Blog

ကြီးသူများကို ရိုသေခြင်း

Building Sound Character

ကြီးသူများကို ရိုသေခြင်း


Notice: Undefined index: options in /home/kpr4d695aq7d/public_html/wp-content/themes/edumall/elementor/widgets/original/section.php on line 45

တမန်တော်မြတ် (ဆွ) မိန့်တော်မူသည်မှာ- မည်သူမဆို မိမိတို့ထက်အသက်ကြီးသူများကို မလေးစားသူ ငယ်သူများကို မကြင်နာသူသည် ငါတို့၏ အသိုင်းအဝန်းမှ မဟုတ်ဟူ၍ဖြစ်သည်။

ယနေ့ခေတ် ကလေးသူများအတွက် အကောင်းဆုံးသော ရတနာအမွေဟူသည် မိမိတို့၏ အကြီးအကဲများ မိဘများထံမှ ပညာအမွေရရှိခြင်းပင်ဖြစ်သည်။ အမှန်တွင် မိမိတို့၏ အကြီး အကဲများသည် မိမိတို့ထက် ပညာအရာ ဗဟုသတအရာတွင် ပိုမို ကြွယ်ဝလေသည်။ အကြောင်းမှာ သူတို့သည် ဤလောကကြီးတွင် မိမိတို့ထက် အရင်ရောက်သူများဖြစ်ပြီး ဗဟုသုတ အရာတွင်လည်း များစွာ အတွေ့အကြုံရှိသူများ ဖြစ်သည့်အတွက်ကြောင့်ဖြစ်သည်။ မိမိတို့သည် သူတို့ထံမှ များစွာသော အကြောင်းအရာများကို နာယူတတ်မြောက်နိုင်ပါသည်။ မွတ်စ်လင်မ် တစ်ဦးသည် မိမိတို့၏ ဆရာများ အကြီးအကဲများထံမှ အဆိုပါ ပညာရပ်များကို ယဉ်ကျေးသိမ်မွေ့စွာဖြင့်၄င်း ဆင်ခြင်တိုင်းတာခြင်းဖြင့်၄င်း ချဉ်းကပ်သင်ယူနိုင်ပါသည်။ ထိုအခါ သူ၏ ဆရာနှင့် အကြီးအကဲတို့သည် ထိုသူငယ်အား ချစ်ခင်နိုင်ကာ ကြင်နာစွာဖြင့် ပညာရပ်များကို သင်ပေးချင်စိတ် ဖြစ်ပေါ်နိုင်ပါသည်။

တမန်တော်မြတ် (ဆွ) မိန့်တော်မူသည်မှာ- မည်သူမဆို မိမိတို့ထက်အသက်ကြီးသူများကို မလေးစားသူ ငယ်သူများကို မကြင်နာသူသည် ငါတို့၏ အသိုင်းအဝန်းမှ မဟုတ်ဟူ၍ဖြစ်သည်။

အဆိုပါဟဒီးဆ်တော်ကို ထောက်ခြင်းအားဖြင့် မိမိတို့သည် မိမိတို့ထက်ကြီးသော ဆရာသမား များ အသက်ကြီးသူများ လူမျိုးမရွေး ဘာသာမရွေး ချစ်ခင်လေးစားရမည်ကို ဆိုလိုပါသည်။ အထူးသဖြင့် မိမိတို့၏ ဆရာသများကို အထူးသတိထားကာ လေးလေးစားစား ဆက်ဆံရမည်။ အကြောင်းမှာ သူတို့သည် မိမိတို့ကို စါရိတ္တဆိုင်ရာများနှင့် အသိပညာရပ်များကို သင်ကြားပေး သည့်အတွက်ဖြစ်သည်။ ဆရာသမားတို့အတွက်ကြောင့်သာလျှင် မိမိတို့သည် လူသူတော် ကောင်းများဖြစ်လာကာ ဘဝအောင်မြင်မှုများကို ရရှိနိုင်သောကြောင့်လည်းဖြစ်ပါသည်။

မွတ်စ်လင်မ်တို့သည် မိမိတို့၏ ဆရာများကို လေးစားရမည်။ တမန်တော်မြတ် (ဆွ) မိန့်တော်မူ သည်မှာ-ငါသည် အမှန်တကယ်အသင်တို့အတွက် ဆရာ တစ်ယောက်အဖြစ် ပို့အပ်ခြင်းခံရ လေသည်။ (ဒါရီမီ) အမှန်စင်စစ် တမန်တော်မြတ်သည် မိမိ တို့အားလုံးအတွက် အထူးစံပြ ဆရာတစ်ဦးပင်ဖြစ်သည်။ တမန်တော်မြတ်(ဆွ) သင်ကြားပြသ မှုများသည် အလွန်ပင် တန်ဖိုး
ကြီးမားပြီး ထိုသို့သင်ကြားပြသခြင်းသည် အလွန်ကြီးမားသော တာဝန်တစ်ရပ်လည်းဖြစ် ပါသည်။ ဆရာဟူသည် မိမိတပည့်တို့၏ ပညာရည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အလွန်ပင် ဂရုစိုက်ရသူဖြစ်ပြီး သူတို့၏ အမှားအယွင်းများကိုလည်း အစဉ်ခွင့်လွှတ် တတ်သူဖြစ်ပါသည်။ ထို့ကြောင့်လည်း မွတ်စ်လင်မ် ကျောင်းသားကျောင်းသူကလေးများသည် မိမိတို့၏ ဆရာ သမားများကို အထူးဖြင့် လေးလေးစားစား ဆက်ဆံသင့်သလို သူတို့ကိုလည်း တတ်အားသ၍ ကူညီဆောင်မ ပေးရမည်ဖြစ်သည်။ ဆရာတိုင်းသည် ယဉ်ကျေးသိမ်မွေ့သော လိမ္မာရေးခြား ရှိသော ကျောင်းသားသူတိုင်းကို ချစ်ခင်ကြပါသည်။

မိမိတို့၏ တရားဝင် အုပ်ချုပ်သူများကိုလည်း လေးစားကြရမည်။
လူတို့၏ အသိုင်းအဝန်းတိုင်းတွင် အုပ်ချုပ်သူ၊ သမ္မတ၊ ဝန်ကြီးချုပ်၊ ဘုရင်၊ တရားသူကြီး၊ မြို့စား၊ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ကျောင်းအုပ် သို့ ကျောင်းဆရာဟူ၍ ရှိကြသည်ပင်ဖြစ်သည်။ အဆိုပါအုပ်ချုပ်သူတို့သည် မိမိတို့အုပ်ချုပ်ခံနယ်မြေဒေသရှိ လူတို့၏ သဘောတူမှုဖြစ် ရွေးချယ်တင်မြောက်ခံရကာ အုပ်ချုပ်သူများဖြစ်လာခြင်းဖြစ်သည်။ သူတို့၏ အဓိကတာဝန် ဝတ္တရားများသည် မိမိတို့နယ်မြေဒေသအတွင်းရှိ လူထု၏ အကျိုးအတွက် ဦးဆောင်ကာ ကူညီ စောင့်ရှောက်ပေးရမည့်တာဝန်ရှိလေသည်။

လူတိုင်းလူတိုင်းသည် မိမိတို့၏ နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်မှုအကျုုိးကို ထောက်ရှု့ကာ မိမိ တို့နိုင်ငံ၏ နိုင်ငံရေး လူမှုရေးတို့တွင် စိတ်ဝင်စားမှုရှိရမည်။ အကယ်၍ သူတို့သည် ဒီမိုကရေစီ စံနစ်ကျင့်သုံးသော နိုင်ငံတွင် နေထိုင်ရသည်ရှိသော် သူတို့သည် ရွေးကောက်ပွဲများ မဲပေးမှု စသည့်လုပ်ရပ်တို့တွင်လည်း ပါဝင်လုပ်ကိုင်ဆောင်ရွက်ရန်တာဝန်ရှိပေသည်။ ထို့အပြင် သူတို့ သည် မိမိတို၏ အုပ်ချုပ်သူများကို အကျိုးအကြောင်းသင့်လျော်သလို ကောင်းမွန်သင့်မြတ် သည့် အကြံဥါဏ်များကိုလည်း ပေးကြသင့်သည်။ သူတို့သည် မိမိတို့ နိုင်ငံတော်၏ ဥပဒေများ ကိုလည်း လိုက်နာသင့်ပေသည်။ ထို့အပြင် သူတို့သည် နိုင်ငံခေါင်းဆောင်တို့၏ အကျိုး အကြောင်းသင့်လျော်သော ကိစ္စများတွင်လည်း ကူညီဆောင်ရွက်ရပေမည်။ တိုင်းပြည်တွင် လည်း အုပ်ချုပ်သူတို့သည် နိုင်ငံအရေးကိစ္စအဝဝတို့ကို စုပေါင်းတိုင်ပင် နှီးနှောကာ သဘော တူညီစွာ လုပ်ကိုင်ဆောင်ရွက်သင့်ပါသည်။ တိုင်းသူပြည်သားတို့သည် ထိုသို့ စုပေါင်းဆောင် ရွက်ခြင်းမပြုဘဲ ထင်ရာစိုင်းနေကြလျှင် နိုင်ငံအတွင်း မည်သူမျှ အကျိုးဖြစ်ထွန်းမည်မဟုတ်ပါ။

ဥပမာအားဖြင့် လူတစ်ဦးသည် အိမ်တစ်အိမ်တည်ဆောက်သည်ဆိုပါစို့၊ သူသည် ကန်ထရိုက် ကို တိုက်ဆောက််ရန်တာဝန်ပေးအပ်ရမည်ဖြစ်သည်။ ထိုအခါ လက်သမားများ၊ ပန်းရံသမား များ၊ အုပ်သယ်သမားများ၊ လျှက်စစ်သမားများအားလုံးက ကန်ထရိုက်တာကို ကူညီဆောင်မ မှသာလျှင် တိုက်ဆောက်ခြင်းလုပ်ငန်းသည် ချောမွေ့စွာ အကောင်အထည်ပေါ်လာမည်ဖြစ် သည်။ သို့မဟုတ်ဘဲ ထိုသူတို့သည် မိမိတို့လုပ်ချင်ရာများကိုသာ လုပ်နေကြပြီး စုပေါင်း အကောင်းအထည်မဖေါ်ကြလျှင် တိုက်ဆောက်သည်အလုပ်သည် မည်သည့်အခါမျှ ဖြစ်လာ မည်မဟုတ်ပါ။ ထို့ကြောင့် မွတ်စ်လင်မ်မှန်လျှင် မိမိတို့၏ အုပ်ချုပ်သူတို့အား ပူးပေါင်း ဆောင််ရွက်ကာ ကူညီဆောင်မကြရမည်။ အကယ်၍ အုပ်ချုပ်သူတို့သည် တရားဝင် နည်းလမ်း များဖြင့် သမာသမတ်ကြစွာ အုပ်ချုပ်နေသမျှကာလပတ်လုံး ပြည်သူတို့သည် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေကြပြီး မတရားအုပ်ချုပ်သည့်အခြေအနေမျိုး ကြုံတွေ့လပြီဆိုလျှင် ပြည်သူတို့သည် အလ္လာဟ်အရှင့်မြတ်၏ အမိန့်တော်ကိုသာ ဦးထိပ်ပန်ကြရန်လိုအပ်ပါမည်။

ကျမ်းမြတ်ကုရ်အာန် စူရာနီစ အာယသ်တော် ၅၉ တွင် မိန့်သည်မှာ- အိုအီမာန်ယုံကြည်သူတို့ အသင်တို့သည် မိမိတို့၏ မွေးမြူဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ်ကို၄င်း၊ ၄င်းအရှင်၏ တမန်တော်ကို၄င်း၊ အသင်တို့၏ တရားဝင်အုပ်ချုပ်သော အုပ်ချုပ်သူတို့၄င်း ရိုသေကြိုးနွံ့စွာ နာခံကြပေလော့။

တမန်တော်မြတ် (ဆွ) မိန့်တော်မူသည်မှာ- အမိန့်ကို နားထောင်ခြင်းနှင့် လိုက်နာဆောင်ရွက် ခြင်းသည် မွတ်စ်လင်မ်တို့၏တာဝန်ဖြစ်သည်။ မွတ်စ်လင်မ်တို့သည် မိမိတို့ကို အလ္လာဟ် အရှင်မြတ်အား အမိန့်မနာခံနှင့်ဟု မပြောသမျှကာလပတ်လုံး အုပ်ချုပ်သူတို့၏ အမိန့်ကို ကြိုက်သည်ရှိစေ မကြိုက်သည်ရှိစေ၊ လိုက်နာရမည်။ သို့သော် အလ္လာဟ်အရှင်မြတ်အား ဆန့်ကျင်သည် တာဝန်ပေးအပ်လျှင် နားမထောင်သင့်သလို လိုက်နာဆောင်ရွက်ခြင်းလည်း မပြုအပ်ပါ။ (ဘူခါရီကျမ်း)

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
Click outside to hide the comparison bar
Compare