Blog

ရိုဇာနှင့် ရမ်ဇာမ်လမြတ်အကြောင်း

Khutbah

ရိုဇာနှင့် ရမ်ဇာမ်လမြတ်အကြောင်း


Notice: Undefined index: options in /home/kpr4d695aq7d/public_html/wp-content/themes/edumall/elementor/widgets/original/section.php on line 45

ရမ်ဇာမ်လ၏ ဖရပ်ဇ် ရိုဇာစောင့်ထိန်းရန် တာဝန်ရှိသူများမှာ

အသိဥါဏ်ရှိသော အရွယ်ရောက်သူ မွတ်စ်လင်မ် ယောကျ်ားများနှင့် မိန်းမများဖြစ်သည်။
အရွယ်မရောက်သေးသော ကလေးသူငယ်များ၊ ရူးသွပ်သူများနှင့် အိုမင်းရင့်ရောကာ အသိတရား မရှိတော့သူများ မပါဝင်ပါ။

ရိုဇာစောင့်ထိန်းရန် မလိုအပ်သူများ

အောက်ပါအခြေအနေတွင် ရိုဇာဟ်မစောင့်ထိန်းနိုင်လျှင် ရသော်လည်း အခြေအနေကောင်းလျှင် ပြန်လည် အစားဖြည့်ရမည်။

၁။ ခရီးသွားသူများ။ ခရီးတွင် အခက်အခဲမရှိလျှင် ရိုဇာဟ်စောင့်ထိန်းသင့်သည်။
၂။ ရောဂါသည်များ။
၃။ ကိုယ်ဝန်ရှိသူများ၊ ရိုဇာစောင့်ထိန်းလျှင် ကလေးသို့ မိခင်ကို အန္တရယ်ဖြစ်စေနိုင်ခြင်း။
၄။ နို့တိုက်မိခင်များ၊ ကလေးနှင့် မိခင်သည် ရိုဇာစောင့်ထိန်းမှုကြောင့် အန္တရယ်ဖြစ်စေနိုင်ခြင်း။
၅။ ဓမ္မတာလာနေသည့် မိန်မများနှင့် မီးတွင်း၌ရှိနေသော မိန်းမများ။

ရိုဇာဟ်စောင့်ထိန်းခြင်းနှင့် နိယသ်ပြုခြင်း

ရိုဇာစောင့်ထိန်းရာတွင် နိယသ်ပြုခြင်းသည် စည်းကမ်းချက်တစ်ခုဖြစ်သည်။ အကြောင်းကြောင်းကြောင့် နံနက်မှ နေဝင်ချိန်ထိ စားခြင်း သောက်ခြင်းနှင့် မေထုံမီဝဲခြင်းကို မပြုခဲ့သော်လည်း ရိုဇာစောင့်ထိန်းရန် နိယသ် မပြုခဲ့ သော် ရိုဇာ မပိုင်ချေ။ ရမ်ဇာမ်လ ရိုဇာ၊ ကိုးသောရိုဇာ၊ အခြား စွန္နသ်နှင့် နဖိလ်ရိုဇာများကို ညအခါတွင်း နိယသ် ပြုရ၏။ သို့မဟုတ်က နံနက်ပိုင်းမှ နေ့ဝက်တိုင်း အချိန်အတွင်း နိယသ်လုပ်နိုင်ပါသည်။ နေ့ဝက်ဆိုသည်မှာ တစ်နေ့အချိန်၏ တစ်ဝက်ကိုဆိုလိုသည်။ ဥပမာ ဆုဗဟ် ဆွာဒစ်က် အချိန် ၄ နာရီ မှ ညနေ နေဝင်ချိန် ၆ နာရီ အထိ သည် တစ်နေ့တာ သတ်မှတ်လျှင် ၄င်းနေ့သည် ၁၄ နာရီရှိသဖြင့် နေ့ဝက်သည် နံနက် ၁၁ နာရီဖြစ်သည်။ ထို့ကြောင့် နံနက် ၁၁ အချိန်ထိ ရိုဇာ၏ နိယသ်ပြုနိုင်သည်။
ကဇွာရိုဇာများအတွက်မူ နံနက် ဆုဗဟ် ဆွာဒိက်အချိန်မတိုင်မီ နိယသ်ပြုရမည်။ နိယသ်ပြုရာတွင် နုတ်မှ ရွတ်ဖတ်ကာ နိယသ်ပြုလျှင် ပိုင်သလို စိတ်အတွင်းမှ ရည်ရွယ်ကာ နိယသ်ပြုလုပ်လျှင်လည်း ပိုင်ပါသည်။

ရိုဇာဟ်ဥပုဒ်ဆိုသည်မှာ

နိယသ်ပြု၍ နံနက်မိုးသောက်ချိန်မှ နေဝင်ချိန်အထိ စားသောက်မှုနှင့် ကာမဂုဏ်ကို စွန့်လွွှတ်ခြင်းကို ရိုဇာဟ် စောင့်ထိန်းခြင်းဟုခေါ်သည်။ အာရဗီဘာသာဖြင့် ဆွေယာမ်ဟုခေါ်ကာ ရိုဇာဟ်ဖွင့်ခြင်း (၀ါ) ၀ါဖြေခြင်းကို အိဖ်သွာရ်ဟု ခေါ်ပါသည်။ ရိုဇာဟ် ၈ မျိုးရှိပါသည်။

၁။ ဖရဇ် မုအယ်ယိုင်န်
၂။ ဖရဇ် ဂိုင်းရ် မုအယ်ယိုင်န်
၃။ ၀ါဂျိဗ် မုအယ်ယိုင်န်
၄။ ၀ါဂျိဗ် ဂိုင်းမုအယ်ယိုင်န်
၅။ စွန္နသ်
၆။ နဖိလ် (သို့) မွတ်စ်သဟဗ်
၇။ မကရူးဟ်
၈။ ဟရာမ်

၁။ ဖရဇ် မုအယ်ယိုင်န်ရိုဇာဟ် ဆိုသည်မှာ တစ်နှစ်လျှင် တစ်လစောင့်ထိန်းရသော ရိုဇာဟ်ကို ခေါ်ဆိုသည်။

၂။ ဖရဇ် ဂိုင်းရ် မုအယ်ယိုင်န်ရိုဇာဟ် ဆိုသည်မှာ အကြောင်းတစ်ခုခုကြောင့် ရမ်ဇမ်လတွင် ပျက်ကွက်ခဲ့သော ရိုဇာဟ် ကို ကဇွာဟ်ဖြည့်ရသော ရိုဇာဟ်ကိုခေါ်သည်။

၃။ ၀ါဂျိဗ် မုအယ်ယိုင်န်ရိုဇာဟ် ဆိုသည်မှာ မည်သည့်နေ့ရက်တွင် စောင့်ထိန်းမည်ဟု ကိုးထားသောရိုဇာဟ်ကို ခေါ် သည်။ ဥပမာ ကျွနု်ပ်သည် စာမေးပွဲအောင်သည့်နေ့တွင် ရိုဇာဟ်စောင့်မည်ဟုကိုးခဲ့ပြီး အောင်သောအခါ ၄င်းနေ့ တွင် ရိုဇာဟ်စောင့်ထိန်းခြင်းကို ခေါ်သည်။

၄။ ၀ါဂျိဗ် ဂိုင်းမုအယ်ယိုင်န်ရိုဇာဟ် ဆိုသည်မှာ ကဖ်ဖါရာဟ်အဖြစ် စောင့်ထိန်းသောရိုဇာဟ်နှင့် ရက်သတ်မှတ်ချက်မ ထားဘဲ ကိုးထားသော ရိုဇာကို ခေါ်ဆိုသည်။

၅။ စွန္နသ်ရိုဇာဟ် ဆိုသည်မှာ တမန်တော်မြတ် (ဆွ) ကိုယ်တိုင် အခြားသူများကို စောင့်ထိန်းရန် လမ်းညွှန်ခဲ့သော ရိုဇာဟ်ဖြစ်သည်။ ဥပမာ၊ အာရူရာနေ့ ၂ ရက် အရဖာသ်နေ့ ၁ ရက် အယ်ယာမိဘီဇ် လ၏ ၁၃၊ ၁၄၊ ၁၅ ရက်နေ့ များတွင် ၃ ရက် ရိုဇာဟ်စောင့်ထိန်းခြင်းဖြစ်သည်။

၆။ နဖိလ် (သို့) မွတ်စ်သဟဗ်ရိုဇာဟ် ဆိုသည်မှာ ဖရဇ်၊ ၀ါဂျိဗ် နှင့် စွန္နသ် ရိုဇာဟ်များမှအပ ရိုဇာဟ်ကို ခေါ်သည်။

၇။ မကရူးဟ်ရိုဇာဟ် အာရူရဟ် ၁ ရက်တည်းရိုဇာဟ်စောင့်ထိန်းခြင်းနှင့် ဇနီးသည်မှ လင်သား၏ ခွင့်ပြုချက်မရှိဘဲ စောင့်ထိန်းသောရိုဇာဟ်ဖြစ်သည်။

၈။ ဟရာမ်ရိုဇာဟ် ဆိုသည်မှာ တစ်နှစ်တွင် ၅ ရက် ဖြစ်သော အီးဒ် ၂ ရက် အိုင်ယာမိ သရှ်ရီက် ၃ ရက် စုစုပေါင် ၅ ရက် ရိုဇာဟ်စောင့်ထိန်းခြင်းဖြစ်သည်။

ရိုဇာဟ်ပျက်စေသောအချက်များ

ရိုဇာဟ်ပျက်စေသော အချက် အဓိနှစ်ချက်ရှိသည်။ ပထမအချက်သည် ရိုဇာပျက်သဖြင့် ထိုရက်အတွက် အစားဖြည့်ရခြင်းဖြစ်သည်။ ဒုတိယအချက်သည် ရိုဇာပျက်သဖြင့် အစားဖြည့်ရမည့်အပြင် ရဖ်ဖါရာလည်း ထိုက် သည်။

ရိုဇာဟ်ပျက်သဖြင့် အစားဖြည့်ခြင်း

၁။ ရိုဇာဟ်စောင့်ထိန်းသူ၏ ပါးစပ်အတွင်းသို့ အခြားသူတစ်ဦးက အစားတစ်ခုခုကို အတွင်းထိုးသွင်းသဖြင့် လည်ချောင်းအတွင်းထိ ဝင်ရောက်သွားခြင်း။
၂။ ရိုဇာဟ်စောင့်နေကြောင်း သတိရှိလျှက်နှင့် ပလုပ်ကျင်းနေစဉ် လည်ချောင်းအတွင်းသို့ ရေဝင်သွားခြင်း။
၃။ အန်လာသည်ကို လည်ချောင်းအတွင်းသို့ တမင် ပြန်ရောက်အောင်ပြုလုပ်ခြင်း။
၄။ တမင်ပါးစပ်ပြည့်အောင် အန်ခြင်း။
၅။ ကျောက်ခဲ့ ၀ါ မြေကြီး ၀ါ အုပ်ခဲစ ၀ါ သစ်စေ့ ၀ါ စက္ကူစတို့ကို တမင်မျိုချခြင်း။
၆။ သွားကြားညပ်နေသော ကုလားပဲစေ့ခန့်မျှ သို့ ထို့ထက်ကြီးသော အရာတစ်ခုခုကို လျှာဖြင့် ထုတ်ယူ၍ မျိုချခြင်း။
၇။ နားထဲ၌ ဆီထည့်ခြင်း။
၈။ နှာရူဆေး ရူခြင်း
၉။ သွားမှ ထွက်သောသွေးကို မျိုချခြင်း
၁၀။ မေ့လျှော့၍ စားသောက်မိပြီး ရိုဇာပျက်ပြီးဟုထင်၍ ထပ်မံစားသောက်ခြင်း။
၁၁။ အာရုံတက်ချိန်ရောက်ပြီးသောအခါ မိုးသောက်ချိန်မရောက်သေးဟု ထင်၍ စားသောက်မိခြင်း။
၁၂။ ရမ်ဇမ်လမှအပ အခြားရက်တွင်ထားသော နဖိလ်ရိုဇာဟ်ကို တမင်ဖျက်ခြင်း။
၁၃။ နေ့အချိန်မကုန်သေးဘဲ မိုးသားများကြောင့် နေဝင်ပြီထင်၍ ၀ါဖြေခြင်း။

ရိုဇာဟ်မပျက်စေသောအကြောင်းများ

၁။ မေ့၍စားသောက်မိခြင်း။
၂။ မေ့၍မေထုံမီဝဲခြင်း။
၃။ အာခေါင်တွင်းသို့ ဖုံ၊ မီးခိုးနှင့် ပိုးမွှားများဝင်သွားခြင်းနှင့် စွရ်မာဟ် ဆွဲခြင်းတို့ဖြစ်၏။

ရိုဇာဟ်ပျက်၍ ကဖ်ဖါရာဟ်ထိုက်စေသော အချက်များ

ကဖ်ဖါရာဟ်သည် ရမ်ဇမ်လတွင် စောင့်ထိန်းရသော ဖရဇ် ရိုဇာဟ်အတွက်သာဖြစ်၏။ နဖိလ်ရိုဇာဟ်များကိုတမင် ဖျက်ရလျှင်လည်း ကဖ်ဖါရဟ် မထိုက်ပေ။

၁။ အစာအဟာရ သို့ ဆေးဝါး သို့ အရသာခံရန် သုံးဆွဲခြင်း
၂။ သတိရလျှက်နှင့် သံဝါသ ကာမဂုံ ပြုခြင်း။
၃။ စုတ်ထိုး၍ဖြစ်စေ စွရ်မာဆွဲ၍ဖြစ်စေ ရိုဇာဟ်ပျက်ပြီထင်ပြီးနောက် ထမင်းစားသောက်မိခြင်း။

ရိုဇာဟ်၏ မွတ်စ်တဟဗ်အချက်များ

၁။ စဟ်ရီစားခြင်း
၂။ ညအခါ၌ပင် နိယသ်ပြုခြင်း
၃။ အာရုဏ်တက်ချိန်၏ နောက်ဆုံးအချိန်တွင် စားသောက်ခြင်း
၄။ ၀ါဖြေချိန်ရောက်လျှင် စောလျှင်စွာ ၀ါဖြေခြင်း။
၅။ အတင်းစကား၊ မုသားစကားနှင့် ဆဲရေးတိုင်းထွာခြင်းများမှ ရှောင်ကြဉ်ခြင်း။
၆။ စွန်ပုလွန်သီးဖြင့် ၀ါဖြေခြင်း၊ မရှိလျှင် ရေဖြင့် ၀ါဖြေခြင်း။

ရိုဇာတွင် မကရူဖြစ်စေသော အကြောင်းများ။

၁။ တစ်စုံတစ်ရာဝါးခြင်း သို့ အရာဝတ္ထုတစ်ခုခုကို ငုံထားခြင်း။
၂။ အစားအစာ တစ်စုံတစ်ရာကို မြီးခြင်း။ မဖြစ်မနေလိုအပ်လျှင် မြီးကြည့်ပြီး ချက်ခြင်းထွေးပစ်ရမည်။
၃။ ကျင်ငယ်စွန့်ချိန်တွင် ခြေထောက်ကို များစွာချဲ၍ ထိုင်ခြင်း။
၄။ ပလုပ်ကျင်းရာတွင် ၄င်း နှာခေါင်းဆေးရာတွင် ၄င်း ရေများစွာထည့်ခြင်း။
၅ တံဆွေးများစွာ ငုံထားပြီး မျိုချခြင်း။
၆။ အတင်းပြောခြင်း၊ မုသားပြောခြင်း၊ ဆဲရေးတိုင်းထွာခြင်း။
၇။ မောပန်း၍ နွမ်းသောအသွင်ကို ပြခြင်း
၈။ မသန့်သော ခန္ဓာဖြင့် ကြာရှည်စွာနေခြင်း။
၉။ မီးသွေးခဲဖြင့် ၄င်း သွားတိုက်ဆေးဖြင့် ၄င်း သွားတိုက်ခြင်း။

ရိုဇာဟ်မကရူမဖြစ်သောအချက်များ

၁။ စွရ်မာဆွဲခြင်း။
၂။ ကိုယ်ပေါ် သို့ ခေါင်းပေါ် ဆီလိမ်းခြင်း။
၃။ ကိုယ်အေးစေရန် ရေချိုးခြင်း။
၄။ တံပူတိုက်ခြင်း။
၅။ ရေမွှေးနှင့် နံ့သာရူခြင်း လိမ်းခြင်း။
၆။ မေ့လျှော့၍ စားသောက်မိခြင်း။
၇။ မရည်ရွယ်ဘဲ အလိုအလျှောက်အန်ခြင်း။
၈။ မိမိ၏တံတွေးကို မျိုးချခြင်း။
၉။ မရည်ရွယ်ဘဲ လည်ချောင်းတွင်းသို့ ယင်ကောင်း သို့ မီးခိုးဝင်သွားခြင်း။ ဖေါ်ပြပါအချက်များသည် ရိုဇာဟ်လည်းမပျက် မကရူလည်း မဖြစ်ပေ။

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
Click outside to hide the comparison bar
Compare