Blog

အမှန်တရားနှင့်ကတိစောင့်ထိန်းခြင်း

Building Sound Character

အမှန်တရားနှင့်ကတိစောင့်ထိန်းခြင်း


Notice: Undefined index: options in /home/kpr4d695aq7d/public_html/wp-content/themes/edumall/elementor/widgets/original/section.php on line 45

အလ္လာဟ်အရှင်မြတ်သည် ကျမ်းမြတ်ကုရ် အာန် စူရာဘက္ကရာဟ် အာယသ်တော် ၄၂ တွင် မိန့်သည်မှာ- အမှန်တရားကို အမှားဖြင့် မဖုံး ကွယ်လေနှင့်၊ ထိုနည်းအတိုင်း အသင်သည် အမှန်တရားကို သိနေလျှင် ဖုံးကွယ်မှုမပြုလေနှင့်။

သိုးကျောင်းသားနှင့် အမှန်တရား။ တနေ့သော်အခါ သိုးကျောင်းသားတစ်ဦးသည် မိမိဖခင်ပိုင် သောသိုးများကို ကျောင်းနေရင်း ထအောင်လေသည်။ မြေခွေး လာပြီ၊ မြေခွေးလာပြီ။ ထိုအခါ ရွာသားများသည် လေး လှံများကိုယ်စီ ကိုင်ကာ သိုးကျောင်းသားထံ ပြေးလာကြလေသည်။ ထိုအခါ သိုးကျောင်းသားက ရယ်လေတော့သည်။ ရွာသားများလည်း သိုးကျောင်းသား နောက် ပြောင်သည်ကို သိကြသောအခါ ဘာမှမဟုတ်မှန်းသိဖြင့် ပြန်သွားကြလေသည်။ တစ်ခါ နောက် တစ်ကြိမ် သိုးကျောင်းသားသည် မြေခွေး မြေခွေးဟု အော်ပြန်သည်။ ရွာသွားများ ရောက်လာသောအခါ သိုးကျောင်းသားလည်း ရယ်ပြန်လေသည်။ ရွာသားများလည်း စိတ်ဆိုး ကာပြန်သွားကြလေသည်။ နောက်တစ်ခါ မြေခွေးသည် အမှန်တကယ် ရောက်လာလေသည်။ သိုးကျောင်းသားက အမှန်တကယ် မြေခွေးရောက်ကြောင်း အော်လေသည်။ သို့သော် မည်သူ မျှရောက်မလာတော့ပါ။ စင်စစ် ရွာသားများက သိုးကျောင်းသား နောက်ပြန်ပြီဆိုကာ မလာ ခြင်း ဖြစ်သည်။ သိုးကျောင်းသားသည် သိုးတစ်ကောင်သည် မြေခွေးစာဖြစ်ရလေသည်။ အကြောင်းမှ သိုးကျောင်းသား၏ လိမ်လည်ပြောဆိုမှုကြောင့် သူ့အပေါ် မည်သူမျှ ယုံကြည်မှု မရှိတော့သည်ကို ဆိုလိုခြင်းဖြစ်သည်။

သစ္စာဖေါက်သော မိန်းကလေး။ မယ်ရ်ယမ်နှင့် လသိဖာ တို့နှစ်ဦးသည် အလွန်ချစ်ခင်သော မိန်းကလေးသူငယ်ချင်းနှစ်ဦးဖြစ်သည်။ လသီဖာသည် အလွန်ပင် ဂတိသစ္စာမတည် သောသူ တစ်ဦးသည်။ ဂတိပေးပြီးသောလည် မိမိဂတိကို မည်သည့်အခါမျှ မတည်ဘဲ ဖျက်တတ်လေ သည်။ တစ်ရာက် မယ်ရ်ရမ်က လသီဖာကို လျှို့ဝှက် စကားတစ်ခွန်းပြောကာ ၄င်းစကားကို မည်သူ့ကို မပြောရန် ပြေလေသည်။ သို့သော် မယ်ရ်ရမ်၏ စကားသည် နောက်ရက်တွင် အားလုံးသိသွားကြလေသည်။ မယ်ရ််ရမ်သည် အလွန်ပင်စိတ်ဆိုးသွားလေသည်။ နောက်အခါ လသီဖာကို မည်သည့်အခါမျှ စကားပြောတော့ပေ။
လသီဖာသည် မိမိချစ်ခင်သော သူငယ်ချင်းများကို မည်သည့်အခါမျှ ကြာကြာ ပေါင်းဖေါ်ခွင့် မရနိုင်ပေ။ သူ၏ ဂတိမတည်မှုကြောင့် တဖြေးဖြေး သူ့တွင် ပေါင်းသင်းမည့် သူငယ်ချင်း မရှိ သလောက်ဖြစ်သွားလေသည်။ သူသည် အဆုံးတွင် တကိုယ်တည်းဖြစ်သွားလေသည်။

အထက်ပါ ပုံပြင်ကလေးနှစ်ခုကို ကြည့်ခြင်းအားဖြင့် သစ္စတရားနှင့် ဂတိသစ္စတည်ခြင်းဟူသည် မည်မျှအရေးပါကြောင်းကို မိမိတို့ကောင်းစွာသိနိုင်ပြီဖြစ်သည်။ မည်သူမျှ လိမ်လည်တတ်သူကို မည်သည့်အခါမျှ ယုံကြည်မည်မဟုတ်ပါ။ ဂတိသစ္စာမတည်သူကိုလည်း မည်သူမျှ ယုံကြည် မည်မဟုတ်ပါ။ လိ်မ်လည်သူနှင့် ဂတိသစ္စာ မစောင့်ထိန်းသူတွင် မည်သည့် အပေါင်းအသင်းမျှ ရှိတော့မည်မဟုတ်ပါ။

အသိုင်းအဝန်းတစ်ခုတွင် သစ္စာတရား မရှိသမျှ၊ တည်ကြည်မှုမရှိသမျှ မည်သည့်အခါမျှ တိုးတက်အောင် ပူးပေါင်းဆောင်ရွက်နိုင်မည်မဟုတ်ပါ။ အကြောင်းမှ လူအများနှင့် ဆက်ဆံ သည့် အသိုင်းအဝန်းတွင် လူတို့သည် တစ်ဦး၏လုပ်ရပ်ကို တစ်ဦးက အစဉ်စောင့်ကြည့်နေ တတ်ကြလေ့ရှိသည်။ သစ္စတရားစောင့်ထိန်းသူ မှန်မှန်ကန်ကန် လုပ်ကိုင်စားသူတို့သည်သာ ထိုအသိုင်းအဝန်းကို ဦးဆောင်နိုင်ပြီး အောင်မြင်မှုဆီသို့ လူတိုင်းကို ခေါ်ဆောင်သွားနိုင်သွား သည်။

တမန်တော်မြတ် (ဆွ) သည် ငယ်စဉ်ဘဝမှ၍ အစဉ် စိတ်ချယုံကြည်ရသူ၊ ဂတိသစ္စာတရား စောင့်ထိန်းတတ်သူ တစ်ယောက်ဖြစ်ပါသည်။ တမန်တော်မြတ် (ဆွ) ကို အလ္လာဟ်အရှင်မြတ် ၏ တမန်တော်အဖြစ် မခေါ်ခံရမည်အချိန်ကတည်းက လူတိုင်းသည် တမန်တော်မြတ် (ဆွ)၏ သစ္စတရားကြီးမားမှုကို နှစ်သက်ကြလေသည်။ သူတို့သည် တမန်တော်မြတ် (ဆွ)အား အမီးန် (သစ္စတရားရှင်) နှင့် ဆွာဒီက် (မှန်ကန်သောသူ) ဟု ခေါ်ကြလေသည်။
တမန်တော်မြတ် (ဆွ) မိန့်တော်မူသည်မှာ- မည်သူမဆို အလ္လာဟ်အရှင်နှင့် အရှင်မြတ်၏ တမန်တော်မြတ် (ဆွ) ချစ်ခင်နှစ်သက်မှုကို လိုလားလျှင်သော်လည်းကောင်း၊ အလ္လာဟ်အရှင် နှင့် တမန်တော်မြတ် (ဆွ) ၏ ချစ်ခင်မှုကို ရယူလိုလျှင်လည်းကောင်း၊ ထိုသူသည် စကားပြော သည်အခါ အစဉ် မှန်ကန်သော စကားကိုသာ ပြောရမည်ဖြစ်သလို၊ ယုံကြည်စိတ်ချခြင်းခံရ သည့်အခါတွင်လည်း မိမိ၏ ဂတိတရားကို စောင့်ထိန်းသူဖြစ်ရန် လိုအပ်ပေသည်။

ကျမ်းမြတ်ကုရ်အာန်ကပြောသော သစ္စာတရား။ အလ္လာဟ်အရှင်မြတ်သည် ကျမ်းမြတ်ကုရ် အာန် စူရာဘက္ကရာဟ် အာယသ်တော် ၄၂ တွင် မိန့်သည်မှာ- အမှန်တရားကို အမှားဖြင့် မဖုံး ကွယ်လေနှင့်၊ ထိုနည်းအတိုင်း အသင်သည် အမှန်တရားကို သိနေလျှင် ဖုံးကွယ်မှုမပြုလေနှင့်။ စူရာမာအိဒ အာယသ်တော် ၁ တွင်လည်း မိန့်သည်မှာ အိုအီမာန်ယုံကြည်သူအပေါင်းတို့ အသင်တို့သည် ဂတိသစ္စာပြုခဲ့သမျှကို ဖြည့်ဆည်းကြပေလော့၊ ထိုနည်းအတိုင်းပင် စူရာဆွဖ် အာယသ်တော် ၂နှင့် ၃ တွင် မိန့်သည်မှာ အိုအီမာန်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် မလုပ်နိုင်သည့်အလုပ်ကို အဘယ်အတွက်ကြောင့် ပြေဆိုနေကြသနည်း၊ အလ္လာဟ်ထံတော်ပါး တွင် မလုပ်နိုင်သည်ကို ပြောနေသူတို့သည် အလွန်ပင် ဆက်စွန့် ရွံ့ရှာဖွယ်ကောင်းသူများပင် ဖြစ်ပေသည်။
အထက်ပါအာယသ်တော်များကို လေ့လာသိရှိပြီးသည့်နောက် မိမိတို့မွတ်စ်လင်မ်တို့အဖို့ လိမ်လည်ပြောခြင်းအလုပ်ကို ရှောင်ကြဉ်သင့်ပေသည်။ တစ်ကြိမ်လိမ်လည်သည့်နောက် ထပ်ခါထပ်ခါ လိမ်လည်မှုကို ပြုလုပ်နေရတော့ပြီဖြစ်သည်။ အကြင်အချိန် လိမ်မည်မှုသည် ပေါ်ဖြစ်အောင် ပေါ်မည်သာဖြစ်သည်။ ထိုအခါ အရှက်တကွဲ အကျိုးနဲဖြစ်ရမည့်သူသည် လိမ် လည်သူသာဖြစ်သည်မဟုတ်ပါလား။ ထို့ကြောင့် မွတ်စ်လင်မ်တိုင်းအဖို့ နားလည်သဘောက် ပေါက်သင့်သည်မှာ မည်သည့်အခါမဆို ဂတိပေးလိုက်ပြီးသည့်နောက် မည်သည့်အခါမျှ ဖေါက်ပျက်ဖို့ မစဉ်းစားဘဲ ဖြည့်ဖြစ်အောင် အစဉ်ကြိုးစားရမည်ဖြစ်သည်။ သို့မှသာလျှင် လူတိုင်းသည် သူ၏ ပြောစကားကို ယုံကြည်မည်ဖြစ်သလို သူကိုလည်း ချစ်ခင်လေးစားမည် ဖြစ်ပါသည်။

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
Click outside to hide the comparison bar
Compare