Blog

အို မွတ်စ်လင်မ်တို့ ………စာပေပညာဗဟုသုတဖြင့် ကမ္ဘာကိုထိန်းချုပ်ကြစို့

knowledge-management
Islamic Philosophy & Psychology

အို မွတ်စ်လင်မ်တို့ ………စာပေပညာဗဟုသုတဖြင့် ကမ္ဘာကိုထိန်းချုပ်ကြစို့


Notice: Undefined index: options in /home/kpr4d695aq7d/public_html/wp-content/themes/edumall/elementor/widgets/original/section.php on line 45

အို မွတ်စ်လင်မ်တို့ ………… ယနေ့ မိမိတို့၏ နိမ့်ကျနေသော အခြေအနေကို မြှင့်တင်ကြစို့ ……။

အစ္စလာမ် ကမ္ဘာတွင် မွတ်စ်လင်မ်တို့၏ ဦးနှောက်စွမ်းအားတွင်လည်းကောင်း၊ ငွေကြေားဓနအင်အား တွင်လည်းကောင်း အားနဲရော့ရဲနေသည်တော့မဟုတ်ပါ။ သို့ဖြစ်လျှင် အစ္စလာမ့်ကမ္ဘာတွင် ဘာများမှား နေပါသနည်း။ အဖြေမှာ ရှင်းပါသည်။ သူတို့၏ အမှားမှာ အစ္စလာမ်သာသနာက တောင်းဆိုသည့် လုပ် ရပ်များအပေါ်တာဝန်မကျေပွန်ခြင်း၊ မွတ်စ်လင်မ်တို့၏ ပညာရေး အခြေအနေ နောက်ကျနေခြင်း နှင့် အသိတရား မဲ့ခြင်းတို့ကြောင့်ဟု ပြောရမည်ဖြစ်သည်။ လက်ရှိကမ္ဘာ အခြေအနေသည် ညီညွှတ်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် ပြင်ဆင်နေချိန်တွင် မွတ်စ်လင်မ်တို့သည် ယနေ့တိုင် ငါ့လူစု၊ ငါ့ရွှေမျိုး၊ ငါ့အမျိုးသား ကောင်းစားရေးဟူသော အကြောင်းပြမှုအောက်တွင် ဒုက္ခရောက်နေဆဲဖြစ်သည်။ ကမ္ဘာအရေး စဉ်းစားလေ၊ မွတ်စ်လင်မ်တို့၏ အရေးမှာ စိတ်ပျက်စရာကောင်းလေပင်ဖြစ်သည်။ မိမိတို့ ၏ လက်ရှိဖြစ်ပျက်နေသော အကွဲအပြဲ၊ အားနဲချက်များ၊ သိပ္ပံနှင့် နည်းပညာတွင် နောက်ကျနေမှုများ၊ ဘာသာရေးရာကိစ္စများတွင် တယူသန် ငြင်းအားသန်နေမှုများ ကို စဉ်းစားလေ စိတ်ပျက်စရာ ကောင်း လေဖြစ်သည်။ မိမိတို့၏ အစ္စလာမ်သာသနာအပေါ် အဓိပ္ပါယ်ဖွဲ့ဆိုမှု မှားယွင်းနေခြင်းများ၊ ဥစ္စာဓန ကြွယ်ဝသော အနောက်တိုင်းနိုင်ငံတို့၏ လှည့်ဖျားသွေးဆောင်နေမှုများ၊ နည်းပညာကြွယ်ဝနေသော စဉ်ဆက်မပျက် တိုက်ခိုက်နေသော အနောက်တိုင်း နိုင်ငံတို့၏ မီဒီယာတိုက်ခိုက်နေမှုများ၊ မသင့်လျှော်သော မိမိိတို့ ပတ်ဝန်းကျင်၏ အနှောက်ယှက်ပေးမှုများ၊ စိတ်အင်အားကို ဖြိုဖျက် ယုတ်ညံ့စေသော အင်တာနက်၊ မာယာဝဘ်ဆိုဒ်၊ သတင်း၊ မဂ္ဂဇင်း၊ စာပေဆောင်းပါး၊ အီးမေးလ်၊ ဗွီဒီယို၊ ရုပ်ရှင် နှင့် ပြဇတ် တို့အပြင် အခြားတစ်ဘက်သို့ အတင်းဆွဲဆောင်ခိုင်းသော ကျောင်းသုုံးစာအုပ်များ စသည်တို့ သည် မွတ်စ်လင်မ်တို့ကို အမှားအယွင်းနှင့် အရှုံးတရားတို့၏ ဂျောက်ကမ်းဘားကြီးများဖက်သို့ အရောက်ပို့ပေးနေသည်ကို မိမိတို့ သတိထားမိပါလိမ့်မည်။

အထက်ပါရောဂါဆိုး၏ ကုထုံးကာ မိမိတို့သားသမီးများ၊ တပည့်များနှင့့် အများမွတ်စ်လင်မ်များ ကို ပညာပေးရန်သာ လိုအပ်ပါသည်။ ထိရောက်သောပညာပေးခြင်းကာ ဖြစ်ရန်လိုအပ်သည်။ ပထမ ဦးဆုံးပညာပေးခြင်းသည် သူတို့ကို ယုံကြည်ချက် ပြည့်ဝသော မွတ်စ်လင်မ်ကောင်းများဖြစ်ရန် သင်ပေး ရန်လိုသည်။ တနည်းအားဖြင့် ဒအ်ဝဟ် ကောင်းကောင်းလုပ်ပေးရန်လိုသည်။ ဒအ်ဝဟ် ဆိုသည်မှာ သူတို့ကို မွတ်စ်လင်မ်ကောင်းများဖြစ်အောင် ပညာပေးရန်ဖြစ်သည်။ ကျမ်းမြတ်ကုရ်အာန်တွင် “အိုအီမာန်ယုံကြည်သူ” ဟူသော စကားရပ်ကို ၈၇ ကြိမ်ထက်မနည်း ဖတ်ကြည့်သူများကို သတိပေး ထားသည်ကို တွေ့နိုင်သည်။ ဤသို့ဖိတ်ခေါ်သည့် စကားတွင် ဖတ်ကြည့်သူကို အိုအီမာန်ရှင်ဟု ခေါ်ဆိုခြင်းသည် ထိုသူ၏နှလုံးသားတွင် အီမာန်ဖြစ်ထွန်းစေရန်အတွက် ဖိတ်ခေါ်နေခြင်းကို ပေါ်လွင် နေကြာင်း သတိပြုနိုင်သည်။ တစ်ချိန်တည်းတွင် ဖတ်ကြည့်သူ မု့မင်န်အတွက် မြေကမ္ဘာပေါ်တွင် ကောင်းမွန်မြင့်မြတ်သော အလုပ်လုပ်ဖို့အတွက် ပြင်ဆင်ပေးခြင်းလည်းဖြစ်နေသည်ကို သတိပြုမိလိမ့် မည်ဖြစ်သည်။ ၄င်းအပြင် အီမာန်ယူလာသည့်အခါ အလ္လာဟ်အရှင်မြတ်နှင့် ၄င်းအရှင်မြတ်၏ တမန် တော်ကိုပါ အီမာန်ယူလာရန်ကိုပါ သတိပေးထားပါသည်(၄း၁၃၆)။ ထို့အပြင် အီမာန်ယုံကြည်လာ သည့်အခါ ထိထိမိမိ စိတ်နှလုံးအထဲထိရောက်အောင် အီမာန်ယုံကြည်ရန်နှင့် ရှိုင်သွာန်၏ ခြေဖဝါးကို လိုက်မနင်းရန်၄င်း၊ ၄င်းရှိုင်သွာန်သည် လူသား၏ အကြီးမားဆုံးရန်သူဖြစ်ကြောင်း သတိပေးထားပါ သည်(၂း၂၀၈)။

အထက်ပါတင်ပြချက်ကတော့ ယနေ့မိမိတို့အသိုင်းအဝန်းတွင် လုပ်နေကြသည့်အတွက် အလွန်ကောင်းမွန်သော လုပ်ရပ်ဖြစ်တော့သည်။ ဒုတိယအချက်သည် အီမာန်ယူလာသည့် မု့မင်န် အတွက် ပြည့်ဝသော မွတ်စ်လင်မ် တစ်ယောက်ဖြစ်လာရန် မည်သို့လုပ်ရမည်နည်း။ ဤနည်းမှာ ကျမ်းမြတ်ကုရ်အာန် မိန့်သကဲ့သို့ “အိက်ရအ်“ “စာဖတ်ရန် လေ့လာရန်” ပင်ဖြစ်သည်။ မြန်မာစာပေ လာ အလိမ္မာစာမှာရှိသည်ဆိုသကဲ့သို့ စာပေလေလာဖတ်ရှုခြင်းသည် မသိနားမည်မှု၊ အယူသည်း တယူသန်မှု၊ မတရားလုပ်ခြင်သည့်စိတ် ကဲ့သို့သော ရောဂါဆိုးများအတွက်် ဆေးပင်ဖြစ်ပေသသည်။ ဤသည်မှာ မွတ်စ်လင်မ်တို့၏ မိမိတို့ အတိတ်ဖြစ်စဉ် သမိုင်းအမွေအနှစ်ကို သိအောင်လုပ်ခြင်းဖြစ် သည်။ ယနေ့မိမိတို့၏ ကွဲပြားခြားနားခြင်း၊ မသင့်မမြတ်ဖြစ်နေခြင်းစသည့် အကြောင်းတို့သည် အသိမ ကြွယ်သည့်အတွက် အထင်အမြင်လွဲကာ ရန်မှုနေကြခြင်းဖြစ်သည်။ ဤအချက်သည် အမှန်ပင် သက် သေပြုပြီးဖြစ်သည်။ ကျမ်းမြတ်ကုရ်အာန်၏ “ဝဟီ” ကျရောက်ခြင်းဖြင့် အမှောင်ကိုခွင်းကာ အလင်းသို့ ဝင်ရောက်ခြင်းသည် ဖတ်ခြင်း လေ့လာခြင်းမှပင် ဖြစ်လာခြင်းမဟုတ်ပါလား။ တမန်တော်မြတ် ခေတ် ဝယ် “ဝဟီ” မကျခင်အထိ လူအများစုသည် ယနေ့ကျွနု်ပ်တို့ခေတ်ကကဲ့သို့ တစ်ဦးကိုတစ်ဦး မတည့်မြတ်၊ သတ်ဖြတ်၊ ကြီးနိုင်ငယ်ညှင်း၊ အယူသည်း၊ မတူမတန်၊ မဟုတ်တန်းပြော နေသည့် လူမိုက်များခေတ် ဖြစ်ခဲ့ပြီး “ဝဟီ” ကျရောက်ပြီးနောက် ဖတ်လာ လေ့လာလိုက်စား တရားတစ်ဘောင် နားထောင်ပြီး လူအစုလိုက် လူကောင်းများ လူတော်များဖြစ်လာကြသဖြင့် ခေတ်အဆက်ဆက် မွတ်စ်လင်မ်တို့ ကောင်းစားခဲ့သည်ကို သတိရလိုက်စေခြင်ပါသည်။

တတိယအချက်အနေဖြင့် ကလောင်လက်နက်ကို ကိုင်ဆောင်သုံးဆွဲကြခြင်းပင်ဖြစ်သည်။ ဤအချက်သည် မွတ်စ်လင်မ်တို့ကို အသိတရား ရှေးရူရေးနှင့် အစ္စလာမ့်စိတ်ဓါတ်များ ပြန်လည် နိုးကြားရေး အတွက် ပြင်ဆင်ခြင်းဖြစ်သည်။ ကလောင်ဟူသည် မိမိဖတ်ရူလေ့လာသမျှ အသိတရားကို မှတ်တမ်းတင်စေသည့် လက်နက်ဖြစ်သလို ၄င်းလက်နက်ဖြင့် မိမိ၏ အသိတရား ပညာကို အခြားသူ များထံ ပြန်လည်ပို့ပေးနိုင်သည့် အရာလည်းဖြစ်သည်။ စူရာ အလ် ကလမ် (၆၈း၁-၂) တွင် အလ္လာဟ် အရှင်မြတ်သည် ကလောင်တံ၏ စွမ်းအားကိုပြသလေသည်။ ထို့အပြင် စူရာ (၉၆း၃-၄) တွင်လည်း ကလောင်တံဖြင့်သာ ပညာကို သင်ကြားရယူနိုင် ကြောင်း ဆိုလေသည်။ တနည်းပြောနိုင်သည်ကာ လေ့လာမှတ်သားခြင်း၊ သုသေသနပြုခြင်း၊ စာပေးရေးသားခြင်းသည် မိမိကိုယ်ကို၄င်း၊ မိမိတို့အမျိုး သားကို၄င်း၊ မိမိတို့နိုင်ငံကို၄င်း ပြောင်းလဲပေးနိုင်ပြီး တိုးတက်ကြီးပွားကာ အင်အားကောင်းသော နိုင်ငံ အဖြစ်သို့ရောက်စေ နိုင်ပါသည်။

နောက်ဆုံးအချက်အနေဖြင့် တင်ပြချင်သည်မှာ ဟောပြေနိုင်ခြင်းစွမ်းရည် “အလ်ဘယားန်” ပင်ဖြစ်သည်။ ဟောပြောဆွေးနွေးနိုင် သည့် စွမ်းရည်ဖြင့်ပင် လူသည် မိမိတတ်မြောက်သည့် ပညာကို အခြားသူများကို စကားဖြင့်၄င်း၊ ဆွေးနွေးခြင်းဖြင့်၄င်း၊ တရားဟော ခြင်းဖြင့်၄င်း၊ စာပေဖြင့်၄င်း၊ သတင်းပြောကြားခြင်းဖြင့်၄င်း နားလည်ပြောင်မြောကအောင် ပေးပို့နိုင်စွမ်းရှိလာပါသည်။ တနည်း အား ပညာတတ်သောသူသည် အကြောင်းအရာများ၊ သဘောတရားများကို အခြားသူများအားလုံးက တိတိကျကျ နားလည်းသဘော ပေါက်အောင် လုပ်ပေးနိုင်ခြင်ပင်ဖြစ်သည်။ ကျမ်းမြတ်ကုရ်အာန် (၅၅း၄) အရ အလ္လာဟ်အရှင်မြတ်သည် လူသားကို မွေးမြူဖန်ဆင်းရုံသာမက ၄င်းလူသားကို အသိပညာ“အိလင်မ်” ဖြင့်၄င်း၊ ဟောပြောနိုင်စွမ်းရည် “အလ်ဘယားန်” ဖြင့်၄င်း ချီးမြှင့်ထားပေသည် ဟု မိန့်သဖြင့် လူတို့သတိထားသင့်ပါသည်။ သတိထားရမည်မှာ ယနေ့ကမ္ဘာသည် လက်နက်ဖြင့်သာ ထိန်းချုပ်ထားသည် ဟုသည့် သဘောထားမဟုတ်ဘဲ ကမ္ဘာကို “စာပေပညာဗဟုသုတ” ဖြင့်သာ ထိန်း ချုပ်ထားသည့်သဘောကို နားလည်ရမည်။ ယနေ့ကမ္ဘာပေါ်တွင် အင်အားအကောင်းဆုံးနိုင်ငံသည် မည်သည့်နိုင်ငံဖြစ်သနည်းဟုဆိုလျှင် စာပေဗဟုသုတ ကြွယ်ဝသည့် နိုင်ငံ တနည်းအားဖြင့် စာပေဗဟုသုတသည် ယနေ့ အီလက်ထရောနင့်မီဒီယာ အဖြစ်သို့ ပြောင်းသွားသည့်အတွက် မည်သူ မဆို စာပေကို အီလက်ထရောနစ်မီဒီယာ အဖြစ် အသွင်ပြောင်း သရုပ်ဆောင်နိုင်ကြသည်ရှိသော သူတို့သည် ယနေ့ကမ္ဘာကို ထိန်းချုပ်နေသူများ ဖြစ်သည်ဟုဆိုလျှင် ယုံကြမည်လား။

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
Click outside to hide the comparison bar
Compare