Blog

ဂျွမ္မဟ်ခွသ်ဘဟ်- မှန်ကန်သောလမ်းကိုပြရင်း မကောင်းမှုမှတားမြစ်ခြင်း

Khutbah

ဂျွမ္မဟ်ခွသ်ဘဟ်- မှန်ကန်သောလမ်းကိုပြရင်း မကောင်းမှုမှတားမြစ်ခြင်း


Notice: Undefined index: options in /home/kpr4d695aq7d/public_html/wp-content/themes/edumall/elementor/widgets/original/section.php on line 45

တဖန် ကျမ်းမြတ်ကုရ်အာန် ၁၆ : ၁၂၅ မှာ မြင့်မြတ်သောအလ္လာဟ်အရှင်မြတ်က မိန့်တော်မူသည်မှာ-အို မုဟမ္မဒ် (ဆွ) လူသားတို့အား အလ္လာဟ်အရှင်မြတ်ထံတော်သို့ ဖိတ်ခေါ်လော့။ ထိုသို့ဖိတ်ခေါ်ရာတွင် ကျမ်းမြတ်ကုရ်အာန် ကိုအခြေခံလျှက် အသိတရားဗဟုသုတနှင့် လျှော်ကန်သော တရားဒေသနာများဟောကြားခြင်းဖြင့်၄င်း တင်ပြ ပေလော့။

သောံကြာနေ့ ၂၄ ဂျူလိုင်လ ၂၀၀၂ ရှအ်ဗာန်လ ၁ ရက် ၁၄၃၀ ဟိဂျ်ရီ

ဂျွမ္မဟ်ခွသ်ဘဟ်- မှန်ကန်သောလမ်းကိုပြရင်း မကောင်းမှုမှတားမြစ်ခြင်း

الحمد لله نحمده ونستعينه ونستغفره، ونعوذ بالله من شرور أنفسنا ومن سيئات أعمالنا، من يهده الله فلا مضل له، ومن يضلل فلا هادي له، وأشهد أن لا إله إلا الله وحده لا شريك له وأشهد أن محمداً عبده ورسوله.

လေးစားချစ်ခင်ရသော မွတ်စ်လင်မ် ညီအကိုမောင်နှမအပေါင်းတို့ ……

ချီးမွမ်းခြင်းအပေါင်းတို့သည် အလ္လာဟ်အရှင်မြတ် အတွက်သာတည်း။ ကျွနု်ပ်တို့သည် အလ္လာဟ်အရှင်မြတ်ထံ တော်မှသာ အကူအညီတောင်းခံပါသည်။ ခိုလှုံခွင့်နှင့် ခွင့်လွှတ်မှုကိုလည်းတောင်းခံပါသည်။ ထိုအပြင် ကျွနု်ပ်တို့ စိတ်အတွင်းရှိ မကောင်းမှုကို အားပေးသည့်လှုံဆော်မှုနှင့် ပြင်ပမှ ပြစ်မှုကျူးလွန်အောင်ပြုလုပ်သည့် လှုံဆော်မှု များမှ ကာကွယ်မှုရရန် အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံပါသည်။ ထို့အပြင် တမန်တော်မြတ်(ဆွ)နှင့် မိသားစုဝင်များ အဆွဟာဗ်တော်များ အားလုံးအပေါ် အလ္လာဟ်အရှင်မြတ်၏ ရဟ်မသ်တော် ဘရကသ်တော်များ ကျရောက် စေသားဟုလည်း ဆုမွန်ကောင်းတောင်း ခံအပ်ပါသည်။ အာမီးန်

ယနေ့တင်ပြချင်တဲ့အကြောင်းအရာကတော့…..

ကောင်းရာညွှန်ကြား မကောင်းရာတားမြစ်ခြင်းဆိုတဲ့အကြောင်းပါဘဲ။ ဒီအကြောင်းကတော့ အပ်ကြောင်းထပ် နေတဲ့ ခေါင်းစဉ်ဆိုပြီး သတိမပြုခြင်တဲ့စိတ်ဖြစ်တတ်တယ်။ တကယ်တော့ ဒီအကြောင်းဟာ အလွန်အရေးကြီးတဲ့ အကြောင်းဖြစ်တယ်။ မိမိတို့ကိုယ်တိုင်က နားလည်သဘောပေါက်မှ ကိုယ့်သား သမီးတွေကို နားလည်အောင် ရှင်းပြနိုင်မယ်။ ဒီနေ့ခေတ်က အလွန်ကို ပျက်စီးနေပြီဖြစ်လို့ ဒီအကြောင်းကို မကြာခဏ ပြောဖို့လိုအပ်သလို နေ့စဉ်ကိုယ့်သားသမီးတွေကိုလည်း မကြားခဏ ဆိုဆုံးမဖို့ လိုအပ်တယ်။ နေ့စဉ် အလ္လာဟ်အရှင် မြတ်ကို သတိရနေလျှင် အလ္လာဟ်အရှင်မြတ်ကလည်း သတိရမှာပါ။ ကောင်းရာညွှန်ကြားဖို့ဆိုတိုင်း လူအတော်များ များဟာ ကောင်းတဲ့အလုပ်တစ်ခုတစ်ခုကို လုပ်ဖို့ လမ်းညွှန်ပေးဖို့လို့ ဆိုလိုကြတယ်။ ဒါပေမဲ့ အကောင်းဆုံးသော ကောင်းရာညွှန်ကြားခြင်းဟာ လူတစ်ဦးကို သူရဲ့မွေးမြူဖန်ဆင်းရှင်နဲ့ မိတ်ဆက်ပေးခြင်းဘဲဖြစ်တယ်။ လူတစ်ဦးဟာ သူ့ရဲ့ ဖန်ဆင်းရှင် အလ္လာဟ်ကို နားလည်သွားရင်တော့ အဲ့ဒီလူဟာ အကောင်းဆုံးလူ တစ်ယောက် ဖြစ်သွားတတ်လို့ပါ။

လေးစားချစ်ခင်ရသော မွတ်စ်လင်မ် ညီအကိုမောင်နှမအပေါင်းတို့…….

ကျမ်းမြတ်ကုရ်အာန် ၂၈ း ၈၇ မှာ မြင့်မြတ်သောအလ္လာဟ်အရှင်မြတ်က မိန့်တော်မူသည်မှာ- လူသားတို့ကို အလ္လာဟ် အရှင်မြတ်အား ယုံကြည်လာအောင် ဖိတ်ခေါ်ကြလော့။ အဲ့ဒီလို ဖိတ်ခေါ်ရာမှာ သောင်ဟီဒ် သဘောတရားဖြစ်တဲ့ အလ္လာဟ်တစ်ပါတည်းရှိကြောင်း၊ အလ္လာ့ဟ်ကိုသာလျှင် ကိုးကွယ်ဆည်းကပ်ရန် လိုကြောင်း၊ ယှဉ်ပြိုင်ကိုးကွယ်ခြင်း မပြုသင့်ကြောင်း၊ အလ္လာဟ်အရှင်မြတ်၏ နာမတော်နှင့် ဂုဏ်တော်တို့သည် အခြားမည်သူ တစ်ဦးတစ်ယောက် ထံတွင်မျှ မရှိကြောင်း စတာတွေကို နားလည်သဘောပေါက်စေရမယ်။
တဖန် ကျမ်းမြတ်ကုရ်အာန် ၁၆ : ၁၂၅ မှာ မြင့်မြတ်သောအလ္လာဟ်အရှင်မြတ်က မိန့်တော်မူသည်မှာ-အို မုဟမ္မဒ် (ဆွ) လူသားတို့အား အလ္လာဟ်အရှင်မြတ်ထံတော်သို့ ဖိတ်ခေါ်လော့။ ထိုသို့ဖိတ်ခေါ်ရာတွင် ကျမ်းမြတ်ကုရ်အာန် ကိုအခြေခံလျှက် အသိတရားဗဟုသုတနှင့် လျှော်ကန်သော တရားဒေသနာများဟောကြားခြင်းဖြင့်၄င်း တင်ပြ ပေလော့။

တဖန် ကျမ်းမြတ်ကုရ်အာန် ၀၅ း ၀၂ မှာ မြင့်မြတ်သောအလ္လာဟ်အရှင်မြတ်က မိန့်တော်မူသည်မှာ- အသင်တို့သည် တစ်ဦးကိုတစ်ဦး သက္ကဝါတည်ဆောက်ရန်လည်းကောင်း၊ ကောင်းမှုလုပ်ကိုင်ကြရန်လည်း ကောင်း ကူညီဆောင်ရွက်ကြပေလာ့။ ကောင်မှုဆိုတာ လူတစ်ဦးကို ဆွလာသ်တည်ဆောက်ရန် သင်ပေးခြင်း အပြင် အခြားကောင်းတဲ့အလုပ်တွေဖြစ်တဲ့ကူညီခြင်း၊ ပညာသင်ပေးခြင်း လိမ်မာရေးခြားရှိအောင် ဆိုဆုံးမ ခြင်းလဲပါပါတယ်။ ထိုနည်းအတိုင်း ကျမ်းမြတ်ကုရ်အာန် ၀၃ း ၁၀၄ မှာ မြင့်မြတ်သောအလ္လာဟ် အရှင်မြတ်က မိန့်တော်မူသည်မှာ- အသင်တို့အတွင်းမှ အုပ်စုတစ်စုကို ကောင်းမှုတရားလုပ်ကိုင်ဆောင်ရွက်ရန် ရွေးချယ်ကြ လော့။ သဘောက ကောင်းခြင်းတရားဆိုတာ သာသနာပြုခြင်းလုပ်ငန်း ဒအ်ဝသ်လုပ်ခြင်းကို ဆိုလိုတာပါ။ ဒအ်ဝသ်လုပ်ငန်းရဲ့သဘောက လူတစ်ဦးကို ကောင်းအောင် ကောင်းတဲ့အလုပ်တွေလုပ်အောင် သင်ကြားပေး ခြင်းဘဲဖြစ်ပါတယ်။ ဒါပေမဲ့ ပထမက မိမိကိုယ်ကိုကောင်းအောင် သင်ယူရမှာက အရေးကြီး ဆုံးဖြစ်ပါတယ်။ ဒါကြောင့် ဒအ်ဝသ်လုပ်ငန်းမှာ ဒီနေ့အထူးပြော ဆိုနေတာက မိမိကိုယ်ကိုကောင်းအောင် ပထမလုပ်ရမည် ဆိုတာပါ။

လူတွေကိုကောင်းအောင်လုပ်တဲ့လူဟာ တော်တော်ကံထူးသူဖြစ်တယ်၊ လူတစ်ဦးကြောင့် အခြားလူတွေကောင်း သွားရင် အဲ့ဒီလူဟာ သူ့ကြောင့် ကောင်းသွားတဲ့လူတွေလုပ်တဲ့ ကောင်းမှုများရဲ့ဆွဝါဗ်တွေအားလုံးကို ဆတူရရှိ နေလိမ့်မယ်။ အထောက်အထားအနေနဲ့ပြောရရင်တော့။ အဘူမဆ်အူဒ် အွက်ဘဟ်ဘင်အမရ် အလ်အန်ဆာရီ အလ် ဘဒ်ရီ (ရ) တင်ပြသည်မှာ- တမန်တော်မြတ် (ဆွ) မိန့်တော်မူသည်၊ မည်သူမဆို တစ်ဦးတစ်ယောက်ကို ကောင်းမှုလုပ်ကိုင်ရန် ဖိတ်ခေါ်သည်ဖြစ်အ့ံ၊ ထိုသူသည် ဖိတ်ခေါ်ခံရသူ ပြုလုပ်ခဲ့သမျှ ကောင်းမှုများနှင့် တူညီသော အကျိုးဆွဝါဗ်များကို ရရှိမည်ဖြစ်သည်။ (မွတ်စ်လင်မ်ကျမ်း)

ထပ်ပြီးအနည်းငယ်ရှင်းရရင်တော့- အထက်ပါဟဒီးဆ်ဟာ တမန်တော်မြတ်(ဆွ) က အခြေအနေတစ်ခုနှင့် စပ်လျှဉ်း ပြီးတင်ပြခြင်းဖြစ်တယ်။ တစ်နေ့ လူတစ်ဦးက တမန်တော်မြတ် (ဆွ) ထံမှာ အစီးအနင်းတစ်စုံတစ်ရာကို တောင်းခံလေ တယ်။ အဲ့ဒီအခါ တမန်တော်မြတ်(ဆွ) က မိမိထံ၄င်း အစီးအနင်းမရှိကြောင်း မိန့်လေသည်။ ထိုအခါအနီးရှိ တစ်စုံတစ််ယောက်က အစီးအနင်းအကူအညီပေးနိုင်မည့် လူတစ်ဦးထံ ထိုသူကို လမ်းညွှန်လိုက် သည်။ ထိုအခါ တမန်တော်မြတ်(ဆွ) က ထိုလမ်းညွှန်သူကို ဦးတည်ကာ မိန့်သည်မှာ အသင်သည်လည်း အစီးအနင်းကို အကူအညီ ပေးမည့်သူကဲ့သို့ပင် အကျိူးဆွဝါဗ် ရရှိမည်ဖြစ်သည်။ သဘောမှာ မည်သူမဆို အကူအညီပေးလျှင်၊ ကောင်းမှုတစ်ခု လုပ်လျှင် တူညီသော အကျိူးဆွဝါဗ် ရရှိမည်အကြောင်းတင်ပြခြင်း ဖြစ်ပါတယ်။

အဘူဟူရိုင်ရာ(ရ) တင်ပြတဲဲဲ့ ဟဒီးဆ်မှာက- တမန်တော်မြတ်(ဆွ) မိန့်တော်မူသည်မှာ- မည်သူမဆို လူတစ်ဦးကို ကောင်းမှုလုပ်ကိုင်ဆောင်ရွက်ရန် စည်းရုံးခဲ့သည်ဖြစ်အ့ံ။ ထိုသူသည် အစည်းရုံးခံရသူပြုလုပ်ခဲ့သမျှ ကောင်းမ ှုများ၏ အကျိူးဆွဝါဗ်များနှင့် တူညီသော အကျိုးဆွဝါဗ်များကို အစဉ်ရရှိနေမည်ဖြစ်သည်။ ထိုနည်းအတိုင်းပင် မည်သူမဆို လူတစ်ဦးအား မကောင်းမှုလုပ်ကိုင်ရန် စည်းရုံးခဲ့အ့ံ၊ ထိုသူသည် အစည်းရုံးခံရသူပြုလုပ်ခဲ့သမျှသော မကောင်းမှုများ၏ အကုသိုလ် အကျိုးများကို ၄င်းတို့လုပ်နေသမျှ အကျိုးတူ ရရှိနေမည်ဖြစ်သည်။ သဘောက တော့ စည်းရုံးခြင်း၊ ဖိတ်ခေါ်ခြင်းဆိုတာ လူတစ်ဦးကို ကောင်းမှုုလုပ်ကိုင်ဆောင်ရွက်ရန်ဖြစ်စေ မကောင်းမှုကို လုပ်ကိုင်ဆောင်ရွက်စေရန်ဖြစ်စေ အဲ့ဒီလို ဖိတ်ခေါ်သူဟာ သူဖိတ်ခေါ်တဲ့ အလုပ်အပေါ်မူတည်ပြီး ကာင်းကျိုး ကိုဖြစ်စေ မကောင်းကျိုးကို ဖြစ်စေ လုပ်သူနှင့် တူညီတဲ့ အကျိုးကို ရရှိမည်ကိုဆိုလိုခြင်းဘဲဖြစ်ပါ တယ်။

လေးစားချစ်ခင်ရသော မွတ်စ်လင်မ် ညီအကိုမောင်နှမအပေါင်းတို့…….

ကောင်းတဲ့အလုပ်လုပ်ဖို့ ဖိတ်ခေါ်တဲ့နေရာများ အကောင်းဆုံးအလုပ်ကတော့ လူတွေကို အစ္စလာမ်သာသနာ ဖက်ကို ဖိတ်ခေါ်ခြင်းဆိုတဲ့အလုပ်ကို ဦးဆုံးလုပ်သင့်ပါတယ်။ အခြားကောင်းတဲ့အလုပ်တွေဖြစ်တဲ့ ပညာသင်ပေးခြင်း၊ အလုပ်သွင်းပေးခြင်း၊ ဆိုဆုံးမခြင်းဆိုတဲ့အလုပ်တွေကို ဒုတိယအဆင့်အနေဖြင့်လုပ ်သင့်တယ်။ ဘာကြောင့်လဲဆိုတော့ လူဟာ အစ္စလာမ်တစ်ယောက်ဖြစ်ပြီး မွတ်စ်လင်မ်တစ်ဦး လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်ကို လုပ်တတ်တဲ့အလေ့အထရလာရင် ကျန်တဲ့အလုပ်တွေဟာ သူ့အတွက် အလွန်လွယ်က ူသွားလိမ့်မယ်။ ဂျီဟဒ်တိုက်ပွဲမှာတောင် ရန်သူတွေကို အစ္စလာမ်ကို ပထမဦးဆုံး ဒအ်ဝသ် အရင်ပေးရတယ်။ ဒါနဲ့ပတ်သက်ပြီး ဟဒီးဆ်တော်တစ်ခုကို ပြောပြပါရစေ။

ဆဟလ်ဗင်ဆအဒ် (ရ) တင်ပြသည်မှာ တမန်တော်မြတ်(ဆွ) ခိုင်ဘဲရ်တိုက်ပွဲဖြစ်မည့်နေ့တွင် မိန့်သည်မှာ ငါသည် တိုက်ပွဲအောင်လံကို အလ္လာဟ်အရှင်မြတ် အောင်မြင်မှုပေးမည့် သူရဲကောင်း၏ လက်အတွင်းပေး အပ်မည်။ မည်သူ မဆိုအလ္လာဟ်နှင့် သူ၏တမန်တော်ကို ချစ်ခင်လျှင် အလ္လာဟ်နှင့် သူ၏တမန်တော်သည်လည်း ထိုသူ့ကိုချစ်ခင်မည် ဖြစ်သည်။ လူတိုင်းသည် ညအခါအတွေးကိုယ်စီဖြင့် မည်သူသည် ထိုကံကောင်းသူ ဖြစ်မည်နည်း။ မနက်မိုးလင်းသည့် အခါလူတိုင်းသည် တမန်တော်မြတ်(ဆွ)ထံအပြေးအလွှာသွားရောက် ်စုရုံးကြလေသည်။ လူတိုင်းသည် မိမိသည်သာ လျှင် ထိုအောင်လံကိုပေးအပ်ခံရမည်ဟု မျှော်လင့်နေကြသည်။ ထိုအခါ တမန်တော်မြတ်(ဆွ)မိန့်သည်မှာ အလီအိဗ်နိ အဘူသွာလိဗ် ဘယ်မှာနည်း။ လူတို့က အိုတမန်တော် သူသည် မျက်စိနာကျင်နေသဖြင့် မလာနိုင်ကြောင်းပြောကြသည်။ တမန်တော်မြတ် (ဆွ) သူ့ကိုသွားခေါ်ခဲ့ကြ လော့ဟုဆိုသည်။ အလီ(ရ) ရောက်လာသည့်အခါ တမန်တော်မြတ် (ဆွ) က တံတွေးတော်ဖြင့် အလီ(ရ)၏ မျက်စိအားလိမ်းပေးသဖြင့် လုံးဝပကတိအတိုင်း ပျောက်ကင်းသွားလေသည်။ ထို့နောက် အောင်လံတော်ကို အပ်နှင်းလေသည်။ ထိုအခါ အလီ(ရ)က အိုတမန်တော် ကျွန်ုပ်အနေဖြင့် ရန်သူတို့ကို မိမိတို့ကဲ့သို့ မွတ်စ်လင်မ်ဖြစ်သည့်အထိ တိုက်ခိုက်ရမည်လောဟုမေးမြန်းလေသည်။ တမန်တော်မြတ်(ဆွ) မိန့်သည် မှာ- သတိ၀ိရိယဖြင့် ရှေ့သို့ချီတက်ကြ၊ သူတို့နှင့် ရင်ဆိုင်တွေ့လျှင် သူတို့အား အစ္စလာမ်၏ဒအ်ဝသ်ကိုပေးလော့၊ သူတို့အား အစ္စလာမ်နှင့်ပတ်သက်သော တာဝန်ဝတ္တရားများကို၄င်း၊ အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်သော တာဝန် ဝတ္တများကို၄င်း ပြောကြားလော့၊ ၄င်းတို့အတွင်းမှ တစ်ဦးပင် အသင့်ကြောင့် အစ္စလာမ်သာသနာကို လက်ခံခဲ့လျှင် ထိုအဖြစ်သည် အသင်အနေဖြင့် အနီရောင် ကုလားအုပ် တစ်စုလုံးကို ပိုင်ဆိုင်သည်ထက် ပို၍ပင် သာလွန်ကောင်းမွန် ပေသည်။ (ဘူခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း)

အထက်ပါဟဒီးဆ်တွင် အလီ(ရ)၏ စွမ်းဆောင်နိုင်မှုစွမ်းရည်ကိုသာမက တမန်တော်မြတ်(ဆွ)၏ မို့ဂျီဇာကိုလည်း တွေ့ရတဲ့အပြင် ဂျီဟဒ် လုပ်ငန်းစဉ်ရဲ့ နည်းစနစ်များကိုုလည်း သိရပါတယ်။ ဂျိဟဒ်ဆိုတာ ဦးစွာ ရန်သူ ဆိုသူတို့ကို အစ္စလာမ်သာသနာရဲ့ ဒအ်ဝသ်ကို ဦးစွာပေးရမယ်။ သူတို့က အစ္စလာမ်ကို လက်ခံခဲ့လျှင် သူတို့ကို တိုက်ခိုက်ခြင်း မပြုဘဲ စစ်ရပ်ဆိုင်းရမယ်။ အစ္စလာမ်ကို လက်မခံမှသာလျှင် ၄င်းတို့ကို တိုက်ခိုက်ခြင်းပြုရမည်။ သဘောမှာ ရန်သူများ အတွင်းကနေ တစ်ဦးတစ်ယောက်ဟာ အစ္စလာမ်ဘာသာကို လက်ခံလျှင် ထိုသူ အစ္စလာမ်အဖြစ်နှင့်ပြုလုပ်မည့် ကုသိုလ်မှန်သမျှတို့ဟာ ဂျီဟဒ်ခရီးစဉ်တွင်းပါဝင်သူအားလုံးတို့လည်း အကျိုးတူ ဆွဝါဗ်ကို ရရှိကြလိမ့်မည်ဖြစ်ပါတယ်။

လေးစားချစ်ခင်ရသော မွတ်စ်လင်မ် ညီအကိုမောင်နှမအပေါင်းတို့…….

တချို့ကြတော့လည်း ကောင်းရာညွှန်ကြားကြသလို တချို့ကြတော့လည်း ငွေကြေးပစ္စည်းအင်အားနဲ့ ကူညီကြတာကို တွေ့ရတယ်။ သဘောကတော့ အတူတူဘဲဖြစ်ပါတယ်။ ပစ္စည်းလှုလိုက်လို့လည်း လူတစ်ဦးဟာ မိမိရဲ့လိုအင်ပြည့်ဝ သွားမယ်ဆိုရင် လှုလိုက်တဲ့လူလည်း ထိုနည်းအတိုင်း အကျိုးဆွဝါဗ် ရရှိမှာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဟဒီးဆ် တော်တစ်ပုဒ် အမိန့်ရှိပါတယ်။ အနက်စ်ဗင်မာလိက် (ရ)တင်ပြတာက- အက်စ်လမ်အမျိုးအနွယ်ဝင် လူငယ်တစ်ဦးဟာ တမန်တော်မြတ်(ဆွ)အား လျှောက်ထားပါတယ်- အို တမန်တော် ကျွနု်ပ်ဟာ အလ္လာဟ်လမ်းတွင် တိုက်ပွဲဝင်ရောက်လိုပါတယ်၊ သို့သော် ကျွနု်ပ်မှာ မည်သည့်တိုက်ပွဲဝင် လက်နက်ပစ္စည်းမှမရှိပါဘူး။ အဲ့ဒီအခါ တမန်တော်မြတ်(ဆွ) မိန့်သည်မှာ အကြင်သူတစ်ဦးထံသို့သွားပါ၊ ထိုသူသည် တိုက်ပွဲဝင်ရန်အတွက် လက်နက်ပစ္စည်းများ အသင့်ပြင်ဆင်ထားပါတယ်။ သို့သော်သူက ကျန်းမာရေးမကောင်းတဲ့အတွက် မသွားဖြစ်ပါ။ ထိုအခါ လူငယ်က ထိုကျန်းမာရေးမကောင်းသူထံ သွားပါတယ်။ အဲ့ဒီနောက် လူငယ်ပြောတာက – တမန််တော်မြတ်(ဆွ) အသင့်ထံ စလာမ်ပို့သပါတယ်။ အသင့်အနေဖြင့် တိုက်ပွဲဝင်ရန် စုဆောင်းထားတဲ့ လက်နက်ပစ္စည်းများ ကျွနု်ပ်ကိုပေးလိုက်ပါလို့ပြောပါတယ်။ အဲ့ဒီအခါ ထိုသူက မိမိ ရဲ့သားသမီးများနဲ့အစေခံတို့ကို ပြောတာက ဒီလူငယ်ကို ငါ၏ လက်နက်ပစ္စည်းများကိုပေးလိုက်ပါ။ သူ့ထံက မည်သည့် ငွေကြေးကိုမှ မတောင်းခံပါနဲ့၊ အကယ်၍ အသင်တို့ မည်သည့် အသပြာတစ်ခုမျှ ထိုသူငယ်ထံကနေယူခဲ့သည်ရှိသော ငါတို့ဟာ မည်သည့် အကျိုးဆွဝါဗ်မှ ရရှိမည်မဟုတ်ပါဘူး။

လေးစားချစ်ခင်ရသော မွတ်စ်လင်မ် ညီအကိုမောင်နှမအပေါင်းတို့……..

မိမိတို့အနေနဲ့ ဒီဟဒီးဆ်ကနေ ရရှိတဲ့ ဗဟုသုတက မည်သူမဆို ကောင်းမှုတစ်ခုကို လုပ်လျှင် အဲ့ဒီကောင်းမှု လုပ်ကိုင်ဆောင်ရွက်ဘို့အတွက် ပစ္စည်းပစ္စယာများ စုဆောင်းထားသည်ရှိအ့ံ၊ မိမိသည် ခိုင်လုံသော တရားဝင် အကြောင်း တစ်စုံတစ်ရာကြောင့် ထိုအလုပ်ကို မလုပ်နိုင်လျှင် ၄င်းအလုပ်ကို လုပ်ကိုင်ဆောင်ရွက်နိုင်မဲ့သူကို အဲ့ဒီပစ္စည်းများပေးအပ်လိုက်ခြင်းဟာ မိမိကိုယ်တိုင် အဲ့ဒီအလုပ်ကို လုပ်ကိုင်ဆောင်ရွက်တဲ့ အကျိုးဆွဝါဗ်များ ရရှိနိုင်ကြောင်း ပင်ဖြစ်ပါတယ်။ ထို့ကြောင့် မည်သူမဆို မိမိဥစ္စာပစ္စည်းများကို အဆိုပါကဲ့သို့သော အခြေအနေမျိုးများနဲ့ ကြုံဆုံခဲ့ပြီး မလှုမတန်းလိုက်ခဲ့လျှင် ထိုသူဟာ အလွန်ကြီးမားသော အခွင့်အရေးကို လက်လွတ်ဆုံးရှုံး လိုက်ရသလို အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှုမှလည်း ဝေးကွားသွားမည်ဖြစ်နိုင်တာကို သတိပြုရမယ်။

နိဂုံးချုပ်အနေနဲ့ ပြောချင်တာက ကောင်းမှုကိုလုပ်ဖို့ဆိုတာ အလ္လာဟ်အရှင်မြတ်ရဲ့ အမိန့်ဘဲဖြစ်တယ်။ ကောင်းမှုကိုလုပ်တဲ့အခါ ကိုယ်တိုင်ဘဲလုပ်သည်ဖြစ်စေ အခြားသူတို့ကို စိတ်အား လူအားဖြင့်ဖြစ်စေ ကူညီခြင်းဟာ မိမိအတွက်ကော အခြားသူများအတွက်ပါ အကျိုးကျေးဇူးဖြစ်စေတယ်။ ဒါပေမဲ့ ကောင်းမှု တွေထဲမှာ အကောင်းဆုံးကတော့ အစ္စလာမ် သာသနာကို ဖိတ်ခေါ်ခြင်း၊ အီမာန်ခိုင်မြဲအောင် သင်ပေးခြင်းဟာ အကောင်းဆုံးသော ကောင်းမှုဖြစ်ပြီး ဒုတိယအနေနဲ့ အမလ်ဆွာလိဟ်လို့ခေါ်တဲ့ လူတစ်ဦးကို ပညာရေး၊ လူမှုရေး ကဏ္ဍတွေမှာ ကူညီဆောင်ရွက်ခြင်းဘဲဖြစ်တယ်။ ပညာ တတ်လာရင် လူမှုရေးပြည့်ဝလာရင်လိမ့်မယ်။ နောက် ဗဟုသုတပြည့်စုံလာရင် သူတို့ဟာ အလ္လာဟ်ကို အကြောက်ဆုံးသူတွေထဲမှာ ပါလာတတ်တယ်။ တနည်းအားဖြင့် ကောင်းမှုလုပ်ခြင်းဆိုတာ လူတို့ကို ကောင်းသောလမ်းကို ဖိတ်ခေါ်ခြင်းဖြစ်ပြီး မကောင်းမှုများ နဲပါးသွားအောင် လုပ်ခြင်းဖြစ်တယ်ဆိုတာပါဘဲ။ အလ္လာဟ်အရှင်မြတ် မိမိတို့အားလုံးကို ကောင်းမှုလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်နိုင်တဲ့ အကူအညီသောင်ဖိက် ပေးသနားပါလို့ ဆုတောင်းရင်းနဲ့နိဂုံးချုပ်လိုက်ပါတယ်။

بَارَكَ الله لِي وَلَكُمْ فِي الْقُرْآنِ الْعَظِيمِ ، وَنَفَعَنِي وَإِيَّاكُمْ بِمَا فِيهِ مِنَ الآيَاتِ وَالِّذكْرِ الْحَكِيمِ ، وَتَقَبَّلَ مِنِّي وَمِنْكُمْ تِلاوَتَهُ إِنَّهُ هُوَ السَّمِيعُ الْعَلِيمُ ، أَقُولُ قَوْلِي هذَا وَأَسْتَغْفِرُ الله الْعَظِيمَ لِي وَلَكُمْ، وَلِسَائِرِ الْمُسْلِمِينَ وَالْمُسْلِمَاتِ ، وَالْمُؤْمِنِينَ وَالْمُؤْمِنَاتِ ، فَاسْتَغْفِرُوهُ فَيَا فَوْزَ الْمُسْتَغْفِرِينَ وَيَا نَجَاةَ التَّائِبِينَ.

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
Click outside to hide the comparison bar
Compare