Blog

သန့်ရှင်းစင်ကြယ်ခြင်း

Building Sound Character

သန့်ရှင်းစင်ကြယ်ခြင်း


Notice: Undefined index: options in /home/kpr4d695aq7d/public_html/wp-content/themes/edumall/elementor/widgets/original/section.php on line 45

အစ္စလာမ် သာသနာသည် မွတ်စ်လင်မ်တိုင်းအား ခန္ဒာနှင့် စိတ်ကို သန့်ရှင်းအောင်ထားနိုင်ရန် အကြံပြုပါ သည်

မွတ်စ်လင်မ်တစ်ဦးအဖို့ သန့်ရှင်းစင်ကြယ်ခြင်းသည် အလွန်အရေးကြီးလှသည်။ သန့်ရှင်းခြင်း သည် မိမိကိုယ်ကို လေးစားမိသလို မိမိနှင့် ပတ်သက်သူတိုင်းသည်လည်း မိမိကို လေးစားလာ တတ်ကြသည်။ မွတ်စ်လင်မ်တစ်ဦး၏ သန့်ရှင်းသပ်ယပ်စွာ နေထိုင်ခြင်းသည် မွတ်စ်လင်မ်ထု တစ်ရပ်လုံးနှင့် အစ္စလာမ်သာသနာကို အဓိပ္ပါယ်ဖေါ်နေခြင်း ရောင်ပြန်ဟပ်နေခြင်းဖြစ်သည်။ ဤသဘောကို နားလည်ခြင်းဖြင့် မွတ်စ်လင်မ်အပေါင်းတို့သည် သန့်ရှင်းစွာနေထိုင်ခြင်းသည် သာသနာတော်အတွက် မည်မျှအရေးကြီးသည်ကို နားလည်သဘောပေါက်လာနိုင်သည်။

ကျမ်းမြတ်ကုရ်အာန်တွင် အလ္လာဟ်အရှင်မိန့်သည်မှာ – အသင်တို့မိမိတို့အဝတ်ကို သန့်ရှင်း အောင်ထားကြလော့၊ အခြားမည်သည့် မသန့်ရှင်းမှုမှန်သမျှမှလည်း ရှောင်ကြဉ်ကြလော့ ဟုဖြစ်သည်။ (၇၄း၄၊၅)။ တမန်တော် မြတ်(ဆွ) မိန့်သည်က အစ္စလာမ်သည် သန့်ရှင်းသလို အသင်သည်လည်း သန့်ရှင်းအောင်နေလော့၊ ဂျန္နသ်ဥယဉ်ဘုံတွင် သန့်ရှင်းသူသာ ဝင်ရောက် လိမ့်မည်။ သန့်ရှင်းခြင်းဟူသည် ကိုယ်ရောစိတ်ပါ သန့်ရှင်းခြင်းဖြစ်သည်။ (ဘိုခါရီကျမ်း)။


သန့်ရှင်းခြင်းသည် အဘယ်ကြောင့် ကောင်းရသနည်း။ ခန္ဒာမသန့်ရှင်းခြင်း၊ ဆံပင်၊ သွား၊ အဝတ်အစား မသန့်ရှင်းခြင်းတို့သည် မကောင်းသည့် အန့ံအသက်ဖြစ်စေပြီး အခြားသူများကို အနှောက်အယှက်ဖြစ်စေသည်။ ခန္ဓာ ယားယံခြင်း၊ သန်းများ ပွားများစေခြင်း၊ သွားများပျက်စီး ခြင်း၊ နာကျင်ကိုက်ခဲ ရေးစီးကမ်းပြိုခြင်း စသဖြင့် ရောဂါအပေါင်းတို့ကို ဖိတ်ခေါ်နိုင်ပြီး ထိုသူသည် ပတ်ဝန်းကျင်တွင် အစဉ်စိတ်ပျက်နေရပြီး လူတိုင်းကလည်း သူ့ကို ရှောင်ကြဉ်ကြ လိမ့်မည်။ သို့သော် သန့်ရှင်းသော အဝတ်အစားနှင့် ခန္ဓာကိုယ်ရှိသူ၊ သွားများသန့်ရှင်းသူ၊ ရောဂါ မရှိသူတို့သည် အစဉ် စိတ်ဓါတ်တက်ကြွနေတတ်ပြီး ကျန်းမာသန်စွမ်းနေကာ လူတိုင်း ကလည်းသူ့ကို ချစ်ခင်စိတ်ဖြစ်စေကာ မိတ်ပေါ်တတ်ပြီး အောင်မြင်သူဖြစ်လာတတ်သည်။

ထိုနည်းအတိုင်းပင် လူတို့သည် စိိတ်ဓါတ်ရေးရာအရ ကောင်းမွန်ပြီး သဝန်တိုခြင်း၊ ပြစားခြင်း၊ မနာလိုဝန်တိုခြင်း မကောင်းသည့်စိတ်၊ မတရားပြုလုပ်ခြင်သည့်စိတ် ကင်းသူတို့သည် လူတိုင်း က ချစ်ခင်လိုတတ်ပြီး နေရာတိုင်းတွင် လိုတရကာ အောင်မြင်သူဖြစ်တတ်သည်။ စိတ်ဓါတ် မကောင်းခြင်းသည် မကောင်းမှုအပေါင်းတို့ကို ဖိတ်ခေါ်ပြီး၊ ထိုသူသည် ပတ်ဝန်း ကျင်တွင် အလွန်နိမ့်ကျသူ အဖြစ်သတင်းကျော်ကြားလေ့ရှိသည်။

မွတ်စ်လင်မ် တို့သည် မိမိကိုယ်ကို် မည်သို့ သန့်ရှင်းအောင်ထားရမည်နည်း။ အစ္စလာမ် သာသနာသည် မွတ်စ်လင်မ်တိုင်းအား ခန္ဒာနှင့် စိတ်ကို သန့်ရှင်းအောင်ထားနိုင်ရန် အကြံပြုပါ သည်။ ဝူဇူလုပ်တိုင်း သွားကို ငါးကြိမ်တစ်နေ့ သန့်ရှင်းစေခြင်း၊ ရေချိုးတိုင်း ခေါင်းလျှော်၊ ဆီးလိမ်း၊ ခေါင်းဖီးစေခြင်းနှင့် စိတ်ကို သန့်ရှင်းအောင် နေ့စဉ် ဆွလာသ်ဖတ်ခြင်း၊ ဇိကိရ်လုပ် ခြင်းကို လမ်းညွှန်ပါသည်။ ဆွလာသ်ကိုယ်တိုင်ပင်လျှင် မွတ်စ်လင်မ်တစ်ဦးကို အဆိုပါ ခန္ဒာကိုယ်နှင့် အဝတ်သန့်ရှင်းမှ ဝတ်ပြုခွင့်ပြုခြင်း၊ စိတ်သန့်မှ ဆွလာသ်ကဗူလ်ဖြစ်ခြင်း စသည့်အချက်တို့ကို ဖြစ်စေသဖြင့် မွတ်စ်လင်မ်တို့ကို လူရောစိတ်ပါသန့်ရှင်းစေပါသည်။

မွတစ်လင်မ်တိုင်းသည် မိမိတို့၏ အတွေးနှင့် နှလုံးသားခံစားချက်များကို အစဉ် သန့်ရှင်းစင် ကြယ်အောင် ထားရမည်ဖြစ်သည်။ ထိုသို့ပြုနိုင်ရန် သူသည် ကျမ်းမြတ်ကုရ်အာန်နှင့် တမန် တော်မြတ် (ဆွ) ၏ စွန္နသ်တော်များကို လိုက်နာရမည်။ ကောင်းရာကို လုပ်ကိုင်ပြီး မကောင်း သည့်အရာများကို ရှောင်ကြဉ်ရမည်။ အမှားအယွင်းလုပ်မိခဲ့သည့်ရှိသော် ထိုသူသည် ချက်ချင်း ပင် နောင်တရနေပြီး နောင်ထပ်မံ မမှားယွင်းရအောင် အစဉ် သတိထားနေရမည်ဖြစ်သည်။ အစဉ် ဆွလာသ် ဖတ်ခြင်း ကျမ်းမြတ်ကုရ်အာန်ကို ဖတ်ခြင်းသည် မိမိတို့ကို အလ္လာဟ်အရှင် မြတ်အား အစဉ်သတိရအောင် သတိပေးနေခြင်းဖြစ်သည်ဟု ယူဆရမည်။

လူသည် မိမိကိုယ်၌က မသန့်ရှင်းသည့်အခါ မိမိပတ်ဝန်းကျင်ကိုလည်း သန့်ရှင်းအောင် မထားနိုင်ပါ။ သဘောမှာသူသည် သန့်ရှင်း၏ တန်ဖိုးနှင့် အကျိုးကျေးဇူးကို မသိသည့် အတွက်ကြောင့်ဖြစ်သည်။ ထို့ကြောင့် လူသည် မိမိကိုယ်ကို၄င်း၊ မိမိအခန်း၊ အိမ်၊ ပတ်ဝန်းကျင်ကိုသန့်ရှင်းအောင်ထားရမည်။ အမိူက်များ၊ အညစ်အကြေးများစနစ်တကျ စွန့်ပစ်ခြင်းသည် ပတ်ဝန်းကျင်လှပလာပြီး လူတိုင်း စိတ်ရွှင်လန်းကာ ချစ်ခင်မှုဖြစ်ထွန်းပြီး စိတ်အားတက်ကြွကာ စီးပွား တိုးပြီး ပျော်ရွှွင်သော လောက အဖြစ်ဖန်တီးနိုင်မည်ဖြစ်သည်။ ဤသည်ကား သန့်ရှင်းခြင်း၏ တန်ဖိုးပင်ဖြစ်သည်။

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
Click outside to hide the comparison bar
Compare