Blog

၀၉၀။ စူရာ ဗလဒ် : မြို့တော် ကဏ္ဍ (မက္ကာမြို့တော်ကျ- ၂၀ အာယသ်တေ

surah-90_img
The Holy Quran and Myanmar Translation

၀၉၀။ စူရာ ဗလဒ် : မြို့တော် ကဏ္ဍ (မက္ကာမြို့တော်ကျ- ၂၀ အာယသ်တေ


Notice: Undefined index: options in /home/kpr4d695aq7d/public_html/wp-content/themes/edumall/elementor/widgets/original/section.php on line 45

မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။

၀၉၀ : ၁ ငါအရှင်မြတ်သည် မက္ကာမြို့တော်ကို သက်သေထူတော်မူ၏။

၀၉၀ : ၂ စင်စစ် အသင်သည် ဤမြို့တော်၌ ဝင်ခွင့်ပြုခြင်း ခံရပေမည်။

၀၉၀ : ၃ ၄င်းအပြင် ငါအရှင်သည် ဖခင်ကို၄င်း၊ ၄င်းဖခင်ကမွေးသော သားသမီးကို၄င်း သက်သေထူတော်မူ၏။

၀၉၀ : ၄ ဧကန်မုချ ငါအရှင်သည် လူကို (ကြီးကျယ်သော) ပင်ပန်းသည့်ဘဝတွင် ဖန်ဆင်းခဲ့၏။

၀၉၀ : ၅ ထိုလူသည် မိမိအပေါ်၌ တတ်နိုင်စွမ်းသူ တစ်ဦးမှ ရှိမည်မဟုတ်ဟု ယူဆလေသလော။

၀၉၀ : ၆ ၄င်းက မိမိသည် မြောက်မြားစွာသော ပစ္စည်းများကို သုံးဖြုန်းခဲ့သည်ဟု ပြောဆို၏။

၀၉၀ : ၇ ၄င်းသည် မိမိအား မည်သူတစ်ဦးမျှ မြင်ခဲ့သည်မဟုတ်ဟု ယူဆလေသလော။

၀၉၀ : ၈ ငါအရှင်သည် ၄င်းအား မျက်စီနှလုံးကို ပြုလုပ်ပေးသနားတော်မူခဲ့သည် မဟုတ်ပါလား။

၀၉၀ : ၉ ထို့အပြင် လျှာတစ်ခုကို၄င်း၊ နုတ်ခမ်းနှစ်ခုကို၄င်း ပေးခဲ့သည် မဟုတ်ပါလော။

၀၉၀ : ၁၀ ၄င်းအပြင် ငါအရှင်မြတ်သည် ၄င်းအား လမ်းနှစ်သွယ်ကို ပြသတော်မူခဲ့သည်။

၀၉၀ : ၁၁ သို့ပါလျှက် ထိုလူသားသည် တောင်ကြားလမ်းကို ဖြတ်ကူးခဲ့သည် မဟုတ်ပေ။

၀၉၀ : ၁၂ စင်စစ် တောင်ကြားလမ်းသည် အဘယ်နည်း။ အသင်သိပါသလား။

၀၉၀ : ၁၃ ကျွန်တစ်ဦးအား လွတ်မြောက်စေခြင်းပင်ဖြစ်သည်။

၀၉၀ : ၁၄ သို့မဟုတ် ငတ်မွတ်သောနေ့တွင် ကျွေးမွေးခြင်းပင်ဖြစ်သည်။

၀၉၀ : ၁၅ ဆွေးမျိုးနီးစပ်ဖြစ်သော မိဘမဲ့ကလေးငယ်သူတစ်ယောက်အား ကျွေးမွေးခြင်းပင်။

၀၉၀ : ၁၆ မြေဝယ် လူးနေသော ဒုက္ခိတစ်ဦးအားကို၄င်း။

၀၉၀ : ၁၇ ထို့နောက် အီမာန် ယုံကြည်သူတို့အတွင်းပါဝင်ခြင်းဖြစ်ပြိး၊ ထိုသူတို့သည် တစ်ဥိးကိုတစ်ဦး သည်းခံကြရန်၄င်း၊ ကရုဏာတရားထားရန်၄င်း၊ လေးနက်စွာ ဆုံးမကြကုန်၏။

၀၉၀ : ၁၈ ထိုသူတို့ကား လက်ယာဘက်သားများပငဖြစ်ကြကုန်၏။

၀၉၀ : ၁၉ ငါအရှင်မြတ်၏ အာယသ်တော်များကို သွေဖည်ကြသူတို့သည် လက်ဝဲဖက်သားများပင်ဖြစ်ကြ၏။

၀၉၀ : ၂၀ ၄င်းတို့အပေါ်၌ ဖုံးအုပ်ထားသော မီးသည် လွှမ်းလျှက်ရှိချေအ့ံသတည်း။

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
Click outside to hide the comparison bar
Compare