက်ပြားစေခြင်းဖြင့်သော်လည်း ကောင်း၊ [(တနည်း) သားသမီးများ သေဆုံးစေခြင်းဖြင့်သော် လည်းကောင်း၊] စမ်းသပ်တော် မူလတ္တံ့။ သို့ရာတွင် (ထိုကဲ့သို့ စမ်းသပ်သော ဘေးအန္တရာယ် များကို) ခန္တီတရားဖြင့် သည်းခံသူအပေါင်းအား ဝမ်းမြောက် ဘွယ်ရာ ကောင်း ချီးမင်္ဂလာသတင်းကို [အို-နဗီတမန်တော် မုဟမ္မဒ်(ဆွ)] အသင်သည် ပြောကြားပါလေ။

၀၀၂ : ၁၅၆။ ထိုသူတို့သည် မိမိတို့အပေါ်၌ ဘေးဥပဒ်အန္တ ရာယ် တစ်စုံတစ်ရာ ဆိုက်ရောက်လာသောအခါ ဧကန်အမှန် အကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်၏ အဖို့အရာသာ ဖြစ်၍ မုချဧကန် ထိုအရှင်မြတ်၏ အထံတော်သို့သာ ပြန်လည် သွားကြရမည့်သူများ ဖြစ်ကြပါသည်ဟု ဆိုလေ့ရှိကြကုန်၏။

၀၀၂ : ၁၅၇။ ထို(ကဲ့သို့စမ်းသပ်သော ဘေးအန္တရာယ်များကို ခန္တီတရားဖြင့် သည်းခံသော) ဤသူတို့အပေါ်၌သာလျှင် ယင်းသူတို့အား မွေးမြူတော်မူထသောအလ္လာဟ် အရှင်မြတ် အထံတော်မှ ကောင်းချီးမင်္ဂလာများနှင့် မေတ္တာကရုဏာတော် သက်ရောက် ပေမည်။ ၎င်းပြင် ထိုသူတို့သည်သာလျှင် ဖြောင့် မတ်မှန်ကန် သော တရားလမ်းစဉ်ကိုရရှိသူများ ဖြစ်ကြကုန် သတည်း။

၀၀၂ : ၁၅၈။ ဧကန်အမှန် ဆွဖာနှင့်မရ်ဝဟ်တောင်များ သည် အလ္လာဟ်အရှင်မြတ် သတ်မှတ်ထားတော်မူ သော သာသနာ တော်၏အထိမ်းအမှတ်များ အနက်မှ ဖြစ်သည်၊ အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏ အိမ်တော်ဖြစ်သော ကအ်ဗဟ် ကျောင်း တော်သို့ ဟဂျ်ပြုရန် သွားရောက်သည်ဖြစ်စေ၊ သို့တည်း မဟုတ် အွန်မ်ရဟ် ပြုသည်ဖြစ်စေ ထိုသူ၏အပေါ်၌ ထိုတောင် နှစ်လုံး အကြားတွင် သွားလာခြင်းသည် တစ်စုံတစ်ရာမျှ အပြစ်မရှိပြီ။ ထို့ပြင်အကြင်သူသည် မိမိ၏စိတ်စေတနာအလျောက် တစ်စုံတစ်ခုသော ကုသိုလ်ကောင်းမှ ုကိုပြုလုပ်ပါမှ ုမုချဧကန် အလ္လာဟ်အရှင်မြတ်သည်ကျေးဇူးသိတော်မှ ု(၍ ရက်ရောစွာ ကောင်း ကျိုးပေးသနားတော်မူ) သောအရှင်၊ အရာခပ်သိမ်းတို့ကို သိ တော်မူသောအရှင် ဖြစ်တော်မူလေသတည်း။

၀၀၂ : ၁၅၉။ မုချဧကန် အကြင်သူတို့သည် ငါအရှင်ချပေးသနားတော်မူသော ထင်ရှားစွာသော အမိန့်တော်များနှင့် တရားဓမ္မများကို ထိမ်ချန်ကြကုန်၏။(ယင်းသို့ထိမ်ချန်ခြင်းမှာလည်း) ငါအရှင်မြတ်သည် အမိန့်တော်များနှင့်တရားးဓမ္မများကို(တောင်ရာသ်၊အင်န်ဂျီလ်) ကျမ်းများ၌ လူအများ (သိနားလည်ရန်) အဘို့ ရှင်းလင်းစွာ ဖော်ပြပြီးသည့် နောက်မှပင် ဖြစ်သည်။ထိုသို့သော သူတို့အား အလ္လာဟ်အရှင်မြတ်သည် ဂရုနာတော်မှကင်းဝေးစေတော်မူသည်။ ၎င်း အပြင်ကျိန်ဆဲ သူများကလည်း ထိုသူတို့ကိုကျိန်ဆဲကြလေသည်။

၀၀၂ : ၁၆၀။ သို့ရာတွင် အကြင်သူတို့သည် (မိမိတို့၏ ချွတ် ယွင်းမှုများကို) ဝန်ချတောင်းပန်ကြအံ့၊ ၎င်းအပြင် မိမိတို့၏ အကျင့်စာရိတ္တများကို ပြုပြင်ပြောင်းလွဲပြီး ကုသိုလ်တရား ပွားများကြကုန်အံ့၊ ၎င်းပြင် (ကျမ်းလာအမိန် ့ပညတ်များ ကိုလည်း မှန်ကန်စွာ) ထုတ်ဖော်ထင်ရှားစေကြကုန်အံ့။ သို့ဖြစ်လျှင် ငါအရှင်မြတ်သည် ထိုသူတို့ဘက်သို့ (မိမိ ကရုဏာတော်ဖြင့်) ပြန်လှည့်တော်မူအ့ံ။ စင်စစ် တမူကား ငါအရှင် မြတ်သည် (ဝန်ချတောင်းပန် သူများဘက်သို့) အကြိမ် ကြိမ် အဖန်ဖန် ပြန်လှည့် တော်မူထသောအရှင်၊ မပြတ်မစဲ သနား ကြင်နာ ညှာတာတော်မူထသောအရှင်မြတ် ဖြစ်တော်မူ၏။

၀၀၂ : ၁၆၁။ ဧကန်အမှန် အကြင်သူတို့သည် တရားဒေသ နာတော်များကို မယုံမကြည်သွေဖည်ငြင်းဆန်၍ ကာဖစ်ရ် အြ ဖစ်နှင့်ပင်သေဆုံးကြ၏။ ယင်းသူတို့ အပေါ်၌ အလ္လာဟ် အရှင်မြတ်၏ ကျိန်ဆဲခြင်း၊ အပါးတော်စေတမန်များ (၏ ကျိန်ဆဲခြင်း၊) လူများ (၏ကျိန်ဆဲခြင်း၊) အားလုံးတို့ (၏ ကျိန်ဆဲ ခြင်းသည် ကျရောက်အံ့။)

၀၀၂ : ၁၆၂။ (ယင်းသူတို့သည်) ထို(ကျိန်ဆဲခြင်း)၌ အမြဲတစေ နေကြရမည့်သူများဖြစ်ကြ၏။ ၎င်းတို့ထံမှ အပြစ်ဒဏ်သည် ပေါ့ပါးသွားမည်လည်းမဟုတ်၊ ၎င်းပြင် ယင်းသူတို့သည် အပြစ်ဒဏ်စီရင်ခြင်းကို ဆိုင်းငံ့ခွင့်လည်းရရှိကြမည်မဟုတ်ချေ။

၀၀၂ : ၁၆၃။ စင်စစ်အားဖြင့် တစ်ဆူတည်းဖြစ်တော်မူသော ခဝပ်ကိုးကွယ်ရာ အရှင်သည်သာလျှင် အသင်တို့၏ ကိုးကွယ် ရာအရှင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်မှ တစ်ပါး အခြားကိုး ကွယ်ရာအရှင်ဟူ၍ အလျင်းမရှိချေ။ ထိုအသျှင်မြတ်သည် အနန္တကရုဏာတော်ရှင်၊ အလွန် သနားကြင်နာတော်မူသော အရှင် ဖြစ်တော်မူ၏။

၀၀၂ : ၁၆၄။ မိုးကောင်းကင်များနှင့် ပထဝီမြေပြင်ကို ဖန် ဆင်းတော်မူခြင်း၌လည်းကောင်း၊ နေ့နှင့်ည ပြောင်းလွဲသွားလာ ခြင်း၌လည်းကောင်း၊ လူသားတို့အား အကျိုးဖြစ်ထွန်းစေသော ဝတ္ထုပစ္စည်းများကို တင်ဆောင်၍ ပင်လယ်သမုဒ္ဒရာများတွင် စုံဆန် သွားလာနေသော ရေယာဉ်များ၌လည်းကောင်း၊ မြေ သေမြေဟောင်း မြေသရောင်းကို ပြန်လည်ရှင်စေပြီး (မြေသြ ဇာဖြစ်စေ၍ သစ်ပင်ဝါးပင် အမျိုးမျိုး ပေါက်ရောက်စေရန် အလို့ငှာ) မိုးကောင်းကင်မှ အလ္လာဟ်အရှင်မြတ်ရွာသွန်းစေ တော်မူသော မိုးရေ၌လည်းကောင်း၊ ထိုမြေပြင်၌ (အလ္လာဟ် အရှင်မြတ်) ပေါက်ပွားပျံ့နှံ့စေတော်မူသော တိရစ္ဆာန်အမျိုးမျိုး ၌လည်းကောင်း၊ လေများကို တိုက်ခတ်စေတော်မူခြင်း၌ လည်း ကောင်း၊ မိုးနှင့်မြေကြားဝယ် (အလ္လာဟ်အရှင်မြတ်၏အမိန့် တော်ကို) နာခံလျှက်ရှိသော မိုးတိမ်များ၌ လည်းကောင်း၊ နိသမ္မဉာဏ်အရင်းခံ၍ စဉ်းစားဆင်ခြင် သိမြင်နားလည်ကြ ကုန်သောလူများအဖို့ မုချဧကန်(တစ်ဆူတည်းဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ တန်ခိုးတော် ဉာဏ်တော် ကရုဏာ တော်များကို ညွှန်ပြသော) သက်သေလက္ခဏာများ ရှိပေသတည်း။

၀၀၂ : ၁၆၅။ သို့ရာတွင် လူသားတို့အနက်မှ အချို့တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ပြိုင်ဆိုင်၍ (မိမိတို့၏) ဦးစီးနာယက များကို ကိုးကွယ်ကြလေသည်။ ယင်းသူတို့သည် အလ္လာဟ် အရှင်မြတ်အား ချစ်ကြည်မြတ်နိုးဘိသကဲ့သို့ပင် မိမိတို့၏ ဦးစီး နာယကများကို ချစ်ကြည်မြတ်နိုးကြကုန်၏။ သို့ရာတွင် ယုံ ကြည်ခြင်း သဒ္ဓါတရား ရှိကြသူတို့ မှာမူ အလ္လာဟ်အရှင်မြတ် ကိုသာလျှင် အလွန်ထက်သန်သော (ယုံကြည်ခြင်း သဒ္ဓါတရား ဖြင့်) ချစ်ကြည်မြတ်နိုး (ကိုးကွယ်) ကြလေသတည်း။ (တစ်ဆူ တည်းသော အလ္လာဟ်အရှင်မြတ်ကိုသာ ကိုးကွယ်ရမည်ဟူ သောဒေသနာတော်ကို) ကျူးလွန်သူတို့သည် (နောင်တမလွန် ဘဝ၌) အပြစ်ငရဲများကို မျက်ဝါးထင်ထင် တွေ့မြင်ကြသည့် အခါ အလုံးစုံသော တန်ခိုးအာဏာတို့သည် အလ္လာဟ်အရှင် မြတ်၌ သာလျှင် တည်ရှိ ကြောင်း၊ အလ္လာဟ်အရှင်မြတ်သည် ပြင်းထန်သော ပြစ်ဒဏ်များကို စီရင်တော်မူသောအရှင် ဖြစ်ကြောင်းကို သိရှိကြလိမ့်မည်။ အကယ်၍သာ ထိုကျူးလွန် သူတို့သည် (မိမိတို့ကိုယ်တိုင်တွေ့ ကြုံရမည့် နောင်ရေးများကို) ဤဘဝ၌ပင် ကြိုတင်၍သိမြင်ထားကြပါမူ ကောင်းလေစွ တကား။

၀၀၂ : ၁၆၆။ အကြင်အချိန်အခါဝယ် (လူအပေါင်းတို့ကို လှည့် ဖြားသွေးဆောင်ကြကုန်သော) ခေါင်းဆောင် တို့သည် မိမိတို့၏ တပည့်နောက်လိုက်တို့အား စွန့်ပစ်ကြကုန်အံ့၊ ထိုအခါ ယင်း ခေါင်းဆောင်များနှင့် နောက်လိုက်တပည့်တို့သည် ပြစ်ဒဏ်များ ကို (မျက်ဝါးထင်ထင်) ရှုမြင်ကြအံ့၊ (၎င်းပြင်) ယင်းသူတို့၌ တဦးနှင့်တဦး ဆက်သွယ်မှုများသည် လည်း ပြတ်တောက်သွား လတ္တံ့။

၀၀၂ : ၁၆၇။ ၎င်းပြင် (မသမာသော ဦးစီးနာယကများ၏ လှည့်ပတ်ဖြားယောင်းရာနောက်သို့ လိုက်ပါမိခဲ့သော) နောက် လိုက်တပည့်များက အကယ်၍သာ ငါတို့သည် (လူ့လောကသို့) တကြိမ်မျှပင်ပြန်ကြရပါလျှင် အလွန် ကောင်းပေအံ့၊ သို့ပြန်ရ ပါလျှင် ထိုရှေ့ဆောင်ရှေ့ရပ် တို့သည် ငါတို့ကို (ယခုစိမ်းကား စွာ) စွန့်ပစ်သွားကြ သကဲ့သို့ ငါတို့သည်လည်း ယင်းသူတို့အား (စိမ်းကား စွာ) စွန့်ပစ်ကြမည်ဟု ပြောဆိုကြမည်။ အလ္လာဟ် အရှင်မြတ်သည် ထိုရှေ့ဆောင်ရှေ့ရပ်များနှင့် တပည့် နောက် လိုက်အားလုံးတို့အား အပြစ်ငရဲကို မျက်ဝါး ထင်ထင် ပြတော်မူသကဲ့သို့ပင် ယင်းသူတို့၏အပြုအမူ များကို ဝမ်းနည်း ကြေကွဲဘွယ်ရာများအဖြစ် ပြတော်မူ မည်။ စင်စစ်အားဖြင့် ယင်းသူတို့သည် ငရဲမီးတွင်းမှ ထွက်ဲကြရမည့်သူများလည်း မဟုတ်ကြချေ။

၀၀၂ : ၁၆၈။ အို-လူသားအပေါင်းတို့၊ အသင်တို့သည် ကမ္ဘာ မြေပေါ်ဝယ်ရှိလေသော အရာများအနက်မှ စားသုံးပိုင် ခွင့်ပြု ထားသော သန့်စင်သောအရာများ ကို စားသုံးကြကုန်လော့၊ သို့ရာတွင် အသင်တို့သည် ရှိုင်တွာန်၏ခြေရာများကို (ဖဝါးခြေ ထပ်)မလိုက်ကြကုန်လင့်။ အမှန်စင်စစ် ယင်းရှိုင်တွာန် သည် သင်တို့၏ ပွင့်လင်းထင်ရှားလှစွာသော ရန်သူ ရန်ဘက်ပင် ဖြစ်ချေသည်။

၀၀၂ : ၁၆၉။ (အကြောင်းကား) ထိုရှိုင်တွာန်သည် အသင် တို့ ကို မကောင်းမှုဒုစရိုက်များကို၎င်း၊ အလွန် ညစ်ညမ်းသော ကိစ္စများကို၎င်း၊ ထို့ပြင် အသင်တို့ သည် မိမိတို့ မသိရှိကြသော အကြောင်းအရာများကို အလ္လာဟ်အရှင်မြတ်နှင့် ဆန့်ကျင်၍ (လုပ်ကြံ) ပြောဆိုကြရန်၎င်း အမိန့်ပေးတိုက်တွန်း နှိုးဆော် သည် သာဖြစ်သည်။

၀၀၂ : ၁၇၀။ ၎င်းပြင် (အမြော်အမြင်မရှိသော) ထိုသူတို့ကို တဦးတယောက်က (ဟယ်-အချင်းတို့)အသင်တို့သည် အလ္လာဟ် အရှင်မြတ် ထုတ်ပြန်ချမှတ် ပေးသ နားတော်မူသော တရား ဒေသနာများကို လိုက်နာကြ ပါကုန်ဟု ပြောဆိုပါလျှင် ယင်းသူတို့က ပြောဆိုကြ သည်မှာ ထိုသို့အလျင်းမဟုတ်၊ စင်စစ်မှာကား အကြင် တရားလမ်းစဉ်ပေါ်၌ အကျွန်ုပ်တို့သည် မိမိတို့၏ ဘိုး၊ ဘေး၊ဘီ၊ဘင်များကိုတွေ့ရ၏။ ထိုတရားလမ်းစဉ် ကိုသာလျှင် ကျွန်ုပ်တို့သည် လိုက်နာကြအံ့ ဟု တု့ံပြန်ပြောဆိုကြကုန်သည်။ ၎င်းတို့၏ ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့သည် တစုံတရာကိုမျှ မဆင်ခြင် နိုင်ကြသည့်ပြင်၊ တရားလမ်းမှန်ကို မရရှိကြသော်လည်း (၎င်းတို့သည် ထိုသို့သော ဘိုး၊ ဘေးတို့၏ လမ်းစဉ်ကိုပင် လိုက်နာကြမည်လော)။

၀၀၂ : ၁၇၁။ ကာဖစ်ရ် တို့(အားသွန်သင်ဆုံးမသူ) ၏ပမာ ကား ခေါ်သံနှင့်ဟစ်အော်ကြွေးကြော်သံမှ တစ်ပါး အဘယ် တစ်စုံတစ်ရာကိုမျှမကြားသောတိရစ္ဆာန်များ ကိုဟစ်အော်ဆုံးမ သူနှင့်တူချေသည်။ (အမှန်သော်ကား ထိုကာဖိရ်တို့သည် တရားဒေသနာတော် ကိုမနာခံသော) နားပင်းသူများ၊ (မှန် သောစကားကို မပြောဆိုသော) ဆွံ့အသူများ၊ (သက်သေ လက္ခဏာ တော်များကိုမမြင်သော) အကန်းများပင်တည်း။ သို့ ဖြစ်လေရာ ယင်းသူတို့သည် မည်သည့်အရာတစ်စုံတစ်ခု ကိုမျှ တွေးတောဆင်ခြင် သိမြင်သူများမဟုတ်ကြချေ။

၀၀၂ : ၁၇၂။ အို-မုအ်မင်န် ယုံကြည်သူအပေါင်းတို့ အသင် တို့အား ငါအရှင်မြတ်ပေးသနားတော်မူသော ကောင်းမွန် သန့်ပြန့်သော အာဟာရများအနက်မှ အသင်တို့သည် (ကြိုက် နှစ်သက်ရာကို) စားသုံးကြ ကုန်။ ၎င်းအပြင် အကယ်၍ အသင် တို့သည် ထို အရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ကြ ပါလျှင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကျေးဇူးတင် ကြကုန်။

၀၀၂ : ၁၇၃။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အပေါ် ၌ အသေကောင်များကိုလည်းကောင်း၊ (ယိုစီးသော)သွေးကို လည်းကောင်း၊ ဝက်၏ အသားကိုလည်းကောင်း၊ အလ္လာဟ် အရှင်မြတ်၏နာမံတော်မှတပါး အခြားကိုးကွယ်ရာများ၏ အမည်နာမများကို တ,သပြီး လှီးဖြတ် ထားသော တိရစ္ဆာန် များကိုလည်းကောင်း၊ မုချတားမြစ်ထားတော် မူလေသည်။ သို့တားမြစ်ထားသော်လည်း မလွှဲမရှောင်သာ နိုင်အောင် အကျပ်အတည်းနှင့် တွေ့ကြုံနေသောသူ တဦးသည် (တားမြစ် ထားသော အာဟာရကို) မက်မောသူ မဟုတ်ဘဲ၊ အစားကျူး သူလည်း မဟုတ်ဘဲ၊ (အသက်မသေရုံမျှ စားသုံး ခဲ့ပါလျှင်) ထိုသူ့အပေါ်၌ တစုံတရာ အပြစ်မရှိချေ။ဧကန် မုချ အလ္လာဟ်အရှင်မြတ်သည် (ချို့တဲ့မှုများကို) အထူးချမ်းသာခွင့် ပေးသနားတော်မူအသျှင်၊ အစဉ်အမြဲ သနားကြင်နာ ညှာတာ တော်မူသောအရှင် ဖြစ်တော် မူပေသတည်း။

၀၀၂ : ၁၇၄။ အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူ သောကျမ်းဂန်လာ တရားဒေသနာအနည်းငယ်မျှသော အဖိုး အခဖြင့် လဲလှယ်ရောင်းချစားသုံးသောသူများသည် မိမိတို့၏ ဝမ်းတွင်း သို့ အခြား (တစ်စုံတစ်ရာ) စားသုံးကြသည်မမည်။ စင်စစ် အားဖြင့် မီးကိုသာ စားသုံးရာမည်ချေသည်။ အလ္လာဟ် အရှင်မြတ်သည် ရှင်ပြန်ထမည့်နေ့တွင် ထိုသူများအား (ချိုအေးသောစကားကို) ပြောကြားတော်မူမည် လည်းမဟုတ်၊ ထိုသူတို့အား (အပြစ်ဒုစရိုက်မှုများမှ) သန့်ရှင်းစေတော်မူမည် လည်းမဟုတ်၊ ထို့ပြင်တဝ ယင်းသူတို့ခံစားရန် ပြင်းပြ နာကျင်စေသော အပြစ်ဒဏ်လည်း အသင့်ရှိပေသတည်း။

၀၀၂ : ၁၇၅။ (ဤဘဝတွင်)လမ်းမှားကို လမ်းမှန်ဖြင်လည်း ကောင်း၊ ပြစ်ဒဏ်ကို လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့်လည်းကောင်း၊ လဲလှယ်ဝယ်ယူ သည် ဤသူများပင် တည်း၊ ယင်းသူတို့သည် အဘယ်နည်းဖြင့် ငရဲမီး၏ဒဏ်ကို ခံဝ့ံကြပါဘိသနည်း။

၀၀၂ : ၁၇၆။ ဤကဲ့သို့ (အပြစ်ဒဏ်များ ခံစားကြရမည့်) အကြောင်းမှာကား၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မှန်ကန်သော ဒေသနာများနှင့်တကွ ကျမ်းတော်မြတ်ကို ချပေး သနားတော်မူခဲ့သော်လည်း (ယင်း)ကျမ်းတော်မြတ်နှင့် စပ် လျဉ်း၍ သဘောကွဲလွဲ ကြသူတို့သည် မှန်သောတရားတော်မှ (အလွန်တရာမျှ) ဝေးကွာလှသော ကွဲပြားမှု၌ ဧကန်အမှန် ရောက်ရှိ ကြလေပြီ။

၀၀၂ : ၁၇၇။ အရှေ့အရပ်ဘက်သို့ သော်လည်းကောင်း၊ အနောက် အရပ်ဘက်သို့ သော်လည်းကောင်း မျက်နှာမူခြင်း သည် (သာလျှင်) အသင်တို့အဘို့ ကောင်းမြတ်သော အကျင့် သီလ မဟုတ်သေးပေ။ ကောင်းမြတ်သောသီလရှိသူ သီလဝန် ဂုဏဝန်တို့ ဟူသည်ကား အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ နောက် ဆုံးနေ့ကိုလည်းကောင်း၊ ကောင်းကင်တမန်များကို လည်းကောင်း၊ (အလ္လာဟ်အရှင်မြတ်ထံမှကျရောက်သော) ကျမ်းဂန်များကိုလည်းကောင်း၊ နဗီတမန်တော် များကိုလည်း ကောင်း၊ ယုံကြည်မြတ်နိုးကြသော သူများတည်း။ ၎င်းပြင် ယင်းသူတို့သည် မိမိတို့၏ ဥစ္စာ ပစ္စည်းများကို စုံမက်နှစ်သက် ပါလျက်နှင့်ပင် (တနည်း အလ္လာဟ်အရှင်မြတ်ကို ကြည်ညို မြတ်နိုး ကြ၍) ဆွေမျိုးညာတကာများအား၎င်း၊ မိသက်ဆိုး ဖသက်ဆိုးများအားလည်းကောင်း၊ အထီးကျန်သူဆင်းရဲများ အား၎င်း၊ ခရီးသည်များအား၎င်း၊ ဖုန်းတောင်း ယာစကာများ အား၎င်း၊ ကြေးကျွန်များကို ကျွန်ဘဝမှ လွတ်မြောက်စေရာ၌ ၎င်း၊ ပေးကမ်းလှူဒါန်း စွန့်ကြဲကြ၏။ ထို့ပြင် ယင်းသူတို့သည် ဆွလာတ် ဝတ်ပြုကြ၏။ ဇကာတ် တရားဝင်ဒါနကြေးကိုလည်း ပေးလှူကြ၏။ ယင်းသူတို့သည် ကတိပြုသောအခါ၌ မိမိတို့၏ ပဋိညာဉ် ဝန်ခံချက်များကို အတည်ပြုကြ၏။ ဆင်းရဲ ဒုက္ခကျ ရောက်သည့်အခါ၌လည်းကောင်း၊ ရောဂါဘယ ဖိစီးသည့် အခါ၌လည်းကောင်း၊ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်သည့် အခါ၌ လည်းကောင်း၊ ခန္တီပါရမီကို ခိုင်မြဲ စွာစောင့်စည်းကြ၏။ ဤ တရားများကို လိုက်နာကျင့်သုံးသော သူမွန် သူမြတ်များ သည်သာလျှင် သစ္စာဝါဒီများ ဖြစ်ကြကုန်၏။ ဤသူမွန် သူမြတ် တို့သည်သာလျှင် (အလ္လာဟ်အရှင်မြတ်ကို) ကြောက်ရွံ့ရိုသေ မြတ်နိုး သော သီလဝန် ဂုဏဝန်များ ဖြစ်ကြ ကုန်၏။

၀၀၂ : ၁၇၈။ အို-အီမန် ယုံကြည်ခြင်းသဒ္ဓါတရားထားရှိ သူအပေါင်းတို့၊ အသင်တို့အပေါ်၌ အနိုင်အထက် နှိပ်စက်ညှဉ်းပမ်း မတရား) သတ်ဖြတ်ခြင်း ခံကြရသူတို့ နှင့်စပ်လျဉ်း၍ (အလ္လာဟ်အရှင်မြတ်၏ အထံ တော်မှ)လက်စားချေရန်(ဥပဒေကို) ပြဋ္ဌာန်း အတည်ပြုထား တော်မူလေပြီ။ (ပြဋ္ဌာန်း ချက်မှာ) လွတ်လပ်သော သူကောင်း သည်၊ လွတ်လပ်သော သူကောင်း၏အစား၊ ကြေး ကျွန်သည် ကြေးကျွန်၏အစား၊ မိန်းမသည် မိန်းမ၏အစား (သေဒဏ်ခံရပေမည်)။ သို့ပင်တစေ အကြင်သူသည် မိမိ၏ညီ သားအစ်ကိုဖြစ်သော သေသူ၏ အမွေဆိုင် တို့ဘက်မှ (လျော် ကြေးပေးလျှင် ကျေအေး မည်ဟု) ခွင့်လွှတ်ခြင်းခံရပါမူ (အမွေ စားအမွေခံတို့အဘို့မှာ ထိုလျော် ကြေးငွေကို) ယဉ်ကျေး သိမ်မွေ့စွာဖြင့် တောင်းဆို ရမည်။ (ယင်းလက် သည်အဖို့ မှာလည်း ထိုသူတို့တောင်း ဆိုသည့် အတိုင်း) သာယာချေငံ သော နည်းဖြင့် ပေးဆပ်ရမည်၊။ ဤသည်ကား အသင် တို့အား မွေးမြူတော်မူသော အရှင်မြတ် ၏အထံ တော်မှ သေစား သေစေခြင်းဒဏ်မှ သက်သာစေခြင်း နှင့် ကရုဏာ တော်သက် ရောက်စေခြင်းပင် ဖြစ်လေသည်။ (သို့သော်) ထို (ဥပဒေ စည်းမျဉ်း ပြဋ္ဌာန်း ပြီးသည့်)နောက် မည်သူမဆို (ထိုစည်း မျဉ်းဥပဒေကို ဖောက်ဖျက်)ကျူးလွန်ပါလျှင် ထိုသူအဘို့ (နောင် တမလွန်ဘဝတွင်) အလွန်ပြင်းပြနာကျင်ဘွယ်ရာ သော အပြစ်ဒဏ်သည် ရှိလတ္တံ့။

၀၀၂ : ၁၇၉။ အို-ဆင်ခြင်တုံတရားနှင့်ပြည့်စုံသော ပညာရှင် အပေါင်းတို့၊ စင်စစ်သော်ကား (ယင်းကဲ့သို့) လက်စား ချေခြင်း၌ အသင်တို့အဘို့ရာ အသက်ရှင်ခြင်းရှိသည်။ သို့မှသာလျှင် အသင်တို့သည် ကြဉ်ရှောင်သူများ ဖြစ်တန်ကြရာပေသည်။

၀၀၂ : ၁၈၀။ (ထို့ပြင်) အသင်တို့အပေါ်၌ ပြဋ္ဌာန်းထားတော် မူသော အမိန့်တော် တရပ်မှာ အသင်တို့အနက် တစ်ဦး တစ်ယောက်၏ထံသို့ သေခြင်းတရားသည် ဆိုက်ရောက် လာသောအခါ၊ အကယ်၍ ထိုသူသည် တစ်စုံတစ်ရာ ဥစ္စာ ပစ္စည်း ထားရှိခဲ့ပါမူ (ထိုသူ၏) မိဘနှစ်ပါးနှင့် ဆွေမျိုးရင်းချာ တို့အဘို့ရာ ကောင်းမြတ်သောနည်းဖြင့် (သေတမ်းစာအဖြစ်) မှာကြားခဲ့ရန် တာဝန်ရှိပေသည်။ (ဤသည်ကား) ဒုစရိုက်မှု တို့မှ ကြဉ်ရှောင်သူ အပေါင်းတို့အပေါ်၌ (မလွဲမရှောင်သာ သော) တာဝန် ဝတ္တရားတစ်ရပ်ပင် ဖြစ်ချေသတည်း။

၀၀၂ : ၁၈၁။ တဖန်အကြင်သူတို့သည် ထိုမှာကြားချက်ကို ကြားနာကြပြီးသည့်နောက် (တစ်မျိုးတစ်ဖုံ) ပြောင်းလွှဲခဲ့ပါမူ၊ ထိုမှာကြားချက်ကို ပြောင်းလွှဲသူတို့အပေါ်၌ သာလျှင် ထိုပြောင်းလွှဲခြင်း၏အပြစ်သည် ထိုက်ချေသည်။ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် (ယင်းသူတို့ မှာထားခဲ့သည်များကို) အကြွင်းမဲ့ ကြားတော်မူသောအရှင် (ယင်းသူတို့၏စေတနာ သဒ္ဓါတရားများကိုလည်း) အကြွင်းမဲ့သိတော်မူသော အရှင်ဖြစ်တော်မူ၏။

၀၀၂ : ၁၈၂။ သို့ဖြစ်ငြားလည်း အကြင်သူသည် သေတမ်း စာ ထားရှိခဲ့သောသူ၏ထံမှ တစ်စုံတစ်ရာသောလွဲချော် တိမ်းပါးမှား ယွင်းမှုကိုသော်လည်းကောင်း၊ သို့တည်း မဟုတ် တစ်စုံတစ်ရာ သောပြစ်မှုကိုသော်လည်းကောင်း၊ စိုးရိမ်မကင်း ဖြစ်သည့် အတွက် ယင်း(အမွေဆိုင်)သူတို့ ၏အကြားဝယ် စေ့စပ်သင့်မြတ် စေခဲ့ပါမူ(ထိုစေ့စပ် သင့်မြတ်ပေးသော)သူ၏အပေါ်၌ တစ်စုံ တစ်ရာ အပြစ် မရှိပြီ၊ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် (ပြစ်မှု ဒုစရိုက်တို့ကို) အဖန်တလဲလဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်သနားကြင်နာ ညှာတာ တော်မူသောအရှင် ဖြစ်တော်မူ၏။

၀၀၂ : ၁၈၃။ အို-မုအ်မင်န် ယုံကြည်ခြင်းသဒ္ဒါတရား ရှိကြကုန်သောသူအပေါင်းတို့၊ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ထက်အလျင်ရှိခဲ့ကြသော သူတို့အပေါ်ဝယ် ဥပုသ် သီတင်းဆောက်တည်ရန် ပညတ်တော်ကို ပြဋ္ဌာန်းတော်မူ သကဲ့သို့ပင် အသင်တို့အပေါ်၌လည်း ဥပုသ်သီတင်းဆောက် တည်ရန် အမိန့်တော်ကို ပြဋ္ဌာန်းအတည်ပြုတော်မူခဲ့လေပြီ။ သို့ (ဥပုသ်သီတင်း ဆောက်တည်) မှသာလျှင် အသင်တို့သည် ပြစ်မှု ဒုစရိုက်တို့မှ ကြဉ်ရှောင်သူများ ဖြစ်တန်ကြရာ၏။

၀၀၂ : ၁၈၄။ (အသင်တို့ ဆွိယာမ်ဥပုသ်သီတင်း ဆောက်တည် ကြရမည့်နေ့ရက်များကား) ရေတွက်ထားသော (အနည်းငယ် မျှသော) နေ့ရက်များပင်တည်း။ သို့ရာတွင် အသင်တို့အနက်မှ တဦးတယောက်သော သူသည် ဝေဒနာစွဲကပ်၍ မကျန်းမာ သောကြောင့် ဖြစ်စေ၊ သို့တည်းမဟုတ် ခရီးထွက် လျက်ရှိနေ သောကြောင့်ဖြစ်စေ၊ (ဥပုသ်သီလ မဆောက်တည် နိုင်ဘဲ ပျက်ကွက်ခဲ့ပါလျှင်) ထိုသူ့အပေါ်၌ အခြား သောနေ့ ရက်များကို တွက်စစ်၍ ဖြည့်စွက်(ဆောက်တည်)ရန် တာဝန်ရှိ ပေသည်။ တဖန် အကြင်သူတို့ သည် ခဲယဉ်းစွာ သီလဆောက် တည်ကြရပါမူ ယင်းသူတို့သည် (ထိုပျက်ကွက်သော နေ့ရက် များ)အစား (တစ်ရက်လျှင်)သူဆင်းရဲတဦးကို (ထမင်းတစ်ရက် စာ) ကျွေးမွေးကြရမည်။ သို့ရာတွင် အကြင်သူသည် မိမိစိတ် စေတနာ အလျောက်တစ်စုံတစ်ခုသော ကောင်းမှုကုသိုလ်ကို ပြုလုပ်ခဲ့သည်ရှိသော် ယင်းသို့ပြုလုပ်ခြင်းကား ထိုသူ၏အဖို့ အရာ ပို၍ပင်ကောင်း မြတ်ပေသည်။ သို့(ခွင့်ပြုချက်ရှိ) သော် ငြားလည်း အကယ်စင်စစ် အသင်တို့သည်(ဥပုသ်သီလဆောက် တည်ခြင်း၏ အကျိုးအာနိသင်တို့ကို ကောင်းမွန်စွာ) သိနား လည်သူများ ဖြစ်ကြပါလျှင် အသင်တို့အဖို့အရာ ဥပုသ်သီလ ဆောက် တည်ခြင်းသည်သာလျှင် ပို၍ကောင်းမြတ်(သောအမှု) ပင် ဖြစ်ပေသတည်း။ပြဋ္ဌာန်းအတည်ပြုတော်မူခဲ့လေပြီ။ သို့ (ဥပုသ်သီတင်း ဆောက်တည်) မှသာလျှင် အသင်တို့သည် ပြစ်မှု ဒုစရိုက်တို့မှ ကြဉ်ရှောင်သူများ ဖြစ်တန်ကြရာ၏။

၀၀၂ : ၁၈၅။ (ဆွိယာမ် ဥပုသ်ဆောက်တည်ရန်အတွက် သတ်မှတ်ထားသည့် အနည်းငယ်မျှသော နေ့ရက် များသည်) ရမဿွာန်လပင်ဖြစ်သည်။ (ထိုလ၌ အလ္လာဟ်အရှင်မြတ် အထံတော်မှ) ကုရ်အာန်ကျမ်းတော်မြတ်သည် ကျရောက်လာခဲ့ လေသည်။ (ယင်းကုရ်အာန်ကျမ်းတော်မြတ်သည်) လူသား ခပ်သိမ်း တို့အဖို့တရားလမ်းညွှန်အဖြစ်လည်းကောင်း၊ တရား လမ်းမှန်ရစေသော အမှားအမှန်ကို ခွဲခြားသိစေသော ထင်ရှားလှသည့် သက်သေခံလက္ခဏာများအဖြစ်လည်းကောင်း (ကျရောက်လာ သောကျမ်းတော်မြတ်ပင်တည်း)။ သို့ဖြစ်လေ ရာ အသင်တို့အနက်မှမည်သူမဆို ထို(ရမဿွာန်)လမြတ် နှင့်ကြုံ ကြိုက်ခဲ့ပါလျှင် ထိုသူသည် ယင်းလမြတ်၌ (တစ်လ ပတ်လုံး) ဥပုသ် သီတင်းဆောက်တည်ရပေမည်။ သို့ရာတွင် အကြင်သူတစ် ဦးတစ်ယောက်သည် တစ်စုံတစ်ရာ ဝေဒနာ စွဲကပ်၍ မကျန်း မမာဖြစ်ခဲ့သော်၊ သို့တည်းမဟုတ် ခရီးထွက် လျက်ရှိနေခဲ့သော် ထိုသူ့အပေါ်ဝယ် အခြားသောနေ့ရက် များတွင် (မိမိပျက်ကွက် ခဲ့သော ဥပုသ်ရက်များကို) တွက်စစ်၍ (ဖြည့်စွက်)ဆောက် တည်ရန် တာဝန်ရှိပေသည်။ အလ္လာဟ် အရှင်မြတ်သည် အသင်တို့အဖို့ သက်သာချောင်ချိမှုကို အလိုရှိတော်မူပေသည်။ အသင်တို့အဘို့ ခက်ခဲမှုကို ကား (အလျင်း) လိုလားတော်မူသည် မဟုတ်ချေ။ ထို့ပြင်တဝ (အလ္လာဟ်အရှင်မြတ်သည်) အသင်တို့ (ပျက်ကွက်ခဲ့သော နေ့ရက်) အရေအတွက်ကို ပြည့်စုံအောင်ပြုစေ ရန်လည်း ကောင်း၊ အလ္လာဟ်အရှင်မြတ်အား ထိုအရှင်မြတ်ညွှန်ပြတော် မူသော နည်းလမ်းအတိုင်း ကြီးကဲမြင့်မြတ်တော်မူကြောင်း ရွတ်ဆိုကြရန်၎င်း (အလိုဆန္ဒ ရှိတော်မူသည်)၊ သို့မှသာလျှင် အသင်တို့သည် (ထိုအရှင် မြတ်၏) ကျေးဇူးကို သိသောသူများ ဖြစ်ကြရာသည်။

၀၀၂ : ၁၈၆။ ထို့ပြင်တဝ [အို-နဗီတမန်တော်မုဟမ္မဒ်(ဆွ)] ငါ အရှင်မြတ်၏ကျွန်များသည် ငါအရှင်မြတ်နှင့် ပတ်သက်၍ အသင့် ထံမေးမြန်းကြသောအခါဝယ် (အသင်သည် ဤကဲ့သို့ ဖြေကြားပါလေ)မုချဧကန် ငါအရှင်မြတ်သည် (ယင်းသူတို့နှင့်) နီးကပ် စွာ ပင် ရှိတော်မူ၏။ ငါအရှင်သည် ဆုတောင်းပတ္ထနာ ပြုသူ၏ ဆုတောင်း ပတ္ထနာပြုချက်ကို သဘောတူ လက်ခံ တော် မူ၏။ သို့ဖြစ်လေရာ ယင်းသူတို့သည် ငါအရှင်မြတ်၏ အမိန့်တော်များကိုလက်ခံနာယူ၍ ငါအရှင်မြတ်ကိုသာ ယုံ ကြည်မြတ်နိုးကြရမည်။ သို့မှသာလျှင် ယင်းသူတို့သည် ဖြောင့်မတ် မှန်ကန်သော တရားလမ်းကို ရရှိကြသူများဖြစ် တန်ရာ၏။

၀၀၂ : ၁၈၇။ (အို-မွတ်စ်လင်မ်အပေါင်းတို့) အသင်တို့အဖို့ရာ ဥပုသ်နေ့၏ညဉ့်၌ မိမိတို့ဇနီးမိန်းမ များနှင့် သံဝါသပြုခြင်းကို ခွင့်ပြု တော်မူလေပြီ။ ယင်းဇနီးမိန်းမများသည် အသင်တို့ အဖို့ရာ (အရှက်အိန္ဒြေ ကိုလုံခြုံစွာဖုံး ကွယ်သော) ဝတ်စားတန် ဆာများ(ကဲ့သို့) ဖြစ်ကြ၏။ ထိုနည်း တူစွာ အသင်တို့သည် လည်း ထိုဇနီးမိန်းမများအဖို့အရာ (အရှက်အိန္ဒြေကို လုံခြုံစွာ ဖုံးကွယ်သော) ဝတ်စားတန်ဆာများ (ကဲ့သို့)ပင် ဖြစ်ကြလေ သည်။ အသင်တို့သည်(ဤအမိန့် မကျရောက်မီက ညများ၌ မိမိတို့ဇနီးမိန်းမများနှင့် ပုန်းလျှိုး၍ သံဝါသပြုခြင်း အားဖြင့်) မိမိတို့ကိုယ်ကို မိမိတို့ပင် လှည့်စားလျက် ရှိနေခဲ့ကြသည်ကို အလ္လာဟ်အရှင်မြတ်သည် သိရှိပြီး ဖြစ်တော်မူ၏။ သို့ပင်တစေ ထိုအရှင်မြတ်သည် အသင်တို့အပေါ်ဝယ် ကရုဏာတော်ဖြင့် ပြန်လှည့်တော်မူ၍ အသင်တို့ (ပြုခဲ့ပြီးဖြစ်သောအပြစ်တို့) ကို ခွင့်လွှတ်တော်မူပြီး (နောင်အဖို့လည်း ဇနီးမိန်းများနှင့် ဥပုသ် နေ့၏ညဉ့်များတွင် သံဝါသပြုရန် ခွင့်ပြုထားတော်မူပြီ)။ သို့အတွက်ကြောင့် ယခုမှစ၍အသင်တို့သည် ထိုဇနီးမိန်းမတို့နှင့် သံဝါသပြုကြ၍ အသင်တို့အဖို့ အလ္လာဟ် အရှင်မြတ် ပြဋ္ဌာန်းထားတော်မူသော အရာများကို ရှာဖွေကြ လေကုန်။ ထိုမှတစ်ပါးတုံ အသင်တို့သည် ချည်မျှင်အနက် (တည်းဟူသော ညဉ့်၏အမှောင်)မှ ချည်မျှင် အဖြူ (တည်းဟူ သော) နံနက်မိုးလင်း အရုဏ်တက်ချိန်၏ အလင်းရောင် ပေါ်လွင်ထင်ရှားလာလေသည့် တိုင်အောင် (အစာ အာဟာရ များကို) စားသောက်ကြကုန်လော့။ တဖန် အသင်တို့သည် (ယင်းအလင်းရောင်ပေါ်လာသည်မှ နေဝင်၍) ညဉ့်အချိန် (ကျရောက်လာသည့်) တိုင်အောင် အချိန်ပြည့် ဥပုသ်သီလ ဆောက်တည်ကြ ကုန်လော့။ သို့ရာတွင် အသင်တို့သည် ဗလီ ကျောင်းတော်များတွင် အေ့တိကာဖ် သီတင်းသုံး နေထိုင် ကြစဉ်အခါ၌ ထိုဇနီးမိန်းမတို့နှင့် သံဝါသ ပြုခြင်းကို အလျင်း မပြုကြကုန်လင့်။ ဤသည်တို့သည် အလ္လာဟ်အရှင်မြတ် သတ် မှတ်ထားတော်မူသော နယ်နိမိတ်များပင် ဖြစ်ရကား အသင် တို့သည် ထိုနယ်နိမိတ်များ၏အပါးသို့ပင် မချဉ်းကပ်ကြ ကုန်လင့်။ အလ္လာဟ်အရှင်မြတ်သည် ဤနည်းအတိုင်းပင် မိမိ အမိန့်ဒေသနာတော်များကို လူခပ်သိမ်းတို့ (သိစိမ့်သောငှါ) ရှင်းလင်း ဖော်ပြတော်မူလေသည်။ သို့မှသာလျှင် ယင်းသူတို့ သည် ပြစ်မှု ဒုစရိုက်တို့မှ ရှောင်ကြဉ်သောသူများ ဖြစ်တန်ကြရာ ကုန် သတည်း။

၀၀၂ : ၁၈၈။ အသင်တို့သည် မိမိတို့အချင်းချင်း တစ်ဦး၏ ပစ္စည်းကို တစ်ဦးက မတရားသောနည်းဖြင့် မစားသုံး ကြကုန် လင့်။ ထို့ပြင်တဝ အသင်တို့သည် သူတစ်ပါးတို့ ၏ ဥစ္စာပစ္စည်း များအနက် တစ်စိတ်တစ်ဒေသကို မတရားသောနည်းဖြင့် စားသုံးရန်အလို့ငှါ (တန်ဆိုး လက်ဆောင်အဖြစ်ဖြင့်) အာဏာ ပိုင်မင်းများထံသို့ ယင်းပစ္စည်းများကို မပို့ဆောင်ကြကုန်လင့်။ ထိုသို့ ပြုလုပ်ခြင်းများသည် မတရားသောအကျင့်အကြံများ ဖြစ်သည်ကိုလည်း အသင်တို့အသိပင်ဖြစ်ကြပေသည်။

၀၀၂ : ၁၈၉။ (အို-နဗီတမန်တော်) အချို့သူများသည် ဆန်း ဦးစ-လ-များနှင့် စပ်လျဉ်း၍ အသင့်ထံ လာရောက် မေးမြန်း ကြသည်။ အသင်သည် (ထိုသူတို့အား ဤသို့)ဖြေကြားပါလော။ ထိုဆန်းဦးစလများသည် လူခပ်သိမ်း တို့အဖို့ အချိန်ကာလများ ကို အမှတ်သညာပြုနိုင်အံ့သောငှါ လည်းကောင်း၊ ဟဂျ်ပြုရန် သတ်မှတ်ထားသောနေ့ ရက်များကို သိနိုင်အံ့ သောငှာလည်း ကောင်း၊ (ပြုထားတော်မူသော) အမှတ်သညာ များသာဖြစ်ချေ သည်။ သင်တို့သည် (ဟဂျ်ပြုရန် အိဟ်ရာမ် ခေါ် ဝတ်ရုံများ ဝတ်ဆင်ပြီး မိမိတို့)အိမ်များကို (ပြန်လာသောအခါ) အိမ်၏ နောက်ဘက်မှ ဝင်ရောက်ခြင်းသည် ကောင်းမြတ်သောအကျင့် သီလမဟုတ်ပေ။ အမှန် အားဖြင့်(အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွ့ံရိုသေ၍)မကောင်း မှုဒုစရိုက်များကို ရှောင်ကြဉ် သော သူများသာလျှင် သူမွန်သူမြတ်များဖြစ်ကြပေသည်။ သို့ဖြစ်ရာ အသင်တို့သည် (မိမိတို့) အိမ်တွင်းသို့ (ဝင်ရောက်ကြ သောအခါ) (ဝင်ထွက်သွားလာရိုးဖြစ်သော) တံခါးပေါက်များ မှသာ ဝင်ကြကုန်လော့။ ၎င်းပြင် အသင်တို့သည် အလ္လာဟ် အရှင်မြတ်ကို ကြောက်ရွ့ံ ရိုသေကြ ကုန်လော့။ သို့မှသာလျှင် အသင်တို့သည်(နှစ်ဘဝလုံး၌) အောင်မြင်ကြပေမည်။

၀၀၂ : ၁၉၀။ ထို့ပြင်တဝ အသင်တို့သည် အလ္လာဟ်အရှင်မြတ် ၏ လမ်းတော်၌ အသင်တို့ကို (စတင်) စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်သူတို့နှင့် ပြိုင်ဆိုင်တိုက် ခိုက်ကြကုန်လော့။ သို့ရာတွင် (ဤသို့တိုက်ခိုက် ရာ၌) အသင်တို့သည် (မည်သည့်နည်းနှင့်မျှ) မကျူး လွန်ကြကုန်လင့်။ ဧကန်မုချ အလ္လာဟ်အရှင်မြတ် သည် ကျူးလွန်သူတို့ကို နှစ်သက်တော်မူသည် မဟုတ်ချေ။

၀၀၂ : ၁၉၁။ ထို့ပြင်တဝ အသင်တို့သည် ထိုကာဖိရ်တို့အား တွေ့ဆုံဖမ်းဆီးမိရာအရပ်၌ သုတ်သင် ရှင်းလင်း ကြကုန်လော့။ ထို့ပြင်တဝ ထိုကာဖိရ်တို့က အသင်တို့အား (မက္ကာမြို့တော်မှ) နှင်ထုတ်သကဲ့သို့ အသင်တို့သည်လည်း ထိုကာဖိရ်တို့အား (မက္ကာမြို့တော်မှ)နှင်ထုတ်ကြကုန်။ အမှန်သော်ကား (သာ သနာရေး၌) ညှဉ်းဆဲနှိပ်စက် နှောင့်ယှက်ခြင်းသည် သတ်ဖြတ် ခြင်းထက်ပင် ပိုမို၍ဆိုးရွားလှ၏။ သို့ဖြစ်ငြားလည်း မတ်စ်ဂျိဒ် ဟရာမ်ခေါ် ရိုသေမြတ်နိုးအပ်သော(အလ္လာဟ်အရှင်မြတ်၏) ကျောင်းတော်ပါး၌ ထိုကာဖိရ်တို့က အသင်တို့အား စတင် မတိုက်ခိုက်သမျှ ကာလပတ်လုံး အသင်တို့သည် ၄င်းတို့အား မတိုက်ခိုက်ကြကုန်လင့်။ အကယ်၍ ထိုကာဖိရ်တို့သည် အသင် တို့အား စတင်တိုက်ခိုက် ကြပါမူ အသင်တို့သည် ထိုသူတို့အား တု့ံပြန် တိုက်ခိုက်ကြ လေကုန်။ ဤသည်ပင် ကာဖိရ်တို့အား အပြစ်ဒဏ်ပေးခြင်းပင်ဖြစ်သည်။

၀၀၂ : ၁၉၂။ သို့သော် အကယ်၍သာ ယင်းသူတို့သည် (အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို သွေဖည်ခြင်း၊ မွတ်စ် လင်မ ်တို့အားညှဉ်းဆဲခြင်းနှင့် ပြိုင်ဆိုင်တိုက်ခိုက် ခြင်းတို့ကို) ရပ်စဲခဲ့ကြပါလျှင် မုချဧကန် အလ္လာဟ် အရှင်မြတ်သည် (ပြစ်မှုဒုစရိုက်တို့ကို)အဖန်တလဲလဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ (သတ္တဝါအပေါင်းတို့အား) မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော အရှင်ဖြစ်တော် မူလေသတည်း

၀၀၂ : ၁၉၃။ ထို့အပြင်တဝအသင်တို့သည် သာသနာရေးညှဉ်း ပန်းမှု လုံးဝပပျောက်၍ သာသနာသည် အလ္လာဟ်အရှင်မြတ် အဖို့သာ ဖြစ်သွားသည့် တိုင်အောင် (၀ါ) (အလ္လာဟ်အရှင်မြတ် ၏အမိန့် တော်ကိုသာလျှင် လိုက်နာလာ ကြသည့်တိုင်အောင်) ထိုသူတို့နှင့် စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ကြကုန်လော့။ သို့ရာ တွင် အကယ်စင်စစ် ထိုသူတို့သည် စစ်မက်ပြိုင်ဆိုင် တိုက်ခိုက် ခြင်းကို ရပ်စဲကြပါမူ၊ ကျူးလွန်နှိပ်စက် ညှင်းပန်းသူတို့မှတစ်ပါး အခြားသူတို့၏အပေါ်ဝယ် မည်သို့မျှ ကျူးကျော်စော်ကား(တုံ့ပြန်သတ်ဖြတ်)ရန် အကြောင်းမရှိပေ။

၀၀၂ : ၁၉၄။ ထူးမြတ်သော လ(ကိုလေးစားခြင်း)သည် ထူးခြားသော လ(ကိုလေးစားခြင်း)အပေါ်၌ တည်ရှိ ပေသည်။ ထိန်းသိမ်းစောင့်ရှောက် ရိုသေမြတ်နိုး အပ်သောအရာများ သည် အပြန်အလှန်တုံ့ပြန်အပ်သော အရာများသာဖြစ် ချေသည်။ သို့ဖြစ်လေရာ အကြင်သူသည် (ထူးမြတ်သောလကို မလေးစားဘဲလျက်) အသင်တို့ကို စတင်ကျူးကျော်စော် ကားပါမူ ထိုသူက အသင်တို့ကို ကျူးကျော်စော်ကားသကဲ့သို့ အသင်တို့သည်လည်း ထိုသူအားတုံ့ပြန်၍ လက်စား ချေကြကုန် လော့။ သို့ရာတွင် အသင်တို့သည် အမြဲမပြတ် အလ္လာဟ် အရှင်မြတ်ကို ကြောက်ရွံ့ရိုသေ ခန့်ညားကြကုန်။ ၎င်းပြင် အသင်တို့သိထားကြကုန်၊ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် (မိမိအား) ကြောက်ရွံ့ ရိုသေ ခန့်ညားသောသူများနှင့်အတူရှိ တော်မူသည်။

၀၀၂ : ၁၉၅။ ထို့ပြင်တဝ အသင်တို့သည် (မိမိတို့၏ဥစ္စာ ပစ္စည်းများကို) အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ လှူဒါန်း ပေးကမ်း စွန့်ကြဲကြလေကုန်။ အသင်တို့သည် (မိမိတို့ကိုယ်ကို) မိမိတို့လက်များဖြင့် ပျက်စီးရာပျက်စီးကြောင်းကို မပြုလုပ်ကြ ကုန်လင့်။ ထိုမှတစ်ပါး အသင်တို့သည် ကုသိုလ်တရားပွါးများ ရာ ပွါးများကြောင်းကိုသာ ပြုလုပ်ကြကုန်။ မုချဧကန် အလ္လာဟ် အရှင်မြတ်သည် ကုသိုလ်တရား ပွါးများသူတို့ကို နှစ်သက် တော်မူသည်။

၀၀၂ : ၁၉၆။ ထိုမှတပါး အသင်တို့သည် ဟဂျ် နှင့် အုမ်ရဟ် ကို အလ္လာဟ်အရှင်ကိုသာလျှင် ရည်စူး၍ ပြည့်စုံပြီးစီးအောင် ပြုကြလေကုန်။ သို့ရာတွင် အကယ်၍သာ အသင်တို့သည် (အကြောင်းတစ်စုံတစ်ခုကြောင့် မက္ကာမြို့တော်သို့) မရောက် နိုင်ကြပါမူ ကုရ်ဗာနီသားကောင်များအနက်မှ လွယ်လင့်တကူ ရရှိသော သားကောင်ကိုပင် (အလ္လာဟ် အရှင်မြတ်၏နာမံ တော်နှင့် ကုရ်ဗာန်ပြုကြကုန်လော့)။ ထို့ပြင်တဝ ကုရ်ဗာနီ သားကောင်သည် မိမိ၏ရောက်သင့်ရာစခန်းဖြစ်သော (မိနာ) သို့ မရောက်မီ ကာလအတွင်း အသင်တို့သည် မိမိတို့ ဦးခေါင်း များကို မရိတ်ကြနှင့်။ သို့ရာတွင် အသင် တို့အနက်မှ တစ်ဦး တစ်ယောက်သည် နာမကျန်း ဖြစ်ခဲ့သော်၊ သို့တည်းမဟုတ် ထိုသူ၏ဦးခေါင်း၌ တစ်စုံတစ်ခုသော အနာရောဂါ စွဲကပ်ခဲ့ သော် ထိုသူသည် ဥပုသ်သီတင်း ဆောက်တည်ခြင်းအားဖြင့် သော်လည်းကောင်း၊ (သူဆင်းရဲတို့အားစားသောက် ဘွယ်ရာ များကို) ပေးလှူခြင်းအားဖြင့်သော်လည်းကောင်း၊ (သား ကောင်ကို အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့်) လှီးဖြတ်ခြင်း အားဖြင့်သော် လည်းကောင်း အစားပေးကြရမည်။ တစ်ဖန် အသင်တို့သည် ဘေးရန်ခပ်သိမ်းကင်း ငြိမ်း၍ စိတ်အေးချမ်းသာ ရှိကြသောအခါ အုမ်ရဟ်ကို ဟဂျ်နှင့် တွဲ၍ အကျိုးခံစားသူသည်လည်း မိမိ တတ်စွမ်းနိုင်သော ကုရ်ဗာနီသားကောင်(ကိုအလ္လာဟ် အရှင်မြတ်၏နာမံတော်နှင့် လှီးဖြတ်ရပေမည်)။ သို့သော် ကုရ်ဗာနီသားကောင် မရရှိ သောသူသည် ဟဂျ်ရက်များအတွင်းတွင် သုံးရက်၊ (ဟဂျ်ပြုပြီး မိမိတို့မြို့ရွာများသို့) ပြန်လည်ရောက်ရှိသောအခါ ခုနစ်ရက် ဥပုသ်သီလဆောက်တည်ရမည်။ ဤသည် (သုံးရက်နှင့် ခုနစ် ရက်ပေါင်း) ဆယ်ရက်တိတိဖြစ်၏။ ထို(ကဲ့သို့ အုမ်ရဟ်နှင့် ဟဂျ် ကို ပေါင်းစပ်၍ပြုရန်) အမိန့်တော်သည် ရိုသေကိုင်းညွှတ် ထိုက်သော (ကအ်ဗဟ်) ဗလီကျောင်းတော်၏ အနီးအပါး [(၀ါ) မက္ကဟ်မြို့တော်] ၌ အိမ်ထောင်သားစုမရှိသော (အရပ်တစ်ပါးမှ လာကြကုန်သော) သူတို့အဖို့သာ တည်း။ ထို့ပြင်တဝ အသင်တို့ သည် (ဤအမိန့်တော် ရပ်များကို လိုက်နာ ကျင့်မူကြရာ၌) အလ္လာဟ် အရှင်မြတ်ကို ကြောက်ရွံ့ရိုသေကာ ပြစ်မှုဒုစရိုက် များမှကြဉ်ရှောင်ကြကုန်လော့။ မုချဧကန် အလ္လာဟ် အရှင်မြတ် သည်(ပြစ်မှုကျူးလွန်သူတို့အား) ပြင်းပြစွာ အပြစ်ဒဏ်ပေး တော်မူမည့်အရှင် ဖြစ်တော် မူသည်ကို သင်တို့မှတ်ယူကြကုန်။

၀၀၂ : ၁၉၇။ ဟဂျ်ပြုလုပ်ရန်လများကား (အများ) သိရှိပြီး ဖြစ်သော လများပင်ဖြစ်ချေသည်။ သို့ဖြစ်လေရာ အကြင်သူ သည် ထိုလများ၌ ဟဂျ်ပြုလုပ်ရန် စိတ် ပြဋ္ဌာန်းခဲ့ပါလျှင် ထိုသူ သည် ဟဂျ်အတွင်းတွင် (အိဟ်ရာမ် ဝတ်ရုံထားသည် အခါ၌ မေထုန်သံဝါသ ပြုလုပ်ရန်ဝေးစွ) ကာမဂုဏ်နှင့် သက်ဆိုင် သည့် ညစ်ညမ်းသော စကားကိုပင် အလျင်းမသုံးရ၊ မည် သည့် ဆိုးသွမ်းမှုကိုလည်း အလျင်းမပြုရ။ မည်သည့် ငြင်းခုံ ခိုက်ရန် ပွါးမှုကိုလည်း အလျင်းမပြုရ။ အမှန်သော်ကား အလ္လာဟ် အရှင်မြတ်သည် အသင်တို့ ပြုလုပ်ကြကုန်သော မည်သည့် ကောင်းမှုကိုမဆို သိရှိတော်မူလေသည်။ ထိုမှတပါး အသင်တို့ သည်(ဟဂျ်ပြုလုပ်ရန်)ခရီးထွက်ရာ၌)စားနပ်ရိက္ခာ (ခရီးစရိတ်) စသည် များကို (လုံလောက်စွာ) ဆောင်ယူကြ ကုန်လော့။ အမှန်စင်စစ် အမွန်မြတ်ဆုံးသောစားနပ်ရိက္ခာ (ခရီးစရိတ်)မှာ (ဒုစရိုက်မှုတို့မှလည်းကောင်း၊ အကြောင်းမဲ့ လက်ဖြန့်တောင်း ရမ်းစားသုံးခြင်းမှလည်းကောင်း) ကြဉ်ရှောင် ခြင်းပင်တည်း။ သို့အတွက်ကြောင့် အို-ဆင်ခြင်တုံ တရားနှင့်ပြည့်စုံသော နိသမ္မဉာဏ်ရှင်အပေါင်းတို့ အသင်တို့သည် ငါအရှင်မြတ်ကို ကြောက်ရွ့ံရိုသေ ခန့်ညားကြကုန်လော့။

၀၀၂ : ၁၉၈။ (ဟဂျ်အချိန်တွင်) အသင်တို့သည် မိမိတို့အား မွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ အသင်တို့အဖို့ သတ် မှတ် (ပြဋ္ဌာန်းထားတော်မူသော) စီးပွားကို ရှာဖွေကြ သည့်အတွက် အသင်တို့အပေါ်၌ တစ်စုံတစ်ရာ အပြစ်မရှိချေ။ တဖန် အသင်တို့သည် အရဖာတ် မှ အစုလိုက် ပြန်လာကြ သောအခါ မရှ်အရိဟရာမ် အနီးအပါး တွင် အလ္လာဟ်အရှင် မြတ်ကို တသကြကုန်။ အသင်တို့သည် ထိုအရှင်က အသင်တို့ ကို ညွှန်ကြားပြသ တော်မူသည့်အတိုင်း ထိုအရှင်မြတ်အား တသကြကုန်။ အမှန်သော်ကား အသင်တို့သည် ယင်းကဲ့သို့ ထိုအရှင်မြတ်က ညွှန်ကြားပြသတော်မမူမီ မုချ မသိလမ်းလွဲ သူများ ဖြစ်ခဲ့ကြပေသည်။

၀၀၂ : ၁၉၉။ ထို့နောက် လူများအစုလိုက်ပြန်လာကြသော နေရာ (အရဖာတ်) မှ အသင်တို့သည်လည်း (သွားရောက်၍) ပြန်လာကြကုန်လော့။ ထိုမှတပါး အသင်တို့သည် (မိမိတို့ အပြစ်များမှ) လွတ်ငြိမ်း ချမ်းသာခွင့်ရရှိရန်အလို့ငှာ အလ္လာဟ် အရှင်မြတ်၏အထံတော်၌ လျှောက်ထားအသနားခံကြ ကုန် လော့။ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အဖန်တလဲလဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူထသော အရှင်၊ အစဉ် သနားကြင်နာ ညှာတာတော် မူထသောအရှင် ဖြစ်တော်မူ လေသတည်း။

၀၀၂ : ၂၀၀။ ထို့နောက် အသင်တို့သည် (ဟဂျ်နှင့် သက်ဆိုင် သော) မိမိတို့၏ ကျင့်စဉ်ကျင့်ရပ်များကို ဆောင်ရွက်ပြီးကြ သောအခါ၌ (အတိတ်ခေတ်များတွင်) မိမိတို့၏ဘိုးဘေးများကို တ.သခြင်း ပြုကြသကဲ့သို့ အသင်တို့သည် အလ္လာဟ်အရှင်မြတ် အား တ.သကြကုန်။ ဤမျှမက (မိမိတို့၏ဘိုးဘေးများကို တ,သခြင်းပြုကြသည်ထက်ပင်) ပိုမို၍ (အလ္လာဟ်အရှင်မြတ် အား) အောက်မေ့ တ.သကြကုန်။ သို့သော် လူသားတို့အနက် အချို့သည် (အလ္လာဟ်အရှင်မြတ် ထံတော်၌) အို-ကျွန်တော် မျိုးတို့အား မွေးမြူတော်မူ သောရှင်၊ ကျွန်တော်မျိုးတို့အား (ပေးလိုတော်မူသောကောင်းကျိုးများကို) ဤဘဝ၌ပင် (လော လောဆယ်) ပေးသနားတော်မူပါဟူ၍ဆုပန်ကြကုန်၏။ သို့ဖြစ် ရာ ထိုကဲ့သို့ ဆုပန်သောသူများအဖို့ နောင်တမလွန် ဘဝတွင် (အကျိုးခံစားရန်)တစ်စုံတစ်ရာ ဝေစုဝေပုံရှိမည်မဟုတ်ပေ။

၀၀၂ : ၂၀၁။ ထို့ပြင်တဝ ယင်းတို့အနက်မှပင် အချို့သော ပုဂ္ဂိုလ်တို့သည် (ပစ္စုပ္ပန်နှင့် တမလွန်ဘဝ နှစ်ဌာနလုံး ၏သုခ ချမ်းသာများကိုရှေးရှုကာ) အို-ကျွန်တော်မျိုး တို့အားမွေးမြူ တော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့ကို ဤပစ္စုပ္ပန်ဘဝ၌၎င်း၊ နောင် တမလွန်ဘဝ၌၎င်း၊ (နှစ်ဘဝ လုံး၌ပင်) ကောင်းကျိုး ချမ်းသာမင်္ဂလာများကို ပေးသနားတော် မူပါ။ ငရဲမီး၏ ဘေးဒဏ်မှလည်း ကယ်ဆယ်တော်မူပါဟု ဆုတောင်းပတ္တနာ ပြုကြလေသည်။

၀၀၂ : ၂၀၂။ (နှစ်ဘဝ၏ သုခချမ်းသာများကို ဆုတောင်း ပတ္ထနာပြုကြသော) ဤသူများသည် နှစ်ဘဝလုံး၌ပင် မိမိတို့ပြု ကျင့်ခဲ့ကြသော အကျင့်သီလတို့၏ ကုသိုလ်အကျိုးများကိုရရှိကြမည့်သူများတည်း။ အလ္လာဟ်အရှင်မြတ်သည် ဆောလျင်စွာ စစ်ဆေး မေးမြန်းတော်မူမည့်အရှင် ဖြစ်တော်မူ၏။

၀၀၂ : ၂၀၃။ ထိုမှတပါးတုံ အသင်တို့သည် သတ်မှတ်ထား သောနေ့များတွင် အလ္လာဟ်အရှင်မြတ်အား သတိရကြကုန် လော့။ သို့ရာတွင် အကြင်သူသည် နှစ်ရက်အတွင်း၌ပင် အလျင်တဆောပြန်ခဲ့သော် ထိုသူ့အပေါ်ဝယ် တစုံတရာအပြစ် မရှိချေ။ ထိုနည်း တူစွာ အကြင်သူသည် နှောင့်နှေးကြန့်ကြာ ခဲ့ပါမူ၊ ထိုသူ့အပေါ်၌လည်း တစ်စုံတစ်ရာ အပြစ်မရှိချေ။ (ယင်းကဲ့သို့ခွင့်ပြုခြင်းသည်) ပြစ်မှု ဒုစရိုက်တို့မှ ရှောင်ရှား သူတို့အတွက်သာဖြစ်သည်။ ထို့ကြောင့် အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ ရိုသေကာ ပြစ်မှုဒုစရိုက် တို့ကို ကြဉ်ရှောင်ကြကုန်။ ထိုမှတပါး အသင်တို့သည် ထို အရှင်မြတ်၏ အထံတော်၌ပင် စုရုံးကြရမည်ကိုလည်း (ကောင်း စွာ) သိထားကြကုန်။

၀၀၂ : ၂၀၄။ ထို့ပြင်တဝ၊ လူတို့အနက်အချို့ ဤသို့လည်း ရှိ၏။ လောကီရေးနှင့်စပ်လျဉ်း၍ ထိုသူ၏(ဖွဲ့နွဲ့) ပြောဆိုသော စကားများသည် အသင့်အားနှစ်သိမ့်စေ၏။ ဤမျှမကသေး၊ ထိုသူသည် မိမိ၏စိတ်တွင်းရှိ စကားများ(မှန်ကန်ကြောင်း) နှင့်စပ်လျဉ်း၍ အလ္လာဟ် အရှင်မြတ်ကိုပင် သက်သေထား၏။ အမှန်သော်ကား ထိုသူသည် ရန်သူများအနက် ပိုမိုလွန်ကဲသော ရန်သူကြီးပင် ဖြစ်ပေသည်။

၀၀၂ : ၂၀၅။ ထိုမျှမကသေးချေ၊ ထို(မုနာဖစ်က်)သည် (အသင့်ထံမှ) ပြန်သွားသောအခါ မြေပြင်ဝယ် ပျက်စီးကြောင်း များကို ပြုမူရန်၎င်း၊ လယ်ယာ ကိုင်းကျွန်းများနှင့် (ကျွဲနွား) တိရစ္ဆာန်များကို ဖျက်ဆီးရန်လည်းကောင်း၊ ကြိုးပမ်းအားထုတ် လေသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ယင်းကဲ့ သို့) ဖျက်ဆီး ခြင်းကို စိုးစဉ်းမျှ နှစ်သက်တော်မမူပေ။

၀၀၂ : ၂၀၆။ ထိုမှတစ်ပါးတုံ မည်သည့်အခါမဆို (မွတ်စ်လင်မ် တစ်ဦးက) ထို(မုနာဖစ်က်)ကို အသင်သည် အလ္လာဟ် အရှင် မြတ်အား ကြောက်ရွံ့ပါလေဟု ပြောဆိုသည်ရှိသော် ထိုသူ့အား(ထိုသူ၏)ဂုဏ်မာနသည် မကောင်းမှုဒုစရိုက်ဖက်သို့ ဆွဲဆောင် သွားလေ၏။ သို့ဖြစ်ရာ ထိုသူအဘို့ ဂျဟန္နမ် ငရဲသည် လုံလောက်၏။ အမှန်သော်ကား (ဂျဟန္နမ် ငရဲသည်) အလွန်ဆိုး ရွားလှသောနေရာ ဌာနဖြစ်ပေသည်။

၀၀၂ : ၂၀၇။ ထို့ပြင်တဝ လူတို့အနက် အချို့သည် အလ္လာဟ် အရှင်မြတ် နှစ်မြို့တော်မူခြင်းကို ရစိမ့် သောငှာ မိမိ၏အသက် ကိုပင် စွန့်လှူ၏။ အမှန် သော်ကား အလ္လာဟ်အရှင်မြတ်သည် ဤသို့ (စေတနာဖြူစင်သော) ကျွန်များကို အလွန်ချစ်ကြင် သနားတော်မူသောအရှင် ဖြစ်တော်မူ၏။

၀၀၂ : ၂၀၈။ အို-ယုံကြည်သူ’မုအ်မင်န်’အပေါင်းတို့ အသင်တို့ သည်အစ္စလာမ်သာသနာတော်အတွင်းသို့လုံးလုံးလျားလျား(စိတ် ရောကိုယ်ပါ) ဝင်ကြကုန် လော့၊ ၎င်းပြင် ရှိုင်တွာန်၏ နောက်သို့ ဖဝါးခြေထပ် မလိုက်ကြ ကုန်လင့်၊ ထိုရှိုင်တွာန်သည် မုချ သင်တို့အဖို့ ထင်ရှားသော ရန်သူပင် ဖြစ်ပေသည်။

၀၀၂ : ၂၀၉။ ထို့ကြောင့် (အစ္စလာမ်သာသနာရေးရာနှင့် စပ် လျဉ်း၍) ထင်ရှားသော သက်သေလက္ခဏာများ အသင် တို့ထံ ရောက်ရှိလာပြီးသည့် နောက်သော်မှပင် အသင်တို့သည် (ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်မှ) ချွတ်ချော် တိမ်းပါးသွား ခဲ့ကြသော် ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် တန်ခိုးအာနု ဘော်နှင့် ပြည့်စုံတော်မူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံ တရားနှင့် ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော် မူသည်ကို အသင်တို့သည် ကောင်းစွာ ယုံကြည် မှတ်သားထားကြကုန် လော့။

၀၀၂ : ၂၁၀။ ထိုသူများသည် သက်သေလက္ခဏာတော်များ ကို အထင်အရှား တွေ့မြင်ကြပါလျက်နှင့်ပင် တရားဒေ သနာတော်များကိုသွေဖည်လျက် ရှိကြကုန်၏) ယင်းသူတို့ သည် မိမိတို့ထံသို့ အလ္လာဟ်အရှင်မြတ်သည် အပါးတော် စေတမန်များနှင့်တကွ (ယင်းသူတို့အား) (ကွပ်မျက်တော်မူရန်) တိမ်တိုက်များ မိုးလျက်ကြွရောက်လာပြီး၊ ကိစ္စပြီးဆုံးသွားခြင်း ကိုသာ စောင့်မျှော်နေကြကုန်၏။ အမှန်သော်ကား အရေးကိစ္စ ဟူသမျှတို့သည် အလ္လာဟ်အရှင်မြတ် ထံတော်ပါးသို့ ပြန်လည် ရောက်ကြ ရမည်သာ ဖြစ်ကုန်သတည်း။

၀၀၂ : ၂၁၁။ (အို-နဗီတမန်တော်) ငါအရှင်သည် ထို (အစ္စရာအီလီ) မျိုးနွယ်ဝင်တို့အား ထင်ရှားသော သက်သေလက္ခဏာများကို အဘယ်မျှ ပေးသနားတော် မူခဲ့သည်ကို အသင်သည် ယင်းအစ္စရာအီလီမျိုးနွယ် ဝင်တို့အား မေးမြန်းပါလေ။ အကြင် သူသည် ၎င်းထံသို့ အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်များ ရောက်ပြီး သည့်နောက် တနည်းတဖုံ ပြောင်းလွှဲခဲ့ပါမူ အလ္လာဟ် အရှင်မြတ်သည် အပြစ်ဒဏ်ကို ပြင်းထန်စွာစီရင် တော်မူသော အရှင် ဖြစ်တော်မူလေသတည်း။

၀၀၂ : ၂၁၂။ (အမှန်စင်စစ်) မယုံမကြည်သွေဖည်ငြင်းဆန် ကြကုန်သော ကာဖိရ်တို့သည် ဤပစ္စုပ္ပန်ဘဝ၌ အသက်ထင် ရှားနေထိုင်ခြင်း(နှင့်လောကီစည်းစိမ် တို့)ကို ကောင်းမွန်သည် ဟု ထင်မြင်ယူဆပေရာ ယင်းသူတို့သည် ယုံကြည်သဒ္ဓါတရား ထားရှိကြကုန် သော မုအ်မင်န်တို့ကို ပြက်ရယ်ပြောင်လှောင်ကြ လေသည်။ စင်စစ်သော်ကား (အလ္လာဟ်အရှင်မြတ် အား) ကြောက်ရွံ့ရိုသေ၍ ပြစ်မှုဒုစရိုက်တို့မှကြဉ် ရှောင်သော သူများ သည် ရှင်ပြန်ထမည့်နေ့တွင် ထိုကာဖိရ်တို့ထက် သာလွန်မြင့် မြတ်ကြကုန်အ့ံ။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် မိမိ အလိုတော်ရှိသောသူတို့ကို အတိုင်းမရှိ စားနပ်ရိက္ခာ များကို ပေးသနားတော်မူလေသတည်း။

၀၀၂ : ၂၁၃။ လူသားအားလုံးတို့သည် (မူလက)တစ်သင်းတစ် ဖွဲ့တည်းဖြစ်ခဲ့ကြ၏။ အဓွန့်ကာလရှည်ကြာ လတ်သော် (စိတ်ဓာတ်များကွဲပြားပြီး အယူဝါဒကွဲပြားလာလေရာ) အလ္လာဟ်အရှင်မြတ်သည် (လူသားတို့ထံ) နဗီတမန်တော် များ ကို (အမိန့်တော်နာခံသူများအဖို့) ပီတိသောမနဿ ဝမ်း မြောက်ဖွယ်ရာမင်္ဂလာသတင်း ပေးပို့သူများအဖြစ်ဖြင့်လည်း ကောင်း၊ (မနာခံသူများအား) သတိပေးနှိုးဆော်သော သူများ အဖြစ်ဖြင့်လည်းကောင်း၊ စေလွှတ်တော်မူလေသည်။ ထို့ပြင် တဝ လူသားတို့အချင်းချင်း ကွဲပြားလျက်ရှိသော ပြဿနာရပ် များကို စီရင်ဆုံးဖြတ်ပေးတော်မူအ့ံသောငှာ အလ္လာဟ်အရှင် မြတ်သည် ထိုနဗီတမန်တော်များနှင့်အတူ မှန်ကန်သော ကျမ်း ဂန် အသီးသီးတို့ကိုလည်း ထုတ်ပြန်ချမှတ် ပေးအပ်တော်မူ လေသည်။ ထိုကျမ်းဂန်နှင့် စပ်လျဉ်း ၍ကား (မည်သူတစ်ဦး တစ်ယောက်မျှ) ကွဲပြားသည် မရှိချေ။ ထိုကျမ်းဂန်ကို ရရှိ သောသူများသာလျှင် မိမိတို့ထံ ထင်ရှားသော အမှတ်အသား လက္ခဏာ တော်များရောက်ရှိလာပြီးသည့်နောက်တွင် မိမိတို့ အချင်းချင်း မလိုမုန်းထား ထောင်လွှားခြင်းကြောင့် ထိုကျမ်း ဂန်နှင့်စပ်လျဉ်း၍ ကွဲပြားလာကြလေ၏။ ထိုအခါ (နောက်ဆုံး ၌) အလ္လာဟ်အရှင်မြတ်သည် မိမိအလိုတော်ဖြင့် လူသားတို့ ကွဲပြားလျက်ရှိသော ပြဿနာများနှင့် စပ်လျဉ်း၍ ယုံကြည်ခြင်း သဒ္ဓါတရားထားရှိကုန်သော မုအ်မင်တို့အား တရားမှန်ကို ညွှန် ကြားပြသတော်မူလေသည်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ် သည် မိမိနှစ်မြို့တော်မူသောသူတို့ကို ဖြောင့်မတ်မှန်ကန် သော တရားလမ်းသို့ ညွှန်ကြားပြသ ပို့ဆောင်တော်မူလေသတည်း။

၀၀၂ : ၂၁၄။ (အို-မုအ်မင်န်အပေါင်းတို့) အသင်တို့သည် ဂျန္နတ် အမတသုခဘုံသို့ (လွယ်လင့်တကူ) ဝင်ကြရလိမ့်မည် ဟုမှတ်ထင်ကြလေသလော။ (ယခုမူ) အသင်တို့အလျင်လွန် လေပြီးသော သူမွန်သူမြတ်တို့ထံသို့ သက်ရောက်ခဲ့ဘူး သော အ့ံသြဘွယ်ရာ အဖြစ်အပျက်သည် အသင်တို့ထံသို့ သက် ရောက်သည် မရှိသေးချေ။ ထိုသူမွန်သူမြတ်တို့အပေါ်ဝယ် ဒုက္ခအမျိုးမျိုး၊ ဘေးဥပဒ်အဖုံဖုံတို့သည် ဆိုက်ရောက်ခဲ့ ပေသည်။ (ဆင်းရဲဒုက္ခ အမျိုးမျိုးတို့ကြောင့်) ထိုသူမွန်သူမြတ်တို့သည် တုန်လှုပ် ချောက် ချားခဲ့ကြရပေသည်။ (နောက်ဆုံးတွင်) နဗီတမန်တော်နှင့် နောက်ပါတပည့်သားများဖြစ်ကြကုန်သော မုအ်မင်န် တို့ သည်ပင် (ထိတ်ထိတ်လန့်လန့် ဖြစ်ကာ) အလ္လာဟ် အရှင်မြတ် ၏ ကူညီစောင်မတော်မူခြင်းသည် မည်သည့်အခါ၌ ရောက်ရှိ ပါအံ့နည်းဟု ပြောဆိုကြလေသည်။ (သို့ဒုက္ခအမျိုးမျိုးနှင့် ရင်ဆိုင်ကြရ သောအခါ၌ အလ္လာဟ် အရှင်မြတ်က) သတိပြုကြ ကုန်။ ဧကန်အမှန် အလ္လာဟ် အရှင်မြတ်၏ စောင်မတော်မူခြင်း သည် နီးကပ်လျက် ရှိချေပြီ (ဟု မိန့်ကြားတော်မူလေသတည်း)

၀၀၂ : ၂၁၅။ (အို-နဗီတမန်တော်)အချို့သောသူများသည်(ကု သိုလ်အကျိုးငှာ)မည်သည့်အရာဝတ္ထုကို (မည်သည့်နေရာ၌)လှူဒါန်း ပေးကမ်း သုံးစွဲကြရပါမည်နည်းဟု အသင့်ကိုမေးမြန်း ကြရာ အသင်သည် (ယင်းသူတို့အား) အသင်တို့သည် (မိမိတို့နှစ် သက်ရာကို) ပေးကမ်းလှူဒါန်းနိုင်ကြပေသည်။ သို့ရာတွင် မိဘ နှစ်ပါးတို့အဖို့လည်းကောင်း၊ ဆွေမျိုးနီးစပ်သောသူတို့ အဖို့ လည်းကောင်း၊ ဖသက်ဆိုးတို့အဖို့လည်းကောင်း၊ သူဆင်း ရဲတို့ အဖို့လည်းကောင်း၊ ခရီးသည်အာဂန္တု (များ)အဖို့၎င်း (သုံးစွဲ လှူဒါန်းခြင်းသည် ပိုမိုသင့်မြတ်လှပေသည်)။ အမှန်စင်စစ် အသင်တို့သည် မည်သည့်ကောင်းမှုကုသိုလ်မျိုးကိုမဆိုပြုလုပ် ကြပါမူ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် ထိုပြုလုပ်သမျှ သော ကောင်းမှုကုသိုလ်တို့ကို ကောင်းစွာသိရှိတော်မူသော အရှင်ဖြစ်တော်မူသည် ဟု ဖြေကြားပါလေ။

၀၀၂ : ၂၁၆။ (အို-မုအ်မင်န်အပေါင်းတို့)အသင်တို့ အပေါ် ဝယ် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်းသည် ဖရဿ် ပြဋ္ဌာန်းပြီး ဖြစ်ချေပြီ။ အမှန်စင်စစ် ထိုစစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခြင်း သည် အသင်တို့အဖို့ (သဘာဝအလျောက်) ရွံရှာစက်ဆုပ် (ဝန်လေး)ဘွယ်ရာပင် ဖြစ်ချေသည်။ သို့ရာတွင် အသင်တို့သည် တစ်စုံတစ်ရာကို ရွံရှာစက်ဆုပ်သော်လည်း စင်စစ်မှာ ထိုအရာ သည် အသင်တို့အဖို့ အကောင်းဖြစ်တန်ရာ၏။ ထိုနည်း တူပင် အသင်တို့သည် တစ်စုံတစ်ရာကို နှစ်သက် သော်လည်း စင်စစ် မှာ ထိုအရာသည် အသင်တို့အဖို့ အဆိုးဖြစ်တန်ရာသည်။ အမှန်စင်စစ် အလ္လာဟ် အရှင်မြတ် သည်သာလျှင် (အကောင်း နှင့်အဆိုးကို တပ်အပ်သေချာစွာ)သိရှိတော်မူ၏။ အသင်တို့မူ ကား (တစ်စုံတစ်ရာကိုမျှ တိကျသေချာစွာ) သိနားလည်ကြ သည် မဟုတ်ကြချေ။

၀၀၂ : ၂၁၇။ (အို-နဗီတမန်တော်)ထိုသူတို့သည် ရိုသေလေး စား အပ်သောလမြတ်၌ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခြင်း နှင့်စပ် လျဉ်း၍ အသင့်ကို (လာရောက်) မေးမြန်းကြရာ အသင် သည် အချင်းတို့) ထိုလမြတ်၌ (သိလျက်နှင့် ပင်) စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခြင်းသည် ကြီးလေးသော အပြစ်ပင် ဖြစ်ချေသည်။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်၏ (သာသနာ့)လမ်းတော်မှ ပိတ်ပင်တားဆီးခြင်းသည်လည်း ကောင်း၊ ထိုအရှင်မြတ်အား မယုံမကြည် သွေဖည်ငြင်းပယ် ခြင်းသည်လည်းကောင်း၊ ရိုသေလေးစားအပ်သော (အလ္လာဟ် အရှင်မြတ်၏) ဗလီကျောင်း တော်မှ (ဖူးမျှော်ရန်လာသောသူ များကို) တားဆီး ပိတ်ပင်ခြင်းသည်လည်းကောင်း၊ ထိုဗလီ ကျောင်းတော်၌ မှီတင်းနေထိုင်ကြသော သူတို့ကို ယင်းဗလီ ကျောင်းတော်မှ နှင်ထုတ်ခြင်းသည် လည်းကောင်း၊ အလ္လာဟ် အရှင်မြတ်၏ အထံတော်၌ သာလွန်၍ ကြီးလေးသောအပြစ်ပင် ဖြစ်ချေသည်။ ထိုနည်းတူစွာ (သာသနာရေး၌) ညှဉ်းပန်းနှိပ် စက်ကလူပြုခြင်းသည်လည်း (ထို)သတ်ဖြတ်ခြင်းထက်ပင် သာလွန်၍ ကြီးလေးသော အပြစ်ကြီးတစ်ရပ်ဖြစ်ပေသည် ဟု အသင်ဖြေကြားပါလေ။ (အို-မုအ်မင်န်အပေါင်းတို့) စင်စစ် တမူကား၊ အကယ်၍သာ ယင်း(ကာဖိရ်)တို့ တတ်စွမ်းနိုင်ကြပါမူ အသင်တို့ (သက်ဝင်ယုံကြည်လျက်ရှိသောအစ္စလာမ်) သာသ နာတော်ကို စွန့်လွှတ်ကြရန်အတွက် အစဉ်မပြတ် အသင်တို့နှင့် ပြိုင်ဆိုင်တိုက်ခိုက်ကြကုန်လတ္တံ့။ ပြီးနောက် အသင်တို့အနက် အကြင်သူ(တို့)သည် မိမိတို့ (သက်ဝင်ယုံကြည်သောအစ္စလာမ်) သာသနာတော်မှ ဖောက်ပြန်၍ ကာဖိရ် အဖြစ်နှင့် သေဆုံး ကြအံ့၊ ထိုသူတို့၏ အကျင့်သီလဟူသရွေ့တို့သည် ဤပစ္စုပ္ပန် ဘဝနှင့် နောင်တမလွန်ဘဝ နှစ်ဌာနလုံး၌ပင် အချည်းနှီး အကျိုးမဲ့ ဖြစ်ကြချေ၏။ ဤသူများသည် ငရဲသားများဖြစ်ကြ၏။ ၎င်းတို့သည် ထိုငရဲတွင် အမြဲခံစားကြရမည့်သူများပင်တည်း။

၀၀၂ : ၂၁၈။ ဧကန်မုချ အကြင်သူတို့သည်အီမာန် ယုံကြည် ခြင်းသဒ္ဓါတရားထားရှိကြ၏။ ထို့ပြင် အကြင်သူတို့သည် (မိမိတို့ ၏နေရင်းဌာနများကိုပင်) စွန့်၍ ထွက်ခွာသွားကြကုန်၏။ ထို့ပြင် ယင်းသူတို့သည် ဂျိဟာဒ် အလ္လာဟ် အရှင်မြတ်၏ လမ်း၌ သက်စွန့်ကြိုးပမ်းဆောင်ရွက်ကြကုန်၏။ ဤသူများ သည်ပင် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်ကို မြှော်လင့် တောင့်တကြကုန်သည်။ဧကန်စင်စစ် အလ္လာဟ် အရှင်မြတ် သည် အကြိမ်ကြိမ် အဖန်ဖန် ချမ်းသာခွင့် ပေးသနား တော်မူ သောအရှင်၊ အစဉ်မပြတ် သနားကြင်နာတော် မူသောအရှင် ဖြစ်တော်မူပေသတည်း။

၀၀၂ : ၂၁၉။ (အို-နဗီတမန်တော်) အချို့သောသူတို့သည် သုရာမေရယ အရက်သေစာနှင့်စပ်လျဉ်း၍ လည်းကောင်း၊ လောင်းတမ်းကစားခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ အသင့် ထံ(လာရောက်)မေးမြန်းကြလေသည်။ အသင်သည် (ယင်းသူ တို့အား အို-အချင်းတို့) ထို (သေစာအရက်သောက်စားခြင်းနှင့် လောင်းတမ်းကစားခြင်း)နှစ်မျိုးလုံးတို့၌ ကြီးလေးသောအပြစ် များသည်လည်းရှိ၏။ လူတို့အဘို့ရာ(အနည်းငယ်သော) အကျိုးကျေးဇူးများသည်လည်းရှိ၏။ သို့ရာတွင် ယင်းအမှု နှစ်မျိုးလုံး ၏အပြစ်များသည် ထိုအမှုနှစ်မျိုးလုံး၏ အကျိုးကျေး ဇူးထက် အလွန်ကြီးလေးပေသည်ဟု ဖြေကြားပါလေ။ ထို မှတစ်ပါးတုံ ယင်းသူတို့သည်(ကုသိုလ်အကျိုးငှာ)မည်မျှလောက် သော ဝတ္ထုပစ္စည်းများကို ပေးကမ်း လှူဒါန်း ရပါမည် နည်း ဟုအသင့်ထံ လာရောက်မေးမြန်းကြပြန်ရာ အသင်သည်(ယင်း သူတို့အား အို-အချင်းတို့ အသင်တို့သည် မိမိတို့အဖို့ လိုအပ် သည်ထက်) ပိုလျှံသောပစ္စည်းများ (အနက်မှ စွမ်းအား ရှိသမျှကို ပေးကမ်းလှူဒါန်းနိုင်ကြသည်) ဟုဖြေကြား ပါလေ။ အလ္လာဟ်အရှင်မြတ်သည် ဤကဲ့သို့ပင် ဒေသနာ တော်များကို အသင်တို့အားလိုက် နာကျင့်ဆောင်နိုင်ကြရန် ရှင်းလင်းထင်ရှားစွာ မိန့်ကြားတော်မူသည်။ သို့မှသာလျှင် အသင်တို့သည်(လောကီနှင့်လော ကုတ္တ ရာရေး တို့ကိုကောင်း စွာ)စဉ်းစားဆင်ခြင်ကြ တန်ရာသတည်း။

၀၀၂ : ၂၂၀။ ဤပစ္စုပ္ပန်ဘဝနှင့် နောင်တမလွန်ဘဝ (၏ ကိစ္စအဝဝတို့)နှင့်စပ်လျဉ်း၍။ ထို့ပြင်တဝ(အို-နဗီတမန်တော်) ယင်းသူတို့သည် အသင့်ကို ဖမဲ့ကလေးသူငယ်များနှင့် ပတ်သက် ၍လည်း(လာရောက်)မေးမြန်းကြ၏။ အသင်သည် ယင်းသူတို့ ကို (ဤသို့) ဖြေကြားပါလေ။ ထိုဖမဲ့ကလေးသူငယ်တို့ (၏အခြေ အနေ)ကို ကောင်းမွန်မှန်ကန်အောင် ပြုပြင်ပေးခြင်း သည်သာ လျှင် အကောင်းဆုံး အမြင့်မြတ်ဆုံးပင်ဖြစ်သည်။ အကယ် ၍သာ အသင်တို့သည် ယင်းသူငယ်တို့နှင့် ရောနှော ပေါင်းစပ် ကြပါလျှင် (စိုးရိမ်စရာမရှိ) ထိုဖမဲ့ကလေးသူငယ် တို့သည် အသင်တို့၏ ညီနောင်များပင် ဖြစ်ကြကုန်၏။ စင်စစ်သော် ကား အလ္လာဟ်အရှင်မြတ်သည် ဖသက်ဆိုးတို့၏ ပျက်စီးရာ ပျက်စီးကြောင်းကို ကြံစည်သောသူများနှင့် ကောင်းမွန်အောင် ပြုပြင် ပေးသောသူများကို ခွဲခြား၍သိရှိတော်မူသည်။ ထိုမှ တစ်ပါးတုံ အကယ်၍သာ အလ္လာဟ် အရှင်မြတ်သည် အလို တော်ရှိတော်မူခဲ့ပါလျှင် အသင်တို့ကို (မိဖမဲ့ ကလေးသူငယ်များ နှင့်ပတ်သက်၍ ခဲယဉ်းသော စည်းမျဉ်းဥပဒေသတ်မှတ် တော်မူပြီးလျှင်) မုချ ဒုက္ခရောက်စေ တော်မူပြီးဖြစ်ချေပြီ။ မုချ အလ္လာဟ်အရှင်မြတ်သည် တန်ခိုး အာနုဘော်ဖြင့်လွှမ်းမိုးတော် မူသောအရှင်၊ အကျိုးအကြောင်း ဆင်ခြင်တုံတရားနှင့် ပြည့်စုံ တော်မူသောအရှင် ဖြစ်တော်မူသတည်း။

၀၀၂ : ၂၂၁။ (အို-အီမာန် ယုံကြည်ခြင်း သဒ္ဓါတရား ထားရှိကြသော မုအ်မင်န် အပေါင်းတို့) အလ္လာဟ် အရှင် မြတ်နှင့်ယှဉ်တွဲ၍အခြားအရာကိုကိုးကွယ်သော မိန်းမများသည် အီမာန် ယုံကြည်ခြင်း သဒ္ဓါတရား မထားရှိကြသမျှ ကာလ ပတ်လုံး ထိုမိန်းမများနှင့် အသင်တို့သည် ထိမ်းမြားမင်္ဂလာ မပြုကြကုန်လင့်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်နှင့် ယှဉ်တွဲ၍ အခြားအရာကိုကိုးကွယ်သော မိန်းမတစ်ဦးသည် အသင်တို့အဖို့ အကယ်၍ နှစ်သက်စရာဖြစ်ငြားသော်လည်း အီမာန်ယုံကြည်ခြင်းသဒ္ဓါတရားထားရှိသော ကျွန်မိန်းမ တစ်ဦးသည် (အလ္လာဟ်အရှင်မြတ်နှင့် ယှဉ်တွဲ၍ အခြားအရာ ကို ကိုးကွယ်သော) ထိုမိန်းမထက် မုချသာ၍ကောင်း၏။ ထို နည်းတူစွာ အလ္လာဟ်အရှင်မြတ်နှင့်ယှဉ်တွဲ၍ အခြားအရာကို ကိုးကွယ်သော ယောက်ျားများသည် အီမာန် ယုံကြည်ခြင်း သဒ္ဓါတရား မထားရှိကြသမျှ ကာလပတ်လုံး ထိုသူများ နှင့်(မွတ်စ်လင်မ်အမျိုးသမီးများကို) ထိမ်းမြား၍ မပေးကြကုန် လင့်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်နှင့်ယှဉ်တွဲ၍ အခြား အရာကို ကိုးကွယ်သူတစ်ဦးသည် အသင်တို့အဘို့ အကယ်၍ နှစ်သက်စရာဖြစ်ငြားသော်လည်း အီမာန် ယုံကြည်ခြင်းသဒ္ဓါ တရားထားရှိသော ကျွန်ယောက်ျား တစ်ဦးသည် (အလ္လာဟ် အရှင်မြတ်နှင့် ယှဉ်တွဲ၍ အခြားအရာ ကို ကိုးကွယ်သော) ထိုယောက်ျားထက် မုချသာ၍ကောင်း၏။ (အလ္လာဟ်အရှင် မြတ်နှင့် ယှဉ်တွဲ၍အခြားအရာကို ကိုးကွယ် သောသူတို့ သည် အသင်တို့အား) ငရဲမီးသို့ ခေါ်ဆောင်ကြ ကုန်၏။ အလ္လာဟ် အရှင်မြတ်မှာမူ မိမိ၏ဆန္ဒတော်ဖြင့် (အသင်တို့အား) ဂျန္နတ်အမတ သုခဘုံသို့လည်းကောင်း၊ အပြစ် များမှ လွတ်ငြိမ်းချမ်း သာခွင့်ပေးသနားတော်မူခြင်းသို့လည်း ကောင်း၊ ခေါ်ဆောင် လျက် ရှိတော်မူ၏။ ထို့ပြင်တဝ ထိုအရှင်မြတ်သည် လူသားတို့ သတိတရားရ စိမ့်သောငှာ မိမိ၏တရား ဒေသနာတော်များကို ထင်ရှားစေ တော်မူ၏။

၀၀၂ : ၂၂၂။ ထိုမှတပါးတုံ၊ (အို-နဗီတမန်တော်) အသင့် အား ထိုသူတို့သည် ရာသီပန်းပွင့်ခြင်း အကြောင်းနှင့် စပ်လျဉ်း၍ မေးမြန်းကြ၏။ အသင်သည် (ထိုသူတို့ အားဤသို့)ဖြေကြား ပါလေ။ ထို(ရာသီပန်းပွင့်ခြင်း)သည် စက်ဆုပ်ရွံရှာဖွယ်ရာ ဖြစ်သောအညစ်အကြေး တစ်မျိုးပင်ဖြစ်ချေသည်။ သို့ဖြစ်ရာ ရာသီပန်းပွင့် သည့်အချိန်တွင် အသင်တို့သည် ဇနီးမိန်းမများ နှင့် (ကာယသံသဂ္ဂပြုခြင်းမှ) ခွဲခွာ၍နေကြလေကုန်၊ ၎င်းပြင် ထိုဇနီးမိန်းမများ သန့်စင်လာကြသည့်တိုင်အောင် အသင်တို့ သည် ထိုဇနီးမိန်းမများထံသို့ မချဉ်းကပ်ကြကုန်လင့်။ သို့ရာတွင် ထိုဇနီးမိန်းမများ(ကောင်းစွာ)သန့်စင်လာကြသော အခါ အသင်တို့သည် အလ္လာဟ်အရှင်မြတ် အမိန့်တော်ရှိထား တော်မူသည်နှင့်အညီ ထိုဇနီးမိန်းမများထံသို့ ချဉ်းကပ်ကြကုန်။ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် (မေ့မှားမှုကို) ဝန်ချ တောင်းပန်သောသူများကို ချစ်နှစ်သက်တော်မူ၏။ ထို့အတူ ထိုအရှင်မြတ်သည်သန့်ရှင်းစင်ကြယ် သောသူများကိုလည်း ချစ်နှစ်သက်တော်မူ၏။

၀၀၂ : ၂၂၃။ အသင်တို့၏ ဇနီးမိန်းမများသည် အသင်တို့အဖို့ လယ်ယာမြေ(ပမာပင်) ဖြစ်ပေရာ အသင်တို့သည် မိမိတို့လယ် ယာများသို့ မိမိတို့ ကြိုက်နှစ်သက်ရာနည်းနှင့် သွားလာ (စိုက်ပျိုး)ကြကုန်။ ထို့ပြင် အသင်တို့သည်(နောင်ရေးကို ရှေ့ ရှုကာ) မိမိတို့အကျိုးအလို့ငှာ(ကောင်းမှုကုသိုလ်များကို) တင်ကြို ၍ ပို့ဆောင်(ပြုလုပ်)ကြကုန်။ ထို့ပြင် အသင်တို့သည် အလ္လာဟ် အရှင်မြတ်ကို ကြောက်ရွံ့ကြကုန်။ ထို့ပြင် အသင်တို့သည် ထို အရှင်မြတ်၏ရှေ့တော်မှောက်သို့ မုချဝင်ရောက် ကြရမည့်သူ များဖြစ်သည်ကိုလည်း မှတ်ယူကြကုန်၊ ထို့ပြင်(အို-နဗီ) အသင် သည် ယုံကြည်ခြင်းသဒ္ဓါ တရားနှင့်ပြည့်စုံသော မုအ်မင်န် တို့အား ဝမ်းမြောက်ဘွယ်ရာသတင်းကို ပြောကြားပါလေ။

၀၀၂ : ၂၂၄။ ထို့ပြင် အသင်တို့သည် ကုသိုလ်ကောင်းမှုများ ကို မပြုကြရန်လည်းကောင်း၊ ဒုစရိုက်မှုများကို မကြဉ်ရှောင် ကြရန်လည်းကောင်း၊ လူသားတို့စပ်ကြားတွင် ခိုက်ရန်ဖြစ်ပွားမှု များကိုမဖြန် ဖြေကြရန်လည်ေးကာင်း၊ မိမိတို့၏ကျိန်ဆိုချက် များဖြင့် အလ္လာဟ်အရှင်မြတ်အား ဒိုင်းကြီးသဖွယ် အကာ အကွယ် မပြုလုပ်ကြကုန်လင့်။ အမှန်သော် ကား အလ္လာဟ် အရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့ သိတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

၀၀၂ : ၂၂၅။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏အချည်း နှီးသော ကျိန်ဆိုချက်များနှင့်စပ်လျဉ်း၍ အသင်တို့ကို ပြစ်ဒဏ် ပေးတော်မူမည်မဟုတ်။ သို့ရာတွင် အသင်တို့၏စိတ်နှလုံး များက စေ့ဆော်တိုက်တွန်း၍ ကျိန်ဆိုသော ကျိန်ဆိုချက်များ နှင့် စပ်လျဉ်း၍မူ ထိုအရှင်မြတ်သည် အသင်တို့ကို ပြစ်ဒဏ် ပေးတော်မူပေမည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ် သည် အကြိမ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ပေးသနား တော်မူ သောအရှင်၊ အလွန် ထောက်ထားညှာတာ တော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

၀၀၂ : ၂၂၆။ မိမိတို့၏ဇနီးမိန်းမများနှင့် (ကာယသံသဂ္ဂအမှု ပြုကြမည်မဟုတ်ပါဟု) ကျိန်ဆိုသူများအဖို့ လေးလစောင့် ဆိုင်းခွင့်ရှိ၏။ အကယ်၍ ထိုသူတို့သည် (ထိုကဲ့သို့) ကျိန်ဆိုပြီး နောက် (4-လအတွင်း မိမိ တို့၏ကျိန်ဆိုချက်ကို) ပြန်လည်ရုပ် သိမ်းကြပါလျှင် မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အလွန် လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန် ကရုဏာပြုတော်မူသောအရှင် ဖြစ်တော် မူပေသတည်း။

၀၀၂ : ၂၂၇။ ထို့ပြင် အကယ်၍သာ ယင်းသူတို့သည်၊ ကွာရှင်း ခြင်းကိုသာ စိတ်ပိုင်းဖြတ်ကြပါလျှင် ဧကန်မုချ အလ္လာဟ် အင်မြတ်သည် (ထိုသူတို့၏ ကျိန်ဆိုချက်တို့ကိုလည်း) အကြွင်းမရှိသိတော်မူသောအရှင်၊ (ထိုသူတို့၏ စိတ်ပြဋ္ဌာန်း ချက်များကိုလည်း) အကြွင်းမရှိ သိတော်မူသောအရှင် ဖြစ် တော်မူလေသတည်း။

၀၀၂ : ၂၂၈။ ထို့ပြင် ကွာရှင်းခြင်းခံရသော ဇနီးမိန်းမများ သည် ရာသီပန်းသုံးကြိမ်ပွင့်သည့်တိုင်အောင်(အိမ်ထောင်သစ် ပြုခြင်းမှ)မိမိတို့ကိုယ်ကို ဆိုင်းငံ့ထားကြရမည်။ ထို့ပြင် အကယ် စင်စစ် ထိုဇနီးမိန်းမများသည် အလ္လာဟ်အရှင်မြတ် ကိုလည်း ကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း ယုံကြည်ကြပါလျှင် ထိုဇနီးမိန်းမ များအဖို့ မိမိတို့ သားအိမ်များတွင် အလ္လာဟ် အရှင်မြတ်ဖန်ဆင်း ထားတော်မူသောအရာ (ကိုယ်ဝန်များကို လည်းကောင်း၊ ရာသီပန်းပွင့်ခြင်းကိုလည်းကောင်း၊) ထိန်ချန် လျှို့ဝှက်ထားပိုင်ခွင့် မရှိချေ။ ထို့ပြင် ထိုဇနီးမိန်းမများတို့၏ လင်ယောက်ျားတို့သည် သင့်မြတ်ခြင်းကို ရည်စူးကြပါလျှင် ထို ဇနီးမိန်းမများအား ပြန်လည်သိမ်းပိုက်ရန် အခွင့်အရေး ပို၍ရှိ သူများ ဖြစ်ကြပေသည်။ ထို့ပြင် ထိုဇနီးမိန်းမများအပေါ်ဝယ် တာဝန်များရှိ သကဲ့သို့ ထိုဇနီးမိန်းမများအဘို့လည်း တရား စည်းကမ်းများ အတိုင်း အခွင့်အရေးများလည်း ရှိကြပေသည်။ သို့ပင်တစေ လင်ယောက်ျားတို့ အဖို့မှာကား ထိုဇနီးမိန်းမများ အပေါ်ဝယ် သာလွန်ခြင်းတစ်ရပ်ရှိပေသည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် တန်ခိုးအာနုဘော်ဖြင့် လွှမ်းမိုးတော် မူသောအရှင်၊ ကျိုးကြောင်း ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော် မူသော အရှင် ဖြစ်တော်မူပေသတည်း။

၀၀၂ : ၂၂၉။ (ဇနီးမောင်နှံ ပြန်လည်ပေါင်းသင်းနိုင်သော)ကွာ ရှင်းခြင်းသည် နှစ်ကြိမ်မျှသာတည်း။ ထို့နောက်(လင်ယောက်ျား များသည် မိမိတို့၏ဇနီးများကို) တရားတော်နှင့် အညီပြန်လည် သိမ်းပိုက်ပေါင်းသင်း ရန်သာရှိ၏။ သို့တည်းမဟုတ် (တတိယ အကြိမ် ထပ်မံကွာရှင်း၍) ကောင်းမွန်စွာ စွန့်လွှတ်ရန်သာရှိ တော့သတည်း။ ၎င်းပြင် အသင်တို့အဖို့ ထိုဇနီး မိန်းမတို့အား ပေးခဲ့သော (မဟ်ရ်ခန်းဝင်ပစ္စည်း အစရှိသည် များ) အနက်မှ တစ်စုံတစ်ရာကိုမျှ ပြန်လည်ယူပိုင်ခွင့်မရှိချေ။ သို့ရာတွင် ယင်းဇနီးမောင်နှံနှစ်ဦးတို့သည် အလ္လာဟ်အရှင်မြတ်၏ စည်း ကမ်းများကို စောင့်ထိန်းနိုင်ကြမည်မဟုတ်ဟု စိုးရိမ်ကြသော အခါမျိုး၌မူ (ယူနိုင်ခွင့်ရှိပေသည်။) သို့ဖြစ်လေရာ အကယ်၍ ယင်းဇနီးမောင်နှံနှစ်ဦးသည် အလ္လာဟ်အရှင်မြတ်၏ စည်းမျဉ်း ဥပဒေများကို မစောင့် ထိန်းနိုင်မည်ကို အသင်တို့ စိုးရိမ်ကြပါမူ ထိုဇနီးမိန်းမက လျော်ကြေးပေးသောပစ္စည်း နှင့်စပ်လျဉ်း၍ ထိုဇနီးမောင်နှံနှစ်ဦး တို့အပေါ်တွင် တစ်စုံတစ်ရာမျှ အပြစ် မထိုက်သင့်ချေ။ ဤသည်တို့ကား အလ္လာဟ်အရှင်မြတ် သတ် မှတ်ပြဋ္ဌာန်းထားတော်မူသော စည်းမျဉ်း ဥပဒေများတည်း။ သို့ဖြစ်လေရာ အသင်တို့သည် ယင်းစည်း မျဉ်းတို့ကို မကျူးလွန် ကြကုန်လင့်။ စင်စစ်တမူကား အကြင် မည်သူမဆို အလ္လာဟ် အရှင်မြတ်၏ စည်းမျဉ်းများကို ကျူးလွန်ပါမူ ထိုသူတို့သာလျှင် ပြစ်မှားကျူးလွန်သူများ ဖြစ်ကြကုန်သတည်း။

၀၀၂ : ၂၃၀။ (တွလာက်ရဂျ်အီ နှစ်ကြိမ်ပေးပြီးသည့်နောက်) တဖန် အကယ်၍ လင်ယောက်ျားသည် ထိုဇနီး မိန်းမအား ထပ်မံ၍ တွလာက် ကွာရှင်းခဲ့သည် ရှိသော် (သို့သုံးကြိမ် မြောက် တွလာက် ပေးပြီးသည့်) နောက် ထိုလင်ယောက်ျားအဖို့ ထိုဇနီးမိန်းမသည် အခြား လင်ယောက်ျားတစ်ဦးဦးနှင့် နိကာဟ် ထိမ်းမြား ဆက်ဆံ ပေါင်းသင်းခြင်းမပြုသမျှ ကာလပတ်လုံး (ဟလာလ်) တရားဝင်ဇနီး ဖြစ်မည်မဟုတ်ပေ။ (ထိုကဲ့သို့ အခြားလင်ယောက်ျား တစ်ဦးဦးနှင့် ထိမ်းမြားပြီး သည့်နောက်) အကယ်၍ ထို(ဒုတိယ) လင်ယောက်ျားကလည်း ထိုဇနီး မိန်းမအား ကွာရှင်း ခဲ့ပြန်သည်ရှိသော် ထိုဇနီးမိန်းမနှင့် (ပဌမ) လင်ယောက်ျားနှစ်ဦးတို့သည် အကယ်၍ မိမိတို့နှစ်ဦးသည် အလ္လာဟ်အရှင်မြတ်၏ စည်းမျဉ်းဥပဒေများကို စောင့် ထိန်းနိုင်ကြမည်ဟု ထင်မြင်ယူဆပြီး တဖန် ပြန်လည်ပေါင်း သင်း ဆက်ဆံကြပါသော် ထိုဇနီး မောင်နှံနှစ်ဦးတို့အပေါ်တွင် တစ်စုံတစ်ရာအပြစ်မရှိချေ။ အမှန်စင်စစ် ဤသည်တို့ကား အလ္လာဟ်အရှင်မြတ်၏ စည်းကမ်းဥပဒေများပင်တည်း။ ထိုအရှင်မြတ်သည် ထိုဥပဒေစည်းမျဉ်းများကို အသိအလိမ္မာ ဉာဏ်ပညာနှင့် ပြည့်စုံသောသူများအဘို့ ရှင်းလင်းစွာ ထုတ်ဖော် မိန့်ကြားထားတော်မူလေသတည်း။

၀၀၂ : ၂၃၁။ တဖန် မည်သည့်အခါဝယ် အသင်တို့သည် (မိမိတို့) ဇနီးမိန်းမများကို (တွလာက်ရဂျ်အီ)ပေး၍ ကွာ ရှင်းပြီးသည့်နောက် ထိုဇနီးမိန်းမတို့သည် (မိမိ တို့အဖို့ ကန့် သတ် ပိုင်းခြားထားသော) အစ်ဒ်ဒတ် ရက်ပိုင်းကာလ ပရိစ္ဆေဒ (ကုန်ဆုံးခါနီး) သို့ရောက်ရှိသွားကြပါမူ၊ အသင်တို့ သည် ထိုဇနီးမိန်းမတို့အား တရားစည်းကမ်းနှင့်အညီ ပြန် လည်သိမ်းပိုက်ပေါင်းသင်းကြရမည်၊ သို့တည်းမဟုတ် တရားစည်းကမ်းအတိုင်း ထိုဇနီးမိန်းမတို့အား စွန့်လွှတ်ကြ ရမည်။ သို့ရာတွင် အသင်တို့သည် ထိုဇနီးမိန်းမတို့ကို နစ်နာစေ သောစေတနာဖြင့် ညှဉ်းပန်းနှိပ်စက်နိုင်ကြရန်အတွက် ပြန် လည် သိမ်းပိုက်ခြင်းကို မပြုကြကုန်လင့်။ အမှန်သော်ကား မည်သူမဆို ယင်းကဲ့သို့ (နစ်နာစေမှုကို) ပြုလုပ်ခဲ့ပါမူ ထို သူသည် အမှန်စင်စစ် မိမိကိုယ်ကိုသာ မိမိ နှိပ်စက်ရာ ရောက် ပေသည်။ ထိုမှတပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်ပညတ်တော်များကို ပြောင်လှောင်ပြက်ချော် သရော် သမှုမပြုလုပ်ကြကုန်လင့်။ တဖန် အသင်တို့သည် မိမိတို့ အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်ပြုထားတော်မူသော ကျေးဇူး တော်များကိုလည်းကောင်း၊ ထို အရှင်မြတ် ထုတ်ပြန်ချမှတ် တော်မူသော ကျမ်းဂန် နှင့်အသိအလိမ္မာ ဉာဏ်ပညာများကို လည်းကောင်း၊ သတိရကြကုန်လော့။ ထိုအရှင်သည် ထိုကျမ်း ဂန် ဒေသနာဖြင့်လည်းကောင်း၊ အသိအလိမ္မာ ဉာဏ်ပညာဖြင့် လည်းကောင်း အသင်တို့အား ပဲ့ပြင်ဆုံးမ တော်မူသည်၊ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွ့ံ ကြကုန်၊ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော် မူသည်ကိုလည်း အသင်တို့ ယုံကြည်မှတ်ယူ ကြလေကုန်။

၀၀၂ : ၂၃၂။ ထို့ပြင် အကြင်အခါဝယ် အသင်တို့သည် (မိမိ တို့၏) ဇနီးမိန်းမများကို (တွလာက်ရဂျ်အီ ပေး၍)ကွာရှင်း ကြပါလျှင် သို့ကွာရှင်းပြီးနောက် ထိုဇနီးမိန်းမတို့သည် မိမိတို့ ၏(အစ်ဒ်ဒတ်) ရက်ပိုင်း (အဆုံး)သို့ ရောက်သွားကြသောအခါ အကယ်၍ (ထိုဇနီးမိန်းမတို့နှင့် နောက်ထပ်အိမ်ထောင် ပြုအ့ံ သော လင်ခင်ပွန်းတို့သည်) တရားစည်းကမ်းနှင့်အညီ (အိမ်ထောင်ပြုရန်) အချင်းချင်း နှစ်ဦးနှစ်ဝသဘော မျှကြ ပါသော် အသင်တို့သည် ထိုဇနီးမိန်းမတို့အား မိမိတို့၏ ခင်ပွန်း များနှင့် ထိမ်းမြားခြင်းမှ ဖိနှိပ်ချုပ်ချယ် မြစ်တားခြင်း မပြုကြ ကုန်လင့်။ ဤပညတ်တော်ကား အသင်တို့အနက် အလ္လာဟ် အရှင်မြတ်ကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း ယုံကြည်သောသူများအား သွန်သင်ဆုံးမအပ်သော ပညတ် တော်တည်း။ ဤ(ပညတ် တော်ကိုနာခံခြင်း)သည် အသင်တို့ အဖို့ အလွန်တရာမျှ အကျိုး ဖြစ်ထွန်းစေ သော၊ (အပြစ်ဒု စရိုက်တို့မှ) ပိုမို၍ သန့်ရှင်းစေသော ပညတ်တော်တည်း။ စင်စစ်သော်ကား အလ္လာဟ် ်အရှင်မြတ်သည် (အကျိုးဖြစ်ထွန်း စေမည့်အကြောင်း တရားတို့ကို) သိတော်မူ၏။ အသင်တို့ မူကား မသိကြချေ။

၀၀၂ : ၂၃၃။ ထို့ပြင် မိခင်တို့သည် (လင်ယောက်ျားနှင့် ပြတ်စဲ သည်ဖြစ်စေ၊ မပြတ်စဲသည်ဖြစ်စေ) မိမိတို့၏ သားသမီးများကို 2-နှစ်တိုင်တိုင် နို့ရည်တိုက်ကျွေးကြရမည်။ (ဤအမိန့် တော်သည် ရက်ပိုင်းစေ့အောင် နို့ရည်တိုက်ကျွေးလိုသော သူတို့အဖို့ဖြစ်၏)။ ထို့ပြင် (ကလေး၏) ဖခင်အပေါ်၌ (နို့ရည် တိုက်ကျွေးသော ကာလပရိစ္ဆေဒ ရက်ပိုင်း စေ့သည့်တိုင်အောင်) ထိုမိခင်တို့၏ စားနပ်ရိက္ခာနှင့်တကွ ဝတ်စားတန်ဆာကို တရား စည်းမျဉ်းနှင့်အညီ (စီမံပေးရန်) တာဝန်ရှိပေသည်။ (သို့ရာ တွင်) မည်သူတစ်ဦးတစ်ယောက်မျှ မိမိတတ်စွမ်း နိုင်သည်ထက် ပို၍ တာဝန်ထမ်းဆောင်စေခြင်းကို မခံရချေ။ (သို့ဖြစ်လေရာ) မည်သည့်မိခင်မျှ မိမိ သားသမီးအတွက်ကြောင့် မနစ်နာစေရ၊ မည်သည့် ဖခင်မျှလည်း မိမိသားသမီးအတွက်ကြောင့် မနစ်နာ စေရ။ (သေဆုံးသည့်အခါ၌) အမွေစားအမွေခံများ အပေါ်၌ ထိုကဲ့သို့ပင် (မိခင်၏စားနပ်ရိက္ခာနှင့် ဝတ်စားတန် ဆာများကို စီမံပေးရန်)တာဝန်ရှိ၏။ ထို့နောက် အကယ်၍ မိဘနှစ်ပါး တို့သည် (ကလေး၏အကျိုးငှာ) မိမိတို့ အချင်းချင်း တိုင်ပင် ဆွေးနွေး၍ နှစ်ဦးနှစ်ဖက် သဘောတူညီချက်ဖြင့် (နှစ်နှစ်မစေ့ ရောက်မီ) နို့ဖြတ်လိုပါက (နို့ဖြတ်နိုင်ခွင့်ရှိသည်)၊ ထိုသို့ (နို့ဖြတ် သည့်အတွက်) ထိုမိဘနှစ်ပါး အပေါ်ဝယ်မည် သို့မျှ အပြစ်မရှိ ချေ။ ထိုနည်းတူစွာ အကယ်၍ အသင်တို့သည် မိမိတို့၏ သားသမီးများကို (နို့ထိမ်းသည်တဦးဦး အားငှား ရမ်း၍) နို့ရည်တိုက်ကျွေးစေလိုကလည်း အသင်တို့သည် (နို့ထိမ်းသည် အား) ပေးရန်ရှိသည့် အခကြေးငွေများကို တရား စည်းကမ်း နှင့်အညီ ပေးဆပ်ခဲ့ကြသည်ရှိသော် အသင်တို့၌ မည်သို့မျှ အပြစ်မရှိချေ။ ၎င်းပြင် အသင်တို့သည် အလ္လာဟ် အရှင်မြတ် ကို ကြောက်ရွံ့ကြကုန်။ ထို့ပြင် ဧကန်စင်စစ် အလ္လာဟ်အရှင် မြတ်သည် အသင်တို့ ပြုလုပ်သမျှသော ကိစ္စ အရပ်ရပ်တို့ကို အကြွင်းမဲ့ ခွဲခြားသိမြင်တော်မူသောအရှင် ဖြစ်တော်မူကြောင်း ကိုလည်း(ကောင်းစွာ)သိနားလည်ကြကုန်။

၀၀၂ : ၂၃၄။ ထို့ပြင် အသင်တို့အနက် အကြင်သူတို့သည် ကွယ်လွန်သေဆုံးကြကုန်၏။ ထို့ပြင် ဇနီးမိန်းမများကို ချန်ရစ် ခဲ့ကြ၏။ ထိုဇနီးမိန်းမသည် 4-လနှင့် 10-ရက်တိုင်တိုင် (အိမ် ထောင်သစ်ပြုခြင်းမှ) မိမိတို့ ကိုယ်ကို ဆိုင်းငံ့၍ထားကြရမည်။ ထို့ပြင် ထိုဇနီးမိန်းမများသည် မိမိတို့၏ (အစ်ဒ်ဒတ်) သတ်မှတ် ထားသော ရက်ပိုင်းကာလ ပရိစ္ဆေဒအဆုံးသို့ ရောက်ရှိသော အခါ မိမိတို့ ကိုယ်ရေးနှင့်ပတ်သက်၍ တရားစည်းကမ်းနှင့် အညီ ပြုလုပ်တတ်ကြသောကိစ္စ (အိမ်ထောင်သစ်ပြုခြင်း၊ ဖြီးလိမ်းခြင်း စသည်တို့) တွင် အသင်တို့၌ တစ်စုံတစ်ရာမျှ အပြစ် မရှိချေ။ အမှန်သော် ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ် သမျှသောကိစ္စအရပ်ရပ်ကို အကြွင်းမဲ့ကြား သိတော် မူသောအရှင် ဖြစ်တော်မူသတည်း။

၀၀၂ : ၂၃၅။ ထို့ပြင်တဝ (အစ်ဒ်ဒတ် အတွင်းရှိနေသော) မုဆိုးမများအား (ထိမ်းမြားရန်) စေ့စပ်ကြောင်းလမ်း ခြင်းနှင့် စပ်လျဉ်း၍ စကားရိပ်စကားမြွက်ပြောဆိုခြင်း၌လည်းကောင်း၊ သို့တည်း မဟုတ် (ထိမ်းမြားလိုသော ဆန္ဒကို) မိမိတို့စိတ်နှလုံး များတွင် လျှို့ဝှက်မျိုသိပ် ထားခြင်း၌လည်းကောင်း၊ အသင် တို့အပေါ်ဝယ် တစ်စုံတစ်ရာမျှ အပြစ်မရှိချေ။ အသင်တို့သည် မကြာမြင့်မီ ယင်းမိန်းမများ၏အကြောင်းကို ထုတ်ဖော်ပြော ဆိုကြမည်ကို အလ္လာဟ်အရှင်မြတ်သည် သိပြီးဖြစ်တော်မူ သည်။ သို့ရာတွင် အသင်တို့သည် (စကားရိပ်အားဖြင့်) ယဉ် ကျေးသိမ်မွေ့စွာ စကားပြောဆိုခြင်းမှအပ (ထိမ်းမြားရန် အကြောင်းနှင့်စပ်လျဉ်း၍) ထိုမိန်းမများ နှင့် တီးတိုးလျှို့ဝှက်စွာ မျှပင် ကတိမပြုကြကုန်လင့်။ ၎င်းပြင် အသင်တို့သည် (ထို မိန်းမများအဘို့) ပြဋ္ဌာန်းပြီးဖြစ်သော (အစ်ဒ်ဒတ်) ရက်ပိုင်း ကာလ ပရိစ္ဆေဒ မကုန်ဆုံးမီ ထိမ်းမြားခြင်းတည်းဟူသော မင်္ဂလာအထုံးအဖွဲ့ကို အတည်မဖွဲ့ကြကုန်လင့်။ ထိုမှတပါး အသင်တို့၏စိတ်တွင် (မျိုသိပ်ထားရှိ သော) အကြောင်းအရာ ခပ်သိမ်းတို့ကို အလ္လာဟ်အရှင်မြတ်သည် ဧကန်အမှန် သိရှိ တော်မူသည်ကို ယုံကြည်မှတ်ယူကြ၍ ထိုအရှင်မြတ်အား ကြောက်ရွံ့ကြကုန်လော့။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (အပြစ်များမှ) အကြိမ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော် မူသောအရှင်၊ ဆိုင်းငံ့ထောက်ထား တော်မူ သောအရှင်၊ ဖြစ်တော်မူသည်ကိုလည်း ယုံကြည်မှတ်ယူကြကုန် လော့။

၀၀၂ : ၂၃၆။ အကယ်၍ အသင်တို့သည် ဇနီးမိန်းမများ အား မထိတွေ့ကြမီသော်လည်းကောင်း၊ ထိုမိန်းမများအတွက် သတ် မှတ်ထားသော မဟ်ရ်ပစ္စည်း (မည်ရွေ့မည်မျှ ပေးမည်ဟူ၍) သတ်မှတ် ပြဋ္ဌာန်းခြင်း မပြုကြမီ သော်လည်းကောင်း၊ ကွာရှင်းခဲ့ကြပါလျှင် အသင်တို့၌မည်သို့မျှ အပြစ်မရှိချေ။ သို့ရာ တွင်(ဤသို့ပြုခြင်းအားဖြင့် ယင်းမိန်းမတို့၌ နစ်နာဖွယ်ရာ အကြောင်းရှိသဖြင့်) အသင်တို့သည် ထိုမိန်းမတို့အား တရား စည်းကမ်းနှင့်အညီ အကျိုးကျေးဇူး ဖြစ်ထွန်းစေကြရမည်။ ဥစ္စာပစ္စည်းကုံလုံ ကြွယ်ဝသူအပေါ်၌ မိမိတတ်စွမ်း နိုင်သည့်အလျောက် သူဆင်းရဲ အပေါ်၌လည်း မိမိတတ်စွမ်း နိုင်သည့်အလျောက် အကျိုးဖြစ် ထွန်းစေရန် တာဝန်ရှိသည်၊ ဤကား ကောင်းကျိုး မင်္ဂလာပွားများသောသူများ အပေါ်၌ တာဝန်တစ်ရပ်ပင် ဖြစ်ပေသည်။

၀၀၂ : ၂၃၇။ တဖန် အကယ်၍ အသင်တို့သည် ထိုဇနီးမိန်းမ တို့အဘို့ တစ်စုံတစ်ခုသော မဟ်ရ်ပစ္စည်းကို သတ်မှတ်အတည် ပြုခဲ့ပြီးလျှင် ထိုဇနီးမိန်းမတို့အား အသင်တို့မထိတွေ့မီကပင် ကွာရှင်းခဲ့ကြသည်ရှိသော် မိမိတို့သတ်မှတ်ခဲ့သော မဟ်ရ် ပစ္စည်း၏ ထက်ဝက် (ကိုသာပေးဆပ်ကြရမည်) ဖြစ်သည်။ သို့ရာတွင် ထိုဇနီးမိန်းမများသည် (မိမိတို့ရသင့်သော မဟ်ရ် ပစ္စည်းထက် ဝက်ကို) ခွင့်လွှတ်ကြပါမူ (ထိုမဟ်ရ် ပစ္စည်းထက်ဝက်ကိုပင် ပေးဆပ်ရန် လင်ယောက်ျား တို့၌တာဝန်မရှိပေ)၊ သို့တည်း မဟုတ် ထိမ်းမြားခြင်း၏ အနှောင်အဖွဲ့ကို ပိုင်ဆိုင်သော လင် ယောက်ျားက (မိမိ၌ ပေးဆပ်ရန် တာဝန်ရှိသော မဟ်ရ်ပစ္စည်း ထက်ဝက်အပြင် မိမိပြန်လည်သိမ်းပိုက်ထား နိုင်ခွင့်ရှိသော ကျန်ထက်ဝက်ကို ပါ)ခွင့်လွှတ် (၍ မဟ်ရ်ပစ္စည်း အားလုံးကို အကျေအပြွန်ပေး ဆပ်)ပါမူ(ပေးဆပ်နိုင်ပေသည်)။ အမှန်စင်စစ် အသင်တို့၏ ခွင့်လွှတ်ခြင်းသည် အလ္လာဟ် အရှင်မြတ်အား ကြောက်ရွံ့ခြင်းတည်း ဟူသော တက္ကဝါ တရားနှင့် ပိုမို၍ပင် နီးစပ်လှပေသည်။ ထို့ပြင် အသင်တို့သည် မိမိတို့အချင်းချင်း ကျေးဇူးပြုခြင်းကို မမေ့ မလျော့ကြကုန်လင့်။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြု လုပ်သမျှသော ကိစ္စအရပ်ရပ်တို့ကို အကြွင်းမဲ့ သိတော် မူသော အရှင် ဖြစ်တော်မူသတည်း။

၀၀၂ : ၂၃၈။ အသင်တို့သည် (ယေဘုယျအားဖြင့်) အားလုံး သော ဆွလာတ်ဝတ်ပြုခြင်းတို့ကိုလည်းကောင်း၊ (အထူးသဖြင့်) အလယ်ဖြစ်သော ဆွလာတ် ဝတ်ပြုမှုကိုလည်းကောင်း၊ စောင့်ရှောက်ထိန်းသိမ်း ကြလေကုန်။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်ဝယ် ဂါရဝတရားရှေ့ထား၍ ခဝပ်ရိုကျိုးသောသူများ အဖြစ်နှင့်ရပ်ကြကုန်လော့။

၀၀၂ : ၂၃၉။ သို့ရာတွင် အကယ်၍ အသင်တို့သည် (ရန်သူတို့ ၏ ဘေးရန်များကို) စိုးရိမ်မကင်း ဖြစ်ကြပါမူ ခြေလျင်ဖြစ်စေ၊ (တစ်စုံတစ်ခုသော အစီးအနင်းကို) စီးနင်းလျက်ဖြစ်စေ၊ (ဖြစ်နိုင်သောနည်းဖြင့် ဆွလာတ်ဝတ်ပြုကြလေကုန်)၊ ထို့နောက် အသင်တို့သည် ဘေးရန်ခပ်သိမ်း ကင်းငြိမ်း ကြသော အခါဝယ် အသင်တို့အား အသင်တို့ မသိ နားမလည်စဉ်က သင်ကြား ပြသတော်မူသည့် အတိုင်း အသင်တို့သည် အလ္လာဟ် အရှင် မြတ်ကို အောက်မေ့ တ,သ သတိရကြကုန်လော့။

၀၀၂ : ၂၄၀။ ၎င်းပြင် အသင်တို့အနက် ဇနီးမိန်းမများကို ထားရှိခဲ့၍ ကွယ်လွန်သေဆုံးကြသောသူများသည် မိမိတို့၏ ဇနီးမိန်းမများ အတွက် (နေအိမ်မှ) နှင်ထုတ် ခြင်းမပြုစေဘဲ တနှစ်ကာလ ပတ်လုံး (နေထိုင် စားသောက်မှုတို့ကို) အကျိုး ခံစားခွင့်ရှိစေရန်အလို့ငှာ (သေတမ်းစာရေးသား၍) မှာကြား ခဲ့ကြရမည်။ သို့ရာတွင် ထိုဇနီးမိန်းမများသည်(အစ်ဒ္ဒတ်ကာလ ပရိစ္ဆေဒ ကုန်ဆုံးသွားသည့်အခါ နေအိမ်မှ)ထွက်ခွာ သွားပြီး မိမိတို့ ကိုယ်ရေးကိုယ်တာနှင့်ပတ်သက်၍ တင့်တယ် လျောက် ပတ်သော ကိစ္စတရပ်ရပ်ကို ပြုလုပ်ကြပါမူ (အို-အုပ်ထိန်းသူ အပေါင်းတို့) အသင်တို့၌ အပြစ်တစုံတရာ မရှိချေ။ စင်စစ် သော်ကား အလ္လာဟ်အရှင်မြတ်သည် တန်ခိုးအာနုဘော်ဖြင့် နိုင်နင်း လွှမ်းမိုးတော်မူသောအရှင်၊ ထူးကဲသော အမြော် အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသတည်း။

၀၀၂ : ၂၄၁။ ထိုနည်းတူစွာ ကွာရှင်းပြီးဖြစ်သော မိန်းမများကို လည်း ဓလေ့ထုံးစံအတိုင်း အကျိုးခံစား စေကြရမည်။ (ဤ သည်ကား)အလ္လာဟ်အရှင်မြတ် ကိုကြောက်ရွ့ံသော သူတော်စင် များ (လိုက်နာ ဆောင်ရွက်ရမည့်) တာဝန်တရပ်ဖြစ်ပေသည်။

၀၀၂ : ၂၄၂။ ဤနည်းနှင်နှင် အလ္လာဟ်အရှင်မြတ်သည် မိမိ အမိန့်ပညတ်တော်များကို အသင်တို့(လိုက်နာကျင့်သုံးနိုင်ရန်) အလို့ငှာ ရှင်းလင်းထင်ရှားစွာထုတ်ဖော်မိန့်ကြား တော်မူလေ သည်။ သို့မှသာလျှင် အသင်တို့သည် သိနားလည် ကြပေမည်။

၀၀၂ : ၂၄၃။ (အို-နဗီတမန်တော်)အသင် မသိမမြင် မဆင် ခြင်မိပါသလော။ အရေအတွက်အားဖြင့် ထောင်ပေါင်းများ စွာသော သူတို့သည် သေဘေးမှလွတ်မြောက်ရန်အလို့ငှာ မိမိတို့နေအိမ်များမှ ထွက်ခွာကြသောအခါဝယ် အလ္လာဟ် အရှင်မြတ်က ယင်းသူတို့အား အသင်တို့သည် သေကြကုန် လော့ ဟု မိန့်ကြားတော်မူ၏။ သို့မိန့်ကြားတော်မူ (လေရာ ယင်းသူတို့သည် သေကြေပျက်စီးသွားကြ၏) ထို့နောက် တဖန် ထိုအရှင်မြတ်က ယင်းသူတို့ကို ရှင်ပြန်စေတော်မူခဲ့သည်။ မချွတ်မလွဲ အလ္လာဟ် အရှင်မြတ်သည် လူခပင်းတို့အပေါ်ဝယ် မုချ ကျေးဇူးပြုတော်မူထသောအရှင် ဖြစ်တော်မူလေသည်။ သို့ရာတွင် လူတို့အနက် မြောက်မြားစွာသော သူတို့သည် (ငါအရှင်မြတ်၏) ကျေးဇူးတော်ကို မသိတတ်ကြချေ။

၀၀၂ : ၂၄၄။ ထို့ပြင်တဝ အသင်တို့သည် (အထက်ဖော်ပြပါ အတ္ထုပ္ပတ္တိကို ဆင်ခြင်၍) စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ကြကုန်။ ၎င်းပြင် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အလုံးစုံကို အကြွင်းမရှိ ကြားတော်မူသောအရှင်၊ အကြွင်းမရှိသိတော် မူသောအရှင် ဖြစ်တော်မူသည်ကိုလည်း အသင်တို့သည်ယုံ ကြည်မှတ်ယူကြကုန်လော့။

၀၀၂ : ၂၄၅။ အလ္လာဟ်အရှင်မြတ်အား မွန်မြတ်လှစွာသော ကြွေးမြီချေးငှားမည့်သူသည် မည်သူနည်း။ သို့ ချေးငှားခြင်း အားဖြင့် အလ္လာဟ်အရှင်မြတ်သည် ယင်းကဲ့သို့သောချေး ငှားခြင်း၏ အကျိုးကို ထိုသူအဖို့ အဆပေါင်းမြောက်မြားစွာ တိုးပွားစေတော်မူအံ့။ (တဖန် ယင်းကဲ့သို့ ကြွေးမြီချေးငှားသူတို့ အဖို့မှာလည်း မိမိတို့၏ဥစ္စာပစ္စည်း နည်းပါးသွားမည်ကို စိုးရိမ် မကင်းမဖြစ်သင့်ချေ။) အဘယ့်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည်သာလျှင်(ဥစ္စာပစ္စည်းကို) ကျပ်တည်းစေတော် မူသည်။ ထိုအရှင်မြတ်သည်ပင်လျှင် (ဥစ္စာပစ္စည်းကို) ချောင် လည်စေတော်မူလေသည်။ တစ်ဖန် အသင်တို့သည် ထိုအရှင် မြတ်အထံတော်သို့သာလျှင် ပြန်လှည့်ကြရပေမည်။

၀၀၂ : ၂၄၆။ (အို-နဗီ တမန်တော်) အသင်သည် နဗီတမန် တော်မူစာ (အလိုင်ဟစ္စလာမ်) ကွယ်လွန်ပြီးသည့်နောက် အစ္စရာအီလီ မျိုးနွယ်များအနက်မှ ဦးစီးနာယကများ၏ (ဖြစ် အင်များ)ကို လေ့လာဆင်ခြင်သုံးသပ်ပြီးသည် မဟုတ်ပါလော။ အခါတစ်ပါး၌ ယင်းသူတို့သည် မိမိတို့၏ နဗီတမန် တော်အား ကျွန်တော်မျိုးတို့အဖို့ ဘုရင်တစ်ပါးကို ခန့်အပ် တင်မြှောက်၍ ပေးတော်မူပါ၊ ကျွန်တော်မျိုးတို့သည် အလ္လာဟ် အရှင်မြတ်၏ လမ်းတော်၌ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ကြပါမည် ဟု လျှောက် ထားကြကုန်၏။ ထိုအခါ နဗီတမန်တော်က (အချင်းတို့) အကယ်၍သာ အသင်တို့အပေါ်ဝယ် (အလ္လာဟ် အရှင်မြတ် အထံတော်မှ) စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ရန် အမိန့်ပြဌာန်း ချက်သည် အတည်ဖြစ်ပါမူ အသင်တို့သည် (စစ်မက် ပြိုင်ဆိုင် တိုက်ခိုက်ခြင်းမပြုသူများ ဖြစ်တန်ရာသည် မဟုတ်လော) ဟု ဖြေကြားတော်မူ၏။ ထိုအခါ ယင်းသူတို့က အမှန်စင်စစ် ကျွန်တော်မျိုးတို့သည် မိမိတို့ အိုးအိမ်စည်းစိမ် များနှင့်တကွ မိမိတို့သားသမီးများကိုပါ စွန့်လွှတ်ခွဲခွာ၍ နှင်ထုတ်ခြင်းခံရသူ များဖြစ်ကြရကား ကျွန်တော်မျိုး တို့အဖို့ အလ္လာဟ်အရှင်မြတ် ၏လမ်းတော်၌ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက် ခြင်းမပြုရန် အဘယ်မှာလျှင် အကြောင်းရှိနိုင်ပါအံ့နည်း ဟု လျှောက် ထားကြပြန်လေသည်။ ထို့နောက် (အလ္လာဟ်အရှင်မြတ် အထံ တော်မှ) ယင်းသူတို့ အပေါ်၌ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ရန် အမိန့်တော်ကျရောက် လာသောအခါ ယင်းသူတို့ အနက်မှ အနည်းငယ်သောသူများမှအပ (ကျန်လူအားလုံးတို့သည်) ကျောခိုင်းသွားကြလေသည်။ စင်စစ်သော်ကား အလ္လာဟ် အရှင်မြတ်သည် စည်းကမ်းဖောက် ဖျက်သောသူတို့ကို သေချာ စေ့ငုံစွာ သိရှိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

၀၀၂ : ၂၄၇။ ထို့နောက် ယင်းသူတို့အား ထိုသူတို့၏ နဗီတမန် တော်က ဟယ်-အချင်းတို့ ဧကန်ဆတ်ဆတ် အလ္လာဟ်အရှင် မြတ်သည် အသင်တို့အပေါ် တွာလူတ် ကို ဘုရင်အဖြစ်တင် မြှောက်တော်မူလေပြီ ဟု ပြောကြားလေရာထိုသူတို့က အဘယ်အတွက်ကြောင့် ယင်း ‘တွာလူတ်’ တွင် ကျွန်တော် မျိုးတို့အပေါ်၌ မင်းလုပ် အုပ်ချုပ် နိုင်ရန် သြဇာအာဏာသည် အသို့လျှင်ရှိနိုင်အံ့နည်း၊ အမှန်စင်စစ် ကျွန်တော်မျိုးတို့သည် ယင်းပုဂ္ဂိုလ် ထက်ပင် သြဇာအာဏာ ရထိုက်သူများဖြစ်ကြ ပါသည်။ ၎င်းပြင် ထို ‘တွာလူတ်’ သည် ဥစ္စာဓနကြွယ်ဝချမ်း သာမှုကိုလည်း ရရှိသူ မဟုတ်ပါ ဟု လျှောက်ထားကြကုန်၏။ ထိုအခါဝယ် ယင်း နဗီတမန်တော်က ဟယ်-အချင်းတို့ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ယင်း ‘တွာလူတ်’ ကိုပင် အသင်တို့အပေါ်၌ (ဘုရင်အဖြစ်) ရွေးချယ် တင်မြှောက် တော်မူလေပြီ၊ ထို့ပြင်တဝ ထိုအရှင်မြတ်သည် ယင်း ‘တွာလူတ်’ အား (စစ်မက်ရေးရာ အဖြာဖြာ၌ ကျွမ်းကျင်လိမ္မာခြင်းတည်း ဟူသော) ဉာဏဗလ၌လည်းကောင်း၊ (ရူပလက္ခဏာကြန် အင်္ဂါ နှင့်ပြည့်စုံ၍ ကိုယ်ခန္ဓာ ထွားကျိုင်းခွန်အားကြီးမားခြင်းတည်း ဟူသော) ကာယဗလအရာ၌၎င်း၊ အသင်တို့ထက် ကျယ်ဝန်း စွာပေး သနားတော်မူလေသည်။ အကြောင်းမူကား အလ္လာဟ် အရှင်မြတ်သည် မိမိ(ပိုင်ဆိုင်တော်မူသော) သြဇာအာဏာကို မိမိနှစ်သက်လိုလားတော်မူသော သူကိုသာလျှင် ပေးသနား တော်မူလေသည်။ တဖန် အလ္လာဟ်အရှင်မြတ်သည်သာလျှင် (ဥစ္စာဓန ချမ်းသာ ကြွယ်ဝမှုကို) ကျယ်ဝန်းစွာ ပေးသနား တော်မူသော အရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော် မူသောအရှင် ဖြစ်တော်မူပေသည်။ ဟု ပြန်လည် ဖြေကြား တော်မူလေသတည်း။

၀၀၂ : ၂၄၈။ ထို့ပြင် ထိုသူတို့အား ထိုသူတို့၏ နဗီတမန် တော်က ထိုတွာလူတ် ဘုရင်ဖြစ်ခြင်း၏ နမိတ်လက္ခဏာတော် မှာ အသင်တို့ထံသို့ အကြင် သေတ္တာသည် အလိုအလျောက် ပြန်ရောက်လာခြင်း ပင်ဖြစ်သည်။ ထိုသေတ္တာတွင် အသင်တို့ အား မွေးမြူတော်မူသောအရှင်မြတ်၏ အထံတော်မှ ဖြစ်သော စိတ်နှလုံးအေးချမ်းစေသော ပစ္စည်းရှိအံ့၊ ၎င်းပြင် နဗီတမန်တော် မူစာ(အလိုင်ဟစ္စလာမ်)၏ အဆက်အနွယ်များ နှင့် နဗီတမန်တော် ဟာရူန်(အလိုင် ဟစ္စလာမ်)၏ အဆက် အနွယ်များ ထားရှိခဲ့ကြသော အကြွင်းအကျန် ပစ္စည်းများ လည်းရှိအံ့၊ ထိုသေတ္တာကို အပါးတော်စေတမန်များ ဆောင်ကြဉ်းလာကြကုန်အ့ံ။ အကယ်၍ အသင်တို့သည် ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိကြသော ‘မုအ်မင်န်’များ ဖြစ်ကြပါမူ ယင်း (သေတ္တာပြန်ရောက်လာခြင်း)သည် မုချ အသင်တို့ အဘို့ သက်သေ သာဓကတရပ်ပင် ဖြစ်ချေသည်ဟု ပြောကြားလေသည်။

၀၀၂ : ၂၄၉။ ထို့နောက် တွာလူတ်ဘုရင်သည် (မိမိ၏) စစ် သည်တော်များနှင့်တကွ (ဂျာလူတ်အား စစ်မက်ပြိုင်ဆိုင် တိုက် ခိုက်ရန်အလို့ငှါ) ထွက်ခွါ ချီတက်သွားသောအခါ ထို(တွာလူတ်) ဘုရင်က (အချင်းတို့) မုချစင်စစ် အလ္လာဟ်အရှင်မြတ် သည် အသင်တို့အား မြစ်တခုဖြင့် စမ်းသပ်တော်မူ လတ္တံ့၊ သို့ဖြစ်ရာ အကြင်သူသည် ထိုမြစ်ရေကို (လွန်ကျူးစွာ) သောက်သုံးသည် ရှိသော် ထိုသူသည် ငါနှင့်စပ်ဆိုင်သူမဟုတ်။ ထို့ပြင် အကြင်သူသည် ထိုမြစ်ကိုမသောက်သော်၊ ထိုသူသည်သာလျှင် ငါနှင့်စပ်ဆိုင်သူဖြစ်သည်။ သို့ရုာတွင် အကြင်သူသည် (ထိုမြစ်ရေကို)မိမိလက်ဖြင့် တစ်လက်ခုပ်မျှလောက် သောက် သုံးသည်ရှိသော်(တစ်စုံတစ်ရာ အပြစ်မရှိပေ) ဟုပြောကြား လေသည်။ သို့တစေလည်း တွာလူ(တ်) ဘုရင်၏စစ်သည် တော်များအနက် အနည်းငယ်မျှသော လူတစ်စုမှအပ ကျန်အားလုံးတို့သည် ထိုမြစ်ရေကို (လွန်ကျူးစွာ) သောက်သုံးခဲ့ကြလေသည်။ ထို့နောက် သွာလူ(တ်)ဘုရင်နှင့် အတူတကွ လိုက်ပါလာသောယုံကြည်ခြင်း သဒ္ဓါတရား ထား ရှိသော ‘မုအ်မင်န်’ တို့သည်လည်းကောင်း၊ ထိုမြစ်ကိုဖြတ် ကူး၍ ကျော်လွန်သွားကြသည့်အခါ ထိုလိုက်ပါလာသော စစ်သည် တော်တို့ (အနက်တချို့)က ယနေ့အဘို့ ကျွန်ုပ်တို့၌ ဂျာလူတ် နှင့် ထိုဂျာလူတ်၏ စစ်သည်တော်တို့အား ပြိုင်ဆိုင် တိုက်ခိုက်ရန် စွမ်းအားမရှိပြီ ဟု ပြောဆိုကြလေသည်။ (ထိုအခါဝယ်) ငါတို့သည် ဧကန်မုချ အလ္လာဟ်အရှင်မြတ်အား ဖူးတွေ့ရမည့် သူများဖြစ်ကြသည် ဟူ၍ယုံကြည်သောသူများက အလ္လာဟ် အရှင်မြတ်၏ အမိန့် တော်ဖြင့် အနည်းငယ်မျှသော လူစု ကလေး များသည် စစ်သည်တော် မြောက်မြားစွာ ပါဝင်သော လူစု များကိုပင် ကြိမ်ဖန်များစွာ အောင် နိုင်ခဲ့ဘူးလေပြီ၊ အမှန် စင်စစ်အလ္လာဟ်အရှင်မြတ်သည် ခန္တီပါရမီနှင့် ပြည့်စုံသော သူများ နှင့် အတူတကွ ရှိတော်မူပေသည် ဟု ပြောဆိုကြ ကုန်၏။

၀၀၂ : ၂၅၀။ ထို့နောက်တဖန် ယင်းသူတို့သည် ဂျာလူတ် ဘုရင်နှင့်လည်းကောင်း၊ ယင်း(ဂျာလူတ်)၏ စစ်သည်ရဲမက် တို့နှင့်လည်းကောင်း၊ (စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ရန်) မျက်နှာ ချင်းဆိုင်ကြသောအခါ (အလ္လာဟ်အရှင်မြတ်အထံတော်၌) အို-ကျွန်တော်မျိုးတို့အား မွေးမြူတော်မူ သောအရှင်၊ အရှင် မြတ်သည် ကျွန်တော်မျိုးတို့ အပေါ်ဝယ် ဇွဲသတ္တိကို သွန်း လောင်း၍ ပေးသနား တော်မူပါ။ ၎င်းပြင် အရှင်မြတ်သည် ကျွန်တော်မျိုး တို့၏ခြေများကို ခိုင်မြဲစွာ ရပ်တည်စေတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန် တော်မျိုးတို့အား ‘ကာဖိရ်’ မယုံမကြည် သွေဖည်ငြင်းပယ်ကြကုန် သောသူတို့အပေါ်၌ အောင်မြင်မှုရရန်ကူညီစောင်မ တော်မူပါဟု ရွတ်ဆို(ပတ္ထနာ) ပြုကြကုန်၏။

၀၀၂ : ၂၅၁။ ထို(ကဲ့သို့ ဆုတောင်းပတ္ထနာပြုခဲ့ကြပြီး)နောက် ယင်း(တွာလူတ် ဘုရင်၏စစ်သည်တော်)တို့သည် အလ္လာဟ် အရှင်မြတ်၏အမိန့်တော်ဖြင့် ထို (ဂျာလူတ် ၏စစ်သည် ရဲမက်)တို့ကိုတွန်းလှန်ဖြိုဖျက်၍ စစ်ရေးနိမ့်စေခဲ့ကြလေသည်။ ‘ဒါဝူဒ်’ သည်လည်း ‘ဂျာလူတ်’ကို ကွပ်မျက်ခဲ့လေ၏။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ထိုဒါဝူဒ်အားသြဇာအာဏာကို လည်းကောင်း၊ ဉာဏ်ပညာ အမြော်အမြင်(၀ါ)နဗီတမန် တော်၏ဂုဏ်ထူးကိုလည်းကောင်း၊ ချီးမြှင့် ပေးသနားတော်မူခဲ့ လေသည်။ ထိုမှတပါးတုံ အလ္လာဟ်အရှင်မြတ်သည် ယင်း[နဗီတမန်တော် ဒါဝူဒ် (အလိုင်ဟစ္စလာမ်)] အား မိမိအလိုတော်မူသောပညာရပ်တို့ကိုလည်းသင်ကြားပေးသနားတော်မူခဲ့လေသည်။အကယ်စင်စစ် အလ္လာဟ်အရှင်မြတ်သည်လူသားတို့အား ထိုလူသားတို့အနက် အချို့တို့ကို အချို့တို့ဖြင့် တွန်းလှန်တားဆီးခြင်းမပြုခဲ့ပါမူ ဤကမ္ဘာမြေပြင်ကြီးသည်ပျကိစီးယိုယွင်းပြီးဖြစ်အံ့။သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် စကြာဝဠာအပေါင်းတို့အပေါ်၌ကျေးဇူးတော်အရှင်ဖြစ်တော်မူလေသည်။

၀၀၂ : ၂၅၂။ (အို-နဗီတမန်တော်) ဤသည်တို့သည် အလ္လာဟ် အရှင်မြတ်၏မုက္ခပါဌ်တော်များပင်ဖြစ်သည်၊ ငါအဲရှင်မြတ် သည်အသင့်အား ထိုမုက္ခပါဌ်တော်များ ကိုမှန်ကန်စွာကြား သိစေတော်မူသည်၊ ၎င်းပြင် အသင်သည်စေလွှတ်တော်မူ ခြင်း ခံရသော’ရစူလ်’တမန်တော်များတွင်မုချတစ်ပါးအပါအဝင်ဖြစ် လေသည်။

၀၀၂ : ၂၅၃။ အချို့သောတမန်တော်များကို အချို့သော တမန်တော်များထက် ပိုမိုဂုဏ်ဒြဗ် ခြီးမြှင့်တော်မူခဲ့ လေပြီ။ ထိုတမန်တော်များတွင်အလ္လာဟ်အရှင်မြတ် (ကိုယ်တော်တိုင် တိုက်ရိုက်)စကားပြောကြားတော် မူခဲ့သော တမန်တော်များ လည်းရှိ၏။၄င်းပြင် ထိုအရှင်မြတ်သည် ယင်းတမန်တော် များအနက်အချို့ကို ဂုဏ်ဒြဗ်များစွာ ခြီးမြှင့်မြှောက်စားတော် မူခဲ့လေသည်။၄င်းပြင် ငါအရှင်မြတ်သည် မရ်ယမ်၏သား (နဗီတမန်တော်)အီစာအား ထင်ရှား လှစွာသောသက်သေခံ လက္ခဏာတော်များကို ခြီးမြှင့်တော်မူခဲ့သည့်ပြင် ရူဟုလ်ကုဒုစ် ခေါ် စေတမန်’ဂျိဗ်ရီလ်’ ဖြင့်လည်းကူညီထောက်မတော် မူခဲ့လေသည်။အကယ်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလို ဆန္ဒရှိတော်မူခဲ့ပါမူ ယင်းတမန်တော်များ ပွင့်ပြီးသည့်နောက်ရှိခဲ့သော နောက်လိုက်တပည့်သားတို့သည် မိမိတို့ထံဝယ်ထင်ရှားလှစွာသော သက်သေခံ လက္ခဏာတော်များ ရောက်ရှိပြီးသည့်နောက် အချင်းချင်းသတ်ဖြတ်ကြမည် မဟုတ်ပေ၊ သို့ရာတွင် ယင်းသူတို့သည် အချင်းချင်း ကွဲလွဲကြပေရာ ထိုသူတို့အနက် အချို့တို့သည် ယုံကြည်ခြင်း သဒ္ဓါတရား ထားရှိ၍အချို့မှာမူ ‘ကုဖ်ရ်’ သွေဖည် ငြင်းဆန်လျက်ပင် ရှိကြကုန်၏။အကယ်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလိုတော်ရှိခဲ့ပါလျှင် ထိုသူတို့သည် အချင်းချင်း သတ်ဖြတ်ကြမည်မဟုတ်ချေ။သို့ရာတွင် အလ္လာဟ် အရှင်မြတ်သည် မိမိ အလိုတော်ရှိသည်များကို (မိမိ) ပြုလုပ်တော်မူလေသတည်း။

၀၀၂ : ၂၅၄။ အို- မုအ်မင်န်” ယုံကြည်ခြင်း သဒ္ဓါတရားထားရှိကြသူ အပေါင်းတို့၊ ငါအရှင်မြတ်သည် အသင်တို့အားပေးသနားတော်မူသော ဥစ္စာပစ္စည်းများအနက်မှ (အချို့အဝက်ကို) အသင်တို့သည် “ကိယာမတ်” နေ့မရောက်မီပင်လှူဒါန်းပေးကမ်းကြကုန်လော့။ ထိုနေ့တွင် မည်သည့် ရောင်းဝယ်မှုမျှရှိမည်မဟုတ်၊ မိတ်ဆွေဖြစ်မှုလည်း ရှိမည်မဟုတ်၊အသနားခံ တောင်းပေးမှုလည်းရှိမည် မဟုတ်။ “ကာဖိရ်”မယုံမကြည် သွေဖည်ငြင်းပယ် သောသူများသာလျှင် ကျူးကျော်စော်ကားသူများ ဖြစ်ကြသည်။

၀၀၂ : ၂၅၅။ အလ္လာဟ်အရှင်မြတ်သည် (သာလျှင်ခဝပ် ကိုးကွယ်ရာအရှင်ဖြစ်တော်မူ၏)။ ထိုအရှင်မြတ် မှတစ်ပါးကိုးကွယ် ခြင်းခံထိုက်သူဟူ၍ အလျင်းမရှိပြီ။ (ထိုအရှင်မြတ်သည်) အမြဲ ရှင်နေတော်မူသော အရှင်၊ (မိမိကိုယ်တော်တိုင် ထာဝရတည် နေတော်မူ၍ သတ္တဝါအပေါင်းတို့ကိုလည်း) ထိန်းသိမ်းစောင့် ရှောက်တော်မူသော အရှင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်အား ငိုက်မျဉ်းခြင်းသည်လည်းကောင်း ၊ အိပ်စက်ခြင်းသည်လည်း ကောင်း မဖိစီးနိုင်ပေ။ထိုအရှင်မြတ်သည်သာလျှင် အာကာသ ကောင်းကင်များနှင့်မြေ၌ရှိရှိသမျှသော (သက်ရှိ သက်မဲ့)အရာ ဝတ္ထုဟူသမျှတို့ကိုပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော်မူ၏။ထိုအရှင်မြတ်၏အထံတော်၌ ထိုအရှင်မြတ်၏ ခွင့် ပြုချက်မရှိဘဲ သူတစ်ပါးအတွက် အသနားခံတောင်းပန်ပေး နိုင်သူကား အဘယ်သူနည်း။ ထိုအရှင်မြတ်သည် ထိုသူတို့၏ ရှေ့နောက်အဖြစ်အပျက် အကြောင်းကိစ္စအလုံးစုံတို့ကို အကြွင်းမဲ့ သိရှိတော်မူလေသည်။ သို့ရာတွင် ယင်းသူတို့သည် ထိုအရှင်မြတ်သိရှိတော်မူသော အကြောင်းကိစ္စအဖြစ်အပျက် တို့အနက်မှထိုအရှင်မြတ်အလိုရှိတော်မူသော အကြောင်း ကိစ္စ မှအပတစ်စုံတစ်ရာကိုမျှ ဝန်းခြုံ၍ မသိနိုင်ကြပေ။ ထိုအရှင် မြတ်၏ဉာဏ်တော်သည် အာကာသ ကောင်းကင်များနှင့်တကွကမ္ဘာမြေပြင် တခွင်လုံးကို ဝန်းခြုံလျက်ရှိချေ၏။ သို့ရာတွင်ယင်းမိုးကောင်းကင်နှင့်တကွ ကမ္ဘာမြေပြင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် ထိုအရှင်မြတ်အား ပင်ပန်းနွမ်းရိ စေသည် မဟုတ်ပေ။ စင်စစ်တမူကား ထိုအရှင်မြတ်သည် (မကြံစည်နိုင်အောင်) မြင့်မြတ်တော်မူသောအရှင်၊ ကြီးကဲ ထွတ်မြတ်တော်မူသောအရှင်တည်း။

၀၀၂ : ၂၅၆။ ဖြောင့်မတ်မှန်ကန်သော (အစ္စလာမ်သာသနာတော်၏) တရားလမ်းစဉ်သည် မမှန်ကန်သော လမ်းစဉ်နှင့်(သိသိသာသာ) ရှင်းလင်းထင်ရှားစွာ ကွဲပြားခြားနား လျက်ရှိနေပြီဖြစ်ပေရာ (မည်သူတစ်ဦး တစ်ယောက်ကိုမျှ အစ္စလာမ်)သာသနာတော်တွင်း၌ (ဝင်ရောက်ရန်အတွက်) အတင်းအဓမ္မအနိုင်အထက် အလျင်းမပြုရ။ သို့ဖြစ်၍ အကြင်သူတစ်ဦးတစ်ယောက်သည် (အလ္လာဟ်အရှင်မြတ်မှအပ လူသားတို့ မှတ်ယူထား သော မမှန်ကန်သော ကိုးကွယ်ရာများကို) သွေဖည်ငြင်းဆန်(စွန့်လွှတ်ပယ်ရှား)ကာ(တစ်ဆူတည်းသော) အလ္လာဟ်အရှင်မြတ်ကိုသာလျှင် ယုံကြည်ကိုးကွယ်ပါမူ ဧကန်အမှန်ထိုသူသည် အလွန်ခိုင်မြဲ၍ ယုံကြည်အားကိုးဖွယ် ရာဖြစ်သည့်ပြင် မည်သည့်အခါမျှ ကျိုးပျက်ခြင်းအလျင်း မရှိသောကြိုးကွင်းကို မြဲမြံစွာဆွဲကိုင်ထားသူဖြစ်ချေပြီ။ အမှန်သော်ကားအလ္လာဟ်အရှင်မြတ်သည် (အသင်တို့၏ နှုတ်လျှာမှ ထွက်ဆိုသောအကြောင်းအရာများကို)အလုံးစုံ ကြားတော်မူသောအရှင်၊(အသင်တို့စိတ်တွင်း၌ လျှို့ဝှက်သော အကြောင်းအရာ) ခပ်သိမ်းတို့ကိုလည်း အကြွင်းသိရှိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

၀၀၂ : ၂၅၇။ အလ္လာဟ်အရှင်မြတ်သည် ယုံကြည်ခြင်း သဒ္ဓါတရားထားရှိသူ အပေါင်းတို့ကို (အထူး ကြည့်ရှုစောင်မ တော်မူသော)အဆွေခင်ပွန်းပင်တည်း။ ထိုအရှင်မြတ်သည် ယင်းယုံကြည်သူအပေါင်းတို့ကို (“ကုဖ်ရ်”တည်းဟူသော) အမိုက်မှောင်များအတွင်းမှ (အစ္စလာမ်တည်းဟူသော) အလင်းရောင်သို့ထုတ်ယူ ပို့ဆောင်တော်မူလေသည်။ သို့ရာတွင် မယုံမကြည်သွေဖည်ငြင်းပယ်သောသူတို့၏ အဆွေခင်ပွန်း များမှာမူကားရှိုင်တွာန်များပင်တည်း။ ယင်းရှိုင်တွာန်များ သည် ထိုသူတို့အား(အစ္စလာမ်တည်းဟူသော) အလင်းရောင်မှ “ကုဖ်ရ်” တည်းဟူသော အဝိဇ္ဇာ အမိုက်မှောင်အတွင်းသို့ ပို့ဆောင်ကြကုန်၏။ယင်းကဲ့သို့(အစ္စလာမ်သာသနာတော်ကို)မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့သည် ငရဲသားများဖြစ်ကြရကား ထိုငရဲ၌ပင် ထာဝစဉ်ခံစားနေထိုင်ကြရမည့်သူများဖြစ်ကြပေသတည်း။

၀၀၂ : ၂၅၈။ (အို-နဗီတမန်တော်)အသင်သည် အကြင်(ဘုရင်) ၏အကြောင်းကို လေ့လာဆင်ခြင်ပြီး မဟုတ်ပါလော။အလ္လာဟ်အရှင်မြတ်သည် ထိုဘုရင်အား ဩဇာအာဏာ တိက္ကမ ပေးသနားတော်မူထားသည့်အတွက်ကြောင့် ထိုဘုရင်သည်(စောင်းမာန် တက်ကြွပြီး) နဗီတမန်တော် အစ်ဗ်ရာဟီမ်(အလိုင်ဟစ္စလာမ်)အား မွေးမြူတော်မူသော အရှင်နှင့် ပတ်သက်၍ ထိုတမန်တော် အစ်ဗ်ရာဟီမ် (အလိုင်ဟစ္စလာမ်) နှင့်အငြင်းအခုံ ပြုခဲ့လေသည်။ အခါတစ်ပါး၌ နဗီတမန်တော်အီဗ်ရာဟီမ် (အလိုင်ဟစ္စလာမ်)က (ယင်းဘုရင်၏ မေးခွန်းကို အကြောင်းပြု၍) ‘ငါ့အားမွေးမြူတော်မူသော အရှင်မြတ်သည်(သက်မဲ့အပေါင်းတို့ကို)ရှင်စေတော်မူသောအရှင်၊ (သက်ရှိအပေါင်းတို့ကို) သေစေတော်မူသောအရှင်ပင် ဖြစ်တော်မူပေသည်’ ဟု ဖြေကြားခဲ့လေသည်။ ထိုအခါ ထို(ဘုရင်)က’ငါသည်လည်း (မိမိ အလိုရှိသူကို သေဒဏ်မှ လွတ်မြောက်စေခြင်းအားဖြင့်) ရှင်စေနိုင်သည်၊ ထိုနည်းတူစွာ ငါသည်လည်း(မိမိအလိုရှိသူကိုသတ်စေခြင်းအားဖြင့်) သေစေနိုင်သည်’ ဟုပြန်လည်ပြောကြားရာ နဗီတမန်တော် အစ်ဗ်ရာဟီမ် (အလိုင်ဟစ္စလာမ်)က (ထိုဘုရင်၏အသိဉာဏ် ခေါင်းပါးမှုကို ထောက်ရှုကာ) ဧကန်စင်စစ် (ငါ၏ကိုးကွယ် ရာအရှင်ဖြစ်တော်မူသော)အလ္လာဟ်အရှင်မြတ်သည် သူရိယနေကို အရှေ့ဖက်မှထွက်စေတော်မူလေသည်။ အသင်သည် (အလ္လာဟ်အရှင်မြတ်ကဲ့သို့တန်ခိုးအာနုဘောနှင့်ပြည့်စုံပါလျှင်) ထိုသူရိယနေကို အနောက်ဖက်မှ ထွက်စေပါလေ’ ဟု(တနည်းပြောင်း၍) ပြောကြားပြန်လေသည်။ ထိုအခါ (အလ္လာဟ်အရှင်မြတ်ကို) မယုံမကြည်သွေဖည်ငြင်းပယ်သော (ဘုရင်)သည် (တစ်စုံတစ်ရာမျှ တုံ့ပြန်ဖြေကြားနိုင်သည်မရှိဘဲ) မိန်းမောတွေဝေ အံ့အားသင့်၍သွားလေတော့သည်။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည်(ယင်းကဲ့သို့)မတော်မတရား ကျူးလွန်သောသူများအား တရားလမ်းမှန်ကိုညွှန်ကြား ပြသတော်မမူချေ။

၀၀၂ : ၂၅၉။ (အို-နဗီတမန်တော်) အသင်သည်အကြင်သူ၏ အဖြစ်အပျက်ကို လေ့လာဆင်ခြင်သုံးသပ်ပြီးဖြစ်သည် မဟုတ်ပါလော။ ထိုသူသည် (အိမ်ခေါင်မိုးများ ပြိုကျကာနံရံများသည်လည်း) ခေါင်မိုးများပေါ်သို့ ပြိုကျ၍ ပျက်စီးလျက်ရှိသော မြို့ရွာတစ်ရွာကို ဖြတ်သန်းသွားလေရာ “အလ္လာဟ်အရှင်မြတ်သည် ဤမြို့ရွာကို ပျက်စီးပြီးနောက်အဘယ်နည်းဖြင့် ပြန်လည်(ရှင်စေ)ထူထောင်တော်မူအံ့နည်း”ဟု(မိမိစိတ်တွင်းဝယ် အံ့ဩကြီးစွာဖြင့်တွေးဆ)ပြောဆို လေသည်။ သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည် ထိုသူအားနှစ်ပေါင်းတစ်ရာတိတိ သေစေတော်မူခဲ့လေ၏။ ထို့နောက်တစ်ဖန် ထိုအရှင်မြတ်သည် ထိုသူအားရှင်စေတော်မူ၍”အသင်သည်(ဤနေရာ၌)မည်မျှတိုင်အောင် ကြာမြင့်စွာ နေခဲ့ပါသနည်း” ဟု မေးမြန်းတော်မူလေရာ ထိုသူက ကျွန်တော်မျိုးသည် တစ်နေ့တိတိ သို့တည်းမဟုတ် တစ်နေ့လျော့လျော့နေ ခဲ့ပါ သည်” ဟု လျှောက်ထားလေသည်။ (ထိုအခါအလ္လာဟ် အရှင်မြတ်က) “ဤသို့ မဟုတ်၊ စင်စစ်မှာကားအသင်သည်နှစ် ပေါင်း တစ်ရာမျှတိုင် အောင်နေခဲ့လေပြီ။အသင်သည် မိမိ၏ စားဖွယ်သောက်ဖွယ် ရာများကို ရှုပါလေ၊ထိုစားဖွယ်ရာများ သည် (ဤမျှနှစ်ကာလ ပရိစ္ဆေဒကြာမြင့်သော်လည်း စိုးစဉ်းမျှ) ပုပ်သိုးနံစော်ခြင်း မရှိပြီ။တစ်ဖန် (မိမိ စီးနင်း၍လာသော) မြည်းတိရိစ္ဆာန်ကို(လည်း)ကြည့်ပါလေ။ စင်စစ်တမူကား ငါအရှင်မြတ်သည်အသင့်ကို (ယင်းကဲ့သို့သေစေတော်မူပြီး တဖန်ရှင်စေတော်မူခြင်းမှာ လူခပင်းတို့အဖို့ သက်သေခံ လက္ခဏာတစ်ရပ်ပြုလုပ်တော်မူရန်ပင်တည်း။ ထိုနည်းတူစွာငါအရှင်မြတ်သည် (အသင်စီးနင်း၍လာသောမြည်းတိရိစ္ဆာန်၏)အရိုးများကို မည်သည့်နည်းမျိုးဖြင့် ဆက်စပ်တော်မူ၍ အသားဖြင့် ဖုံးအုပ်ပေးတော်မူသည်ကိုလည်း ရှုပါလေ” ဟု မိန့်ကြားတော်မူလေသည်။ ထို့နောက် (အလ္လာဟ်အရှင်မြတ်မိန့်ကြားတော်မူသည့်အတိုင်း အဖြစ်အပျက်အလုံးစုံတို့သည်) ထိုသူ့အဖို့ရာ ထင်ရှားလာသောအခါ ထိုသူက “မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသောအရှင်မြတ်ဖြစ်တော်မူသည်ကို ကျွန်တော်မျိုး(မျက်မြင်ဒိဋ္ဌသိမြင်) ယုံကြည် ပါပြီ”ဟု လျှောက်ထား လေသတည်း။

၀၀၂ : ၂၆၀။ ပြင် (အို-နဗီတမန်တော်) အသင်သည် ပြနလည်အောက်မေ့ သတိရပါလေ။ တရံရောအခါ နဗီတမန်တော် အစ်ဗ်ရာဟီမ်(အလိုင်ဟစ္စလာမ်)သည် (အလ္လာဟ်အရှင်မြတ် အထံတော်၌ ဤသို့) လျှောက်ထားခဲ့လေသည်။ အိုကျွန်တော်မျိုးအား မွေးမြူတော်မူသော အရှင်မြတ်၊ အရှင်မြတ်သည် (ရှင်ပြန်ထမည့်နေ့တွင်) သေသူများအား မည်သည့်နည်းဖြင့် ရှင်စေတော်မူမည်ကို ကျွန်တော်မျိုးအားပြသတော်မူပါ။ထိုအခါ အလ္လာဟ်အရှင်မြတ်က “ (အို-နဗီ တမန်တော်အစ်ဗ်ရာဟီမ်) အသင်သည် (သေသူတို့အား ငါအရှင်မြတ်ရှင်ပြန်ထစေတော်မူမည်ကို) မယုံကြည်ပါသလော” ဟုမေးမြန်းတော်မူရာ နဗီတမန်တော် အစ်ဗ်ရာဟီမ်(အလိုင်ဟစ္စလာမ်)က ထိုသို့မဟုတ်ပါ၊ မုချပင်ယုံကြည်ပါ၏။ သို့ရာတွင်မိမိစိတ် နှစ်သိမ့်ကျေနပ်ရန်အလို့ငှါ(လျှောက်ထားခြင်းသာဖြစ်ပါသည်)ဟု လျှောက်ထားလေသည်။ ထို့အခါ အလ္လာဟ်အရှင်မြတ်က “သို့ဖြစ်လျှင် (အို-အစ်ဗ်ရာဟီမ်) အသင်သည်ငှက်သတ္တဝါလေးကောင်ကို(ဖမ်း)ယူပြီးလျှင် ထိုငှက်သတ္တဝါများကို မိမိထံ၌ အပိုင်းပိုင်းဖြတ်တောက်၍ (မိမိပတ်ဝန်းကျင်၌ရှိသော) တောင်အသီးသီးတို့ပေါ်ဝယ် ထားပါလေ။ ထို့နောက်သင်သည် ယင်းငှက်သတ္တဝါတို့ကို ဟစ်အော်၍ ခေါ်ပါလေ။ယင်း ငှက်သတ္တဝါတို့သည် (ရှင်ပြန်ထ၍) အသင့်ထံပြေး၍လာကြလိမ့်မည်။ ထို့ပြင် မုချဧကန် အလ္လာဟ်အရှင်မြတ်သည်ဘုန်းတန်ခိုး အာနုဘော်ဖြင့် လွှမ်းမိုးတော်မူသောအရှင်၊ ထူးကဲသော ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်ကို အသင်ယုံကြည်မှတ်ယူပါလေ” ဟု မိန့်ကြားတော်မူလေသတည်း။

၀၀၂ : ၂၆၁။ မိမိတို့၏ ဥစ္စာပစ္စည်းများကို အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ပေးကမ်းလှူဒါန်း သုံးစွဲသူတို့၏ (အလှူပစ္စည်းများသည်) အကြင်မျိုးစေ့ နှင့်အလားတူ၏။ ယင်းမျိုးစေ့သည် ကောက်နှံခုနှစ်နှံကို ပေါက်ရောက်စေ၏။ ထိုကောက်နှံအသီးသီးတို့တွင် အစေ့ပေါင်း တစ်ရာစီပါရှိလေသည်။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် မိမိနှစ်လိုတော်မူသော သူတို့အဖို့ (ယင်းကဲ့သို့ပင်) ဆထက်ထမ်းပိုး တိုးပွားစေတော်မူလေသည်။ အကြောင်းသော်ကား အလ္လာဟ်အရှင်မြတ်သည် ရက်ရောစွာ ပေးသနားတော်မူသောအရှင်၊ အရာခပ်သိမ်း တို့ကိုအကြွင်းမရှိ သိတော်မူသောအရှင် ဖြစ်တော်မူလေသတည်း။

၀၀၂ : ၂၆၂။ အကြင်သူတို့သည် မိမိတို့၏ ဥစ္စာပစ္စည်းများကို အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ပေးကမ်းလှူဒါန်းသုံးစွဲကြကုန်၏။ ထိုကဲ့သို့ပေးကမ်းစွန့်ကြဲ သုံးစွဲပြီးသည့်နောက်ယင်းသူတို့သည် (မိမိတို့ စွန့်ကြဲပေးကမ်းသော သူဆင်းရဲတို့အား) ဂုဏ်ဖေါ်ခြင်းလည်းမပြုကြချေ၊ ထိုနည်းတူစွာ မည်သည့်ဒုက္ခ ရောက်စေခြင်းကိုမှလည်း မပြုကြချေ။ ထိုကဲ့သို့သောသူတို့အဖို့ ယင်းသူတို့အား မွေးမြူတော်မူသော အရှင်မြတ်၏ အထံတော်၌ ကုသိုလ်အကျိုးများရှိသည်။ ယင်း သူတို့အဖို့မည်သည့်စိုးရိမ်ကြောင့် ကြခြင်းမျှလည်းမရှိ။ ယင်းသူတို့သည်ပူဆွေးကြမည်လည်း မဟုတ်ကြချေ။

၀၀၂ : ၂၆၃။ (ပေးကမ်းလှူဒါန်းခြင်းမပြုနိုင်သော အချိန်အခါဝယ် သူဖုန်းစားသူဆင်းရဲတို့အား) ကောင်းမြတ်သောစကားတခွန်း ပြောဆိုခြင်းသည်လည်းကောင်း၊ (သူဖုန်းစားသူဆင်းရဲတို့၏ ဇွတ်တရွတ် မဖွယ်မရာ ပြောဆိုပြုလုပ်သည်များကို) ခွင့်လွှတ်ခြင်းသည် လည်းကောင်း(ဥစ္စာပစ္စည်း)ပေးကမ်းစွန့်ကြဲ လှူဒါန်းပြီးနောက် (ယင်းသူဆင်းရဲတို့အားအထင်အမြင်သေးခြင်း စသည်တို့ဖြင့်) စိတ်ဒုက္ခရောက်စေခြင်းထက် (အဆပေါင်းများစွာ) သာလွန်၍ ကောင်းမြတ်ပေသတည်း။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည် အလွန်ကြွယ်ဝတော်မူသောအရှင်၊ ခမာဂုဏ်နှင့် အလွန်ပြည့်စုံတော်မူသောအရှင်မြတ် ဖြစ်တော်မူလေသတည်း။

၀၀၂ : ၂၆၄။ အို-ယုံကြည်ခြင်း သဒ္ဓါတရားထားရှိသူ အပေါင်းတို့၊ အသင်တို့သည် မိမိတို့၏ အလှူဒါနများကို ကျေးဇူးဖော်ခြင်းအားဖြင့်လည်းကောင်း၊ စိတ်ဒုက္ခရောက်စေခြင်း အားဖြင့်လည်းကောင်း၊ အကြင်သူကဲ့သို့ အချည်းနှီး မဖြစ်စေကြကုန်လင့်။ ထိုသူသည် အလ္လာဟ်အရှင်မြတ်နှင့်နောက်ဆုံးနေ့ကိုမယုံကြည်ဘဲလျက် လူတို့အားပြစားရန်အလို့ငှါသာ မိမိ ဥစ္စာပစ္စည်းကို လှူဒါန်းပေးကမ်း၏။ သို့ဖြစ်လေရာ ထိုသူသည်သွေ့ခြောက်ချောမွတ် မာကျောပြောင်လက်သော ကျောက်တုံးနှင့်အလားသဏ္ဍာန်တူ၏။ ထိုကျောက်တုံးပေါ်တွင် အနည်းငယ် မြေမှုန့်တင်လျက်ရှိ၏၊ ထိုကျောက်တုံးပေါ်၌ သည်းထန်သော မိုးသည် ရွာသွန်းချလိုက်ရာ (မြေမှုန့်များသည် မိုးရေနှင့်အတူ မျောပါ၍သွားသဖြင့်) ထိုကျောက် တုံးသည် ပြကတေ့အတိုင်းကျောက်သားမျှသာ ပြောင်လက်စွာ ကျန်ရှိခဲ့လေသည်။ထိုကဲ့သို့သော သူများသည် မိမိတို့ ရှာဖွေဆည်းပူးခဲ့ကြသောကောင်းမှုကုသိုလ်များအနက် အဘယ်တစ်စုံတစ်ရာကိုမျှပင်(နောင် ‘ကိယာမတ်’ နေ့တွင်) ရရှိနိုင်ကြမည် မဟုတ်ချေ။(ဤသူတို့ကား ကျောက်တုံးနှင့်အလား သဏ္ဍာန်တူသောကာဖိရ်များသာ ဖြစ်ကြပေသည်)၊ အလ္လာဟ်အရှင်မြတ်သည်(ယင်းကဲ့သို့သော) ‘ကာဖိရ်’ တို့အား တရားဓမ္မ ညွှန်ပြတော်မူမည် မဟုတ်ချေ။

၀၀၂ : ၂၆၅။ အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်၏ နှစ်သက်တော်မူခြင်းကို ဆည်းပူးရှာဖွေရန်လည်းကောင်း၊ မိမိ တို့၏စိတ်နှလုံးများတွင်(သဒ္ဓါတရား)ထက်သန် မြဲမြံခိုင်ခန့်စေရန်လည်းကောင်း မိမိတို့၏ဥစ္စာပစ္စည်းများကို ပေးကမ်းလှူဒါန်းစွန့်ကြဲကြကုန်၏။ ထိုသူတို့(လှူဒါန်းသောအလှူဒါန)၏ ဥပမာသည် ကုန်းမြင့်ပေါ်တွင်ရှိသောဥယျာဉ်နှင့်အလား သဏ္ဍာန်တူ၏။ ထိုဥယျာဉ်၌ သည်းထန်းသောမိုးသည် ရွာသွန်းချ၏။သို့ဖြစ်လေရာ ထိုဥယျာဉ်သည် မိမိ၏ အသီးအနှံများ ကို(အခြားသောဥယျာဉ်များထက်)နှစ်ဆတိုး၍ ပေါက်ပွားစေလေသည်။ အကယ်၍ ထိုဥယျာဉ်၌ သည်းထန်သောမိုး ရွာသွန်းခြင်း မရှိသော်လည်း (မြေဩဇာကောင်းသည့် အတွက်ကြောင့်) မိုးဖွဲ ကျခြင်းသည်ပင် (ထိုဥယျာဉ်အတွက် လုံလောက်ပေသည်)။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုလုပ်သမျှသော ကိစအဝဝကို အကြွင်းမဲ့ ခွဲခြားသိမြင်တော်မူသောအရှင် ဖြစ်တော်မူသည်။

၀၀၂ : ၂၆၆။ အသင်တို့အနက် တစ်ဦးတစ်ယောက်သော သူသည် (ဤအဖြစ်ကို) ကြိုက်နှစ်သက်ပါသလော၊ (အဖြစ်ကား)ထိုသူ၌ စွန်ပလွံ၊ သပြက်ဥယျာဉ်တစ်ခုရှိ၏။ ထိုဥယျာဉ်အောက်မှ ရေယဉ်ချောင်းများ စီးတွေလျှက်ရှိ၏။ ထိုဥယျာဉ်၌ထိုသူ့အဖို့အမျိုးစုံသော သစ်သီးဝလံများလည်းရှိ၏။ ထိုသူ၌ဇရာဒုဗ္ဗလ သက်ရွယ်ကြီးပြင်း အိုမင်းရင့်ရော်ခြင်းသည် ဆိုက်ရောက် လာ၏၊ ထိုသူ၌ မစွမ်းမသန် အားအင်ချည့်နဲ့သောသားသမီးများလည်းရှိ၏။ (ထိုကဲ့သို့ သောအချိန်မျိုးတွင်) ထိုဥယျာဉ်၌ လောင်မီးပါရှိသော လေပြင်းမုန်တိုင်းသည် တိုက်ခတ်လေရာ ထိုဥယျာဉ်သည် လောင်ကျွမ်း (ပျက်စီး) သွားလေတော့သည်။ (ထိုသူသည် ဤအဖြစ်ကို အဘယ်သို့လျှင်ကြိုက်နှစ်သက်နိုင်အံ့နည်း)။ ယင်းကဲ့သို့ပင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား သက်သေလက္ခဏာတော် များကိုထင်ရှားစွာထုတ်ဖေါ်မိန့်ကြားတော်မူလေသည်။ သို့မှသာလျှင်အသင်တို့သည် စဉ်းစားဆင်ခြင် သိမြင်ကြမည်ဖြစ်ကုန်၏။

၀၀၂ : ၂၆၇။ အို-’အီမာန်’ ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် မိမိတို့ ရှာဖွေလုပ်ကိုင်၍ ရရှိသော သန့်စင်သောဥစ္စာပစ္စည်းများအနက်မှလည်းကောင်း၊ ငါအရှင်မြတ် သည်အသင် တို့အဖို့ မြေမှထွက်စေသော (သစ်သီးသစ်ဥ၊သတ္တုအစရှိသည်) တို့အနက် မလည်းကောင်း၊ ပေးကမ်းစွန့်ကြဲကြကုန်။ သို့ရာတွင် အသင်တို့သည်(သေးနုပ်သိမ်ဖျင်း) မသန့်ရှင်းသောဥစ္စာ ပစ္စည်း များကိုမူ ပေးကမ်းစွန့်ကြဲလှူဒါန်းရန် စိတ်ကူးမျှ မထည့်ကြကုန် လင့်။ စင်စစ်တမူကား (သူတစ်ပါးတို့က အသင်တို့အား ထိုကဲ့ သို့သေးနုပ်သိမ်ဖျင်း မသန့်ရှင်းသော ပစ္စည်းများကိုပေးကမ်း သည်ရှိသော်) အသင်တို့ကိုယ်တိုင်ပင် ယင်းပစ္စည်းများကို ယူ ကြမည့် သူများမဟုတ်ချေ။သို့ရာတွင်(အားနာသောအားဖြင့်) မျက်စိမှိတ်၍သာယူကြပေမည်။ ထို့ပြင်တဝ မုချဧကန် အလ္လာဟ်အရှင်မြတ်သည်လိုလားတောင်းတခြင်း အပေါင်း တို့မှ ကင်းစင်တော်မူသောအရှင်၊ ချီးမွမ်းဘွယ်ရာ ဂုဏ်အဖြာ ဖြာနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်ကိုလည်း အသင်တို့သည် ယုံကြည်မှတ်ယူကြကုန်လော့။

၀၀၂ : ၂၆၈။ ရှိုင်တွာန်သည် အသင်တို့အား၊ (မိမိတို့ဥစ္စာပစ္စည်းများကို လှူဒါန်းရန် ကြံရွယ်သော အချိန် အခါမျိုး၌၊ယင်းကဲ့သို့ ပေးကမ်းစွန့်ကြဲခြင်းအားဖြင့် အသင်တို့သည်)ဆင်းရဲနွမ်းပါး၍ သွားကြမည်ဟု ခြိမ်းခြောက်ကာ၊ (ပေးကမ်းစွန့်ကြဲခြင်းမပြုဘဲ)၊ စေးနဲ၍နေကြရန် ညွှန်ကြားလေသည်။သို့ရာတွင် အလ္လာဟ်အရှင်မြတ်မူကား၊ (ယင်းကဲ့သို့ ပေးကမ်းစွန့်ကြဲ လှူဒါန်းခြင်းအားဖြင့်၊) အသင်တို့အား မိမိအထံတော်မှ(အသင်တို့၏ပြစ်မှုဒုစရိုက်များကို) လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူမည်ဟူ၍လည်းကောင်း၊ ပေးကမ်း လှူဒါန်းခြင်း၏အကျိုးကို ပေါများစွာ ပေးသနားတော်မူမည်ဟူ၍လည်းကောင်း၊ ကတိထားရှိတော်မူလေသည်။ အကြောင်းတမူကားအလ္လာဟ်အရှင်မြတ်သည် ကျယ်ဝန်းစွာ ပေးသနားတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းးမဲ့ သိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

၀၀၂ : ၂၆၉။ ထိုအရှင်မြတ်သည် မိမိနှစ်လိုတော်မူသောသူများ ကိုသာ ဉာဏ်ပညာ အမြော်အမြင်ကို ပေးသနားတော်မူလေသည်။ အမှန်စင်စစ်သော်ကား ဉာဏ်ပညာ အမြော်အမြင်ကို ပေးသနားတော်မူခြင်း ခံရသောသူသည် အလွန်တရာမျှ များပြားလှသော ဂုဏ်ကျေးဇူးတော်ကို ပေးသနားတော်မူခြင်းခံရသော သူတည်း။ သို့ရာတွင် စူးစမ်းဆင်ခြင်သော နိသမ္မ ဉာဏ်ရှင်များမှအပ လူတိုင်း သတိသံဝေဂတရားရရှိသည်မဟုတ်ပေ။

၀၀၂ : ၂၇၀။ စင်စစ်တမူကား အသင်တို့သည် မည်သည့် လှူဒါန်းခြင်းကိုမဆို ပေးကမ်းလှူဒါန်းကြသည်ဖြစ်စေ၊ သို့မဟုတ်မည်သည့်အဓိဋ္ဌာန်ပြုခြင်း ကိုမဆို ဓိဋ္ဌာန်ကြသည်ဖြစ်စေ ဧကန်ဆတ်ဆတ် အလ္လာဟ်အရှင်မြတ်သည် (အသင်တို့ပြုလုပ်သမျှသော) ထိုထိုကိစ္စ အဝဝတို့ကို အကြွင်းမဲ့ သိရှိတော်မူပေသည်။(သို့အကြွင်းမဲ့ သိတော်မူသည့်အတိုင်း ကောင်းသူတို့အားကောင်းကျိုး၊မကောင်းသူတို့အားမကောင်းကျိုးများကို ပေးတော်မူမည်)။သို့ရာတွင် (ရှင်ပြန်ထမည့်နေ့တွင်) မတရားပြုလုပ်သူတို့အား ကူညီမစ ကယ်ဆယ်မည့်သူဟူ၍ တဦးတယောက်မျှရှိ့ လိမ့်မည် မဟုတ်ချေ။

၀၀၂ : ၂၇၁။ အကယ်၍ အသင်တို့သည်(မိမိတို့ပေးကမ်း စွန့်ကြဲကြကုန်သော) အလှူဝတ္ထုများကို ထင်ရှား စွာ (လှူဒါန်းပေးကမ်းကြပါမူ) ယင်းသို့ထင်ရှားစေ ခြင်းသည်လည်းကောင်းမြတ်၏။ သို့ရာတွင်အကယ်၍ အသင်တို့သည် ယင်း(ပေးကမ်းလှူဒါန်း ကြကုန်သော) အလှူဝတ္ထုများကို လျှို့ဝှက်စွာသူဆင်းရဲတို့အား ပေးကမ်းစွန့်ကြဲကြပါမူ၊ ယင်းသို့ လျှို့ဝှက်ခြင်းသည်ကား အသင်တို့အဘို့ရာ သာ၍ပင် ကောင်းမြတ်ပေသည်။ ထို့ပြင် (အလ္လာဟ်အရှင်မြတ်သည်) အသင်တို့၏ဒုစရိုက်မှုအချို့တို့ကို ဖယ်ရှားတော်မူအံ့။ အကြောင်းမူကားအလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်ကြကုန်သောကိစ္စရပ်တို့ကို အကြွင်းမဲ့ ကြားသိတော်မူသောအရှင်တည်း။

၀၀၂ : ၂၇၂။ (အို-နဗီတမန်တော်) ထို (ကာဖိရ်) တို့အားတရားလမ်းမှန်သို့ အရောက်ပို့ဆောင်ခြင်းသည် အသင်၏တာဝန်မဟုတ်ပေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် မိမိနှစ်လိုတော်မူသော သူတို့ကို တရားလမ်းမှန်သို့အရောက် ပို့ဆောင်တော်မူသည်။ ထို့ပြင် (အို-မွတ်စ်လင်မ် အပေါင်းတို့) အသင်တို့သည် (မိမိတို့၏)ဥစ္စာပစ္စည်းများအနက် မည်သည့်ဥစ္စာပစ္စည်းကိုမဆို အလှူဒါနပြုကြကုန်အံ့၊ (ထိုအလှူဒါနများသည်)အသင်တို့၏ အကျိုးငှာသာ ဖြစ်ကုန်၏။ စင်စစ်သော်ကားအသင်တို့သည်အလ္လာဟ်အရှင်မြတ်၏ နှစ်သက်ကျေနပ်မှုကိုဆည်းပူးရန်အလို့ငှါသာ လှူဒါန်းပေးကမ်းကြကုန်၏။ (သို့ဖြစ်ရာအသင်တို့သည် ‘မွတ်စ်လင်မ်’၊ ‘ကာဖိရ်’ မခြား သူဆင်းရဲတို့အား ပေးကမ်းလှူဒါန်း ကြရပေမည်)။ တဖန် အသင်တို့သည်(မိမိတို့၏) ဥစ္စာပစ္စည်းများအနက် မည်သည့်ဥစ္စာပစ္စည်းကိုမဆို လှူဒါန်းကြကုန်အံ့၊ (ထိုအလှူဒါနများ၏ ကုသိုလ်အကျိုးများကို) အသင်တို့သည်အပြည့်အစုံ ခံစားကြရကုန်အံ့၊ထို့ပြင် အသင်တို့သည် (မိမိတို့၏ အလှူဒါနများနှင့် စပ်လျဉ်း၍) မတရားပြုခြင်းကို ခံကြရမည်မဟုတ်ပေ။

၀၀၂ : ၂၇၃။ (အလှူဒါနများသည်) အလ္လာဟ်အရှင်မြတ် ၏လမ်းတော်၌ ဝန်းဝိုင်းဆီးတားခြင်း ခံနေကြရကုန်သော သူဆင်းရဲတို့အဖို့တည်း။ ယင်းသူတို့သည် (သာသနာရေးရာ များကိုဆောင်ရွက်လျက်ရှိကြရကား မိမိတို့၏ဝမ်းရေးအတွက်) ကမ္ဘာမြေပြင်ဝယ် သွားလာခြင်းကို မစွမ်းနိုင်ကြပေ။ (တဖန် ယင်းသူတို့၏ ဣန္ဒြေစောင့်စည်းခြင်းကြောင့် မသိနားမလည် သောသူတို့သည် ယင်းသူတို့အား ကုံလုံ ကြွယ်ဝသူများ ဟူ၍ ထင်မှတ်လေသည်။(သို့ရာတွင်) အသင်သည် ယင်းသူတို့၏ ရုပ်ရည် လက္ခဏာ အမူအရာ(ကိုကြည့်ရှု ု့ရုံမျှ) ဖြင့် (ထိုသူတို့၏ ဆင်းရဲနွမ်းပါးကြောင်း ကို) သိမြင်နိုင်ပေသည်။ယင်း သူတို့သည် လူတို့ထံ တွယ်ကပ်၍ တောင်းရမ်းခြင်း ကိုလည်း မပြုကြချေ။ စင်စစ် သော်ကား အသင်တို့သည် (မိမိတို့) ဥစ္စာပစ္စည်းအနက်မှ ပေးကမ်းစွန့်ကြဲ သုံးစွဲသော အလှူဒါန များကို အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ သိရှိတော်မူသော အရှင် ဖြစ်တော်မူချေသတည်း။

၀၀၂ : ၂၇၄။ အကြင်သူတို့သည် မိမိတို့၏ ဥစ္စာပစ္စည်း များကိုနေ့ညဉ့်မရွေး(အခါခပ်သိမ်း) လျှို့ဝှက်စွာဖြင့်(တစ်မျိုး)ထင် ရှားစွာဖြင့်(တစ်ဖုံ) လှူဒါန်းသုံးစွဲကြကုန်၏။ သို့ဖြစ်လျှင် ယင်းသူတို့၏ ကုသိုလ်အကျိုးသည် ယင်းသူတို့အား မွေးမြူတော်မူသောအရှင်မြတ်၏ အထံတော်၌(အသင့်)ရှိပေသည်။ ထို့ပြင်တဝယင်းသူတို့အပေါ်ဝယ် မည်သည့်စိုးရိမ်ကြောင့်ကြခြင်း လည်းမရှိ၊ ယင်းသူတို့သည် ဝမ်းနည်းပူဆွေးကြမည်လည်းမဟုတ်ပေ။

၀၀၂ : ၂၇၅။ အတိုးအညွန့်စားသူတို့သည် (ရှင်ပြန်ထမည့်နေ့တွင် သင်းချိုင်းတွင်းမှ ထကြသောအခါ) ကောင်းမွန်စွာမရပ်နိုင်ကြဘဲ ရှိုင်တွာန်ဖမ်းစား၍ အသိဉာဏ်မှောက်မှားရူးသွပ်တွေဝေနေသူများကဲ့ သို့သာလျှင် ရပ်ကြကုန်အံ့။ ဤကဲ့သို့ ဖြစ်ရခြင်းကား ယင်းသူတို့က “ကုန်စည် ကူးသန်းရောင်းဝယ်ခြင်းသည်လည်း အတိုးအညွန့်စားခြင်းနှင့် ထပ်တူထပ်မျှသာဖြစ်သည်” ဟု ပြောဆိုကြသောကြောင့် ဖြစ်လေသည်။အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ကုန်စည်ကူးသန်းရောင်းဝယ်ခြင်းကို ခွင့်ပြုထား တော်မူ၍ အတိုးအညွန့်စားခြင်းကိုမူကား တားမြစ် တော်မူခဲ့လေသည်။သို့ဖြစ်လေရာအကြင်သူသည်၊ မိမိအား မွေးမြူတော်မူသော အရှင်မြတ်၏အထံတော်မှ (အတိုးအညွန့်ကို မြစ်တားခြင်းနှင့် စပ်လျဉ်း၍)ဆုံးမဩဝါဒ ရောက်ရှိလာပေရာ (အတိုးအညွန့် စားခြင်းကို)စွန့်လွှတ် ရပ်ဆိုင်းလိုက်ပါမူ ယခင်က(လက်ခံပြီးစားသုံးခဲ့သော)ယူခဲ့သော(အတိုးအညွန့် ကြေးငွေများသည်)ထိုသူ၏ ပစ္စည်းများပင်တည်း။ ထို့ပြင်တဝ ထိုသူ၏(အတွင်းရေး) ကိစ္စ သည်အလ္လာဟ်အရှင်မြတ် အထံတော်သို့ အပ်နှံပြီး ဖြစ်လေသည်။သို့ရာတွင် အကြင်သူတို့သည် (အလ္လာဟ်အရှင်မြတ် အထံတော်မှ အတိုးအညွန့်နှင့် စပ်လျဉ်းသော ပညတ်တော်များ ရောက်ရှိလာပြီးသည့် နောက်) တဖန် ထပ်မံ၍ (အတိုးအညွန့်စားခြင်းကို) ပြုကြပါမူ ထိုသူတို့သည် ငရဲသားများပင် ဖြစ်ကြကုန်၏။ထိုသူတို့သည် ငရဲမီးတွင် ထာဝစဉ် (ဒုက္ခကြီးစွာ)ခံစား နေထိုင်ကြရမည့်သူများ ဖြစ်ကြကုန်သတည်း။

၀၀၂ : ၂၇၆။ အလ္လာဟ်အရှင်မြတ်သည် အတိုးအညွန့်ကို ဆုတ်ယုတ်ပျက်စီးစေတော်မူ၍ (ပေးကမ်းစွန့်ကြဲသုံးစွဲကြကုန်သော)အလှူဝတ္တုများကိုမူ (ဆထက် ထမ်းပိုး)တိုးပွား စေတော်မူ၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် ယုံကြည်ခြင်းသဒ္ဓါတရား ကင်းမဲ့သော ပြစ်မှုဒုစရိုက်များ ကျူး လွန်သော မည်သူတစ်ဦးတစ်ယောက်ကိုမျှ နှစ်သက်တော်မူသည် မဟုတ်ချေ။

၀၀၂ : ၂၇၇။ မုချဧကန် အကြင်သူတို့သည် ယုံကြည်ခြင်းသဒ္ဓါတရားထားရှိကြ၍ ကောင်းမြတ်သော အကျင့်သီလများကိုလည်း ဆောက်တည်ကြကုန်၏။ ထို့ပြင်တဝ ယင်းသူတို့သည်“ဆွလာတ်” ဝတ်ပြုကြကုန်၏။ ၄င်းပြင် ထိုသူတို့သည်”ဇကာတ်” တရားဝင်ဒါနကြေးကိုလည်း ပေးဆောင်ကြကုန်၏။ ယင်းသူတို့၏အကျိုးဆုလာဘ်သည် ယင်းသူတို့အား မွေးမြူတော်မူသောအရှင်မြတ်၏အထံတော်၌ (အသင့်)ရှိ၏။ ၄င်းပြင် ယင်းသူတို့အဖို့အရာမည်သည့် စိုးရိမ်ကြောက် ရွံ့ခြင်းမျှမရှိချေ။ ၄င်းပြင်ယင်းသူတို့သည် ဝမ်းနည်းပူဆွေး ကြမည်လည်းမဟုတ်ပေ။

၀၀၂ : ၂၇၈။ အို-ယုံကြည်သူ အပေါင်းတို့၊ အကယ်၍ အသင်တို့သည် ယုံကြည်သူများဖြစ်ကြပါမူ၊ အလ္လာဟ်အရှင်မြတ်ကိုကြောက်ရွံ့လေးစား ရိုသေ ခန့်ညားကြကုန်၊ ၄င်းပြင် ကြွင်းကျန်လျက်ရှိသော အတိုးအညွန့်များကိုလည်း စွန့်လွှတ်ကြကုန်။

၀၀၂ : ၂၇၉။ တဖန် အကယ်၍သာ အသင်တို့သည် (အတိုးအညွန့် မစားသုံးအပ်ခြင်းနှင့် စပ်လျဉ်း၍ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကို မလိုက်နာ) မပြုလုပ်ခဲ့ကြပါမူ အလ္လာဟ်ရှင်မြတ်နှင့်လည်းကောင်း၊ ထို အရှင်မြတ်၏ ရစူလ်တမန်တော်(မုဟမ္မဒ် ဆွာလ္လလ္လာဟုအလိုင်ဟိဝစလ္လာမ်)နှင့်လည်းကောင်း၊စစ်မက် ပြိုင်ဆိုင်တို က်ခိုက်ကြရန် အဆင်သင့်ရှိကြကုန်။ သို့ရာတွင် အကယ်၍သာ၊ အသင်တို့သည် နောင်တ တရားရရှိကာ(အတိုးအညွန့် စားသုံးခြင်းကို စွန့်လွှတ်၍ အလ္လာဟ်အရှင်မြတ်ဘက်သို့) ပြန်လှည့်ကြပါလျှင် အသင်တို့သည် မိမိတို့(ချေးငှားထားသော) ငွေရင်းများကို ပိုင်ဆိုင်ခွင့်ရှိကြကုန်၏။(မတည်ငွေရင်းများထက် ပိုမို၍ အတိုးအညွန့် မယူခြင်းအားဖြင့်) အသင်တို့သည် (သူတစ်ပါးကို) မတရား ဆုံးရှုံးနစ်နာစေကြမည်လည်းမဟုတ်၊ (မိမိတို့၏ မတည်ငွေရင်းများကို ပြန်လည်ရရှိခြင်း အားဖြင့် သူတစ်ပါးတို့၏) မတရားဆုံးရှုံး နစ်နာစေခြင်းကိုလည်း ခံကြရမည်မဟုတ်ပေ။

၀၀၂ : ၂၈၀။ တဖန် အကယ်၍ (မြီစားသည်) ဆင်းရဲ နွမ်းပါးသူဖြစ်၍ (အသင်တို့၏ကြွေးမြီများကို အချိန်မှီ မပေးဆပ်နိုင်ခဲ့ပါမူ ထိုသူအား) ဥစ္စာပစ္စည်း ချောင်လည်သည်အထိ အချိန်ကိုရွှေ့ဆိုင်း၍ပေးရမည်။ သို့ရာတွင် အကယ်၍ အသင်တို့သည်သိတတ်ကြ ပါမူ (မြီစား၏ဒုက္ခကို ထောက်ထားညှာတာသည့်သဘောဖြင့် မိမိတို့ရထိုက်သောကြွေးမြီကိုပင်) အလှူဒါနအဖြစ်(စာရင်းချေဖျက်) စွန့်လွှတ်ခြင်းသည် အသင်တို့အဖို့သာ၍ပင် ကောင်းမြတ်ပေသတည်း။

၀၀၂ : ၂၈၁။ ထို့ပြင်တဝ (အို-မွတ်စ်လင်မ် အပေါင်းတို့) အသင်တို့သည် အကြင်နေ့ကို ကြောက်ရွံ့ကြကုန်။ ထိုနေ့တွင် အသင်တို့သည် အလ္လာဟ်အရှင်မြတ် အထံတော်သို့ ပြန်လည်ရောက်ရှိကြကုန်အံ့။ ထို့နောက် လူတိုင်းသည် မိမိတို့ ရှာဖွေ ဆည်းပူးခဲ့ကြသော (ကောင်းမှု မကောင်းမှုတို့၏ အကျိုးအပြစ်များကို)အပြည့်အစုံပေးခြင်း ခံကြရလတ္တံ့။ သို့ရာတွင် ယင်း သူတို့သည်(ထိုကဲ့သို့ အကျိုးအပြစ်ပေးခြင်း ခံကြရာတွင် တစ်စုံတစ်ရာမျှ)မတော်မတရား နစ်နာ ဆုံးရှုံးခြင်းကို ခံကြရမည် မဟုတ်ပေ။

၀၀၂ : ၂၈၂။ အို-ယုံကြည်ခြင်း သဒ္ဓါတရား ထားရှိကြကုန်သော (မွတ်စ်လင်မ်) အပေါင်းတို့။ အသင်တို့သည် မိမိတို့အချင်းချင်း (ကုန်စည်ရောင်းဝယ်ရာ၌) ကာလ ပရိစ္ဆေဒ သတ်မှတ်ပိုင်းခြား၍ အကြွေးရောင်းဝယ် ကြသောအခါ၊ ထိုအကြွေးရောင်းဝယ်ခြင်းကိစ္စကို (စာချုပ်စာတမ်းပြုလုပ်) ရေးသားကြကုန်၏။ စင်စစ် အသင်တို့သည် မိမိတို့ အချင်းချင်း (ယင်းကဲ့သို့အကြွေးရောင်းဝယ်ကြသောအခါ) ရေးမှတ်သူ တစ်ဦးဦးသည်(စာချုပ်စာတမ်းကို) တရား မျှတစွာဖြင့် ရေးသား၍ ပေးရမည်။ထိုမှတပါးတုံ ရေးမှတ်သူတဦးဦးသည် မိမိအား အလ္လာဟ်အရှင်မြတ် သင်ကြားပြသ၍ ပေးသနားတော်မူသည့်အတိုင်း (စာချုပ်စာတမ်း) ရေးသား၍ ပေးခြင်းကို ငြင်းပယ်ခြင်းမပြုရပေ။ သို့ဖြစ်လေရာ စာရေးသူသည်လည်း ရေးသား၍ပေးရမည်။ထိုနည်းတူစွာ (ကြွေးမြီပေးဆပ်ရန်) တာဝန် ရှိသောသူ(မြီစား)သည် (ပြောပြ) ရေးသားစေရမည်။ သို့ရာတွင် (ယင်းကဲ့သို့ ပြောပြ ရေးသားစေသောအချိန်အခါဝယ်) မိမိအားမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်ကို ကြောက် ရွံ့ကာထိုတာဝန်ရှိသည့်အနက် တစ်စုံတစ်ရာကိုမျှ လျှော့၍ (ရေးသားစေခြင်းကို) မပြုရချေ။ တဖန် အကယ်၍ (ကြွေးမြီ ပေးဆပ်ရန်) တာဝန်ရှိသူကား ဉာဏ်ထိုင်းသော သူဖြစ်သော် လည်းကောင်း၊ အသက်အရွယ် အိုမင်းရင့်ရော် သူဖြစ်၍သော် လည်းကောင်း၊ အရွယ်မရောက်သေးသော ငယ်ရွယ်သူဖြစ်၍သော်လည်းကောင်း၊ မစွမ်းမသန်သူဖြစ်၍သော်လည်းကောင်း၊ သို့တည်းမဟုတ် ရေးသားစေရန် မစွမ်းနိုင်သောသူ ဖြစ်၍သော်၊ထိုသူ၏ အုပ်ထိန်းသူ (သို့မဟုတ် အာဏာပိုင် သော ကိုယ်စားလှယ်) သည် (ထိုသူ၏ကိုယ်စား) တရားမျှတစွာ ဖြင့် ရေးသားစေရမည်။ထို့ပြင်တဝ အသင်တို့သည် (ယင်းကဲ့သို့ စာချုပ်ချုပ်ဆိုကြသည့်ပြင် ခိုင်လုံသည်ထက် ခိုင်လုံစေခြင်းငှာ) မိမိတို့အနက်မှ ယောကျာ်းနှစ်ဦးကို (လည်း) သက်သေထား ရှိကြကုန်။တဖန် အကယ်၍ ထိုသက်သေနှစ်ဦးတို့သည် ယောကျာ်းနှစ်ဦးမဖြစ်ကြပါလျှင် အသင်တို့ သဘောတူညီနှစ်သက်ကြ လေသောသက်သေများအနက်မှ ယောကျာ်း တဦးနှင့် မိန်းမနှစ်ဦးတို့သည်ပင်လျှင် လုံလောက်ကြပေသည်။ အကြောင်းသော်ကား ယင်းမိန်းမနှစ်ဦး အနက်မှတယောက် သည် မေ့လျော့ခဲ့ပါမူ ယင်းမိန်းမနှစ်ယောက်အနက် တစ်ယောက်သည် ကျန်မိန်းမတစ်ယောက်ကို သတိရစေနိုင်ခြင်း ကြောင့်တည်း။ ထိုနည်းနှင်နှင် သက်သေများသည်လည်း ယင်းသူတို့အား (သက်သေခံရန်အတွက်သော်လည်းကောင်း၊ သက်သေအဖြစ် ပါဝင်ရန်အတွက်သော်လည်းကောင်း) ဖိတ်ခေါ် သောအခါဝယ်မငြင်းပယ်ကြရပေ။ ထို့ပြင်တဝ အသင်တို့သည် ကြွေးမြီကိစ္စကိုသေးငယ်သည်ဖြစ်စေ၊ ကြီးကျယ်သည်ဖြစ်စေ၊ ချိန်းချက်ထားသော အချိန်ကာလအထိ ရေးသားရသည့်အတွက် မငြီးငွေ့ကြကုန်လင့်။ ဤ(ကဲ့သို့ ရေးသားခြင်း)ကား အလ္လာအရှင်မြတ်အထံတော်၌ အသင်တို့အဘို့အရာသာ၍ တရားမျှတသောနည်းလမ်းဖြစ်၏။

၀၀၂ : ၂၈၃။ တဖန် အကယ်၍ အသင်တို့သည် ခရီးသွားနေစဉ် (အကြွေးရောင်းဝယ်မှုကို ပြုလုပ်ကြရာ၌ စာချုပ်စာတမ်း ရေးသားရန်အတွက်) ရေးမှတ်သူ တစ်ဦးမျှကိုပင်မရရှိခဲ့ပါမူ ထိုအခါ (မြီစားသည် မြီရှင်အား) အပေါင်အနှံ ဝတ္တုပစ္စည်းများကို (ယုံကြည်စိတ်ချရန်အတွက်) လက်ရောက်ပေးထားရမည်။ သို့ရာတွင် အကယ်၍ အသင်တို့အနက် တစ်ဦးသည်တစ်ဦးကို ယုံကြည်စိတ်ချ(၍ ပစ္စည်းပေါင်နှံရန်မလိုခဲ့)ပါလျှင် ယုံကြည်စိတ်ချခြင်းခံရသော (မြီစား)သည် မိမိအားမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့လေးစားလျက် ထို (ယုံကြည်စိတ်ချသောမြီရှင်) ၏ကြွေးမြီကို ပြေလည်အောင် ပေးဆပ်ရမည်။၄င်းပြင် အသင်တို့သည် သိမြင်သမျှတို့ကို (သက်သေမခံပဲ) ထိမ်ချန်လျှို့ဝှက်ခြင်း မပြုကြ ကုန်လင့်။ အမှန်သော်ကား အကြင်သူသည် ယင်း သိမြင်သမျှကို ထိမ်ချန်လျှို့ဝှက်အံ့ ထိုသူ၏ စိတ်နှလုံးသည် ပြစ်မှုဒုစရိုက်ကို ကျူးလွန်သော သူ၏စိတ်နှလုံးဖြစ်အံ့။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်သော ကိစ္စအရပ်ရပ်တို့ကို အကြွင်းမဲ့သိရှိတော်မူသောအရှင် ဖြစ်တော်မူ ချေသတည်း။

၀၀၂ : ၂၈၄။ မိုးကောင်းကင်များနှင့် ပထဝီမြေပြင်ဝယ်ရှိသော (သက်ရှိ၊သက်မဲ့) အရာဝတ္တုအလုံးစုံတို့သည် အလ္လာဟ်အရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်မူသော အရာဝတ္တုများပင်တည်း။ ထို့ပြင်တဝ အသင်တို့သည် မိမိတို့ စိတ်တွင်းဝယ်ရှိလေသော အကြောင်းအရာများကို ထင်ရှားစွာ ပြုလုပ်ပြောဆိုကြသည်ဖြစ်စေ၊ ထိမ်ချန်လျှို့ဝှက် ထားကြသည်ဖြစ်စေ၊အလ္လာဟ်အရှင်မြတ်သည် ယင်းအကြောင်းအရာများကိုအသင်တို့အား စစ်ဆေးမေးမြန်းတော်မူအံ့၊ ထို့နောက်ထိုအလ္လာဟ်အရှင် မြတ်သည် မိမိနှစ်လိုတော်မူသောသူတို့ အား(အပြစ်များ မှ) လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူ၍ မိမိအလိုရှိသောသူတို့ကို အပြစ်ဒဏ်ပေးတော်မူအံ့၊ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

၀၀၂ : ၂၈၅။ ရစူလ်တမန်တော် (မုဟမ္မဒ် ဆွာလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိထံသို့ မိမိအားမွေးမြူ တော်မူသောအရှင်မြတ်၏အထံတော်မှ ထုတ်ပြန်ပို့ချ သော(ကုရ် အာန်ကျမ်းမြတ်)ကို ယုံကြည်လေပြီ။ ထိုနည်းတူစွာ (မုအ်မင်န်)ယုံကြည်သူအပေါင်းတို့သည်လည်း ယုံကြည်ကြသည်။ [ယင်းရစူလ်တမန်တော် မုဟမ္မဒ်(ဆွ)နှင့်တကွ ယုံကြည်သူ’ ခပ်သိမ်းသူတို့သည် (တဆူတည်း ဖြစ်တော်မူသော) အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ (မလာအိကဟ်)အပါး တော် စေတမန်တော်အပေါင်းတို့ကိုလည်းကောင်း၊ထိုအရှင်မြတ်၏ ကျမ်းဂန်အပေါင်းတို့ကိုလည်းကောင်း၊ထိုအရှင်မြတ်၏ရစူလ် တမန်တော်အပေါင်းတို့ကို လည်းကောင်း၊ ယုံကြည်ကြကုန်၏၊ (ထို့ပြင်ယင်းသူတို့က) ကျွန်တော်မျိုးတို့သည် ထို အသျှင်မြတ်၏ ရစူလ်တမန်တော်အပေါင်းတို့အနက် မည်သည့် ရစူလ်တမန်တော်တပါးကိုမျှခွဲခြားခြင်း မပြုကြပါ။ (အားလုံးကိုယုံကြည်ပါသည် ဟုပြောဆိုကြကုန်၏။)ထိုမှတစ်ပါးတုံ ယင်းသူတို့သည် (အလ္လာဟ်အရှင်မြတ်အထံတော်၌) “ကျွန်တော်မျိုးတို့သည် (အရှင်မြတ်၏အမိန့်တော်များကို) ကြားနာ ကြ ပါပြီ။ ထို့ပြင်တဝ (ကြားနာသည့်အတိုင်း) လိုက်နာကြ ပါပြီ။ အို-ကျွန်တော်မျိုးတို့အားမွေးမြူတော်မူသော အသျှင် (ကျွန်တော်မျိုးတို့သည် အပြစ်များမှ) အသျှင်မြတ်၏ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနား တော်မူခြင်းကိုသာ (ထာဝစဉ် လိုလားတောင့်တကြပါ သည်)။ တဖန်(ကျွန်တော်မျိုးတို့၏ ပြန်လည်ရောက်ရှိရာ)နောက်ဆုံး စခန်းသည် လည်း အရှင်မြတ်၏ အထံတော်၌ပင် ဖြစ်ပါသည်” ဟုလျှောက်ထား ပန်ကြားကြလေသတည်း။

၀၀၂ : ၂၈၆။ အလ္လာဟ်အရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောက် ကိုမျှ ထိုသူ၏ စွမ်းအားထက်ပို၍ တာဝန်ပေးတော်မမူချေ။ မိမိကိုယ်တိုင် ရှာဖွေဆည်းပူးပြုလုပ်ခဲ့သော(ကောင်းမှု၏ အကျိုးသည်) သာလျှင် ထိုသူ၏အဖို့ဖြစ်၍၊မိမိကိုယ်တိုင် ရှာဖွေဆည်းပူး ပြုကျင့်ခဲ့သော (မကောင်းမှု၏အပြစ်သည်) သာလျှင် ထိုသူ၏အပေါ်၌တင်ရှိအံ့။(အသင်တို့သည် အလ္လာဟ် အရှင်မြတ် အထံတော်၌ ဤသို့ဆုတောင်းပတ္ထနာ ပြုကြကုန်) အို-ကျွန်တော်မျိုးတို့အားမွေးမြူတော်မူသောအရှင်၊ ကျွန်တော် မျိုးတို့မေ့လျော့၍ဖြစ်စေ၊ မှားယွင်း ချွတ်ချော်၍ဖြစ်စေ (ပြုမိသော မကောင်းမှုနှင့်စပ်လျဉ်း၍) အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား အပြစ်ဒဏ်ပေးတော်မမူပါနှင့်။ထို့ပြင်တဝ အို-ကျွန်တော်မျိုးတို့အား မွေးမြူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အလျင် ရှေးအထက်အဆက်ဆက်က လူမျိုးတို့အပေါ်၌ တင်ထားတော်မူသကဲ့သို့ ကျွန်တော်မျိုးတို့ အပေါ်၌ လေးလံသောဝန်ကို တင်တော်မမူပါနှင့်။ ထို့ပြင် အို- ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်၊ ကျွန်တော်မျိုးတို့ မတတ်စွမ်းနိုင်သောတာဝန်ကိုလည်း အရှင်မြတ် သည် ကျွန်တော်မျိုးတို့အားထမ်းရွက်စေတော် မမူပါနှင့်။ ထို့ပြင် အရှင်မြတ်သည် ကျွန်တော် မျိုးတို့ကို ခွင့်လွှတ်တော်မူပါ၊ ၄င်းပြင် အရှင်မြတ်သည်ကျွန်တော်မျိုးတို့အား (အပြစ်များမှ) လွတ်ငြိမ်း ချမ်းသာခွင့်ကိုပေးသနားတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်တော်မျိုးတို့ အပေါ်ဝယ်၊ သနားညှာတာတော်မူပါ။ အရှင်မြတ်သည်သာလျှင် ကျွန်တော်မျိုးတို့အား ကူညီစောင်မတော် မူသော အရှင်ဖြစ်တော်မူပါ၏၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား”ကာဖိရ်” မယုံမကြည် သွေဖည်ငြင်းဆန် သောသူ များအပေါ်ဝယ် (အောင်နိုင်စေခြင်းငှါ) ကူညီစောင်မတော်မူပါ။ ကျွန်တော်မျိုးတို့အား ထမ်းရွက်စေတော် မမူပါနှင့်။ ထို့ပြင် အရှင်မြတ်သည် ကျွန်တော် မျိုးတို့ကို ခွင့်လွှတ်တော်မူပါ၊ ၄င်းပြင် အရှင်မြတ်သည်ကျွန်တော်မျိုးတို့အား (အပြစ်များမှ) လွတ်ငြိမ်း ချမ်းသာခွင့်ကိုပေးသနားတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်တော်မျိုးတို့ အပေါ်ဝယ်၊ သနားညှာတာတော်မူပါ။ အရှင်မြတ်သည်သာလျှင် ကျွန်တော်မျိုးတို့အား ကူညီစောင်မတော် မူသော အရှင်ဖြစ်တော်မူပါ၏၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား”ကာဖိရ်” မယုံမကြည် သွေဖည်ငြင်းဆန် သောသူ များအပေါ်ဝယ် (အောင်နိုင်စေခြင်းငှါ) ကူညီစောင်မတော်မူပါ။

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
Click outside to hide the comparison bar
Compare