Blog

ရမ်ဇမ်လတွင် လုပ်ထိုက်သော လုပ်ငန်းကြီးလေးရပ်

Khutbah

ရမ်ဇမ်လတွင် လုပ်ထိုက်သော လုပ်ငန်းကြီးလေးရပ်


Notice: Undefined index: options in /home/kpr4d695aq7d/public_html/wp-content/themes/edumall/elementor/widgets/original/section.php on line 45

တမန်တော်မြတ် (ဆွ) ဆက်လက်မိန့်တော်မူတာက- အလ္လာဟ်အရှင်မြတ်ဟာ ရမ်ဇာမ်လရဲ့ ပထမညမှာ လူ့တိုင်းဋ္ဌာနေကို မျက်နှာတော်မူပါတယ်။

အို မွတ်စ်လင် အမျိုးသား အမျိုးသမီးအပေါင်းတို့

လမြတ်ရမ်ဇမ်တွင် အရေးကြီးသော လုပ်ငန်းကြီး လေးရပ်ကို အစဉ် လုပ်ကိုင်သင့်ပါသည်။ ၄င်း လုပ်ငန်းလေးခုဟာ သိပ်ပြီး ပင်ပန်းမှုမရှိသလို နေထိုင်သွားလာစားသောက်ရင်းနဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်ပါတယ်။ ထိုသို့လုပ်ကိုင် ဆောင်ရွက်ရင်း လူသားဟာ အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှုကို ရယူနိုင်ပြီး မိမိရဲ့ မီဇာန် အလေးချိန်ကိုလည်း အလေးစီးစေနိုင်ပါတယ်။

(၁) အစဉ် လာအိလာဟ အိလ္လလ္လာဟါကို ရွတ်ဖတ်နေခြင်း
(၂) အစဉ် အစ်သဂ်ဖိရွလ္လာဟ်ကို ရွတ်ဖတ်နေခြင်း
(၃) အစဉ် ဂျန္နသ်ဥယျဉ်ကို ရရှိရန် တောင်းခံခြင်း
(၄) အစဉ် ဂျဟန္နမ် ငရဲမီးမှ ကင်းလွတ်ခွင့် တောင်းခံနေခြင်း စသည်တို့ဘဲ ဖြစ်ပါတယ်။

(၃) နှင့် (၄) အတွက် အစဉ် ရဗ်ဗနာ အာသိနာ ဖိဒ်ဒွန်ယာ ဟစနသောင် ဝဖိလ်အာခိရသိ ဟစနသောင် ဝကိနာ အဇာဗိန်နာရ် ကို ဖတ်ပါ။

အဲ့ဒီလုပ်ငန်းကြီးလေးရပ်ဟာ အလွယ်တကူလုပ်ကိုင်ဆောင်ရွက်နိုင်သော်လည်း လွယ်လွန်းအားကြီးလို့ အထင်မသေးမိရန် အရေးကြီးပါ တယ်။ လွယ်သလောက်လည်း မေ့တတ်လွန်းတဲ့အတွက် လုပ်ဖို့မေ့သွားတတ်ပါတယ်။ ဒါကြောင့် ရမ်ဇာမ်လမှာ သစ်ဘီ တစ်ခုကိုအစဉ် ကိုယ်နဲ့အတူထားပြီး အားတာနဲ့ အနည်းဆုံး လာအိလာဟအိလ္လလ္လာဟ်ကို အနည်းဆုံး ၁၀၀ လောက်ဖတ်ပါ။ ထိုနည်းအတိုင်း အစ်သဂ်ဖိ ရွလ္လာဟ်ကိုလည်း ၁၀၀ နဲ့ ရဗ်ဗနာ….. ကို အနည်းဆုံး တစ်ကြိမ်လောက်တော့ ဖတ်ဖြစ်အောင် ဖတ်လိုက်ပါလို့ သတိပေးလိုက်ပါရစေ။

နောက်ထပ် တတ်နိုင်တဲ့လူတွေအတွက် ပြောချင်တာက ရိုဇဟ်လမြတ်မှာ ရိုဇာစောင့်ထိန်းခြင်းဟာ အလွန်အရးကြီးသလို ရိုဇာစောင့်ထိန်း သူတွေကို ပြုစုစောင့်ရှောက်တာဟာလည်း အလွန်မွန်မြတ်တဲ့ မြင့်မြတ်တဲ့ လုပ်ငန်းတစ်ရပ်ဖြစ်ပါတယ်။ တမန်တော်မြတ် (ဆွ) မိန့်တော်မူ တာရှိပါတယ်။ မည်သူမဆို ရိုဇဟ်စောင့်ထိန်းသူတွေကို ၀ါဖြေပေးနိုင်ခဲ့ရင် အဲ့ဒီသူကို အလ္လာဟ်အရှင်မြတ်ဟာ မိမိရဲ့ ဟောဇေကောစရ် မှ
ဖျော်ရည်ကို တိုက်ကျွေးမှာဖြစ်ပါတယ်။ မည်သူမဆို အဲ့ဒီဖျော်ရည်ကို တစ်ခါသောက်မိခဲ့လျှင် နောင်ဘယ်တော့မှာ ရေငတ်တော့မှာ မဟုတ် တော့ဖူးလို့လည်း မိန့်ကြားပါတယ်။

ဆွဟာဘာကြီး စအီဒ် ခွဒ်ရီ (ရ) က တမန်တော်မြတ်ရဲ့ ဟဒီးဆ်တော်တစ်ပုဒ်ကို ဆင့်ဆိုထားတာက အလ္လာဟ်အရှင်မြတ်ဟာ ရမ်ဇမ်လမှာ ဂျန္နသ်ဥယျဉ်ဘုံရဲ့ တစ်ခါချက်များအားလုံးကို တစ်လုံး ဖွင့်လှစ်ထားပါတယ်. အဲ့ဒီ ဂျန္နသ်ဥယျဉ်ဘုံအတွင်းမှာ နီတျာရဲနေတဲ့ ပတ္တမြားဖြစ်ပြီး တဲ့ ဟောနန်းတစ်ဆောင်အလား ကြီးကျယ်တဲ့ အိမ်ကြီးတစ်ခုကို ရိုဇာစောင့်ထိန်းသူအတွက် ပေးအပ်မယ်လို့ဆိုပါတယ်။ အဲ့ဒီအိမ်တော်မှာ တံခါးပေါက်ပေါင်း ခုနှစ်သောင်းကျော်ရှိပါမယ်။ အဲ့ဒီတံခါးများအားလုံးကို ရွွှေဖြင့်ပြုလုပ်ထားပြီး ရွှေတံခါးချပ်တိုင်းပေါ်မှာ ပတ္တမြားတွေနဲ့ အလှ ဆင်ထားတာဖြစ်ပါတယ်။

ဆက်လက်ပြီး မိန့်ကြားတာက မု့မင်န်တစ်ဦးဟာ ရမ်ဇာမ်လမှာ ပထမနေ့ ရိုဇဟ်စောင့်ထိန်းခဲ့ရင် အဲ့ဒီလူကို နောက်ဆုံးရမ်ဇာမ် ရက်များ အထိ သူ့ရဲ့အပြစ်ဂိုနာများကို ခွင့်လွတ်မှာဖြစ်ပါတယ်။ ဒုတိယနေ့တွင် မု့မင်န်တစ်ဦးသည် ရိုဇာဟ်စောင့်ထိန်းခဲ့လျှင် ထိုသူအတွက် ရမ်ဇာမ်တစ်လလုံးအတွက် ကဖ်ဖာရာများ ပေးပြီးဖြစ်သွားမည်ဖြစ်သည်။ ထို့နောက် ကျန်တဲ့ရိုဇဟ်များအားလုံးအတွက် ရိုဇဟ်တစ်လုံး ထားတိုင်း ဂျန္နသ်ဥယျဉ်အတွင်း ရွှေဖြင့်ပြီးသော အိမ်တစ်စောင်ကို ပေးအပ်မည်ဖြစ်ပါသည်။ အဲ့ဒိအိမ်မှာလည်း တံခါးပေါက်ပေါင်း တစ်ထောင်ကျော်ရှိပါတယ်။ နောက်ပြီး အဲ့ဒီမု့မင်န်အတွက် ကောင်းကင်တမန် ၇ သောင်းကျော်ဟာ ခွင့်လွတ်မှုအတွက် အစဉ် ဆုတောင်းနေပါတယ်တဲ့။ နောက်ပြီး ရမ်ဇာမ်လမှာ မုမင်န် တစ်ဦးရဲ့ စိဂျ်ဒဟ် တစ်ခုအတွက် တစ်ထောင့်ခုနှစ်ရာသော အကျိုးစဝါဗ်များကို ပေးအပ်မှာဖြစ်ပါတယ်။ နောက်ပြီး အဲ့ဒီစိဂျ်ဒဟ် အတွက် သစ်ပင်တစ်ပင်လည်း ရရှိမှာဖြစ်ပါတယ်။ ထူးခြားတာက အဲ့ဒီသစ်ပင်ရဲ့ အရိပ်ဟာ အလွန်ကြီးမားလွန်းပြီး လူတစ်ယောက်ဟာ အဲ့ဒီအရိပ်မှာ နှစ်ပေါင်းတစ်ထောင် မြင်းနဲ့ နှင်ရင်တောင် အဲ့ဒီ အရိပ်ဟာ ကုန်ဆုံးလိမ့်မည်မဟုတ်လို့ဆိုထားပါတယ်။

တမန်တော်မြတ် (ဆွ) ဆက်လက်မိန့်တော်မူတာက- အလ္လာဟ်အရှင်မြတ်ဟာ ရမ်ဇာမ်လရဲ့ ပထမညမှာ လူ့တိုင်းဋ္ဌာနေကို မျက်နှာတော်မူပါတယ်။ အကယ်၍ အရှင်မြတ်ရဲ့ အကြည့်ဟာ လူတစ်ဦးအပေါ်ကျရောက်ပြီဆိုရင် အဲ့ဒီလူဟာ ဘယ်တော့မှ အပြစ်ပေးခြင်းခံရတော့မှာ မဟုတ်ပါဘူး။ ဒီလိုနဲ့ နေ့စဉ် လူပေါင်းတစ်သန်းကို ငရဲဲမီးကနေ ကယ်တင်သွားပါလိမ့်မယ်။ အလ္လာဟ်အရှင်မြတ်ဟာ လူသားတွေကို အပြစ်တွေက ကယ်တင်တဲ့ အလုပ်တစ်ခုကိုသာ လုပ်တာမဟုတ်ပါဘူး၊ လူသားတွေကို နေမသ် တွေလည်း မြောက်များစွာပေးအပ်ပါတယ်။ သဘောက မည်သူမဆိုအပေါ် အလ္လာဟ်အရှင်မြတ်ရဲ့ အကြည့်တော် ကျရောက်ပြီဆိုရင် အဲ့ဒီလူသားဟာ နောင်ကို မည်သည့်အခါမျှ မကောင်းမှု လုပ်ချင်တဲ့ စိတ်ကူး မဖြစ်ပေါ်တော့ပါဘူး။

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
Click outside to hide the comparison bar
Compare