Blog

လူသားများကို ကြင်နာခြင်း

Building Sound Character

လူသားများကို ကြင်နာခြင်း


Notice: Undefined index: options in /home/kpr4d695aq7d/public_html/wp-content/themes/edumall/elementor/widgets/original/section.php on line 45

တမန် တော်မြတ် (ဆွ) မိန့်သည်မှာ- နေ့စဉ် နေထွက်ချိန်မှစ၍ မိမိ၏ ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးကို ကောင်းသည့်နေရာများတွင် အသုံးပြုကာ အလှူဒါနလုပ်နေသင့်သည်။

တမန်တော်မြတ် (ဆွ) အမိန့်တော်လာရှိသည်မှာ-ကြီးသူများကို မလေးစားသူနှင့် ငယ်သူတို့ကို ညှာတာထောက်ထားမှု မရှိသူသည် ငါတို့၏ အသိုင်းအဝန်းမှ မဟုတ်ဟူ၍ဖြစ်ပါသည်။ (သိရ်မိဇီကျမ်း)။ ထို့ကြောင့်လည်း ကြီးသူတို့သည် မိမိတို့ထက် ငယ်ရွယ်သောသူတို့ကို ညှာတာထောက်ထားရမည်ဖြစ်သလို သူသည် ငယ်ရွယ်သူတို့ကို ကြီးနိုင်ငယ်ညှင်း မလုပ်သင့် ဘဲ အစဉ် ကူညီစောင့်ရှောက်ရမည်။ စကားပြောလျှင်လည်း ကြမ်းကြမ်းတမ်းတမ်း မပြောသင့် ဘဲ နောက်ပြောင်ခြင်း စိတ်ဆင်းရဲအောင်လုပ်ခြင်းလည်း မပြုလုပ်သင့်ပါ။ အမှန်စင်စစ် ကြီးသူ သည် ငယ်ရွယ်သူတို့ကို စိတ်ရှည်ရှည်ထားကာ ဆက်ဆံရမည်ဖြစ်သလို မိမိအနေဖြင့် စံပြ သဖွယ် ငယ်ရွယ်သူတို့ကို လမ်းပြသင့်ပါသည်။ သို့ဖြစ်ကာ ငယ်ရွယ်သူတို့သည် မိမိတို့ကိုယ် တိုင်လည်း စိတ်ရှည်လက်ရှည် လုပ်တတ်ကိုင်တတ်လာနိုင်ပြီး လူကြီးသူမတို့ကိုလည်း လေးလေးစားစား ဆက်ဆံသည့် အကျင့်ရမည်ဖြစ်သည်။

ထိုနည်းအတိုင်းပင် ငယ်ရွယ်သူတို့သည် မိမိတို့ထက်ကြီးသော အကိုနှင့် အမများကိုလည်း လေးလေးစားစား ဆက်ဆံကြရမည်။ ငယ်ရွယ်သူသည် မိမိထက်ထက်ကြီးသောသူတို့ကို စိတ်အနှောက်အယှက်ဖြစ်အောင် မလုပ်သင့်သလို၊ သူတို့ကို စိတ်တိုအောင်လည်း မပြုလုပ်မိ ရန် သတိပြုရမည်ဖြစ်သည်။ ကြီးသူအကိုအမများအနေဖြင့် သူတို့အလုပ်လုပ်နေသည့်အချိန်၊ ကျောင်းစားများကျက်မှန်နေသည့်အချိ်န်တွင် ညီငယ်များအနေဖြင့် တိတ်တစိတ်နေသင့်ပြီး သူတို့အနှောက်အယှက်ဖြစ်စေမည့် မည်သည့်အလုပ်ကိုမျှ မလုပ်မိရန် သတိပြုရမည်။

စင်စစ် ကြီးသူနှင့် ငယ်သူတို့နှစ်ဦးလုံး သတိထားရမည့်အချက်သည် တစ်ဦးကိုတစ်ဦး လေးလေးစားစား ဆက်ဆံခြင်း၊ သနားကြင်နာခြင်း နှစ်ဦးလုံး အကျိုးရှိသည့် အလုပ်တို့ကို အစဉ် ဂရုစိုက် လုပ်ကိုင်ဆောင်ရွက်သင့်ပါသည်။

လူတိုင်းကို ကြင်နာရမည်။ အစ္စလာမ်သာသနာ၏ အဆုံးအမများတွင် ကောင်းသောလုပ်ရပ် တိုင်းသည် အလှူဒါန တစ်ခုဖြစ်သည်ဟုဆိုပါသည်။ ထိုကောင်းမှုအတွက် အလ္လာဟ်အရှင်မြတ် သည် ကောင်းသည့် အကျိုးဆွဝါဗ် တစ်ခုပေးအပ်မည်ဖြစ်ပါသည်။ တမန် တော်မြတ် (ဆွ) မိန့်သည်မှာ- နေ့စဉ် နေထွက်ချိန်မှစ၍ မိမိ၏ ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးကို ကောင်းသည့်နေရာများတွင် အသုံးပြုကာ အလှူဒါနလုပ်နေသင့်သည်။ ဥပမာ၊ ရန်လို ဘက်နှစ်ဦးအကြား ပြေလည်အောင်လုပ်ပေးခြင်း၊ လူတစ်ဦးအား ကူညီပန့်ပိုးခြင်း၊ ဝန်တင် ဝန်ချရာတွင် ကူညီခြင်း၊ ကောင်းသောစကားကိုပြောခြင်း၊ ဆွလာသ် ဝန်ပြုရန် ခြေလှမ်းတိုင်း သည်အလှူဖြစ်ခြင်း၊ လမ်းခရီးတွင် ဆူးညှောင့် ခလုပ်များကို ဖယ်ရှားခြင်း စသည့် လုပ်ရန်တို့ သည် ကောင်းမှုအလှူဒါနများဖြစ်သည်။ (သိရ်မိဇီကျမ်းနှင့် ဘူခါရီကျမ်း)။

အထက်ပါဟဒီးဆ်တော်ကို လေ့လာခြင်းဖြင့် မိမိတို့သိနိုင်သည်မှာ မွတ်စ်လင်မ်ဟူသည် လူတို့ ကို ကူညီယိုင်းပင်းသူ၊ သနားကြင်နာသူ ဖြစ်သည်ဟူ၍ပင်ဖြစ်သည်။ တစ်ခါတစ်ရံ လူတိုင်းကို အကူအညီပေးခြင်းသည် ကောင်းသည်မဟုတ်ပါ။ အကြောင်းကတော့ လူတိုင်းသည် အသင့် အတွက် ကောင်းသည် မဟုတ်ပါ။ သို့သော်လည် ထိုအချိန်တွင် အသင်သည် ကောင်းကောင်း မွန်မွန် ဖြစ်သာ ထိုသူကို ဆက်ဆံပါ။ အသင့်ကို အလ္လာဟ်အရှင်မြတ်သည် ကြည့်နေပါသည်။ အသင့်၏ ကောင်းသော စိတ်ဓါတ်၊ မှန်ကန်သော စိတ်ဓါတ်၊ ရိုးသားသောစိတ်ဓါတ်ကို အလ္လာဟ်အရှင်မြတ်သည် ကောင်းစွာသိသည့်အတွက် အသင်စိတ်ပူရန်မရှိပါ။ အသင်သည် စိတ်ရင်းကောင်းဖြစ်သာ ကူညီစောင်မပါလေ။ အချိန်တန်လျှင် အလ္လာဟ်အရှင်မြတ်သည် အသင့်ကို ကောင်းသည့်အကျိုး ပေးသနားမည်သာဖြစ်ပါသည်။

မကောင်းမှုမှ အသိတရားရလာကာ ကောင်းမှုလုပ်ငန်းများဖက်သို့ ပြန်လည်ရောက်လာသူများ ကို အလ္လာဟ်အရှင်မြတ် အလွန်ပင် နှစ်သက်ပါသည်။ အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ ကောင်းမှုအလုပ်ဟူသည် အဆုံးတွင် အနိုင်ရရှိသည်ပင်ဖြစ်ပါသည်။ ကျမ်းမြတ်ကုရ်အာန်တွင် လာရှိသည်မှာ အသင့်ကို အလ္လာဟ်အရှင်မြတ် ကြင်နာသနားသလို အခြားသူများကိုလည်း ကြင်နာမှုပေးကြလော့၊ (အလ် ကဆာစ် ၂၈းရ၇)။

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
Click outside to hide the comparison bar
Compare