Blog

အစ္စလာမ်သာသနာသည် ပြည့်ဝသော ဘဝရှေးရူလမ်းစဉ်

Islam-1
Islamic Philosophy & Psychology

အစ္စလာမ်သာသနာသည် ပြည့်ဝသော ဘဝရှေးရူလမ်းစဉ်


Notice: Undefined index: options in /home/kpr4d695aq7d/public_html/wp-content/themes/edumall/elementor/widgets/original/section.php on line 45

This day I have perfected for you your religion and completed My favor upon you and have approved for you Islam as religion. 5:3

ယနေ့သော်ကားငါအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ ဒီန်သာသနာကို ပြည့်စုံစေတော် မူခဲ့လေပြီ။ ၎င်းပြင် ငါအရှင်သည်မိမိ၏ကျေးဇူးတော်များကို အသင်တို့အဖို့ အပြည့်အစုံ ချီးမြှင့်ပေး သနားတော်မူခဲ့လေပြီ။ ၎င်းပြင် ငါအရှင်သည် အစ္စလာမ်သာသနာကို အသင်တို့့အဖို့ “ဒီန်သာသ နာတော်အဖြစ်သဘောတူ နှစ်မြို့တော်မူခဲ့လေပြီ။” ၅း၃

အီမာမ် မွတ်စ်လင်မ်နှင့် အီမာမ် နစာအီ တို့သည် အထက်ပါအာယသ်တော်နှင့် ပတ်သက်ပြီး တင်ပြ သည်မှာ ၄င်းအာယသ်တော်သည် တမန်တော်မြတ် (ဆွ) နောက်ဆုံးဟဂျ် တာဝန်ထမ်းဆောင်နေစဉ် အာရဖတ် တောင်အနီးရှိနေခိုက် အဆိုပါ အာယသ်တော် ကျရောက်လာခြင်းဖြစ်သည်။ အထက် ပါအာယသ်တော်သည် အစ္စလာမ်သာသနာ၏ ပြည့်ဝခြင်းနှင့် ကုန်လုံခြင်းကို ဖေါ်ပြလေသည်။ တိတိ ကျကျဖေါ်ပြရလျှင် အောက်ပါ အချက် ၃ ချက်ကို မြင်တွေ့နိုင်သည်။

(၁) အစ္စလာမ်ဘာသာသည် အကြောင်းအရာနှင့် ဝတ္ထုအစုံတို့၏ သဘောတရားကို တင်ပြဆွေးနွေး ထား၏။

(၂) အစ္စလာမ် ဘသာသည် ပြည့်ဝသော စနစ်တစ်ခု အဖြစ် ၄င်းတို့၏ အရည်အသွေးနှင့် စွမ်းအားကို ပြသလေသည်။

(၃) အစ္စလာမ်သာသနာသည် အလ္လာဟ်အရှင် နှစ်သက်သည့် ဘာသာ၊ လူတိုင်းကို ကိုယ်စားပြု့သည် ဘာသာဖြစ်သည်။ လူသဘာဝနှင့် အစ္စလာမ်ဘာသာ၏ သဘောသည် သင့်တင့်လျှောက်ပတ်၏။

အီမာမ် ရှာဖအီက မိမိ၏ ရီစာလာ စာအုပ်တွင် တင်ပြသည်မှာ အကြောင်းအရာအားလုံး၏ သဘောနှင့် အဖြေသည် ကျမ်းမြတ်ကုရ်အာန်အတွင်း ရှိလေသည်။ အကြောင်းက ကျမ်းမြတ်ကုရ်အာန်သည် သဘော တရားနှင့် အကြောင်းတရား အစုံစုံတို့ကို ဆွေးနွေးတင်ပြထားခြင်းကြောင့် ဖြစ်လေသည်။ အထိက အီမာမ် ရှာဖအီတင်ပြ ခြင်သည်မှာ ကျမ်းမြတ်ကုရ်အာန်၏ ပြည့်စုံကုံလုံခြင်း အကြောင်း ပင်ဖြစ်သည်။ ဥပမာ အနေဖြင့် ဆက်လက်တင်ပြသည်မှာ၊ မက္ကာမြို့ရှိ ကာဖိရ်တို့သည် အစ္စလာမ် သာသနာ၏ သဘောကို ကောင်းစွာ သဘောပေါက်ခဲ့လသည်။ ထိုသို့ သဘောပေါက်လေလေ သူတို့ သည် အစ္စလာမ်သာသနာကို လက္ခံရန် ပိုမို၍ ခက်ခဲသွားလေလေ ဖြစ် သည်။ သူတို့သိလိုက်သည်မှာ အစ္စလာမ်သာသနာကို လက်ခံရန် နုတ်မှ အစ္စလာမ်ကို လက်ခံကြောင်း ပြောရုံဖြင့် မလုံလောက်ဘဲ အစ္စလာမ်သာသနာက ပြောပြနေသည့် စနစ်ကိုပါ လက်ခံရန် လိုအပ် ကြောင်းပင်ဖြစ်သည်။ ကျမ်းမြတ် ကုရ်အာန်က ပြောပြနေသည့် စကားလုံးများသည် သာမန်စကားလုံး သဖွယ် ဖတ်ဖြစ်နေသော်လည်း အဓိပ္ပါယ်နှင့် သဘောကို ကောင်းစွာသိနေသည့် အာရဗ်ကာဖိရ်တို့က မွတ်စ်လင်မ် ဖြစ်လာလျှင် မိမိတို့ ၏ လူမှုဘဝကိုလည်း ပြုပြင်ပြောင်းလဲရမည်ကို ကောင်းစွာသိ နေပေသည်။ သဘောမှာ မက္ကာမြို့မှ ကိုရိုင်းရှိတို့သည် ကျမ်းမြတ်ကုရ်အာန်ကို ကောင်းစွာသဘော ပေါက်ခဲ့ပြီး အကယ်၍ တမန်တော်မြတ် (ဆွ) ၏ အစ္စလာမ်သာသနာသည် သူတို့၏ ဘဝနှင့် လူနေမှုစံနစ်တစ်ခု လုံးကို ပြောင်းလဲပစ်ရ မည်ဖြစ်သဖြင့် သူတို့သည် လက်ရှိပြည့်စုံကုံလုံနေသည့် ဘဝကို မစွန့်လွှတ်ခြင်သဖြင့် အစ္စလာမ် သာသနာ၏
အကြီးမားဆုံးသော ရန်သူအဖြစ် ရောက်ရှိသွားခြင်းပင်ဖြစ်သည်။

အစ္စလာမ်သာသနာကိုလက္ခံခဲံသည့် တမန်တော်မြတ် (ဆွ) ၏ ဆွဟာဘာကြီးများကလည် အစ္စလာမ် သာသနာသည် မိမိတို့ဘဝကို ပိုမိုကောင်းမွန်စေမည့်အကြောင်းကို ကောင်းကောင်းကြီးသိလေသည်။ သူတို့၏ လူမှု့အဆောက်အဦးသည်လည်း ပြောင်းလဲလာမည်ကို သူတို့သိသလို နောင်ဘဝ၏ ချမ်းမြေ့ မှု အပေါင်းလည်းရှိကြောင်း တမန်တော်မြတ်် (ဆွ)၏ စကားကို အစွမ်းကုန်ယုံကြည်ကြလေသည်။ အစ္စလာမ်သာသနာသည် အဓိက အပိုင်း သုံးပိုင်းကို တင်ပြဆွေးနွေးထားပါသည်။

(၁) အကီဒါ ခေါ် ယုံကြည်မှုအပို်င်း

(၂) ရှရီအဟ် ခေါ် ဥပဒေဆိုင်ရာအပိုင်း

(၃) အက်ခ်လာက် ခေါ် ကိုယ်ကျင့်တရားဆိုင်ရာအပိုင်းတို့ဖြစ်သည်။

အထက်ပါ အပိုင်းသုံးပိုင်းကို မွတ်စ်လင််တို့သည် လက်ဝယ်ခံယူကာ ကျင့်သုံးခြင်းဖြင့် ပြည့်ဝကုံလုံ သော လူဘောင်ဘဝကို တည်ဆောက်နိုင်မည်ဖြစ်သည်။ ထို့အပြင် ၄င်းလူ့ဘောင်အတွက် အနှောက် အယှက်များကိုလည်း ဖယ်ရှားနိုင်မည်ဖြစ်သည်။ သဘောမှာ အစ္စလာမ်သာသနာကို တိကျ မှန်ကန်စွာ ကျင့်သုံးသည့် မည်သည့်အသိုင်းအဝန်းမဆို အောင်မြင်သော ဘဝနှင့် လူ့ဘောင်ကို တည် ထောင်နိုင် မည်ဖြစ်သည်။ တနည်းအားဖြင့် ဆိုလျှင် အစ္စလာမ်အသိုင်းအဝန်းတွင် လူတိုင်းသည် တစ်ဦး ကိုတစ်ဦး ကောင်းရာညွှန်ကြား မကောင်းတားမြစ်သည့် အလုပ်ကို လုပ်ကိုင်ပေးခြင်းသည် ကျမ်းမြတ် ကုရ်အာန် ၏ အကောင်းဆုံးနှင့် အပြည့်စုံဆုံး လမ်းညွှန်ချက်ဖြစ်ပါသည်။

အစ္စလာမ်လမ်းညွှန်သည် လူ့ဘောင်ဘဝ၏ လမ်းစဉ်နှင့် လုံးဝဆက်ဟတ်လျှက်ရှိသည့် အလ္လာဟ် အရှင်မြတ်၏ လမ်းညွှန်ချက်ဖြစ်သည်။ ၄င်းလမ်းညွှန်ချက်သည် လူသားတို့ မြေကမ္ဘာတွင် နေထိုင် သမျှ ကာလပတ်လုံး မြေကမ္ဘာနှင့် လူသားတို့ဘဝ သာယာစိုပြေရေးအတွက် လမ်းညွှန်ပင်ဖြစ်သည်။ ၄င်းလမ်းညွှန်ချက်များကို လက်ခံလိုက်နာဆောင်ရွက်ခြင်းသည် တနည်းအားဖြင့် လူတို့က အလ္လာဟ် အရှင်မြတ်ကို လက္ခံလိုက်နာခြင်းပင်ဖြစ်သည်။ တနည်းအားဖြင့် မိမိတို့၏ သဘောအလိုတို့ထက် အလ္လာဟ်အရှင်မြတ်၏ သဘောတော်ကို ဦးစားပေးကာ မိမိတို့ကိုယ်ကို အရှင်မြတ်ထံ ဝကွက် အပ်နှံ ခြင်းဖြစ်သည်။ ထို့သို့ ဝကွက်အပ်နှံခြင်းကို အာရဗီစာပေဖြင့် အစ္စလာမ်ဟုခေါ်ခြင်းသည်။ အစ္စလာမ် ဟူသည် အလ္လာဟ်အရှင်မြတ် ပြသသနားအပ်သည့် ပြည့်ဝသော လူ့ဘောင်ဘဝကို ဖေါ်ဆောင်နိုင် သည့် လမ်းစဉ်ပင်ဖြစ်သည်။ ၄င်း လမ်းစဉ်သည် လူ့ဘဝ၏ လိုအပ်ချက် အားလုံးကို ဖေါ်ပြထားပြီး လူတို့ဘဝ၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး စသည့် သဘောတရားအများကို ပြည့်စုံစွာ ဖေါ်ထားလေသည်။

အစ္စလာမ်သာသနာတော်၏ ဥပဒေများသည် လူဘောင်ဘဝ၏ လိုအပ်ချက်များကို အသေးစိတ် အသုံး ဝင်စွာ လမ်းညွှန်မှုများပေးသဖြင့် လူတို့၏ ဘဝအရေးအပေါင်းတွင် အလွန်ပင် အသုံးဝင်သည်ကို တွေ့ ရသည်။ ထို့အပြင် ရာစုနှစ်များစွာအတွင်း အစ္စလာမ် ဥပဒေများ၊ ၄င်းတို့နှင့် ပတ်သက်သော လက်တွေ့ အသုံးချနိုင်မည့် ဥပဒေများကို အစ္စလာမ်ပညာရှင်များက နှစ်ပေါင်းများစွာ လေ့လာသမှု ပြုနေသဖြင့် ယခုအခါ အလွန် သင့်တော်လျှောက်ပတ်သော ဥပဒေများအဖြစ် ရောက်ရှိနေပြီး လူသား တို့အဖို့ လွယ်ကူစွာ အသုံးချနိုင်ပြီဖြစ် သည်။ တနည်းအားဖြင့် အစ္စလာမ်သာသနာသည် လူသားတို့ ဘဝအခြေအနေအရပ်ရပ်အတွက် လိုအပ်သော ဥပဒေအရပ်ရပ်နှင့် အဖြေများကို ပေးအပ်နိုင်ပြီ ဖြစ်လေသည်။

Indeed, this Qur’an guides to that which is most suitable and gives good tidings to the believers who do righteous deeds that they will have a great reward.17:9

ထို့ပြင် ယင်းကုရ်အာန်ကျမ်းတော်မြတ်သည် ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ြ ၀၁၇ း ၉။ ဧကန်မလွဲ ဤကုရ်အာန်ကျမ်းတော်မြတ်သည် အဖြောင့်မတ်ဆုံးသော တရားလမ်းစဉ်ကို ညွှန်ကြား ပြသလေသည်။ ကကုန်သော မုအ်မင်န်သက်ဝင် ယုံကြည်သူတို့အား၊၎င်းတို့အဖို့ ကြီးကျယ်လှစွာသော အကျိုးဆုလာဘ်သည်ရှိသည်ဟူ၍ သတင်းကောင်း ပေးလေသည်။၁ရး၉

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
Click outside to hide the comparison bar
Compare