Blog

၀၁၀ ။ စူရာ ယူနွစ် : တမန်တော်ယူနွစ် ကဏ္ဍ ( မက္ကာမြို့တော်ကျ- အစောင် ၁၀၊ ၁၀၉ အာယသ်တော်)

surah-10_img
The Holy Quran and Myanmar Translation

၀၁၀ ။ စူရာ ယူနွစ် : တမန်တော်ယူနွစ် ကဏ္ဍ ( မက္ကာမြို့တော်ကျ- အစောင် ၁၀၊ ၁၀၉ အာယသ်တော်)


Notice: Undefined index: options in /home/kpr4d695aq7d/public_html/wp-content/themes/edumall/elementor/widgets/original/section.php on line 45

မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။

၀၁၀ : ၁။ အလာစ်ဖ်၊ လမ်၊ ရာ၊ ဤသည် ဉာဏ်ပညာနှင့်ပြည့်စုံသော (ခိုင်မာသော) ကျမ်းတော်မြတ်၏ အာယတ်တော်များပင်တည်း။

၀၁၀ : ၂။ ငါအသျှင်မြတ်သည် ၎င်းတို့အနက်မှပင် လူတဦး၏ထံသို့ ““ အသင်သည် လူခပ်သိမ်းတို့အား သတိပေးနှိုးဆော်ပါလေ”” ဟူ၍လည်းကောင်း၊ ““မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အား ထိုသူတို့၏ အသျှင်မြတ် အထံတော်၌ ထိုသူတို့အဖို့ မြင့်မြတ်သော အဆင့်အတန်း ရှိသည်ဟု သတင်းကောင်း ပြောကြားပါလေ”” ဟူ၍လည်းကောင်း၊ ““ဝဟီ”” အမိန့်ဗျာဒိတ်တော် ချပေးတော်မူခြင်းသည် လူတို့၌ အ့ံသြဖွယ် ဖြစ်နေပါသလော ကာဖိရ် သွေဖည်ငြင်းပယ်သော သူတို့ကမူ (ထိုသူနှင့်ပတ်သက်၍) “ဤသူကား ထင်ရှားသော စုန်းကဝေ အမှန်ပင်ဖြစ်သည်” ဟု ပြောဆိုကြကုန်သတည်း။

၀၁၀ : ၃။ ဧကန်စင်စစ် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အသျှင်မြတ်သည် အလ္လာဟ်အသျှင်မြတ်ပင် ဖြစ်တော်မူ၏၊ ထိုအသျှင်မြတ်သည် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ခြောက်ရက်တွင် ဖန်ဆင်းတော်မူခဲ့လေသည်။ ထို့နောက် ထိုအသျှင်မြတ်သည် ““အရ်ရ်ှ”” ပလ္လင်တော်ထက်၌ တည်နေတော်မူခဲ့လေသည်။ ထိုအသျှင်မြတ်သည်ပင် အမှုကိစ္စ အရပ်ရပ်တို့ကို စီမံခန့်ခွဲတော်မူ၏။မည်သူမဆို ထိုအသျှင်မြတ် ခွင့်ပြုတော်မူပြီးမှသာလျှင် ကြားဝင်အသနားခံ ပေးနိုင်မည်ဖြစ်၏။ ထိုအသျှင်မြတ်သည်ပင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အလ်္လာဟ်အသျှင် ဖြစ်တော်မူပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် ထိုအသျှင်မြတ်အား သာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်။ သို့ပါလျက် အသင်တို့သည် သတိတရား မရရှိကြသေးသလော။

၀၁၀ : ၄။ ထိုအသျှင်မြတ် အထံတော်သို့သာလျှင် အသင်တို့အားလုံး (စုရုံးလျက်) ပြန်လည်ရောက်ရှိကြ မည်ဖြစ်၏။ (ဤသည်အလ္လာဟ်အသျှင်မြတ် အထံတော်မှ မှန်ကန်စွာ ကတိပြုတော်မူခြင်းပင် ဖြစ်ပေ၏။ ဧကန်စင်စစ် ထိုအသျှင်မြတ်သည်ပင် ဖန်ဆင်းခြင်းခံရသည်များကို ပထမအကြိမ်လည်း စတင် ဖန်ဆင်းတော်မူခဲ့လေသည်။ ထို့နောက် ထိုအသျှင်မြတ်သည်ပင်လျှင် ယင်းဖန်ဆင်းခြင်း ခံရသည်များကို တဖန် ပြန်၍ ဖန်ဆင်းတော်မူမည်ဖြစ်သည်။ (ဤသို့ တဖန် ပြန်၍ ဖန်ဆင်းတော်မူခြင်းကား) ထိုအသျှင်မြတ်သည်အီမာန်သက်ဝင်ယုံကြည်မှု ထားရှိ ကြသော ကောင်းမြတ်သောအကျင့်သီလများကို ဆောက်တည်ကြသော သူတို့အား တရားမျှတစွာဖြင့် အကျိုးပေးတော်မူခြင်းငှာ ဖြစ်ချေသည်။ သို့ရာတွင် ““ကာဖိရ်”” မယုံမကြည် သွေဖည်ငြင်းပယ်သူတို့၌မူကား ၎င်းတို့သည် သွေဖည် ငြင်းပယ်လျက် ရှိခဲ့ကြသောကြောင့် လွန်စွာ ဆူပွက်ပူလောင်သော ရေနွေးကို သောက်သုံးခြင်းသည် လည်းကောင်း၊ နာကျင်ဖွယ်ဖြစ်သောပြစ်ဒဏ်သည် လည်းကောင်း၊ ရှိချေအံ့သတည်း။

၀၁၀ : ၅။ ထို(အလ္လာဟ်)အသျှင်မြတ်သည်ပင်လျှင် နေကို ထွန်းတောက်စွာလည်းကောင်း၊ လကို လင်းဝင်းစွာ လည်းကောင်း၊ ပြုလုပ်တော်မူခဲ့သောအသျှင် ဖြစ်တော်မူပေသည်။ ထို့ပြင် ထိုအသျှင်မြတ်သည် နှစ်များ၏ အရေအတွက်ကိုလည်းကောင်း၊ စာရင်းကိုလည်းကောင်း၊ အသင်တို့ သိနားလည်ကြအံ့သောငှာ၊ ယင်းလစန္ဒာ (သွားလာရန်) စခန်းများကို သတ်မှတ်၍ ပေးတော်မူခဲ့လေသည်။ အလ္လာဟ်အသျှင်မြတ်သည် ဤသည်တို့ကို မှန်ကန်သော ရည်ရွယ်ချက်နှင့်သာလျှင် ဖန်ဆင်းတော်မူခဲ့လေသည်။ ထိုအသျှင်မြတ်သည် သိနားလည်သူတို့အကျိုးငှာ သက်သေလက္ခဏာရပ်တို့ကို အသေးစိတ် ရှင်းလင်းဖော်ပြတော်မူလေသည်။

၀၁၀ : ၆။ ဧကန်မလွဲ ညဉ့်နှင့်နေ့တို့၏ ပြောင်းလွဲမှု၌ လည်းကောင်း၊ မိုးကောင်းကင်များနှင့် ပထဝီမြေတွင် အလ္လာဟ်အသျှင်မြတ် ဖန်ဆင်းထားတော်မူသော အရာများ၌လည်းကောင်း၊ (အလ္လာဟ်အသျှင်မြတ်အား) ကြောက်ရွံ့ရိုသေ ခန့်ညားသူတို့အဖို့ သက်သေလက္ခဏာများသည် ဧကန်မုချရှိချေသည်။

၀၁၀ : ၇။ ဧကန်အမှန် အကြင်သူတို့သည် ငါအသျှင်မြတ်နှင့် တွေ့ဆုံခြင်းကို မမျှော်လင့်ကြချေ။ ထို့ပြင် ၎င်းတို့သည် လောကီဘဝကိုပင် ကျေနပ်၍ ထိုလောကီဘဝနှင့်ပင် နှစ်သိမ့်စိတ်ဝင်စားကာ အာရုံစိုက်၍ နေခဲ့ကြလေသည်။ ၎င်းပြင် အကြင်သူတို့သည် ငါအသျှင်မြတ်၏ သက်သေလက္ခဏာများကို မေ့လျော့၊ လျစ်လျူရှုသူများ ဖြစ်ကြကုန်၏။

၀၁၀ : ၈။ ထိုသူများပင် ၎င်းတို့သည် (ပြစ်မှုဒုစရိုက်များ ကို) ရှာဖွေ ဆည်းပူးလျက် ရှိခဲ့ကြသောကြောင့် ၎င်းတို့၏ ခိုကိုးရာဌာနသည်““ဂျဟန္နမ်””ငရဲဘုံပင် ဖြစ်လတ်္တံ့။

၀၁၀ : ၉။ ဧကန်စင်စစ် အကြင်သူများသည် သက်ဝင်ယုံကြည်ခဲ့ကြ၏။ ၎င်းပြင် ထိုသူများသည် ကောင်းမြတ်သော အကျင့်သီလများကို ပြုလုပ်ဆောက်တည်ကြ၏၊ ၎င်းတို့အား ၎င်းတို့ကို ဖန်ဆင်းမွေးမြူတော် မူသောအသျှင်မြတ်သည် ၎င်းတို့၏ ““အီမာန်”” သက်ဝင်ယုံကြည်မှုကြောင့် ချမ်းသာသခုနှင့်ပြည့်စုံသော ဥယျာဉ်များသို့ ပို့ဆောင်တော်မူမည် ဖြစ်သည်၊ ၎င်းတို့(နေထိုင်ရာ)အောက်၌ စမ်းရေချောင်းများ စီးတွေလျက် ရှိပေမည်။

၀၁၀ : ၁၀။ ယင်းသုခဘုံ နန်းဥယျာဉ်များတွင် ထိုသူတို့၏ စကားသည် “အို-အလ္လာဟ်အသျှင်မြတ်၊ အသျှင်မြတ်သည် သန့်ရှင်းစင်ကြယ်တော်မူပါ၏”ဟူ၍လည်းကောင်း၊ ထိုသူတို့၏နှုတ်ခွန်းဆက်ခြင်းသည် “စလာမ်” ဟူ၍လည်းကောင်း၊ ထိုသူတို့၏နောက်ဆုံး (နိဂုံးချုပ်) စကားသည်““ချီးမွမ်းထောမနာပြုခြင်း အပေါင်းတို့အား စကြဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အသျှင်မြတ်နှင့်သာ အပ်စပ်သည်”” ဟူ၍ လည်းကောင်း ဖြစ်အံ့သတည်း။

၀၁၀ : ၁၁။ စင်စစ်သော်ကား အကယ်၍သာ အလ္လာဟ်အသျှင်မြတ်သည် လူများထံသို့ ၎င်းတို့အကောင်းကို အလျင်စလို ပြုလုပ်ကြဘိသကဲ့သို့ အဆိုးကို ဖြစ်စေတော်မူပါလျှင် (၎င်းတို့အား ပြစ်ဒဏ်ပေးတော်မူရန် ကတိသည် ပြီးဆုံးခန်းသို့ ရောက်ပြီး ဖြစ်ချေအံ့)။ (တနည်း) (၎င်းတို့အဖို့ ပိုင်းခြားအပ်သော ကာလအပိုင်းအခြားသည်ကား ဧကန်မလွဲ ပြီးဆုံးခဲ့ပြီး ဖြစ်ချေအံ့။) သို့ရာတွင် ငါအသျှင်မြတ်သည် ငါအသျှင်မြတ်နှင့် တွေ့ဆုံခြင်းကို မမျှော်လင့်သူတို့အား ၎င်းတို့၏ ခေါင်းမာမှု၌ပင ်တဝေ့လည်လည် ဖြစ်ရှိနေကြရန် စွန့်ပစ်၍ ထားရှိတော်မူပေသတည်း။ (တနည်း) ၎င်းပြင် အကယ်၍သာ အလ္လာဟ်အသျှင်မြတ်သည် လူများထံသို့ ၎င်းတို့အကောင်းကို အလျင်အမြန် တောင်းဆိုသကဲ့သို့ အဆိုးကိုပို့ဆောင် (သက်ရောက်) စေတော်မူပါလျှင် ၎င်းတို့၏ သက်တမ်းသည် မုချအဆုံးသတ်ပြီး ဖြစ်ချေမည်။ သို့ရာတွင် ငါအသျှင်မြတ်သည် ငါအသျှင်မြတ်နှင့်တွေ့ရမည်ကို မမျှော်လင့်သောသူများအား ၎င်းတို့၏ မောက်မာဆိုးသွမ်းမှု၌ တဝေ့လည်လည် ဖြစ်ရှိနေကြရန် စွန့်ပစ်၍ ထားတော်မူသည်။

၀၁၀ : ၁၂။ သို့ရာတွင် လူသား၌ ဘေးဒုက္ခ(အချို့) ဆိုက်ရောက်လာသောအခါ ၎င်းသည် ငါအသျှင်မြတ် အား လဲလျောင်းလျက်ဖြစ်စေ၊ ထိုင်လျက်ဖြစ်စေ မတ်တတ်ရပ်လျက်ဖြစ်စေ ဟစ်ခေါ်လေတော့၏။
တဖန် ငါအသျှင်မြတ်သည် ၎င်း၏ဘေးဒုက္ခကို ကင်းဝေးပပျောက်စေတော်မူခဲ့သည်ရှိသော် ၎င်းသည် ငါအသျှင်မြတ်အား မိမိ၌ဆိုက်ရောက်ခဲ့သော ဘေးဒုက္ခအတွက် (တစ်ကြိမ်တစ်ခါမျှ) ဟစ်ခေါ်ခြင်း မပြုခဲ့ဘိသကဲ့သို့ပင် ဖြစ်သွားပြန်၏။ ဤကဲ့သို့ပင် စည်းမဲ့ကမ်းမဲ့ပြုလုပ်သော သူတို့အမြင်၌ ၎င်းတို့ ပြုလုပ်လျက် ရှိခဲ့သည်များသည် လှပတင့်တယ်စွာ တွေ့မြင်ရလေသတည်း။

၀၁၀ : ၁၃။ ထို့ပြင် ဧကန်မလွဲ ငါအသျှင်မြတ်သည် အသင်တို့အလျင် (များစွာသော) အမျိုးနွယ်များကို ၎င်းင်းတို့ မတော်မတရားကျူးလွန်ခဲ့ကြသောအခါ ဖျက်ဆီးတော်မူခဲ့လေသည်၊ အမှန်စင်စစ်သော်ကား ၎င်းတို့ထံ ၎င်းတို့၏ ရစူလ်တမန်တော်များသည် ထင်ရှားလှစွာသောသက်သေ၊ လက္ခဏာတော်များကို ယူဆောင်လာခဲ့ကြကုန်၏။ စင်စစ်သော်ကား ၎င်းတို့သည် သက်ဝင်ယုံကြည်ကြမည့်သူများ မဟုတ်ကြချေ။ ငါအသျှင်မြတ်သည် ပြစ်မှုကျူးလွန်သူတို့အား ဤကဲ့သို့ပင် အစားပေးတော်မူလေသည်။

၀၁၀ : ၁၄။ ထို့နောက် ငါအသျှင်မြတ်သည် ၎င်းတို့၏ နောက်တွင် အသင်တို့ မည်သို့ပြုလုပ်ကြသည်ကို ကြည့်ရှုတော်မူရန် အသင်တို့အား ကမ္ဘာမြေပြင်ဝယ် ကိုယ်စားလှယ်များ ပြုလုပ်တော်မူသည်။

၀၁၀ : ၁၅။ ၎င်းပြင် ထိုသူတို့ရှေ့ဝယ် ငါအသျှင်မြတ်၏ ထင်ရှားလှစွာသော အာယတ်တော်များကို ဖတ်ကြားခဲ့သောအခါ၊ ငါအသျှင်မြတ်နှင့်တွေ့ဆုံရန် မမျှော်လင့်သောသူတို့က ““အသင်သည် ဤမှတပါး အခြား ကုရ်အာန်ကိုယူခဲ့ပါလေ၊ သို့တည်းမဟုတ် ဤသည်ကိုပင် ပြောင်းလဲ၍ပေးပါလေ”” ဟုပြောဆိုကြကုန်၏။အသင်သည် (၎င်းတို့အား ဤသို့) ပြောကြားပါလေ၊ (အချင်းတို့) ငါ၏အဖို့ ဤကုရ်အာန်၌ မိမိ၏ စိတ်အလိုအလျောက် ပြောင်းလဲခွင့် မရှိချေ၊ ငါသည် မိမိထံ ညွှန်ကြားခြင်းခံရသော အမိန့်ကိုသာ လိုက်နာ၏။ အကယ်၍ ငါသည် မိမိအသျှင်မြတ်၏အမိန့်တော်ကို ဖီဆန်မိပါလျှင် ကြီးကျယ်သော (ကိယာမတ်)နေ့၏အပြစ်ဒဏ်ကို ငါစိုးရိမ်မိသည်။

၀၁၀ : ၁၆။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား ဤသို့) ပြောကြားပါလေ။ (ဟယ်-အချင်းတို့) ““အကယ်၍ အလ္လာဟ်အသျှင်မြတ်သည်(ဤအတိုင်း) အလိုရှိတော်မူခဲ့ပါလျှင် ငါသည်လည်း ထို(ကုရ်အာန်) ကို အသင်တို့ရှေ့ဝယ် ဖတ်ကြားနိုင်မည် မဟုတ်။ ထိုအသျှင်မြတ်သည်လည်း အသင်တို့အား ယင်း(ကုရ် အာန်)နှင့် စပ်လျင်း၍ အသိပေးတော်မူမည်မဟုတ်။ တဖန် ဧကန်စင်စစ် ငါသည် ထို (ကုရ်အာန် မကျရောက်မီ) အလျင်ကလည်း အသင်တို့အထဲတွင် တစ်သက်တာမျှ နေခဲ့ပြီး ဖြစ်ပေသည်။ သို့ပါလျက် အသင်တို့သည် နားမလည်ကြလေသလော””

၀၁၀ : ၁၇။ သို့ဖြစ်ပေရာ အကြင်သူထက် ပိုမို၍ မတရားသောသူသည် မည်သူရှိဦးမည်နည်း။ ထိုသူသည် အလ္လာဟ်အသျှင်မြတ်အပေါ်၌ မုသားကို ကြံဖန်လီဆယ်၍ စွပ်စွဲခဲ့လေသည်။ သို့တည်းမဟုတ် ထိုသူသည် ထိုအသျှင်မြတ်၏ သက်သေလက္ခဏာတော်များကိုမဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့လေသည်။ ဧကန်စင်စစ် ပြစ်မှုကျူးလွန်သူတို့သည် အောင်မြင်မှု အလျင်းရရှိကြမည် မဟုတ်ပေတကား။

၀၁၀ : ၁၈။ စင်စစ်သော်ကား ၎င်းတို့သည် အလ္လာဟ်အသျှင်မြတ်အား စွန့်ပယ်၍ အကြင်အရာများကို ကိုးကွယ်ဆည်းကပ်ကြလေသည်။ ထိုအရာများသည် ၎င်းတို့အား အကျိုးယုတ်စေနိုင်ကြသည်လည်း မဟုတ်ပေ။ ထို့ပြင် ထိုအရာများသည် ၎င်းတို့အား အကျိုးဖြစ်ထွန်းစေနိုင်ကြသည်လည်း မဟုတ်ပေ။ ထိုမှတပါး ၎င်းတို့က “ဤသည်တို့ကား ကျွန်ုပ်တို့အား အလ္လာဟ အသျှင်မြတ်အထံတော်၌ ကြားဝင် အသနားခံပေးမည့် အရာများပင်ဖြစ်ကြသည်” ဟု ပြောဆိုကြကုန်၏။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား ဤသို့) ပြောကြားပါလေ။ (အချင်းတို့) ““အသင်တို့သည် အလ္လာဟ်အသျှင်မြတ်အား မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌လည်းကောင်း၊ ထိုအသျှင်မြတ် သိတော်မမူသောအရာနှင့် စပ်လျဉ်း၍ သတင်းပေးကြသလော။ ထိုအသျှင်မြတ်သည် သန့်ရှင်းစင်ကြယ်တော် မူသည့်အပြင် ထိုအသျှင်မြတ်သည် ၎င်းတို့ တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြကုန်သောအရာများထက် မြင့်မြတ်တော်မူပေသတည်း။

၀၁၀ : ၁၉။ စင်စစ်သော်ကား လူသားတို့သည် (ယခင် မူလက) ဘာသာဝါဒ တူညီသော လူတစုတည်း သာလျှင် ဖြစ်ခဲ့ကြကုန်၏။ ထို့နောက် ၎င်းတို့သည် (ဘာသာဝါဒ၌) သဘောကွဲလွဲခဲ့ကြကုန်၏။ စင်စစ် သော်ကား အကယ်၍သာ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အသျှင်မြတ်အထံတော်မှ စကားတရပ် သည် ရှေးဦးပထမကပင် ရှိနှင့်ခဲ့ပြီး မဖြစ်ပါလျှင် မုချဧကန် ၎င်းတို့အချင်းချင်း သဘောကွဲလွဲနေသောအရာနှင့်စပ်လျဉ်း၍ စီရင်ဆုံးဖြတ်ပြီး ဖြစ်ချိမ့်မည်။

၀၁၀ : ၂၀။ ထိုမှတပါး ၎င်းတို့သည် (ဤသို့) ပြောဆိုကြ ကုန၏် ။ အဘယ်ကြောင့ ် ထို(ရစူလ်တမန်တော် မြတ်) ၏အပေါ်၌ ၎င်း၏အသျှင်မြတ်အထံတော်မှ သက်သေ လက္ခဏာ တစုံတရာ မကျရောက်ခဲ့ပါသနည်း။ သို့ဖြစ် ပေရာ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား ဤသို့)ဖြေကြားပါလေ။ (အချင်းတို့) “အကယ်စင်စစ် အကွယ်၌ရှိသမျှတို့ကို အလ္လာဟ်အသျှင်မြတ်သာလျှင် ပိုင်ဆိုင်တော်မူ၏။ သို့ဖြစ်ပေရာ အသင်တို့သည် စောင့်မျှော်၍နေကြလေကုန်။ ငါသည်လည်း အသင်တို့ နှင့်အတူ စောင့်မျှော်သူတို့တွင် တဦးအပါအဝင်ဖြစ်ချေသတည်း”။

၀၁၀ : ၂၁။ အမှန်သော်ကား ငါအသျှင်မြတ်သည် လူတို့ အား ၎င်းတို့၌ ဘေးဒုက္ခ ဆိုက်ရောက်ခဲ့ပြီးနောက် (မိမိ၏) ကရုဏာတော်(၏ အရသာ)ကို မြည်းစမ်းစေ တော်မူသော် ရုတ်တရက် ၎င်းတို့၌ ငါအသျှင်မြတ်၏ သက်သေလက္ခဏာတော်များနှင့် စပ်လျဉ်း၍ အကြံအစည်များပေါ်လာလေ့ရှိပေသည်။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား) “အလ္လာဟ်အသျှင်မြတ် သည် အကြံအစည်ပြုရာ၌(၎င်းတို့ထက်) ပိုမို၍ပင် လျင်မြန်တော်မူသောအသျှင် ဖြစ်တော်မူသည်” ဟု ပြောကြားပါလေ။ ဧကန်အမှန် ငါအသျှင်မြတ်၏ (ကောင်းကင်) စေတမန်များသည် အသင်တို့ ကြံစည်လျက်ရှိသည် တို့ကို ရေးမှတ်လျက်ရှိကြပေသတည်း၊

၀၁၀ : ၂၂။ ထိုအသျှင်မြတ်သည် အကြင်အသျှင်မြတ်ပင်၊ ထိုအသျှင်မြတ်သည် အသင်တို့အား ကုန်းကြောင်း၌ လည်းကောင်း၊ သမုဒ္ဒရာပင်လယ်ရေကြောင်း၌ လည်းကောင်း၊ ခရီးသွားလာစေတော်မူ၏။ သို့ဖြစ်သော ကြောင့် အသင်တို့သည် သင်္ဘောများတွင် ရှိနေကြသောအခါ သင်္ဘောများသည် လေညင်းလေပြည်ဖြင့် ၎င်းတို့အား သယ်ဆောင်သွားလေ၏။ ၎င်းတို့သည်လည်း ထိုလေပြည်ကြောင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်လျက်ရှိကြ၏။ ထိုအခါ (ရုတ်တရက်) ထိုသင်္ဘောများကို လေပြင်းမုန်တိုင်းသည် ရိုက်ခတ်လာ၍ လှိုင်းတံပိုးများသည် ၎င်းတို့အပေါ်၌ အဖက်ဖက်မှ လွှမ်းမိုးလာသဖြင့် ၎င်းတို့သည် ဧကန်မလွဲ မိမိတို့မှာ ၀ိုင်းဝန်းခြင်းကို ခံကြရလေပြီဟု ထင်မှတ်ခဲ့ကြလေသည်။ (ထိုအခါ) ၎င်းတို့သည်အလ္လာဟ်အသျှင်မြတ်အား ထိုအသျှင်မြတ်၌သာလျှင် (အာရုံစူးစိုက်) သဒ်္ဓါကြည်ဖြူလျှက် (အို-အသျှင်) ““အကယ်၍ အသျှင်မြတ်သည် ကျွန်တော်မျိုးတို့အား ဤ (ဘေးအန္တရာယ်) မှလွတ်မြောက်စေတော် မူပါလျင်ဧကန်မလွဲ ကျွန်တော်မျိုးတို့သည် ကျေးဇူးတော်ကို သိတတ်ကြသော သူတို့တွင် အပါအဝင် ဖြစ်ကြပါမည်”” ဟု ဟစ်ခေါ်ဆုတောင်းကြ၏။

၀၁၀ : ၂၃။ တစ်ဖန် အကြင်အခါဝယ် ထိုအသျှင်မြတ်သည် ၎င်းတို့အား လွတ်မြောက်စေတော်မူသောအခါ ရုတ်တရက် ချက်ချင်းပင် ၎င်းတို့သည် ကမ္ဘာမြေပြင်ဝယ် မတရားသဖြင့် စည်းကမ်းကျူးလွန်ကြကုန်၏။
““အို-လူအပေါင်းတို့ အသင်တို့၏ စည်းကမ်းကျူးလွန်မှုသည် အသင်တို့အပေါ်၌သာ (ပြန်လည်ကျရောက်မည်)ဖြစ်သည်။ (အသင်တို့သည်) လောကီဘဝ၏ (အနည်းငယ်မျှသော) အကျိုးကျေးဇူးကို (ခံစားလျက် ရှိကြကုန်လော့)။ ထို့နောက် အသင်တို့သည် ငါအသျှင်မြတ်၏အထံတော်သို့သာလျှင် ပြန်ကြရပေမည်။ ထိုအခါ ငါအသျှင်မြတ်သည် အသင်တို့အား အသင်တို့ ပြုလုပ်လျက်ရှိခဲ့ကြသည်များကို ပြသတော်မူမည် ဖြစ်သတည်း။

၀၁၀ : ၂၄။ (ဤမျက်မှောက်) လောကီဘဝ၏ ဥပမာသည်ကား အကြင်ရေ၏ ဥပမာကဲ့သို့ ဖြစ်ချေသည်။ ငါအသျှင်မြတ်သည် ထိုရေကိုမိုးကောင်းကင်မှ ချပေး (ရွာသွန်းစေ) တော်မူခဲ့လေသည်။ တစ်ဖန် ထိုရေကြောင့် ပထဝီမြေမှ လူတို့သည်လည်းကောင်း၊ ခြေလေးချောင်းသတ္တဝါတို့သည် လည်းကောင်း စားသုံးကြကုန်သော အပင်ငယ်များသည် ရောယှက်၍ ထွက်လာလေသည်။ နောက်ဆုံးတွင် ပထဝီမြေသည် မိမိ ဝတ်စား တန်ဆာကို ယူ၍ (လှပတင့်တယ်စွာ) တန်ဆာဆင်ယင်ပြီး၊ ထိုမြေကို ပိုင်ဆိုင်သူတို့က ၎င်းတို့သည် ထို(ပေါက်ရောက်သမျှတို့)ကို (မိမိတို့ စိတ်ထင်တိုင်း) သုံးစွဲနိုင်ကြပြီဟု ထင်မြင်ယူဆလာကြသည်။ ထိုအခါ (ရုတ်တရက်) ငါအသျှင်မြတ်၏ အမိန့်တော်သည် ထိုလယ်ယာဥယျာဉ်များသို့ ညဉ့်၌ ဖြစ်စေ၊ နေ့၌ဖြစ်စေ၊ ရောက်ရှိလာလေတော့၏၊ ပြီးနောက် ငါအသျှင်မြတ်သည် ယင်းလယ်ယာဥယျာဉ်များကို ရိပ်သိမ်းပြီးပမာ ဖြစ်စေတော်မူလေသော် ထိုလယ်ယာဥယျာဉ်များသည် ယမန်နေ့ကလုံးဝ မရှိသကဲ့သို့ပင် ဖြစ်သွားချေသည်။ ငါအသျှင်မြတ်သည် ထိုကဲ့သို့ပင် သက်သေလက္ခဏာတော်များကို စဉ်းစားဆင်ခြင ်ချင့်ချိန်သူတို့ အကျိုးငှာ အသေးစိတ် ရှင်းလင်းဖော်ပြတော် မူလေသတည်း။

၀၁၀ : ၂၅။ စင်စစ်သော်ကား အလ္လာဟ်အသျှင်မြတ်သည် (လူခပ်သိမ်းတို့အား) ငြိမ်းချမ်းရေး ဘုံဗိမာန်သို့ ဖိတ်ခေါ်တော်မူလေသည်။ ၎င်းပြင်ထိုအသျှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား ဖြောင့်မတ် မှန်ကန်သော တရားလမ်းစဉ်သို့ပို့ဆောင်တော်မူ၏။

၀၁၀ : ၂၆။ ကောင်းမှုကို ပြုခဲ့ကြသောသူတို့အဖို့ ကောင်းမြတ်သောအကျိုး (၀ါ) “ဂျန္နတ်” သုခဘုံ ရှိသည့်ပြင် အပို(ဆုလာဘ်များ)လည်းရှိချေသည်။ ထိုမှတပါး ၎င်းတို့၏မျက်နှာများကို မြူ၊ဖုန်များ ဖုံးလွှမ်းမည် မဟုတ်။ ကျိုးယုတ်ရှက်ရ ဂုဏ်သိက္ခာကျခြင်းသည်လည်း ဖုံးလွှမ်းမည်မဟုတ်ပေ။ ထိုသူတို့သည်ပင် “ဂျန္နတ်” သုခဘုံသားများ ဖြစ်ကြကုန်၏။ ၎င်းတို့သည် ယင်း “ဂျန္နတ်” သုခဘုံတွင် ထာဝစဉ်နေထိုင်စံမြန်း ကြမည့်သူများ ဖြစ်ကြကုန်သတည်း။

၀၁၀ : ၂၇။ သို့ရာတွင် မကောင်းမှု ဒုစရိုက်များကို ရှာဖွေဆည်းပူးကြကုန်သော သူတို့မူကား (၎င်းတို့ ရှာဖွေ ဆည်းပူးခဲ့ကြကုန်သော) မကောင်းမှုများ၏ အကျိုးသည် ထိုမကောင်းမှုနှင့် ထပ်တူထပ်မျှပင် ဖြစ်ချေသည်၊ ထို့ပြင် ကျိုးယုတ်ရှက်ရ၊ ဂုဏ်သိက္ခာကျခြင်းသည် လည်း၎င်းတို့အား ဖုံးလွှမ်းမည်ဖြစ်သည်။ ၎င်းတို့အား အလ္လာဟ်အသျှင်မြတ်၏ (ပြစ်ဒဏ်)မှ ကယ်တင်မည့်သူဟူ၍ တစ်ဦးတစ်ယောက်မျှ ရှိလိမ့်မည် ်မဟုတ်ပေ။ ၎င်းတို့၏မျက်နှာများမှာကား မည်းမှောင်နေသော ညဉ့်၏အပိုင်းအစများဖြင့် ဖုံးအုပ်ခြင်း ခံရဘိသကဲ့သို့ ရှိကြပေမည်။ ထိုသူတို့သည် ငရဲသားများ ဖြစ်ကြပေသည်။ ၎င်းတို့သည် ငရဲဘုံ၌ အမြဲ ထာဝစဉ် နေထိုင် ခံစားကြရမည့်သူများပင် ဖြစ်ကြကုန်သတည်း။

၀၁၀ : ၂၈။ ၎င်းပြင် အကြင်နေ့ကို (သတိရပါလေ) ငါအသျှင်မြတ်သည် (ထိုနေ့တွင်) ၎င်းတို့အားလုံးကို စုရုံးစေတော်မူမည်။ ထိုနောက်ငါအသျှင်မြတ်သည် (အခြားအရာများကို ငါအသျှင်မြတ်နှင့်) တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြသူတို့အား ““အသင်တို့နှင့် အသင်တို့ယှဉ်တွဲကိုးကွယ်ခဲ့ကြသော ပေါင်းဖော်ပေါင်းဖက်တို့သည် မိမိတို့၏နေရာတွင်ပင် ရပ်တည်၍ နေကြလေကုန်”” ဟုမိန့်ကြားတော်မူမည်။ ထို့နောက် ငါအသျှင်မြတ်သည် ၎င်းတို့အား အချင်းချင်းကွဲစေတော်မူမည်။ (ထိုအခါ) ၎င်းတို့ တွဲဖက်နှိုင်းယှဉ်၍ ကိုးကွယ်ခဲ့ကြကုန်သော ပေါင်းဖော်ပေါင်းဖက်တို့က (၎င်းတို့အား) ““အသင်တို့သည် ငါတို့အား ကိုးကွယ်ခဲ့ကြသည်မဟုတ်”” ဟု ပြောဆိုကြလတ်္တံ့။

၀၁၀ : ၂၉။ သို့ဖြစ်ပေရာ အသင်တို့၏ ကိုးကွယ်မှုကို ငါတို့ (အလျင်း) မသိခဲ့ကြောင်း အလ္လာဟ်အသျှင်မြတ် သည် ပင် ငါတို့နှင့် အသင်တို့၏စပ်ကြားဝယ် သက်သေအဖြစ် လုံလောက်တော်မူပေသတည်း။

၀၁၀ : ၃၀။ ထိုနေရာတွင် လူတိုင်းလူတိုင်းသည် မိမိတို့ တင်ကြိုပို့နှင့်ခဲ့ပြီးဖြစ်သောအပြုအမူများကို စမ်းသပ် (မျက်ဝါးထင်ထင် သိရှိတွေ့မြင်)ကြမည် ဖြစ်ပေသည်။ ထို့ပြင် ၄င်းတို့သည် မိမိတို့၏အသျှင် သခင်အစစ် အမှန် ဖြစ်တော်မူသော အလ္လာဟ်အသျှင်မြတ် အထံတော်သို့ပြန်ပို့ခြင်းကို ခံကြရပေမည်။ ထိုမှတစ်ပါး ၎င်းတို့ ကြံဖန်လီဆယ်ခဲ့သမျှတို့သည် ၎င်းတို့ထံမှ ကွယ်ပျောက်သွားကြမည်သာ ဖြစ်သတည်း။

၀၁၀ : ၃၁။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား) ဤသို့ ပြောဆိုမေးမြန်းကြပါလေ၊ ““အချင်းတို့ အသင်တို့အား အာကာသမိုးကောင်းကင်မှလည်းကောင်း၊ ပထဝီမြေကြီးမှ လည်းကောင်း၊ မည်သူမည်ဝါ စားနပ်ရိက္ခာ ထောက်ပံ့လေသနည်း။ သို့တည်းမဟုတ် မည်သူသည်နားများနှင့် မျက်စိများကို စိုးပိုင်ပါသနည်း။ ထိုနည်းတူစွာ မည်သူသည် သက်ရှိကိုသက်မဲ့မှ ထွက်စေ၍ သက်မဲ့ကို သက်ရှိမှ ထွက်စေသနည်း။ ထိုမှတစ်ပါး မည်သူသည် အမှုကိစ္စအဝဝကို စီမံခန့်ခွဲ လေသနည်း”” ဟု မေးမြန်းပါလေ။ ထိုအခါ ၎င်းတို့က ““အလ္လာဟ်အသျှင်မြတ်”” ဟူ၍ပင် မုချ ပြောဆိုဖြေ ကြားကြပေမည်။ သို့ဖြစ်ပေရာ အသင်သည် (၎င်းတို့ အား) ““အချင်းတို့ သို့ပါလျက် အသင်တို့သည် (တစုံတရာကို အလ္လာဟ်အသျှင်မြတ်နှင့် တွဲဖက် နှိုင်းယှဉ်ကိုးကွယ်ခြင်းမှ) မရှောင်ကြဉ်ကြလေသလော”” ဟု မေးမြန်းပါလေ။

၀၁၀ : ၃၂။ သို့ဖြစ်လေရာ အသင်တို့၏ အသျှင်အစစ် အမှန်သည် အလ္လာဟ်အသျှင်မြတ်ပင် ဖြစ်တော်မူပေသည်။ အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အသျှင်မြတ်သည် အစစ်အမှန်ပင်။ သို့ဖြစ်သောကြောင့် အမှန်တရား (ထင်ရှားပြီးသည်) ၏နောက် အမှားမှအပ အခြားမည်သည့်အရာ ရှိလေတော့သနည်း။ သို့ပါလျက် အသင်တို့သည် အဘယ်သို့ ပြန်လှည့်၍ သွားကြပါသနည်း။

၀၁၀ : ၃၃။ ဤအတိုင်းပင် အသင့်အား ဖန်ဆင်းမွေးမြူ တော်မူသော အသျှင်မြတ်၏စကားတော်သည် အမိန့်တော်ကို ဖီဆန်ခဲ့သူနှင့် ပတ်သက်၍ အတည်ဖြစ် သွားခဲ့ချေပြီ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် “အီမာန်” သက်ဝင်ယုံကြည်ကြမည် မဟုတ်သောကြောင့် ပင်တည်း။

၀၁၀ : ၃၄။ (အို-နဗီတမန်တော်)အသင်သည် (၎င်းတို့အား) ““အချင်းတို့၊ အလ္လာဟ်အသျှင်မြတ်နှင့် တွဲဖက်၊နှိုင်းယှဉ် ကိုးကွယ်ကြသူ အသင်တို့အနက်(သက်ရှိသက်မဲ့အပေါင်းတို့အား) ပထမအကြိမ် စတင်ဖန်ဆင်း၍ ထို(သက်ရိသှ က်မဲ့အပေါင်းတို့ သေကြေပျက်စီးကြပြီး)နောက် ယင်းဖန်ဆင်းခြင်းကို တဖန် ဒုတိယအကြိမ်လည်း ပြန်၍ပြုလုပ်မည့်သူဟူ၍ ရှိလေသလော”” ဟု မေးမြန်းပါလေ။ (ထို့နောက်) အသင်က ပင် (၎င်းတို့အား ဤသို့)ပြောကြားပါလေ။ အလ္လာဟ်အသျှင်မြတ်သည် သာလျှင် (သက်ရှိသက်မဲ့ အပေါင်း တို့ကို) ပထမအကြိမ်လည်း စတင် ဖန်ဆင်းတော်မူ၏။ တဖန်ထို (သက်ရှိသက်မဲ့အပေါင်းတို့ သေကြေပျက်စီး ကြပြီး) နောက်လည်း ထိုအသျှင်မြတ်သည်ပင် ဒုတိယအကြိမ် ပြန်လည်ဖန်ဆင်းတော် မူမည်ဖြစ်သည်။ သို့ပါလျက် အသင်တို့သည် အဘယ်သို့ ပြန်လှည့်(၍ ထွက်သွား) ကြရသနည်း။

၀၁၀ : ၃၅။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား) ““အချင်းတို့၊ (အလ္လာဟ်အသျှင်မြတ်နှင့်) တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြသူအသင်တို့တွင် မှန်ကန်ရာသို့ လမ်းညွှန်မည့်သူ တဦးတယောက်မျှ ရှိလေသလော”” ဟု မေးမြန်းပါလေ။ (တဖန်) အသင်ကပင် (၎င်းတို့အားဤသို့)ပြန်၍ ပြောကြားပါလေ။ (အချင်းတို့) ““အလ္လာဟ်အသျှင်မြတ်ပင် မှန်ကန်ရာသို့ လမ်းညွှန်တော်မူ၏။ သို့ဖြစ်ပေရာ မှန်ကန်ရာသို့ လမ်းညွှန်တော် မူသောအသျှင်မြတ်သည် လိုက်နာခြင်းကို ပို၍ ခံထိုက်တော်မူပါသလော၊ သို့တည်းမဟုတ် မိမိကိုယ်တိုင် လမ်းညွှန်ခြင်းကိုမခံရက မှန်ကန်သောတရားလမ်းကို မရရှိသောသူသည် လိုက်နာခြင်းကို ပို၍ ခံထိုက်လေသလော။ သို့ဖြစ်ပေရာ (ဤသည်တို့ကို အလ္လာဟ်အသျှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ကြရန်) အသင်တို့တွင် မည်သည့်အကြောင်း ရှိသနည်း။ အသင်တို့သည် မည်ကဲ့သို့ ဆုံးဖြတ်ကြပါသနည်း။””

၀၁၀ : ၃၆။ စင်စစ် ၎င်းတို့အနက် အများဆုံးသော သူတို့သည် (မိမိတို့၏) ထင်မြင်ယူဆချက်ကိုသာ လိုက်နာ ကြကုန်၏။ အမှန်စင်စစ်သော်ကား ထင်မြင်ချက်သည် အမှန်နှင့်ဆန့်ကျင်၍ အနည်းငယ်စိုးစဉ်းမျှပင် အကျိုး ပေးသည်မဟုတ်ပေ။ ဧကန်အမှန် အလ္လာဟ်အသျှင်မြတ်သည် ၎င်းတို့ပြုမူလျက်ရှိသည်တို့ကို အကြွင်းမဲ့ သိရှိတော်မူသော အသျှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

၀၁၀ : ၃၇။ စင်စစ်သော်ကား ဤကုရ်အာန်ကျမ်းတော်မြတ်သည် အလ္လာဟ်အသျှင်မြတ်အပြင် (အခြားသူ တဦးဦးက) လီဆယ်ဖန်တီးထားသော ကျမ်းမြတ်မဟုတ်ပေ၊ စင်စစ်မှာမူကား (ဤကုရ်အာန်ကျမ်းတော် မြတ်သည်) မိမိအလျင်(ရှိခဲ့ဖူးသော ကျမ်းများကို) ခိုင်ခ့ံစေသော ကျမ်းဖြစ်၏။ အတည်ပြု သတ်မှတ်ရေး သားထားပြီးဖြစ်သော အမိန့်ပညတ်တော်များကို အသေးစိတ် ရှင်းလင်းဖော်ပြထားသော ကျမ်းလည်း ဖြစ်၏။ ဤကုရ်အာန်ကျမ်းတော်မြတ်တွင် ဒွိဟသံသယလည်း လုံးဝမရှိချေ။ စကြဝဠာခပ်သိမ်းကို ဖန်ဆင်းမွေးမြူ တော်မူသော အသျှင်မြတ်အထံတော်မှ(ကျရောက်လာသော ကျမ်းတော်မြတ်အမှန်ပင်) ဖြစ်ပေသတည်း။

၀၁၀ : ၃၈။ ၎င်းတို့က““ထို(နဗီတမန်တော်မုဟမ်္မဒ်)သည် ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို လီဆယ် ဖန်တီးခဲ့သည်”” ဟုပြောဆိုကြလေသလော။(အို-နဗီတမန် တော်) အသင်သည် (၎င်းတို့အား ဤသို့ ပြောကြားပါ လေ။ (အချင်းတို့) ““သို့ဖြစ်လျှင် အသင်တို့သည် ယင်း (ကုရ်အာန်ကျမ်းတော်မြတ်ကဏ္ဍ)နှင့် တူသော ကဏ္ဍတစ်ခုကိုပင် (စီကုံးရေးသား၍) ယူဆောင်လာ ခဲ့ကြလေကုန်၊ ၎င်းပြင် အကယ်၍ အသင်တို့သည် ““သစ္စာဝါဒီ-မှန်ကန်စွာ ပြောဆိုကြသူများဖြစ်ကြလျှင် အသင်တို့သည် အလ္လာဟ်အသျှင်မြတ် အပြင် မိမိတို့ခေါ်ယူနိုင်ကြကုန်သော (ကူညီဆောင်မမည့်) သူတို့အားလည်း ခေါ်ယူခဲ့ကြလေကုန်””။

၀၁၀ : ၃၉။ ထိုသို့အလျင်းမဟုတ်၊ စင်စစ်မူကား ၎င်းတို့သည် မိမိတို့ကိုယ်တိုင် မသိနားမလည်သောအရာကို (စဉ်းစားဆင်ခြင်ခြင်း မပြုဘဲ)မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။ ထို့ပြင် ၎င်းတို့ထံ ယင်း၏ အကျိုးသည်လည်း ရောက်ခဲ့သည်မရှိချေ။ ဤနည်းနှင် ၎င်းတို့အလျင် ရှေးအထက်ကျော်ကာရီ၌ ရှိခဲ့ကြသောသူတို့ကလည်း မဟုတ်မမှန်ဟူ၍ ငြင်းပယ် ခဲ့ဖူးကြလေသည်။ သို့ဖြစ်ပေရာ (အိုနဗီတမန်တော်)မတရားသောသူတို့သည် မည်သို့မည်ပုံ အကျိုးခံစား ခဲ့ကြရသည်ကို အသင်သည် ကြည့်ရှုဆင်ခြင်ပါလေ။

၀၁၀ : ၄၀။ ထို့ပြင် ၎င်းတို့တွင် ယင်း(ကုရ်အာန်ကျမ်းတော်မြတ်)ကို ယုံကြည်မည့်သူများလည်း ရှိကြမည်။ ထိုနည်းအတူ ၎င်းတို့တွင် ထို(ကုရ်အာန်ကျမ်းတော်မြတ်) ကို မယုံကြည်မည့်သူများလည်း ရှိကြမည်။ စင်စစ်တမူကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အသျှင်မြတ်သည် ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်သောသူတို့အား အသိဆုံးသောအသျှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

၀၁၀ : ၄၁။ ၎င်းပြင် (အို-နဗီတမန်တော်) အကယ်၍ ထိုသူတို့သည် အသင့်အား မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ် လျက်ရှိကြပါလျှင် အသင်သည် (၎င်းတို့အား ဤသို့) ဖြေကြားပါလေ။ (အချင်းတို့) ““ငါ၏ အပြုအမူသည် ငါ၏အဖို့သာဖြစ်၍ အသင်တို့၏ အပြုအမူသည် အသင်တို့အဖို့သာ ဖြစ်ချေသည်။ အသင်တို့သည် ငါပြုသမျှနှင့် (မည်သို့မျှမဆိုင်၊ လုံးဝ)လွတ်ကင်းသူများ ဖြစ်ကြကုန်၏။ ငါသည်လည်းအသင်တို့ပြုသမျှတို့နှင့် (မည်သို့မျှမဆိုင်၊ လုံးဝ) လွတ်ကင်းသူဖြစ်သည်။

၀၁၀ : ၄၂။ ထိုမှတစ်ပါး ၎င်းတို့တွင် (အမြင်အားဖြင့်) အသင့်ဘက်သို့ နားစွင့်နေကြသူများလည်း ရှိကြကုန်၏။ သို့ဖြစ်ပေရာ အသင်သည် နားပင်းနေသော သူတို့အား (၎င်းတို့သည် အသိ ဉဏ်ကိုအသုံးမပြုဘဲ ရှိနေကြပါလျက်) ကြားအောင်ပြုနိုင်ပါသလော။

၀၁၀ : ၄၃။ ထိုနည်းတူစွာ ၎င်းတို့တွင် (အမြင်အားဖြင့်) အသင့်အား ကြည့်နေသူများလည်း ရှိကြပေသည်။ သို့ဖြစ်ပေရာ အသင်သည် မျက်စိကန်းနေသောသူတို့အား (၎င်းတို့သည် ဉာဏ်မျက်စိဖြင့် မမြင်ကြပါလျက်) တရားလမ်းမှန်ကို ညွှန်ပြနိုင်ပါသလော။

၀၁၀ : ၄၄။ ဧကန်စင်စစ် အလ္လာဟ်အသျှင်မြတ်သည် လူသားတို့အား အနည်းငယ်စိုးစဉ်းမျှပင် နှိပ်စက်ကလူ ပြုတော်မူသည် မဟုတ်ပေ။ စင်စစ်မှာမူကား လူတို့သည် မိမိကိုယ်တိုင် မိမိတို့ကိုယ်ကို နှိပ်စက်ကလူ ပြုကြကုန်သတည်း။

၀၁၀ : ၄၅။ ထို့ပြင် (အသင်သည် ၎င်းတို့အား) အကြင်နေ့ကို သတိပေးပါလေ။ ထိုနေ့တွင် ထိုအသျှင်မြတ်သည် ၎င်းတို့အားစုရုံးတော်မူပေမည်။ ထိုအခါ ၎င်းတို့သည် (မိမိတို့မှာ လောကတွင်) နေ့၏တစ်နာရီ ခန့်မျှသာ နေခဲ့ကြရသည်(ဟု ထင်မှတ်ကြပေမည်)။ ၎င်းတို့သည် အချင်းချင်း တစ်ဦးကို တစ်ဦးလည်း မှတ်မိကြပေမည်။ (သို့သော်ငြားလည်း တစ်ဦးသည် တစ်ဦးအဖို့ အသုံးကျမည်မဟုတ်ချေ)။ အလ္လာဟ်အသျှင်မြတ်နှင့် တွေ့ဆုံခြင်းကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်သောသူတို့သည် ဧကန်မလွဲ ကျိုးယုတ် ဆုံးရှုံးကြခဲ့လေပြီတကား။ စင်စစ်သော်ကား ၎င်းတို့သည် တရားလမ်းမှန်ကို ရရှိအံ့သောသူများ မဟုတ်ခဲ့ကြပေ။

၀၁၀ : ၄၆။ စင်စစ်သော်ကား အကယ်၍ ငါအသျှင်မြတ်သည် ၎င်းတို့အား ငါအသျှင်မြတ် ကတိထားတော်မူခဲ့သော ပြစ်ဒဏ်အချို့ကို အသင့်အား ပြတော်မူသည် ဖြစ်စေ၊ သို့တည်းမဟုတ် ငါအသျှင်မြတ်သည် အသင့် အား (ထိုပြစ်ဒဏ်မကျရောက်မီ) သေဆုံးတော်မူသည် ဖြစ်စေ၊နောက်ဆုံးတွင် ၎င်းတို့၏ ပြန်လည်ရာဌာနသည် ငါအသျှင်မြတ်ထံတော်၌ပင် ရှိပေသည်။ ပြီးနောက် အလ္လာဟ်အသျှင်မြတ်သည် ၎င်းတို့ပြုလုပ် ကြသည်တို့ကိုလည်း သိတော်မူသောအသျှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

၀၁၀ : ၄၇။ စင်စစ်သော်ကား လူမျိုးတိုင်းအဖို့ တမန်တော် တစ်ပါးသည် ရှိခဲ့လေသည်။ တစ်ဖန် ၎င်းတို့အား အကြောင်းကြားမည့် တမန်တော်ရောက်ရှိခဲ့သောအခါ ၎င်းတို့၏ အကြားတွင် တရားမျှတစွာပင် စီရင်ဆုံးဖြတ်ပြီး ဖြစ်ခဲ့သည်သာတည်း။ ထို့ပြင် ၎င်းတို့သည်မတရားပြုလုပ်ခြင်းကို လုံးဝ ခံကြရသည် မဟုတ်ပေ။

၀၁၀ : ၄၈။ ထိုမှတစ်ပါး ၎င်းတို့က ““အကယ်၍ အသင်တို့သည် မှန်ကန်စွာ ပြောဆိုသော သစ္စာဝါဒီများ ဖြစ်ကြပါလျှင် ဤ(ပြစ်ဒဏ်ကျရောက်ခြင်းနှင့် စပ်လျဉ်းသည့်) ကတိသည် မည်သည့်အခါ၌ အတည် ဖြစ်အံ့နည်း”” ဟု ပြောဆိုကြကုန်သတည်း။

၀၁၀ : ၄၉။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား ဤသို့)ပြောကြားပါလေ၊ (အချင်းတို့) ““ငါသည် အလ္လာဟ်အသျှင်မြတ် အလိုရှိတော်မူသော အရေးကိစ္စမှတစ်ပါး မိမိကိုယ်နှင့် ပတ်သက်၍ မည်သည့်ကျိုးယုတ်၊ ဆုံးရှုံးစေခြင်းကိုမျှလည်းကောင်း၊ မည်သည့် အကျိုးကျေးဇူး ဖြစ်ထွန်းစေခြင်းကိုမျှလည်းကောင်း၊ ပိုင်ဆိုင်သည် မဟုတ်ပေ။ လူမျိုးတိုင်းတွင် သတ်မှတ်ပိုင်းခြားအပ်သော အချိန်ကာလသည်ရှိ၏။ ၎င်းတို့၏ သတ်မှတ်ပိုင်းခြားအပ်သော အချိန်ကာလ ရောက်ရှိလာသောအခါ ၎င်းတို့သည် တစ်နာရီခန့်မျှပင် ရွှေ့ဆိုင်းနိုင်ကြသည်လည်း မဟုတ်၊ စောနိုင်ကြသည်လည်း မဟုတ်ပေ။””

၀၁၀ : ၅၀။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အား ဤသို့)ပြောကြားပါလေ။ (အချင်းတို့) ““အကယ် ၍ အသင်တို့၌ ထိုအသျှင်မြတ်၏ ပြစ်ဒဏ်သည် ညဉ့်အချိန်၌ဖြစ်စေ၊ နေ့အချိန်၌ဖြစ်စေ၊ (ရုတ်တ ရက်) ဆိုက်ရောက်လာခဲ့ပါလျှင် အသင်တို့သည် မည်သို့ယူဆ ကြမည်ကို ငါ့အားပြောပြကြလေကုန်။ (သို့ပါ လျက်) ပြစ်မှုကျူးလွန်သူတို့သည် မည်သည့်အတွက်ကြောင့် ထိုပြစ်ဒဏ်ကျရောက်ရန် အလျင်လိုကြသနည်း။

၀၀၅ : ၅၁။ ပြီးနောက်ယင်းသူတို့သည် အမိုက်ခေတ်၏ စီရင်ဆုံးဖြတ်မှုကို လိုလားကြလေသလော။ အမှန် စင်စစ်သော်ကားယုံကြည်မှုထားရှိသော အမျိုးသား တို့အဖို့ အလ္လာဟ််အရှင်မြတ်ထက် ပိုမိုကောင်းမွန်စွာ စီရင်ဆုံးဖြတ်မည့် သူကား အသူနည်း။

၀၀၅ : ၅၂။ အို-“မုအ်မင်န်” သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် ယဟူဒီတို့အားလည်းကောင်း၊ ခရစ်ယာန်တို့အားလည်းကောင်း၊ မိတ်သဟာယ အဆွေခင်ပွန်းများ မပြုကြ ကုန်လင့်။ ၎င်း(ယဟူဒီနှင့်ခရစ်ယာန်)တို့သည်(အသင်တို့ကိုဆန့်ကျင်ရာတွင်)အချင်းချင်း တစ်ဦးကိုတစ်ဦး ယိုင်းပင်း ကူညီသော အဆွေခင်ပွန်းများပင်ဖြစ်ကြပေသည်။ အမှန်သော်ကားအသင်တို့အနက် မည်သူမဆို ထိုသူတို့အား “ကလျာဏ”အဆွေခင်ပွန်း ပြုလုပ်သည် ရှိသော်၊ ထိုသူသည် ဧကန်မုချ ၎င်းတို့တွင်(အပါအဝင်) ဖြစ်၏။ မလွဲဧကန် အလ္လာဟ်် အရှင်မြတ်သည်မတရားကျူလွန်သူတို့အား တရားလမ်းမှန်သို့ ပို့ပေးတော်မူမည်မဟုတ်ပေ။

၀၀၅ : ၅၃။ ထို့ကြောင့်ပင် အသင်သည် စိတ်နှလုံးများတွင်ဝေဒနာ စွဲကပ်လျက်ရှိသော သူတို့အား ထို(ယဟူဒီနှင့် ခရစ်ယာန်)တို့ထံ အပြေးအလွှားသွားကြသည်ကို တွေ့မြင်ရလေသည်။ ထိုသူတို့က”ကျွန်ုပ်တို့သည် မိမိတို့၌(မတော်တဆ) ဘေးဒုက္ခ အန္တရာယ်တစ်စုံတစ်ရာ ဆိုက်ရောက်လာမည်ကို စိုးရိမ်ကြသည်” ဟု ပြောဆိုကြကုန်၏။ သို့ရာတွင် အလ္လာဟ််အရှင်မြတ်သည် မကြာမြင့်မီ (မုစ်လင်မ်တို့အား)ဇေယျ မင်္ဂလာ အောင်မြင်ခြင်းတရားကိုပေးသနားတော်မူအ့ံ။ သို့တည်းမဟုတ် အထူးအကြောင်းတစ်ရပ်ရပ်ကို (ဖြစ်စေတော်မူအ့ံ၊)ထိုအခါ ယင်းသူတို့သည် မိမိတို့စိတ်တွင်း၌ လျိူ့ဝှက် ထိမ်ချန်ထားရှိခဲ့ကြ သောအကြောင်းများနှင့်စပ်လျဉ်း၍ ဝမ်းနည်း ပူဆွေး ကြရလတ္တံ။

၀၀၅ : ၅၄။ ၎င်းပြင် “အီမာန်”သက်ဝင်ယုံကြည်သော သူများက (မုနာဖစ်က်များနှင့်စပ်လျဉ်း၍) “အလ္လာဟ််အရှင်မြတ်အား အထူးတလည် တိုင်တည်၍ မုချဧကန် ၎င်းတို့သည် အသင်တို့နှင့်အတူပင် ရှိကြပါသည်ဟု ပြောဆိုသောသူများမှာ ဤသူများပင်လော” ဟု ပြောဆိုကြမည်။ ၎င်းတို့၏အပြုအမူများသည် အချည်းနှီး ဖြစ်ခဲ့ချေပြီ၊ သို့ဖြစ်ပေရာ၎င်းတို့သည် နစ်နာဆုံးရှုံးသူများပင် ဖြစ်ခဲ့ကြချေပြီ။

၀၀၅ : ၅၅။ အို-မုအ်မင်န် သက်ဝင်ယုံကြည်သူ အပေါင်းတို့၊အသင်တို့အနက်မှ မည်သူမဆို (မိမိ သက်ဝင်ယုံကြည်လျက်ရှိသောအစ္စလာမ်)သာသနာတော်မှ လှည့်၍ ပြန်ထွက်သွားပါလျှင် အလ္လာဟ််အရှင်မြတ်သည် မကြာမြင့်မီကာလအတွင်းအကြင် လူမျိုးတစ်မျိုးကို ဖန်ဆင်းတော်မူအ့ံ။ ယင်းလူမျိုးကိုထိုအရှင်မြတ်သည်ချစ်ကြည်တော်မူအ့ံ။ ထိုနည်းအတူ ၎င်းတို့သည်လည်း အလ္လာဟ််အရှင်မြတ်အား ချစ်ကြည်မြတ်နိုးကြကုန်အ့ံ။ (ယင်းသူတို့သည်) မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အဖို့ နိ၀ါတ တရား ထားရှိသူများ ဖြစ်ကြအ့ံ။ ကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ်သော သူတို့အဖို့ကား ပြင်းထန်တင်းမာသော သူများပင်ဖြစ်ကြအ့ံ။ ထိုသူ တို့သည် အလ္လာဟ််အရှင်မြတ်၏ လမ်းတော်၌ သက်စွန့်ကြိုးပမ်း (တိုက်ခိုက်)ဆောင်ရွက်ကြအ့ံ။ ၎င်းပြင် ထိုသူတို့သည် မည်သည့် ပြစ်တင်ကဲ့ရဲ့သော သူတစ်ဦးတစ်ယောက်၏ ပြစ်တင်ကဲ့ရဲ့ပုတ်ခတ်ခြင်းမျှလည်း စိုးရိမ်ကြမည်မဟုတ်ပေ။ ဤသည်ကား အလ္လာဟ််အရှင်မြတ်၏ ကျေးဇူးတော်ပင်တည်း။ ထိုအရှင်မြတ်သည် ထိုကျေးဇူးတော်ကို မိမိအလိုရှိတော်မူသောသူအား ချီးမြှင့်ပေးသနားတော်မူလေသတည်း။ ၎င်းပြင် အလ္လာဟ််အရှင်မြတ်သည် ကျယ်ဝန်းစွာ ပေးသနားတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော် မူပေသတည်း။

၀၀၅ : ၅၆။ အမှန်စင်စစ် အသင်တို့၏ ကလျာဏမိတ်သဟာယ အဆွေခင်ပွန်းကား အလ္လာဟ််အရှင်မြတ် သာလျှင်လည်းကော၎င်း၊ ထိုအသျှင်မြတ်၏ရစူလ်တမန်တော်မြတ်သာလျှင်လည်းကောင်း၊ အကြင် မုအ်မင်န် သက်ဝင် ယုံကြည်သော သူတို့သာလျှင်လည်းကောင်း၊ ဖြစ်ကြကုန်၏။ ထို(မုအ်မင်န် သက်ဝင်ယုံကြည်သော)သူတို့သည် ကျိုးနွံသူများအဖြစ်နှင့် ” ဆွလာတ် “ဝတ်ပြုကြ၏။ ဇကာတ်တရားဝင်ဒါနကြေးကိုလည်းပေးဆောင်ကြ၏၊

၀၀၅ : ၅၇။ အမှန်စင်စစ် မည်သူမဆို အလ္လာဟ််အရှင်မြတ်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်ကိုလည်းကောင်း၊ မုအ်မင်န် သက်ဝင်ယုံကြည်သော သူတို့ကိုလည်းကောင်း၊ ကလျာဏ မိတ်သဟာယ အဆွေခင်ပွန်းများ ပြုလုပ်ကြပါလျှင် (ထိုသို့သော သူများသည် အလ္လာဟ််အရှင်မြတ် ဘက်တော်သားများဖြစ်ကြ၏) ဧကန်စင်စစ် အလ္လာဟ််အရှင်မြတ်၏ ဘက်တော်သားများသည်သာလျှင် အောင်မြင်သောသူများဖြစ်ကြပေသတည်း။

၀၀၅ : ၅၈။ အို-မုအ်မင်န်သက်ဝင်ယုံကြည်ကြသူ အပေါင်းတို့၊ အသင်တို့သည် မိမိတို့အလျင် ကျမ်းဂန်ရရှိသော သူတို့အနက်မှ အသင်တို့၏ သာသနာကို ပြက်ရယ် ကျီစယ် ဖွယ်ရာ၊ကစားဖွယ်ရာ ပြုလုပ်သောသူများအားလည်းကောင်း၊ ကာဖိရ်များအားလည်းကောင်း၊ မိတ်ဆွေ ခင်ပွန်းများမပြုလုပ်ကြကုန်လင့်၊ ထို့ပြင် အသင် တို့သည် မုအ်မင်န်သက်ဝင်ယုံကြည်သူများဖြစ်ကြပါလျှင် အလ္လာဟ််အရှင်မြတ်ကိုသာလျှင် ကြောက်ရွံ့ကြလေကုန်။
ထို့ပြင်တဝ အသင်တို့သည် “ဆွလာတ် “ဝတ်ပြုခြင်းငှာ (အဇာန်)ဟစ်ခေါ်ကြသောအခါ၊ ထိုသူတို့သည် ယင်းဟစ်ခေါ်ခြင်းကိုပင် ပြက်ရယ် ကျီစယ်ဖွယ်ရာနှင့် ကစားဖွယ်ရာလည်းကောင်း၊ ပြုလုပ်ကြပေသည်။ ယင်းကဲ့သို့ ပြုလုပ်ခြင်း၏အကြောင်းကား ထိုသူတို့သည် လုံးဝအသိဉာဏ် ကင်းမဲ့သောလူတစ်စုပင် ဖြစ်သောကြောင့်သာတည်း။

၀၀၅ : ၅၉။ (အို-နဗီတမန်တော်) အသင်သည်(ရှေး အထက်ကျမ်းဂန်ရရှိသူ ယဟူဒီနှင့် ခရစ်ယာန်တို့အား ဤသို့) ပြောဆိုပါလေ။ “အို-ကျမ်းဂန်ရရှိသူအပေါင်းတို့၊ အကျွနု်ပ်တို့သည်အလ္လာဟ််အရှင်မြတ်နှင့်တကွ မိမိတို့ထံကျရောက်လာသော ဓမ္မဒေသနာတော်နှင့် ရှေးကထက်ကျော်ကာရီက ကျရောက်ခဲ့လေသော ဓမ္မဒေသနာတော်များကိုပါ သက်ဝင်ယုံကြည်ကြသည်ကိုသာလျှင် အသင်တို့သည် အကျွန်ုပ်တို့ အပေါ်၌ ကဲ့ရဲ့ပြစ်တင်နေကြသည် မဟုတ်ပါလော။ အမှန်စင်စစ်သော်ကား အသင်တို့အနက် များစွာသောသူတို့သည် စည်းကမ်း ဖေါက်ဖျက်သောသူများပင် ဖြစ်ကြပေသတည်း။

၀၀၅ : ၆၀။ အသင်သည် (ကိတာဗီ ရှေးအထက် ကျမ်းဂန်ရရှိသောသူတို့အား ဤသို့) ပြောကြားပါလေ။ “ငါသည်အလ္လာဟ််အရှင်မြတ် အထံတော်၌ အကျိုးအားဖြင့် ထို့ထက်ဆိုးရွားသောအဖြစ်အပျက်ကို အသင်တို့အား ထုတ်ဖော်ပြောဆိုရမည်လော။ (၎င်းအဖြစ်အပျက်မှာ ကား) အကြင်သူတို့၏ (အဖြစ်အပျက်)ပင်တည်း။ အလ္လာဟ််အရှင်မြတ်သည်ထိုသူတို့အား (မိမိ) ကရုဏာတော်မှ ကင်းဝေစေတော်မူခဲ့၏။၎င်းပြင် ယင်းသူတို့အပေါ်၌ အမျက်တော်လည်း ပွားတော်မူခဲ့၏။ ၎င်းပြင် ထိုသူတို့အနက်မှ မျောက်တိရစ္ဆာန်များ နှင့်ဝက်တိရစ္ဆာန်များလည်း ဖြစ်စေတော်မူခဲ့၏။ ၎င်းပြင် ထိုသူတို့သည် ‘ရှိုင်တွာန်’ မိစ္ဆာကောင်ကို လည်း ဆည်းကပ်ကိုး ကွယ်ခဲ့ကြ၏။ ထိုသူတို့သည် (လားရာ) နေရာဌာနအားဖြင့်လည်းအဆိုးရွားဆုံးသော သူများပင်ဖြစ်ကြ၏။ ၎င်းပြင် ဖြောင့်မတ်မှန်ကန်သော တရားလမ်းတော်မှလည်း အလွန်ဝေးကွာလျက်ရှိသော သူများပင် ဖြစ်ကြ၏။

၀၀၅ : ၆၁။ ၄င်းပြင်ထို(မုနာဖစ်က်)တို့သည် အသင်တို့ထံလာကြလေသောအခါ ‘”ကျွန်ုပ်တို့သည် “အီမာန်” ယုံကြည်ခြင်း သဒ္ဓါတရား ထားရှိကြပါပြီ” ဟု (လိမ်လည်) ပြောဆိုကြကုန်၏။ စင်စစ်တမူကား ၎င်းတို့သည် “ကွတ်ဖ်ရ် “သွေဖည်ငြင်းပယ်မှုကို ယူဆောင်၍ ဝင်ရောက်လာကြပြီး ထို “ကွတ်ဖ်ရ်”သွေဖည်ငြင်းပယ်မှုကိုပင် ယူဆောင်၍ ပြန်ထွက်သွားကြလေသည်။ သို့ရာတွင် အလ္လာဟ််အရှင်မြတ်မှာမူကား ၎င်းတို့ထိမ်ချန် လျှို့ဝှက်ထားရှိကြလေသောအရာများကို အသိဆုံးပင် ဖြစ်တော်မူပေသတည်း။

၀၀၅ : ၆၂။ ထို့ပြင်တဝ အသင်သည် ထို (ယဟူဒီ) တို့ အနက်မြောက်မြားစွာသောသူတို့ကို ပြစ်မှုဒုစရိုက် ပြုခြင်း၌လည်းကောင်း၊ မတော်မတရား ကျူးကျော်စော်ကား ခြင်း၌လည်းကောင်း၊ မတရားသဖြင့်ရရှိသောပစ္စည်းကို စား သုံးခြင်း၌လည်းကောင်း သူ့ထက်ငါသာအောင် ပြေးလွှား(သက်ဆင်း)ကြသည်ကို တွေ့မြင်လတ္တံ။ စင်စစ်ဧကန် ၎င်းတို့၏ အပြုအမူတို့သည် ယုတ်ည့ံသိမ်ဖျင်း လှပေတကား။

၀၀၅ : ၆၃။ (၎င်းတို့၏) Ribbi ဘုန်းကြီးရဟန်းတို့နှင့် ပညာရှင်တို့သည် ထိုသူတို့အား အပြစ်ရှိသော(မုသား) စကားကို ပြောဆိုခြင်းမှလည်းကောင်း၊ မတရားသဖြင့်ရရှိသော ပစ္စည်းကိုစားသုံးခြင်းမှ လည်းကောင်း၊ အဘယ်ကြောင့် မတားမြစ်ကြသနည်း။ထိုသူတို့ပြုလေ့ရှိသော အပြုအမူများ သည် မုချဧကန် ဆိုးရွားလှပေ၏တကား။

၀၀၅ : ၆၄။ ၎င်းပြင် ယဟူဒီတို့က “အလ္လာဟ််အရှင်မြတ်၏လက်သည် ဆုပ်ထားပြီးဖြစ်သည် ” ဟု ပြောဆိုကြကုန်သည်။၎င်းတို့၏ လက်များသည်သာလျှင် ဆုပ်ထားပြီးဖြစ်ကြ၏။စင်စစ် ထိုသူတို့သည် မိမိတို့၏ထိုပြောဆိုမှုကြောင့်(အလ္လာဟ််အရှင်မြတ်၏)ကရုဏာတော်မှ ကင်းဝေးကြရလေပြီ။ (အလ္လာဟ််အရှင်မြတ်၏လက်တော်များသည်) အလျင်း (ဆုပ်ထားပြီး)မဟုတ်ပေ။ စင်စစ်မှာမူကား ထိုအရှင်မြတ်၏ လက်တော်နှစ်ဘက်စလုံးပင် ပြန့်လျက်ရှိကုန်၏။ ထိုအရှင်မြတ်သည် မိမိအလိုတော်အတိုင်း သုံးစွဲလျက်ရှိတော်မူ၏။ ၎င်းပြင် အသင်၏အရှင်မြတ်အထံတော်မှ အသင့်ထံသို့ ကျရောက်လာသောအရာ (ကုရ်အာန်ကျမ်းတော်မြတ်)သည် ထိုသူတို့အနက်များစွာသော သူတို့အား ကျူးလွန်မှုနှင့် သွေဖည်ငြင်းပယ်မှုကို မုချတိုးပွားစေအ့ံ။ ထို့ပြင်တဝ ငါအရှင်မြတ်သည် ၎င်းတို့၏စပ်ကြားဝယ် ရန်ငြိုးထားခြင်းနှင့် မုန်းတီးမှုကို “ကိယာမတ်” ရှင်ပြန်ထမည့်နေ့တိုင်အောင် ဖန်တီးတော်မူခဲ့လေသည်။ ၎င်းတို့သည်စစ်မီးကို မွှေးတိုင်း မွှေးတိုင်း အလ္လာဟ််အရှင်မြတ်သည် ထိုမီးကို ငြိမ်းအေးစေတော်မူခဲ့၏။ ထိုမှတစ်ပါး ယင်းသူတို့သည်ကမ္ဘာမြေပြင်ဝယ် ပျက်စီးရာပျက်စီးကြောင်းကို ကြိုးစား အားထုတ်ကြကုန်သည်။ စင်စစ်သော်ကား အလ္လာဟ််အရှင်မြတ်သည် ပျက်စီးရာ ပျက်စီးကြောင်း ပြုလုပ်သောသူတို့အား(အလျင်း) ချစ်ကြည် မြတ်နိုးတော်မူသည် မဟုတ်ပေ။

၀၀၅ : ၆၅။ ၎င်းပြင် အကယ်၍ ရှေးအထက် ကျမ်းဂန်ရရှိသူ ကိတာဗီများသည် “အီမာန်” ယုံကြည်ခြင်း သဒ္ဓါတရားထားရှိ၍ ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်ကြပါမူ၊ မုချဧကန်ငါအရှင်မြတ်သည် ၎င်းတို့၏ ပြစ်မှုများကို (ခွင့်လွှတ်)တော်မူ၍၎င်းတို့အား ချမ်းသာသုခနှင့် ပြည့်စုံသောဥယျာဉ်များသို့လည်းဝင်ရောက်စေတော်မူအံ့။

၀၀၅ : ၆၆။ ထိုမှတစ်ပါး အကယ်၍သာ ၎င်းတို့သည် “တောင်ရာတ်” “အိန်ဂျီလ်” ကျမ်းများနှင့်တကွ ၎င်းတို့၏အရှင်မြတ်အထံတော်မှ ၎င်းတို့ထံ (နဗီတမန်တော် မုဟမ္မဒ်မှတစ်ဆင့်) ကျရောက်လာ သော (ကုရ်အာန်)ကျမ်းတော်မြတ်ကိုပါ အတည်ပြု လိုက်နာကြပါသော် မုချဧကန် ထိုသူတို့သည်မိမိတို့ အထက်မှလည်းကောင်း၊ မိမိတို့၏ ခြေဖျားအောက်မှလည်းကောင်း၊ (ခဲဘွယ်ဘောဇဉ်များကို ဖေါဖေါသီသီ) စားသုံးကြလတ္တံ့။ ထိုသူတို့တွင် ဖြောင့်မတ်မှန်ကန်သော လမ်းကိုလိုက်သော လူတစ်စုသည်(လည်း) ရှိကြပေသည်။ သို့ရာတွင်ထိုသူတို့အနက် အများစု၏ပြုမူချက်တို့ကား ဆိုးရွားလှချေသတည်း။

၀၀၅ : ၆၇။ အို-ရစူလ်တမန်တော်၊ အသင်သည် မိမိ အရှင်မြတ်အထံတော်မှ မိမိထံသို့ ကျရောက် လာသမျှသော ဒေသနာတော်များကို (လူခပ်သိမ်း တို့ထံသို့) ပိို့ု့ဆောင်ဟောကြားပါလေ။အကယ်တန္တု အသင်သည် (ထိုကဲ့သို့ ပို့ဆောင်ဟောကြားခြင်း)မပြုခဲ့ပါလျှင်၊ အသင်သည် ထိုအရှင်မြတ်၏ အကြောင်းကြားချက်များကို ပို့ဆောင် (ဟောကြား)သည် မမည်ချေ။ (တနည်း) နဗီတမန်တော် ဖြစ်ခြင်း၏ တာဝန်ကို ကျေပြွန်စွာ ဆောင်ရွက်သည် မမည်ချေ။ စင်စစ်သော်ကား အလ္လာဟ််အရှင်မြတ်သည် အသင့်အား လူတို့၏(ဘေးရန်ခပ်သိမ်းတို့)မှ ထိန်းသိမ်း စောင့်ရှောက်တော်မူမည်ဖြစ်သည်။ စင်စစ်ဧကန် အလ္လာဟ််အရှင်မြတ်သည် ကာဖိရ်ငြင်းပယ်သောသူတို့အား (အသင့်ကို လာရောက် ဖျက်ဆီးနိုင်ရန်) လမ်းပေးတော်မူမည်မဟုတ်ပေ။

၀၀၅ : ၆၈။ (အို-နဗီတမန်တော်) အသင်သည် (ဤသို့) ပြောကြားပါလေ၊ အို-(ကိတာဗီ) ကျမ်းဂန်ရရှိသူ အပေါင်းတို့၊ အသင်တို့သည် “တောင်ရာတ်”ကျမ်းကိုလည်းကောင်း၊ ” ‘အိန်ဂျီလ်”ကျမ်းကိုလည်းကောင်း၊ အသင်တို့ထံ အသင်တို့၏ အရှင်မြတ်အထံတော်မှ ကျရောက်လာသည့် (ကုရ်အာန်ကျမ်းမြတ် ကို)ကိုလည်းကောင်း၊ အတည်လိုက်နာခြင်းမရှိသမျှ ကာလပတ်လုံးအသင်တို့သည် မည်သည့် (မှန်ကန်သော) လမ်းစဉ်ပေါ်၌သာတည်ရှိကြသည်မဟုတ်ပေ။ (ကိတာဗီမျာသည် မနှစ်မြို့ဖွယ်ဖြစ်သော အယူသန်မှုတွင် နစ်မွန်းလျက်ရှိကြ၏။ သို့ဖြစ်ပေရာ)အသင့်အား မွေးမြူတော်မူသော အရှင်မြတ် အထံတော်မှအသင့် ထံသို့ကျရောက်လာသော(ကုရ်အာန်ကျမ်းမြတ်သည်)ထိုသူတို့အနက် များစွာသောသူတို့၌ ကျူးလွန်မှုကိုလည်းကောင်း၊ သွေဖည်ငြင်းပယ်မှုကိုလည်းကောင်း၊ အမှန်ပင် များပြားစေမည်ဖြစ်၏။ သို့ဖြစ်ပေရာ အသင်သည် ကာဖိရ် သွေဖည် ငြင်းပယ်သူတို့နှင့် ပတ်သက်၍ ပူပန်သောက မရှိလေနှင့်။

၀၀၅ : ၆၉။ စင်စစ်ဧကန် “မုအ်မင်န်” သက်ဝင် ယုံကြည်သူများသည်လည်းကောင်း၊ “ယဟူဒီ” များသည်လည်းကောင်း၊ “ဆွာဗီ “များသည်လည်းကောင်း၊ ခရစ်ယာန်များသည်လည်းကောင်း၊ မည်သူမဆို အလ္လာဟ််အရှင်မြတ်နှင့် နောက်ဆုံးနေ့ကိုယုံကြည်ပြီး ကောင်းမြတ်သော ကိုယ်ကျင့်တရားများကိုဆောက်တည်ခဲ့ပါလျှင်၊ ထိုကဲ့သို့သော သူတို့အဖို့ မည်သည့်စိုးရိမ်မှုမျှမရှိ၊ ၎င်းတို့သည် ပူဆွေးကြမည်လည်း မဟုတ်ပေ။

၀၀၅ : ၇၀။ ဧကန်မုချ ငါအရှင်မြတ်သည် “အစ္စရာအီလီ” မျိုးနွယ်တို့ထံမှ ပဋိညာဉ်ကို ယူတော်မူခဲ့၏။ ၎င်းပြင် ငါအရှင်မြတ်သည် ၎င်းတို့ထံသို့(များစွာသော) ရစူလ်တမန်တော်များကိုလည်း စေလွှတ်တော်မူခဲ့၏။ မည်သည့်အခါမျိုးမဆို ထိုသူတို့ထံသို့ ရစူလ်တမန်တော် တစ်ပါးပါးသည် ထိုသူတို့မကြိုက် မနှစ်သက်သော အမိန့်ပညတ်တော်ကို ယူဆောင်လာခဲ့သည်ရှိသော်၊ ထိုသူတို့သည် အချို့(ရစူလ်တမန်တော်များ) ကိုမုသာဝါဒီများဟူ၍ ပြောဆိုငြင်းပယ်ခဲ့ကြ၏။ အချို့တမန်တော်များကိုမူ သတ်ဖြတ်ခဲ့ကြ၏။

၀၀၅ : ၇၂။ မလွဲဧကန် ကာဖစ်ရ် ဖြစ်သွားကြသော သူတို့က “ဧကန်စင်စစ် အလ္လာဟ််အရှင်မြတ်သည် ‘မရ်ယမ်’၏သားတော် ‘မစီဟ်’ (အီစာ)ပင် ဖြစ်တော်မူသည် ” ဟု ပြောဆိုခဲ့ကြကုန်၏။ အမှန်သော်ကား “မစီဟ်” (ကိုယ်တိုင်)ကပင် “အို -အစ္စရာအီလီ မျိုးနွယ်အပေါင်းတို့ အသင်တို့သည် ငါ၏အရှင်နှင့်၊ အသင်တို့၏အရှင် ဖြစ်တော်မူသော အလ္လာဟ််အရှင်မြတ်ကိုပင် ခဝပ်ကိုးကွယ်ကြလေကုန်ဟု ပြောဆိုခဲ့လေသည်။စင်စစ်ဧကန် မည်သူမဆို (တစ်စုံတစ်ရာကို) အလ္လာဟ််အရှင်မြတ်နှင့် တွဲဖက် (ကိုးကွယ်)ပါလျှင်၊ အလ္လာဟ််အရှင်မြတ်သည်ထို(ကဲ့သို့သော) သူ၏အဖို့ “ဂျန္နတ်” အမတ သုခဘုံကို မုချဧကန်ပိတ်ပင် ထားတော်မူအံ့။ ၎င်းပြင် ထိုသူ၏ လားရာဌာနသည်ငရဲမီးပင် ဖြစ်လတ္တံ့။ ထိုမှတစ်ပါး (ယင်းကဲ့သို့) မတရားကျူးလွန်သော သူတို့အား ရိုင်းပင်း ကူညီ စောင်မမည့်သူဟူ၍ကားတစ်စုံတစ်ယောက်မျှ ရှိလိမ့်မည်မဟုတ်ပေ။”

၀၀၅ : ၇၃။ ဧကန်အမှန် အကြင်သူတို့သည်လည်း ကာဖိရ်များပင် ဖြစ်သွားခဲ့ကြကုန်၏။ ထိုသူများက “အမှန်စင်စစ်အလ္လာဟ််အရှင်မြတ်သည် (ဘုရား) သုံးဆူအနက် တတိယ(ဘုရား)ဖြစ်သည် “ဟူ၍ ပြောဆိုခဲ့ကြကုန်၏။ အမှန်သော်ကားတစ်ဆူတည်းသော ကိုးကွယ်ရာ (အလ္လာဟ််အရှင်)မြတ်မှတစ်ပါး အခြားကိုးကွယ်ရာ (ဘုရား)ဟူ၍ အလျင်းမရှိချေ။ အကယ်၍သာ ယင်းသူတို့သည် မိမိတို့ပြောဆိုမှုကို မရပ်စဲကြသော် ၎င်းတို့အနက်မှ ဆက်လက်၍ သွေဖည်ငြင်းပယ်ကြသောသူတို့၌ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် မုချဆိုက်ရောက်ပေမည်။

၀၀၅ : ၇၄။ ယင်းသူတို့သည် အလ္လာဟ််အရှင်မြတ် အထံတော်ဝယ် ဝန်ချတောင်းပန်ခြင်းကိုလည်းကောင်း၊ ထိုအရှင်မြတ်အထံတော်မှ လွတ်ငြိမ်းချမ်းသာခွင့် အသနားခံခြင်းကိုလည်းကောင်း၊ မပြုကြလေသလော။ စင်စစ်တမူကား အလ္လာဟ််အရှင်မြတ်သည် အလွန်တရာမျှ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာမျှ သနားကြင်နာညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူချေသတည်း။

၀၀၅ : ၇၅။ “မရ်ယမ်” ၏သားတော် “မစီဟ်” သည် ရစူလ်တမန်တော်တစ်ပါးမျှသာ ဖြစ်၏။ ထို “မရ်ယမ်” ၏သားတော် “မစီဟ် “(အီစာ)၏အလျင်လည်း (အခြားသော) ရစူလ်တမန်တော်တို့သည် မုချ ပွင့်ခဲ့ကြလေသည်။ ၎င်းပြင် ထို “မစီဟ်”(အီစာ)၏မယ်တော် (မရ်ယမ်)သည် သစ္စာသမာဓိနှင့် အထူးပြည့်စုံသော မိန်းမမြတ်တစ်ဦးပင် ဖြစ်ချေသည်။ ထို(သားအမိ) နှစ်ဦးလုံးသည် (အခြားလူသားများကဲ့သို့ပင်) အစာအဟာရကို စားသုံးလေ့ရှိခဲ့ကြ၏။ (အို-နဗီတမန်တော်) ငါအရှင်မြတ်သည် ထို(ခရစ်ယာန်)တို့ရှေ့ဝယ် သက်သေသာဓကများကို မည်ကဲ့သို့ ရှင်းလင်းဖော်ပြတော်မူသည်ကို အသင်ရှုပါလေ။ ထို့နောက် တဖန် ယင်းသူတို့သည် (မှန်ကန်သောတရားလမ်းစဉ်ကိုစွန့်၍) အဘယ်သို့ ပြန်လှည့် သွားကြသည်ကိုလည်း အသင်ရှုပါလေ။

၀၀၅ : ၇၆။ (အို-နဗီတမန်တော်) အသင်သည် (ခရစ်ယာန်တို့အား ဤသို့) ပြောကြားပါလေ။ (ဟယ်-အချင်းတို့) အသင်တို့သည် အလ္လာဟ််အရှင်မြတ်မှ တစ်ပါး အသင်တို့အား အကျိုးယုတ် နစ်နာစေခြင်းကိုလည်းကောင်း၊ အကျိုး ဖြစ်ထွန်းစေခြင်းကိုလည်းကောင်း၊ မပြုစွမ်းနိုင်ကြ သောအရာများကို ကိုးကွယ်ဆည်းကပ်ကြလေသလော။ အမှန်စင်စစ်သော်ကား အလ္လာဟ််အရှင်မြတ်သည်သာလျှင် (အလုံးစုံတို့ကို) အကြွင်းမဲ့ကြားသိတော်မူသောအရှင် (အရာခပ်သိမ်းတို့ကို) အကြွင်းမဲ့သိရှိတော်မူသောအရှင် ဖြစ်တော်မူလေသတည်း။

၀၀၅ : ၇၇။ (အို-နဗီတမန်တော်) အသင်သည်(ဤသို့) ပြောကြားပါလေ။ “အို-ကိတာဗီ” ရှေးအထက် ကျမ်းဂန်ရရှိသူအပေါင်းတို့ အသင်တို့သည် မိမိတို့၏ “ဒီန်” ဘာသာ သာသနာရေးတွင် (စည်းကမ်း သတ်မှတ်ထားသည်ထက်) အလွန်အကျွံမဖြစ်ကြကုန်လင့်။ ၎င်းပြင် အသင်တို့သည် အကြင်းသူတို့၏အလိုဆန္ဒများကိုလည်း မလိုက်စားကြကုန်လင့်။ ထိုသူ တို့သည်အထက်ကျော်ကာရီက (မိမိတို့ကိုယ်တိုင်)လမ်းမှားသို့ ရောက်ရှိခဲ့ကြသည်သာမက၊ များစွာသောသူတို့ကိုလည်း လမ်းမှားစေခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် ဖြောင့်မတ်မှန်ကန်သော(တရားမှန်ကိုသိကြပါလျက်နှင့်ပင်) တရားလမ်းတော်မှ ချွတ်ချော် တိမ်းပါးခဲ့ကြသတည်း။

၀၀၅ : ၇၈။ အစ္စရာအီလီ မျိုးနွယ်တို့အနက်မှ “ကာဖိရ်” သွေဖည်ငြင်းပယ်ကြကုန်သောသူတို့မှာမူ(နဗီတမန်တော်) “ဒါဝူဒ်”နှင့် “မရ်ယမ် “(သခင်မ) ၏သားတော်၊ (နဗီတမန်တော်) “အီစာ” ၏နှုတ်မှတစ်ဆင့် ကျိန်ဆဲခြင်းခံခဲ့ကြရ၏။ ယင်းကဲ့သို့ဘေးသင့်ခဲ့ကြရခြင်းမှာ ၎င်းတို့သည် သွေဖည်ခဲ့ကြသည့်ပြင်အမြဲတစေ စည်းကမ်းဖောက်ဖျက် ကျူး လွန်လေ့ရှိခြင်း ကြောင့်ပင်တည်း။

၀၀၅ : ၇၉။ ထိုသူတို့သည် မိမိတို့ပြုကျင့်ခဲ့ကြသော မကောင်းမှုဒုစရိုက်မှ အချင်းချင်းတစ်ဦးကိုတစ်ဦး ပိတ်ပင်မြစ်တားလေ့မရှိခဲ့ကြပေ။ စင်စစ်ဧကန် ၎င်းတို့ပြုကျင့်လေ့ ရှိခဲ့ကြကုန်သောအပြုအမူတို့သည် ဆိုးယုတ် သိမ်ဖျင်းလှပေစွတကား။

၀၀၅ : ၈၀။ (အို-နဗီတမန်တော်) ၎င်းတို့အနက် “ကာဖိရ်”သွေဖည်ငြင်းပယ်သော သူတို့အား အဆွေခင်ပွန်းများ ပြုလုပ်ကြသူ အမြောက်အမြားကို သင်သည်တွေ့မြင်ရပေအံ့။ အမှန်စင်စစ် ၎င်းတို့က မိမိတို့ကိုယ်တိုင် မိမိတို့အဘို့ တင်ကြို၍ပို့ထားနှင့်ကြ ကုန်သောအပြုအမူတို့သည် ယုတ်ညံ့ သိမ်ဖျင်းလှပေသည်။ (ထို့အတွက်ကြောင့်ပင်) အလ္လာဟ််အရှင်မြတ်သည် ၎င်းတို့အပေါ်ဝယ် အမျက်တော်ထားတော်မူခဲ့ လေသည်။ ထို့ပြင် ၎င်းတို့သည် ထာဝစဉ် အပြစ်ဒဏ်၌ နေထိုင်ကြရမည်။

၀၀၅ : ၈၁။ အကယ်၍ ထိုသူတို့သည် အလ္လာဟ်် အရှင်မြတ်ကိုလည်းကောင်း၊ နဗီတမန်တော်မြတ်ကိုလည်းကောင်း၊ ထိုနဗီတမန်တော်မြတ်ထံသို့ ကျရောက်လာသည့် (ကျမ်းတော်မြတ်ကုရ်အာန်)ကိုလည်းကောင်း၊ သက်ဝင် ယုံကြည်ကြပါလျှင်၊ ထို(“ကာဖိရ် ” သွေဖည်ငြင်းပယ်သော) သူတို့အား အဆွေခင်ပွန်းများ ပြုလုပ်ကြမည် မဟုတ်ပေ။ သို့ရာတွင် ယင်းသူတို့အနက်များစွာသော သူတို့မှာကား (အမိန့်ကို ဖီဆန်သော သူများပင်ဖြစ်ကြကုန်သတည်း၊) (အီမာန်၏အပြင်ဘက်သို့ ရောက်ရှိနေသူများပင် ဖြစ်ကြ၏။)

၀၀၅ : ၈၂။ (အို-နဗီတမန်တော်) အသင်သည် “မုအ်မင်န်” သက်ဝင်ယုံကြည်သော သူတို့ကို ရန်ငြိုးထားရာ၌ လူသားများအနက် ယဟူဒီတို့နှင့် “မုရှ်ရစ်က် “တို့ကို အပြင်းအထန်ဆုံးသောသူများအဖြစ်တွေ့ရှိရလတ္တံ့။ ၎င်းပြင် အသင်သည်”မုအ်မင်န်” သက်ဝင်ယုံကြည် သောသူတို့ကို မိတ်ဖွဲ့ရာ၌ ထိုလူသားများအနက် အနီးစပ်ဆုံးသောသူများအဖြစ် (မိမိတို့ကိုယ်ကို) “ကျွနု်ပ်တို့သည် ‘နဆွာရာ ‘ များဖြစ်ကြသည် ဟု ပြောဆိုကြကုန်သောသူတို့အား တွေ့ရှိရပေအ့ံ။ အဘယ်ကြောင့်ဆိုသော်ထိုသူတို့တွင် ပညာရှင်များနှင့် ဘုန်းကြီးရဟန်းများ ရှိနေကြသောကြောင့်လည်းကောင်း၊ ထိုသူတို့သည် မာန်မာနထောင်လွှားခြင်းလည်း မရှိကြသောကြောင့်လည်ေးကာင်း၊ ဖြစ်ချေသည်။

၀၀၅ : ၈၃။ ၎င်းပြင် ယင်းသူတို့သည် ရစူလ်တမန်တော်(မုဟမ္မဒ်)၏ထံသို့ ကျရောက်လာသော မုက္ခပါဌ်တော်များကိုကြားနာကြရသောအခါ (ထိုမုက္ခပါဌ်တော်များအားဖြင့်)အမှန်ကို သိမြင်လာကြသောကြောင့်၊ ၎င်းတို့၏ မျက်စိများမှမျက်ရည်များ ယိုစီးလျက်ရှိသည်ကို အသင်တွေ့မြင်ရလတ္တံ့။(၎င်းပြင်) ယင်းသူတို့က “အို – ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်၊ ကျွန်တော်မျိုးတို့သည် ယုံကြည်ပါပြီ၊ သို့ဖြစ်ပေရာ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အားလည်း ယုံကြည်ထောက်ခံသက်သေထွက်ဆိုသော သူတို့နှင့်အတူ အသိအမှတ်ပြုတော်မူပါ” ဟု လျှောက်ထားပန်ကြား ကြကုန်သတည်း။

၀၀၅ : ၈၄။ ထို့ပြင်တဝ ယင်းသူတို့က “ကျွနု်ပ်တို့သည် မိမိတို့အား မိမိတို့၏အရှင်မြတ်က (ကောင်းမြတ်သောအကျင့်သီလများကို ဆောက်တည်ကြကုန်သော) သူတော်စင် သူတော်ကောင်းတို့ အတွင်း၌ ပါဝင်စေတော်မူမည်ဟု မြှော်လင့်ချက်ထားရှိကြသည်ဖြစ်ရာ ကျွနု်ပ်တို့သည် အလ္လာဟ််အရှင်မြတ်အားလည်းကောင်း၊ (ယခု) ကျွနု်ပ်တို့ထံဝယ် ရောက်ရှိလာသောအမှန်တရားကို လည်းကောင်း၊ မယုံကြည်ကြရန် မည်သည့်အကြောင်းမျှ မရှိတော့ပြီ”(ဟူ၍လည်း ပြောဆိုကြကုန်သတည်း)။ (တစ်နည်း) ၎င်းပြင် (ထိုသူတို့က) ကျွန်ုပ်တို့သည် အလ္လာဟ််အသျှင်မြတ်အားလည်ေးကာင်း၊ ကျွန်ုပ်တို့ထံရောက်ရှိ လာသော အမှန်တရားကိုလည်းကောင်း၊ မယုံကြည်ကြရန် အကြောင်းမရှိပါ။ အမှန်စင်စစ်သော်ကား ကျွန်ုပ်တို့သည် မိမိတို့အား မိမိတို့၏အရှင်က သူတော်စင်တို့တွင် အပါအဝင်ဖြစ်စေတော်မူမည်ကို မျှော်လင့်လျက်ရှိကြပါသည် (ဟုပြောဆိုကြ၏)။

၀၀၅ : ၈၅။ သို့ဖြစ်ပေရာ အလ္လာဟ််အရှင်မြတ်သည်၊ ထိုသူတို့အား ထိုသူတို့၏(ထိုသို့ဝန်ခံ) ပြောဆိုခဲ့ကြသည့် အတွက် ကြောင့်အကြင်ဥယျာဉ်များကို အစားပေးတော်မူအံ့။ ထိုဥယျာဉ်များ၏အောက်၌ စမ်းရေချောင်းများသည် စီးဆင်းလျက်ရှိမည်။ ၎င်းတို့သည် ထိုဥယျာဉ်များ၌ ထာဝစဉ်နေထိုင်ကြမည်။ ဤသည်ကားကောင်းမြတ်သောအကျင့်သီလများကို ဖြည့်ကျင့် ဆည်းပူးကြလေသောသူတော်ကောင်းတို့၏အကျိုးပင်တည်း။

၀၀၅ : ၈၆။ သို့ရာတွင် အကြင်သူများသည် သွေဖည်ငြင်းပယ် နေခဲ့ကြ၏။ ၎င်းပြင် ထိုသူများသည် ငါအရှင်မြတ်၏ဒေသနာတော်များကို မုသားဟုငြင်းဆိုနေခဲ့ကြ၏။ ထိုကဲ့သို့သော သူများသာလျှင် ငရဲသားများဖြစ်ကြပေသည်။

၀၀၅ : ၈၇။ အို-“မုအ်မင်န် “သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် မိမိတို့အဖို့ အလ္လာဟ််အရှင်မြတ်က ခွင့်ပြုထားတော်မူသည့် သန့်ရှင်းစင်ကြယ်သော အရာများကို (မိမိတို့အဖို့) (ဟရာမ်)ဟူ၍ ပိတ်ပင်တားမြစ်ခြင်းမပြုကုန်လင့်။ ထိုမှတစ်ပါး အသင်တို့သည် စည်းကမ်း(ဥပဒေ)ကိုလည်း ဖောက်ဖျက် ကျူးလွန်ခြင်းမပြုကြလေနှင့်။ ဧကန်မလွဲ အလ္လာဟ််အရှင်မြတ်သည် စည်းမ်းဖောက်ဖျက်ကျူးလွန်သော သူတို့ကိုနှစ်သက်မြတ်နို်းတော်မူသည် မဟုတ်ချေ။

၀၀၅ : ၈၈။ ထို့ပြင်တဝ အသင်တို့သည် မိမိတို့အားအလ္လာဟ််အရှင်မြတ်က ပေးသနားတော်မူသည်များ အနက်မှ(စားသုံး)ခွင့်ပြုထားတော်မူသော သန့်စင်သောအရာများကို စားသုံးကြလေကုန်။ ၎င်းပြင် အသင်တို့သည် မိမိတို့ သက်ဝင် ယုံကြည်လျက်ရှိကြကုန်သော အလ္လာဟ််အရှင်မြတ်အားသာ ကြောက်ရွံ့ကြလေကုန်။

၀၀၅ : ၈၉။ အလ္လာဟ််အရှင်မြတ်သည် အသင်တို့၏ အချည်းနှီးသော ကျိန်ဆိုချက်များနှင့် စပ်လျဉ်း၍ အသင်တို့အား ပြစ်ဒဏ်ပေးတော်မူမည်မဟုတ်၊ သို့ရာတွင် အသင်တို့ အခိုင်အမာကျိန်ဆိုကြသော ကျိန်ဆိုချက်များနှင့် စပ်လျဉ်း၍ကား အသင်တို့ကို အပြစ်ဒဏ်ပေးတော်မူမည်ဖြစ်သည်။ သို့ဖြစ်ပေရာ(ယင်းကဲ့သို့သော ကျိန်ဆိုချက်များကို ချိုးဖောက်ခဲ့သည်ရှိသော်) ထိုကျိန်ဆိုချက်ကို (ချိုးဖောက်ခြင်း)၏ အပြစ် အာပတ်ဖြေမှုကားအသင်တို့သည် မိမိတို့၏ အိမ်သူအိမ်သား တို့ကို ကျွေးမွေးလေ့ရှိကြသော ခဲဘွယ်ဘောဇဉ်မျိုးထဲမှ အလတ်စားဖြစ်သောခဲဘွယ်ဘောဇဉ်ကို သူဆင်းရဲ ဆယ်ယောက်အား ကျွေးမွေးခြင်းသော်လည်းကောင်း၊ ထိုသူ ဆင်းရဲသား (ဆယ်ယောက်)တို့အားအဝတ်အစား (တစ်စုံကျစီ) ပေးခြင်းသော်လည်းကောင်း၊ ကျွန်တစ်ယောက်ကို ကျွန်အဖြစ်မှ လွတ်မြောက်စေခြင်းသော်လည်းကောင်း၊ ဖြစ်ချေသည်။ သို့ရာတွင် အကြင်သူသည် (ဤအချက်များကိုလိုက်နာရန်) မတတ်စွမ်းနိုင်ခဲ့ပါမူ (ထိုသူသည်) သုံးရက်(ဆက်၍) ဆွိယာမ် ဥပုသ်ဆောက်တည် ရမည်။ဤသည်တို့ကား အသင်တို့ ကျိန်ဆိုပြီး (မိမိတို့၏ ကျိန်ဆိုချက်များကို ချိုးဖောက်)ခဲ့သည်ရှိသော် အသင်တို့ကျိန်ဆိုချက်များ၏ အပြစ်အာပတ် ဖြေခြင်းပင်ဖြစ်သည်။ ၎င်းပြင် အသင်တို့သည် မိမိတို့၏ ကျိန်ဆိုချက်များကို စောင့်ထိန်းကြလေကုန်။ ဤသို့အားဖြင့် အလ္လာဟ််အရှင်မြတ်သည် မိမိ၏အမိန့်တော်များကို အသင်တို့အဖို့ ရှင်းလင်းစွာထုတ်ဖော် မိန့်ကြားတော်မူလေသည်။သို့မှသာလျှင် အသင်တို့ ကျေးဇူးသိတတ်ကြပေမည်။

၀၀၅ : ၉၀။ အို-“မုအ်မင်န်” သက်ဝင်ယုံကြည်သူအပေါင်းတို့၊ မုချဧကန် သေစာအရက်သည်လည်းကောင်း၊ လောင်းတမ်းကစားခြင်းသည်လည်းကောင်း၊ ရုပ်ထု၊ ဆင်းတု အစရှိသည့်အရာ)များသည်လည်းကောင်း၊ မြှား(ဖြင့်ကံစမ်းခြင်း)သည်လည်းကောင်း၊ အလွန်ဆိုးရွား ညစ်ညမ်းလှသော အမှုကိစ္စများ၊ “ရှိုင်တွာန်”အပြုအမူများသာလျှင်ဖြစ်၏။ သို့ဖြစ်ပေရာ အသင်တို့သည် ထို(ဆိုးရွားညစ်ညမ်းသောအရာ)ကို ရှောင်ကြဉ်ကြကုန်လော့။ သို့မှသာလျှင် အသင်တို့သည် အောင်မြင်ကြပေမည်။

၀၀၅ : ၉၁။ မုချဧကန် “ရှိုင်တွာန်” မိစ္ဆာကောင်သည် သေစာအရက်(ကို သောက်စားစေခြင်း)ဖြင့်လည်းကောင်း၊ လောင်းတမ်းကစားစေခြင်းဖြင့်လည်းကောင်း၊ အသင်တို့၏ စပ်ကြားဝယ် ရန်ငြိုးပွားမှုကိုလည်းကောင်း၊ မုန်းတီးမှုကိုလည်းကောင်း၊ဖန်တီးရန်နှင့် အသင်တို့ကို အလ္လာဟ််အရှင်မြတ်အား အောက်မေ့သတိရခြင်းမှလည်းကောင်း၊ “ဆွလာတ်” ဝတ်ပြုခြင်းမှလည်းကောင်း၊ ပိတ်ပင်တားဆီးရန်သာလျှင် ကြံစည်လျက်ရှိလေ၏။သို့ဖြစ်ပေရာ အသင်တို့သည် (သေစာအရက်သောက်စားခြင်းနှင့်လောင်းတမ်းကစားခြင်းမှ) ရပ်စဲကြပါမည်လော။(တနည်း)ဤမှတစ်ပါး အခြားမဟုတ်၊ ရှိုင်တွာန်မိစ္ဆာကောင်သည် သေရည်သေရက်ဖြင့်လည်းကောင်း၊ အလောင်းအစားဖြင့်လည်းကောင်း၊ အသင်တို့စပ်ကြားတွင် ရန်ငြိုးပွားမှု၊ မုန်းထားမှုများကိုဖြစ်စေလို၏။ ၎င်းပြင် (ရှိုင်တွာန်သည်) အသင်တို့ကို အလ္လာဟ််အရှင်မြတ်အား အောက်မေ့တသသတိရခြင်းမှလည်းကောင်း၊ ဆွလာတ်ဝတ်ပြု ခြင်းမှလည်းကောင်း၊ ပိတ်ပင်တား ဆီးလို၏။သို့ဖြစ်ပေရာ အသင်တို့သည် ရပ်တံ့ကြမည်သူများဖြစ်ကြသလော။ (ရပ်တန့်ကြမည်လော) (၀ါ) ရပ်တန့်ကြလေကုန်။

၀၀၅ : ၉၂။ ၎င်းပြင် အသင်တို့သည် အလ္လာဟ််အရှင်မြတ်(၏ အမိန့်တော် အရပ်ရပ်)ကို လိုက်နာကြလေကုန်၊ ၎င်းပြင်အသင်တို့သည် ရစူလ်တမန်တော်(၏သြဝါဒအရပ်ရပ်)ကိုလည်း လိုက်နာကြလေကုန်၊ ၎င်းပြင် အသင်တို့သည် သတိထားကြလေကုန်၊ တဖန် အကယ်၍ အသင်တို့သည် (အလ္လာဟ််အရှင်မြတ်နှင့် နဗီတမန်တော်မြတ်၏အမိန့်တော်များကိုမလိုက်နာကြဘဲ) လွှဲဖယ်သွားကြပါမူ၊ ငါအရှင်မြတ်၏ ရစူလ်တမန်တော်၌ (ငါအရှင်မြတ်၏အမိန့်တော်များကို) ရှင်းလင်းထင်ရှားစွာ (ထုတ်ဖော်ဟောကြား) ပို့သရန်သာ တာဝန်ရှိသည်ကို အသင်တို့ (ကောင်းစွာ) သိနားလည်ထားကြလေကုန်။

၀၀၅ : ၉၃။ အီမာန် ယုံကြည်ခြင်း သဒ္ဓါတရားထားရှိ၍ကောင်းမြတ်သော သီလများကို ကျင့်မူကြကုန်သော သူတို့အပေါ်ဝယ်၊ ၎င်းတို့သည် (အတိတ်ကာလ၌ “ဟရာမ်” ဟူ၍တားမြစ်ခြင်းမပြုမီ သေစာအရက်ကို လည်းကောင်း၊ လောင်းတမ်းကစားခြင်းဖြင့်ရရှိသောပစ္စည်း ကိုလည်ေးကာင်း၊ အခြားတစ်စုံတစ်ရာကိုလည်ကောင်း) စားသုံးမိခဲ့ကြသည့် အတွက်အပြစ်တစ်စုံတစ်ရာမျှမရှိချေ။ အကြင်အခါဝယ် ထိုသူတို့သည်(ထိုစဉ်အခါက တားမြစ်ထားသော အရာများမှလည်း)ကြဉ်ရှောင်ခဲ့ကြကုန်၏။ ထို့ပြင်တဝ ထိုသူတို့သည် (အလ္လာဟ််အရှင်မြတ်၏ အမိန့်ပညတ်တော်များကို) ယုံကြည်ကြ၏။ (“ဆွလာတ်” ဝတ်ပြုခြင်း၊ ဆွိယာမ် ဥပုသ် သီတင်းသီလဆောက်တည်ခြင်း၊ ဂျီဟာဒ်အလ္လာဟ််အရှင်မြတ်၏လမ်းတော်၌စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်း၊ အစရှိသည့်) ကောင်းမြတ်သောသီလများကိုလည်း ကျင့်မူကြကုန်၏။ ထိုနောက်တဖန်ထိုသူတို့သည် (အလ္လာဟ််အရှင်မြတ်က “ဟရာမ်”ဟူ၍တားမြစ်တော်မူသော အခါ၊ ထိုတားမြစ်တော်မူသော အရာများမှလည်း) ကြဉ်ရှောင်ကြကုန်၏။ ၎င်းပြင် (ထိုအရာများနှင့်စပ်လျဉ်း၍ ကျရောက်လာသော အမိန့်ပညတ်တော် များကိုလည်း) အီမာန်ယုံကြည်ကြကုန်၏။ ထို့နောက် တဖန် ထိုသူတို့သည် (သဒ္ဓါတရား ထက်သန်စွာနှင့် တစ်ဆင့်တိုးပြီး “ဟရာမ်”ဟူ၍ တားမြစ်ထားသော အရာများမှ လွတ်ကင်းနိုင်ခြင်း ငှာဒွိဟသံသယ မကင်းသောအရာများမှလည်း)ကြဉ်ရှောင်ကြ၏။၎င်းပြင် (ကောင်းမြတ်သော ကျင့်ဝတ်တို့ကို စိတ်ရောကိုယ်ပါ)ကောင်းမွန်စွာ ဖြည့်ကျင့် ဆည်းပူးလျက်လည်းရှိကြ၏။ အမှန်စင်စစ်သော်ကား အလ္လာဟ််အရှင်မြတ်သည် ကောင်းမွန်စွာဖြည့်ကျင့် ဆည်းပူးကြကုန်သောသူတို့အား ချစ်ကြည် မြတ်နိုးတော်မူလေသတည်း။

၀၀၅ : ၉၄။ အို-“မုအ်မင်န်” သက်ဝင်ယုံကြည်သူအပေါင်းတို့၊ ဧကန်စင်စစ် အလ္လာဟ််အရှင်မြတ်သည် မိမိအား အကွယ်၌မည်သူကြောက်ရွံ့သည်ကို သိတော်မူခြင်းငှာ အသင်တို့၏လက်များနှင့် လှံစွပ်များမှီနိုင်သော အချို့အမဲများဖြင့် အသင်တို့အား စမ်းသပ်တော်မူ မည်။ သို့ဖြစ်ပေရာ မည်သူမဆို ထို(ကဲ့သို့ထုတ်ဖေါ် မိန့်ကြားတော်မူပြီး)နောက် (ထိုအမဲများကို ပစ်ခတ်ဖမ်းဆီးခြင်းအားဖြင့်) ကျူးကျော်ခဲ့ပါမူ၊ ထိုသူတို့၏ အဖို့ (နောင်တမလွန်ဘဝတွင်) အလွန်နာကျင်ဖွယ် ဖြစ်သော ပြစ်ဒဏ်သည် အဆင်သင့်ရှိပေသည်။

၀၀၅ : ၉၅။ အို-“မုအ်မင်န်” သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အစ်ဟ်ရာမ် ဝတ်ရုံကို ဝတ်ဆင် လျက်ရှိကြစဉ်အခါဝယ်၊ အမဲတိရစ္ဆာန်တို့ကို (ပစ်ခတ်ဖမ်းဆီး) သတ်ဖြတ်ခြင်းမပြုကြကုန်လင့်။ အမှန်စင်စစ်သော်ကား မည်သူမဆိုအသင်တို့အနက်မှ ထိုအမဲတိရစ္ဆာန်များကို တမင်ကြံရွယ်ပြီးသတ်ဖြတ်ခဲ့ပါမူ၊ ထိုသတ်ခဲ့သော တိရစ္ဆာန်နှင့် တူမျှသော အခြေလေးချောင်း တိရစ္ဆာန်တစ်ကောင်ကို ကုရ်ဗာနီသားကောင်အဖြစ် ကအ်ဗဟ်ကျောင်းတော်သို့ ပို့ဆောင်ခြင်းအားဖြင့် ဒဏ်ဆောင်ရမည်၊ ၎င်း (ဒဏ်ဆောင်ရမည့် တိရစ္ဆာန်)ကို အသင်တို့အနက်မှ တရားမျှတမှုရှိသော ပုဂ္ဂိုလ်နှစ်ဦးသည် ဆုံးဖြတ်၍ပေးရမည်။ သို့မဟုတ် သူဆင်းရဲတို့အား ဘောဇဉ် ခဲဘွယ်တို့ကိုကျွေးမွေးခြင်းအားဖြင့်သော်လည်းကောင်း၊ ယင်း (ကျွေးမွေးရမည့်သူဆင်းရဲတို့၏ဦးရေ)နှင့်အမျှ ဥပုသ်သီတင်း သီလဆောက် တည်ခြင်းအားဖြင့်သော်လည်းကောင်း၊ အပြစ်ဒဏ်အာပတ်ဖြေရပေမည်။ (ယင်းကဲ့သို့ ဒဏ်ဆောင်စေခြင်းနှင့်အပြစ် အာပတ်ဖြေစေခြင်းမှာ)ထိုသူသည် မိမိပြုမူချက်၏ရသာကို မြည်းစမ်းခြင်း ငှာဖြစ်ချေသည်။ အလ္လာဟ််အရှင်မြတ်သည် လွန်လေပြီးသောအပြစ်တို့ကို ခွင့်လွှတ်တော်မူခဲ့ပြီးဖြစ်၏။ သို့ရာတွင်မည်သူမဆို ထပ်မံ၍ပြုကျင့်ပါမူ၊ အလ္လာဟ််အရှင်မြတ်သည် ထိုသူအားလက်စားချေတော်မူအံ့။ အမှန်သော်ကား အလ္လာဟ််အရှင်မြတ်သည်တန်ခိုးအာနုဘော်ဖြင့်လွှမ်းမိုးတော်မူသောအရှင်၊ လက်စားချေတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

၀၀၅ : ၉၆။ အသင်တို့အဖို့ (“အစ်ဟ်ရာမ်”ဝတ်ရုံကို ဝတ်ဆင်ထားသည့်အချိန်၌) ပင်လယ်(၀ါ) ရေသတ္တဝါ များကိုဘမ်းခြင်းနှင့်၊ ၎င်းတို့ကို စားသုံးခြင်းသည် “ဟလာလ်” ဟူ၍ ခွင့်ပြုထားပြီးဖြစ်၏။ (သို့ ခွင့်ပြုခြင်းကား) အသင်တို့၏ အကျိုးငှာလည်းကောင်း၊ ခရီးသည်များ၏ အကျိုးငှာလည်းကောင်း၊ ဖြစ်ပေသည်။ သို့ရာတွင် အသင်တို့ “အစ်ဟ်ရာမ်” ဝတ်ရုံကို ဝတ်ဆင်လျက်ရှိသမျှကာလပတ်လုံး ကုန်းသတ္တဝါများကိုမူ အမဲလိုက်ခြင်းသည် အသင်တို့အပေါ်၌ “ဟရာမ်” ဟူ၍ တားမြစ်ပြီးဖြစ်ချေသည်။ (သို့ဖြစ်ပေရာ)အသင်တို့သည် အလ္လာဟ််အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ထို(အလ္လာဟ််)အရှင်မြတ်ထံတော်၌သာ အသင်တို့သည် (ပြန်လည်၍) စုရုံး ကြရမည်ဖြစ်သည်။

၀၀၅ : ၉၇။ အလ္လာဟ်် အရှင်မြတ်သည် မြင့်မြတ်သော “ကအ်ဗဟ်” အိမ်တော်ကိုလည်းကောင်း၊ ထူးမြတ်သောလများကိုလည်းကောင်း၊ (ကုရ်ဗာန်ပြုမည်ဖြစ်သော) “ကုရ်ဗာနီ”သားကောင်များကိုလည်းကောင်း၊ (ကုရ်ဗာန်ပြုလုပ်ရန်) လည်ပတ်ကြိုးအစရှိသည်ကို တပ်ဆင်ထားသော သားကောင်များကိုလည်းကောင်း၊ လူတို့အဖို့ (သာသနာရေး နှင့် လောကီရေးများ)တည်မြဲစေရန်အကြောင်း ပြုလုပ်ထားတော်မူ၏။ ဤကဲ့သို့ပြုလုပ်တော်မူခြင်းကား အလ္လာဟ််အရှင်မြတ်သည် မိုးများ၌ရှိသမျှတို့ကိုလည်းကောင်း၊ ပထဝီ၌ ရှိသမျှတို့ကိုလည်းကောင်း၊သိရှိတော်မူသည်ကို အသင်တို့ယုံကြည်ကြရန်ဖြစ်သည်။ ဧကန်စင်စစ် အလ္လာဟ််အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။တစ်နည်း။အလ္လာဟ််အရှင်မြတ်သည် မြင့်မြတ်သော “ကအ်ဗဟ်” အိမ်တော်ကို လူသားတို့၏အကျိုး တည်ရှိနေစေရန်အကြောင်းပြုထားတော်မူသည်။ ထိုနည်းအတူ မြင့်မြတ်သောလများကိုလည်းကောင်း၊ (ဟရမ်အတွင်း) ကုရ်ဗာနီပြုမည့် သားကောင်များကိုလည်းကောင်း၊ (ဟရမ်အတွင်း၌ အလ္လာဟ််အရှင်မြတ်အားရည်စူး၍ ဇဗ်ဟ်ပြုလုပ်ရန်ဖြစ်သော) လည်ပတ်ကြိုးပါရှိသော သားကောင်များကိုလည်းကောင်း၊ (လူသားတို့အကျိုးတည်ရှိနေစေရန်အကြောင်း ပြုလုပ်ထားတော်မူသည်၊) ယင်းသို့ပြုလုပ်ထားတော်မူခြင်းမှာ မိုးများ၌ ရှိရှိသမျှတို့ကိုလည်းကောင်း၊ မြေ၌ရှိရှိသမျှတို့ကိုလည်းကောင်း၊ ဧကန်မုချ အလ္လာဟ််အရှင်မြတ်သည် အကြွင်းမဲ့သိရှိတော်မူသည်ကို အသင်တို့ ယုံကြည်ကြရန်ပင်ဖြစ်၏။ အမှန်သော်ကား အလ္လာဟ််အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသည်။

၀၀၅ : ၉၈။ ဧကန်စင်စစ် အလ္လာဟ််အရှင်မြတ်သည် (တစ်စုံတစ်ရာကို ထိုအရှင်မြတ်နှင့် တွဲဖက် ကိုးကွယ် ခြင်း၊ အမိန့်တော်ကို သွေဖည်ငြင်းပယ်ခြင်း၊ အစရှိသောပြစ်မှုများနှင့် မိမိတို့ကိုယ်ကို ဖုံးလွမ်းစေသောသူတို့အား) အလွန်ပြင်းထန်စွာ ပြစ်ဒဏ်ပေးတော် မူမည်ဖြစ်ကြောင်းနှင့် စင်စစ်ဧကန် အလ္လာဟ််အရှင်မြတ်သည် (ထိုတစ်ဆူတည်းသော အရှင်မြတ်အား ယုံကြည်ဆည်းကပ်၍ ကောင်းမြတ်သော သီလများကို ဆောက်တည်ကြကုန်သောသူတို့အား) အလွန်တရာမျှ လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အလွန်တရာမျှ သနားညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူကြောင်းကို အသင်တို့သည်ကောင်းစွာ သိထားကြလေကုန်။

၀၀၅ : ၉၉။ ရစူလ်တမန်တော် (မုဟမ္မဒ်) ၏ အပေါ်၌(အလ္လာဟ််အရှင်မြတ်၏ အမိန့်ဗျာဒိတ်တော်များကို လူတို့ထံသို့)ပို့ဆောင်(ဟောကြား)ရန် တာဝန်သာရှိ၏။ အသင်တို့ ထင်ရှားစွာပြုလုပ်သောအရာများကိုလည်းကောင်း၊ အသင်တို့ ထိမ်ချန်လျှို့ဝှက်စွာပြုသောအရာများကိုလည်းကောင်း၊ စင်စစ်အလ္လာဟ််အရှင်မြတ်သည် ကောင်းစွာသိရှိတော်မူပေသတည်း။

၀၀၅ : ၁၀၀။ (အို-နဗီတမန်တော်)အသင်သည်(ဤသို့) ပြောကြားပါလေ။ မသန့်ရှင်းမစင်ကြယ်သောအရာများ၏ ပေါများမှုသည် အသင့်အား ဝမ်းသာအားရစေသော်လည်း မသန့်ရှင်းမစင်ကြယ်သောအရာများနှင့် သန့်ရှင်းစင်ကြယ်သော အရာများသည် မတူချေ။ သို့ဖြစ်ပေရာ အို-ခွဲခြားသိနိုင်သော နိသမ္မဉာဏ်ရှင် အပေါင်းတို့၊ အသင်တို့သည် အလ္လာဟ််အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ သို့မှသာလျှင် အသင်တို့သည်အောင်မြင်ကြလတ္တံ့။

၀၀၅ : ၁၀၁။ အို-သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် (နဗီတမန်တော်မြတ်ထံ မဖွယ်မရာသော) အကြင်(အကြောင်း)အရာများနှင့် စပ်လျဉ်း၍ လျှောက်ထားမေးမြန်းခြင်းကိုမပြုကြကုန်လင့်။ အကယ်၍သာ ထို(အကြောင်း)အရာများကို အသင်တို့ရှေ့ဝယ် ထုတ်ဖေါ် (ပြောဆို) ခဲ့သည်ရှိသော်အသင်တို့အဖို့ [မကောင်းဖြစ်ပေအံ့]။ (တနည်း) [မနှစ်သက်ဖွယ်ဖြစ်ပေအံ့]။ သို့ရာတွင် အကယ်၍သာ အသင်တို့သည်ထို(အကြောင်း)အရာများနှင့် စပ်လျဉ်း၍ ကုရ်အာန်ကျမ်းတော်မြတ်ကျရောက်နေစဉ် အခါကာလ၌ လျှောက်ထားမေးမြန်းကြပါမူ ထို (အကြောင်း)အရာများသည် အသင်တို့ရှေ့ဝယ် ထုတ်ဖေါ်ပြီးဖြစ်အံ့။ ယင်းသို့သော အရာများနှင့်စပ်လျဉ်း၍(အတိတ်တွင်မေးခဲ့ကြသည်များကိုမူကား) အလ္လာဟ််အရှင်မြတ်သည် ခွင့်လွှတ်တော်မူ၏။ အမှန်စင်စစ်သော်ကားအလ္လာဟ််အရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသော အရှင်၊ အလွန်တရာ ခန္တီတရားနှင့် ပြည့်စုံတော်(မူ၍သည်းခံတော်)မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

၀၀၅ : ၁၀၂။ အသင်တို့အလျင် အထက်ကျော်ကာရီ၌ရှိခဲ့ကြသောသူတို့သည်လည်း ယင်းကဲ့သို့သောအကြောင်း အရာများကို မေးမြန်းခဲ့ဘူးကြလေသည်။ ထို့နောက် ၎င်းတို့သည် ယင်းအကြောင်းအရာများကို မယုံမကြည် သွေဖည်ငြင်းပယ်ကြကုန်သတည်း။

၀၀၅ : ၁၀၃။ အလ္လာဟ််အရှင်မြတ်သည် “ဗဟီရဟ်” ကိုလည်း(ရှရီအတ်တရားဥပဒေတွင်) သတ်မှတ်ပြဌာန်း တော် မူခဲ့သည်မဟုတ်ပေ။ “စာအိဗဟ်” ကိုလည်း သတ်မှတ် ပြဌာန်းတော်မူခဲ့သည် မဟုတ်ပေ။ “ဝဆွီလဟ်” ကိုလည်း သတ်မှတ်ပြဌာန်းတော်မူခဲ့သည် မဟုတ်ပေ။ “ဟာမီ” ကိုလည်းအသိအမှတ်ပြုတော်မူခဲ့သည်မဟုတ်ပေ။သို့ရာတွင်မယုံမကြည်သွေဖည်ငြင်းပယ်သောသူတို့မူကား အလ္လာဟ််အရှင်မြတ် အပေါ်၌မဟုတ်မမှန်လုပ်ကြံ၍မုသားစကား ပြောဆိုကြကုန်၏။ စင်စစ်သော်ကား ၎င်းတို့အနက် များစွာသောသူတို့သည် အသိဉာဏ်ကင်းမဲ့ ကြကုန်သတည်း။

၀၀၅ : ၁၀၄။ ၎င်းပြင် ထိုသူတို့အား “အသင်တို့သည်အလ္လာဟ််အရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူသော အမိန့်တော်များနှင့် ရစူလ်တမန်တော်ဖက်သို့ လာကြလေကုန်” ဟု ပြာဆိုသောအခါ၊ ထိုသူတို့က “ကျွနု်ပ်တို့အဖို့ အကြင်လမ်းစဉ်သည်လုံလောက် ပေသည်။ ထိုလမ်းစဉ်ပေါ်၌ ကျွနု်ပ်တို့သည် မိမိတို့၏အဘ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့အား တွေ့ရှိခဲ့ကြသည်” ဟုဖြေကြား၏။ အကယ်၍ ၎င်းတို့၏ အဘ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့သည် မည်သည့်တစ်စုံတစ်ရာကိုမျှ မသိ နားမလည်ကြသည့်ပြင် (ကောင်းကင်ကျ) တရားလမ်းစဉ်ကိုပင် မရရှိကြသော်လည်း (၎င်းတို့ ၎င်းအဖို့၊ ၎င်းတို့၏ အဘ၊ ဘိုး၊ ဘေး၊ တို့၏လမ်းစဉ်သည် ၎င်းတို့အဖို့ လုံလောက်ပါသလော။ အလျင်းမလုံလောက်ပေ။

၀၀၅ : ၁၀၅။ အို-“မုအ်မင်န်” သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် မိမိတို့ကိုယ်ကို မိမိတို့ ထိန်းသိမ်းစောင့်ရှောက်ရန်အတွက်သာလျှင် ပူပန်ကြလေကုန်။ အသင်တို့၏တရားလမ်းစဉ်အတိုင်း (မတိမ်းမစောင်း) လိုက်နာနေကြပါလျှင်၊ တရားလမ်းမှားသောသူသည် အသင်တို့ကို (မည်သို့မျှ)အကျိုးယုတ် နစ်နာစေနိုင် မည် မဟုတ်ပေ။ အသင်တို့အားလုံးတို့သည် နောက်ဆုံးတွင် အလ္လာဟ််အရှင်မြတ် အထံတော်သို့သာလျှင် ပြန်ကြရလတ္တံ့။ ထိုအခါ ထိုအရှင်မြတ်သည် အသင်တို့ ပြုမူခဲ့သမျှတို့ကို အသင်တို့အား အသိပေးတော်မူအံ့။

၀၀၅ : ၁၀၆။ အို-သက်ဝင် ယုံကြည်သူအပေါင်းတို့၊ အသင်တို့အနက် တစ်ဦးတစ်ယောက်ထံသို့ ‘မရဏ’ သေခြင်းတရားသည်ဆိုက်ရောက်၍ (ထိုသူသည်) “ဝဆွီယသ်”မှာတမ်းစကား ပြောကြားလေသောအခါ၊ အသင်တို့အနက်မှ တရားမျှတမှုရှိသောသူနှစ်ယောက် သက်သေအဖြစ် ရှိကြရပေမည်။ သို့တည်းမဟုတ် အသင်တို့သည် မြေပြင်ဝယ်ခရီးထွက်နေစဉ် အသင်တို့၌ သေဘေးဆိုက်ရောက်ခဲ့သည်ရှိသော် အကယ်၍ မွတ်စ်လင်မ်မရှိသော် အသင်တို့မှတစ်ပါး အခြား (သာသနာဝင်)တို့အနက်မှ သက်သေနှစ်ဦး ရှိကြရ ပေမည်။ အကယ်၍ အသင်တို့သည်မှာကြားခြင်းခံခဲ့ရ သောသူတို့နှင့်ပတ်သက်၍ ဒွိဟသံသယမကင်း ဖြစ်ခဲ့ ကြပါမူ၊ ထို(သက်သေ) နှစ်ယောက်ကို (ဗလီတွင်း “ဆွလာတ်” ဝတ်ပြုပြီးနောက် ဆိုင်းငံ့ထားကြလေကုန်။ ထိုအခါထိုသူတို့ နှစ်ဦးစလုံးတို့သည် အလ္လာဟ််အရှင်မြတ်ကို တိုင်တည်၍ (ဤသို့) ကျိန်ဆိုကြရမည်။ “ကျွနု်ပ်တို့သည် (ဤကိစ္စ၌မိမိတို့)ဆွေမျိုးနီးစပ် ပါဝင်နေသည့်တိုင်အောင် ဤသို့ကျိန်ဆိုခြင်းအားဖြင့် မည်သည့် အကျိုးကျေးဇူးကိုမျှ ရလိုကြသည်မဟုတ်ပေ။ ၎င်းပြင် ကျွနု်ပ်တို့သည် အလ္လာဟ််အရှင်မြတ်အမိန့်တော်အတိုင်း တာဝန်ရှိသော သက်သေခံခြင်း ကိုလည်းလျှို့ဝှက် ထိမ်ချန် ထားရှိကြသည် မဟုတ်ချေ။ (အကယ်၍ထိမ်ချန်လျှို့ဝှက်ထားရှိခဲ့မူ) ကျွနု်ပ်တို့သည် ဧကန်စင်စစ်အပြစ်မကင်းသော သူတို့အနက်မှပင် ဖြစ်ကုန်အံ့သတည်း။”

၀၀၅ : ၁၀၇။ တစ်ဖန် အကယ်၍ ၎င်းတို့နှစ်ဦးသည် (တစ်စုံတစ်ရာအပြစ်) ကျူးလွန်ခဲ့ကြောင်း သိရှိရပါ လျှင်၊ ထိုအပြစ်ရှိသူနှစ်ဦး၏နေရာတွင် (ကွယ်လွန်သူ၏) ဆွေမျိုးအနီးစပ်ဆုံး အမွေစားတို့အနက် သက်သေနှစ်ယောက် ရပ်ပြီးလျှင်၊ “ကျွနု်ပ်တို့၏သက်သေခံခြင်းမှာ ထိုသူတို့နှစ်ဦး သက်သေခံခြင်း ထက်ပိုမို၍မှန်ကန်ပါသည်။ ၎င်းပြင် ကျွနု်ပ်တို့သည်(ပစ္စည်းတောင်းဆိုရာတွင်လည်းကောင်း၊ ဝဆွီများအား စွပ်စွဲရာတွင်လည်းကောင်း၊) စည်းကမ်းကျူးလွန်ခြင်းလည်း မရှိကြပါ။ (အကယ်၍သာ ကျူးလွန်ခဲ့သည်ရှိသော်) ကျွနု်ပ်တို့သည် မလွဲဧကန် မတော်မတရားကျူးလွန်သောသူတို့အနက် အပါအဝင် ဖြစ်ကြပါအံ”့ ဟုအလ္လာဟ််အရှင်မြတ်အား တိုင်တည်၍ ကျိန်ဆိုကြရပေမည်။

၀၀၅ : ၁၀၈။ ဤသည်ကား သက်သေများသည် သက်သေခံထိုက်သောနည်းမှန်တိုင်း သက်သေခံကြရန်၊ သို့ တည်းမဟုတ်၎င်းတို့သည် မိမိတို့၏ကျိန်ဆိုချက်များမှာ အခြားသူများ၏ကျိန်ဆိုချက်များဖြင့် ကန့်ကွက်ပယ်ချခြင်းခံရမည်ကို စိုးရိမ်ကြရန် အနီးစပ် ဆုံး(အကောင်းဆုံး)သောနည်းပင် ဖြစ်ချေသည်။(မည်သို့ပင်ဖြစ်စေ) အသင်တို့သည် အလ္လာဟ််အရှင်မြတ်ကိုကြောက်ရွံ့ကြလေကုန်၊ ၎င်းပြင် (ထိုအသျှင်မြတ်၏အမိန့်တော်များကို) နာယူကြလေကုန်။ အမှန်သော်ကား အလ္လာဟ််အရှင်မြတ်သည် အမိန့်တော်ကို ကျူးလွန်သောသူတို့အားတရားလမ်းမှန်ကို ညွှန်ကြားပြသတော်မူသည် မဟုတ်ပေ။

၀၀၅ : ၁၀၉။ (အသင်တို့သည် အကြင်နေ့ကို သတိရကြလေကုန်၊ ကြောက်ရွံ့ကြလေကုန်) ထိုနေ့တွင် အလ္လာဟ််အရှင်မြတ်သည် ရစူလ်တမန်တော်များအား စုရုံးစေတော်မူပြီး (ထို ရစူလ်တမန်တော်များကို) “အသင် တို့သည် (မိမိတို့၏ နောက်လိုက်များထံမှ) မည်သို့ သော ပြန်ကြားခြင်းကို ရရှိခဲ့ကြပါသနည်း”ဟု မေးမြန်းတော်မူအံ့။ (ထိုအခါ ထိုရစူလ်တမန်တော် များက)ကျွန်တော်မျိုးတို့တွင်အလျင်းမသိကြပါ။ ဧကန်စင်စစ် အရှင်မြတ်သည်သာလျှင် အကွယ်၌ရှိသောအရာများကို အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူပါသည်ဟု လျှောက်ထားခဲ့ကြကုန်အံ့။

၀၀၅ : ၁၁၀။ (၎င်းနောက် ထိုနေ့မှာပင်) အကြင်အခါဝယ်အလ္လာဟ််အရှင်မြတ်သည် (တမန်တော်အီစာသခင်အား ဤသို့)မိန့်ကြားတော်မူအံ့၊ အို-မရ်ယမ်၏ သား အီစာ၊ အသင်သည်မိမိအပေါ်၌လည်းကောင်း၊ မိမိ၏ မိခင်အပေါ်၌လည်းကောင်း၊ငါအရှင်မြတ်ပြုတော်မူခဲ့သော ကျေးဇူးတော်များကို ပြန်လည်အောက်မေ့ သတိရပါ လေ။ အကြင်အခါဝယ် ငါအရှင်မြတ်သည် အသင့်အား “ရူဟုလ်ကုဒွတ်စ်” ဖြင့် ကူညီထောက်မတော်မူခဲ့၏။ (၎င်းပြင်) အသင်သည် ပုခက်တွင်း၌ (အမိရင်ခွင်၌)လည်းကောင်း၊ အသက်အရွယ်ကြီးပြင်းလာ သည့်အခါ၌လည်းကောင်း၊ လူတို့နှင့်(တမျိုးတစားတည်း) စကားပြောဆိုခဲ့၏။ ၎င်းပြင် အကြင်အခါဝယ် ငါအရှင်မြတ်သည် အသင့်အား ကောင်းကင်ကျ ကျမ်းဂန်များကို လည်းကောင်း၊ ‘ဟစ်က်မတ် အသိဉာဏ် အထူးအမြင်ကိုလည်းကောင်း၊ ‘တောင်ရာတ်နှင့် အိင်န်ဂျီလ်ကျမ်းဂန်များကိုလည်းကောင်း၊ သင်ကြားပို့ချတော်မူခဲ့၏။ ၎င်းပြင် အကြင်အခါဝယ် ငါအသျှင်မြတ်၏အမိန့်တော်ဖြင့် မြေဖြင့် အသင်သည် ငှက်၏သဏ္ဍာန်ကဲ့သို့ပြုလုပ်၍ ထိုအရာတွင် မှုတ်၏။ ထိုအခါ ထိုအရာသည်ငါအသျှင်မြတ်၏ အမိန့်တော်ဖြင့် (အသက်ရှင်သော ပြကတေ့)ငှက်သတ္တဝါ ဖြစ်သွားလေ၏။ ၎င်းပြင် အသင်သည်ငါအရှင်မြတ်၏ အမိန့်တော်ဖြင့် (အမိဝမ်းတွင်းမှ) မျက်စိအလင်း မရရှိသောသူတို့ကိုလည်းကောင်း၊ ခရုသင်းစသောကုဌနူနာ စွဲကပ်လျက်ရှိသောသူတို့ကိုလည်းကောင်း၊ ပျောက်ကင်းစေ၏။ ၎င်းပြင် အကြင်အခါဝယ် အသင်သည် ငါအရှင်မြတ်၏အမိန့်တော်ဖြင့် သူသေများကို (ရှင်စေပြီးသင်းချိုင်းတွင်းမှ) ထွက်စေခဲ့၏။ ၎င်းပြင် အကြင်အခါဝယ် ငါအရှင်မြတ်သည် အစ္စရာအီလီမျိုးနွယ်တို့ကို အသင့်(အားဖမ်းဆီး ကွပ်မျက်ခြင်း)မှ တားဆီးတော်မူခဲ့၏၊ အကြင် အခါဝယ် အသင်သည်၎င်းတို့ထံသို့ ထင်ရှားလှစွာသော သက်သေလက္ခဏာ (တန်ခိုးပြာဋိဟာ)များကို ယူဆောင်သွားခဲ့၏။ ပြီးနောက် ၎င်းတို့အနက်မှ မယုံမကြည် သွေဖည်ငြင်းပယ်ခဲ့သူတို့က “ဤကား ထင်ရှားသော စုန်းပရောဂအတတ်မျှဖြစ်သည်” ဟု ပြောဆိုခဲ့ကြ၏။

၀၀၅ : ၁၁၁။ ၎င်းပြင် (အို-နဗီတမန်တော်အီစာ) အသင်သည် (ပြန်လည်အောက်မေ့ သတိရပါလေ) အကြင် အခါဝယ်ငါအရှင်မြတ်သည် ဟဝါရီတို့ထံ “အသင်တို့သည် ငါအရှင်မြတ်ကိုလည်းကောင်း၊ ငါအရှင်မြတ်၏ တမန်တော်(အီစာ)အားလည်းကောင်း၊ သက်ဝင်ယုံကြည်လေကုန်” ဟု အမိန့် တော်ထုတ်ပြန် ချမှတ်တော်မူခဲ့လေရာ ထို(ဟဝါရီ)တို့က “ကျွန်တော်မျိုးတို့သည် ယုံကြည်ကြပါပြီ၊ ကျွန်တော်မျိုးတို့သည်အမိန့်ကို လိုက်နာကြသော မွတ်စလင်မ်များဖြစ်ကြောင်းအရှင်မြတ် သည် သက်သေဖြစ်တော်မူပါ” ဟူ၍ လျှောက်ထားပန်ကြားခဲ့ ကြသည်။

၀၀၅ : ၁၁၂။ (အို-နဗီတမန်တော်မုဟမ္မဒ်၊ အသင်သည် ပြန်လည်သတိရစေပါလေ၊) အခါတစ်ပါး၌ ဟဝါရီ တို့က” အို-မရ်ယမ်(သခင်မ)၏သား (နဗီတမန်တော်) အီစာ(သခင်) အသင့်အား ဖန်ဆင်းမွေးမြူသောမူသောအရှင်မြတ်သည် ကျွန်တော်မျိုးတို့အပေါ်ဝယ် ကောင်းကင်မှ စားဖွယ်သောက်ဖွယ် (နှင့်ပြည့်စုံသော စားပွဲတစ်ခု)ကို ချပေးသနားတော်မူနိုင်စွမ်းရှိပါ သလော”ဟုပြောဆိုကြလေသည်။ ထိုအခါ နဗီတမန်တော် “အီစာ” က ဟယ်- အချင်းတို့) အသင်တို့သည် အကယ်စင်စစ် “မုအ်မင်န်” သက်ဝင် ယုံကြည်သောသူများ ဖြစ်ကြပါလျှင် အလ္လာဟ််အရှင်မြတ် အား ကြောက်ရွံ့ကြလေကုန်ဟုပြောကြားတော်မူခဲ့ပေသည်။

၀၀၅ : ၁၁၃။ ထို(ဟဝါရီ)များက ကျွန်တော်မျိုးတို့သည် ထို(စားပွဲတွင် ပါရှိလေသော) စားဖွယ်ကို (ဗရ်ကတ်မင်္ဂလာရှိစေခြင်းအားဖြင့်) စားသုံးခြင်းငှာလည်းကောင်း၊ ကျွန်တော်မျိုးတို့၏စိတ်နှလုံးများ နှစ်သိမ့်ကျေနပ်ခြင်းငှာလည်းကောင်း၊အသင် (တမန်တော်အီစာ) သည် ကျွန်တော်မျိုးတို့အား(မိမိနဗီတမန်တော်ဖြစ်ကြောင်း) မှန်ကန် စွာပြောဆိုခဲ့သည်ကို(ကိုယ်တွေ့မျက်မြင်) ကောင်းမွန်စွာ ယုံကြည်ခြင်း ငှာလည်းကောင်း၊ ထို (တန်ခိုးပြာဋိဟာ)နှင့် စပ်လျဉ်း၍ ကျွန်တော်မျိုးတို့သည် အသိသက်သေဖြစ်ခြင်းငှာ၎င်း၊ ရည်စူးကြပါသည်ဟုပြန်ကြားကြကုန်၏။

၀၀၅ : ၁၁၄။ မရ်ယမ်(သခင်မ)၏သား(တော်တမန်တော်)အီစာ (အလိုင်ဟစ္စလာမ်)က “အို-အလ္လာဟ််အရှင်မြတ်၊ အိုကျွန်တော်မျိုးတို့ အား မွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုး တို့အပေါ်သို့ မိုးကောင်းကင်မှ စားဖွယ်သောက်ဖွယ်ကို ချပေးသနား တော်မူပါ၊ ထိုစားဖွယ်သောက် ဖွယ်သည် ကျွန်တော်မျိုးတို့အဖို့ (၀ါ) ကျွန်တော်မျိုးတို့တွင် ရှေးကျသူများ အဖို့လည်းကောင်း၊ ကျွန်တော်မျိုးတို့နောက် လာလတ္တံ့သောသူများအဖို့လည်းကောင်း၊ပျော်ရွှင်ဖွယ်ရာ ဖြစ် ပါစေ၊ ၎င်းပြင် အရှင်မြတ်ထံတော်မှသက်သေလက္ခဏာ တော် တစ်ပါးလည်းဖြစ်ပါစေ။အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ပေးသနားတော်မူပါ။အမှန်စင်စစ် အရှင်မြတ်သည်သာလျှင် အကောင်းဆုံးသောပေးသနားတော်မူသောအရှင် ဖြစ်တော်မူ ပါသည်” ဟုလျှောက်ထားပန်ကြားလေသည်။

၀၀၅ : ၁၁၅။ အလ္လာဟ််အရှင်မြတ်က “ငါအရှင်မြတ်သည် ထိုစားဖွယ် သောက်ဖွယ်ကို အသင်တို့အပေါ်၌ မုချဧကန်ချပေးသနားတော်မူအံ့၊ သို့ရာတွင် ထို(သို့ချပေးသနားတော်မူပြီး)နောက် အသင်တို့အနက် မည်သူမဆို ငြင်းပယ်ပါမူ၊ငါအရှင်မြတ်သည် စကြာဝဠာ ခပ်သိမ်းတို့ အနက်မည်သူတစ်ဦးတစ်ယောက် ကိုမျှပေးတော်မမူမည့် အပြစ်ဒဏ်ကို ထိုသူအား ဧကန်မလွဲပေးတော်မူအံ”့ ဟု ပြန်ကြားတော်မူခဲ့လေသတည်း။

၀၀၅ : ၁၁၆။ (ပြန်လည်အောက်မေ့သတိရပါလေ၊) အကြင်အခါဝယ် အလ္လာဟ််အရှင်မြတ်သည် (ဤသို့) မိန့်ကြားတော်မူအံ့၊ “အို-မရ်ယမ် ၏သား အီစာ၊ အသင်က လူတို့အား အသင်တို့သည် အလ္လာဟ်် အရှင်မြတ်အပြင် ကျွန်ုပ်(အီစာ)ကိုလည်းကောင်း၊ ကျွနု်ပ်၏မယ်တော် (မရ်ယမ်)ကိုလည်းကောင်း၊ ကိုးကွယ်ရာ(ဘုရား)နှစ်ပါး မှတ်ယူကြ လေကုန်ဟု ပြောကြားခဲ့ပါသလော”။ ထိုအခါ (အီစာ)(အလိုင် ဟစ္စလာမ်)သည် (ဤသို့)လျှောက်ထား ပြန်ကြားပေအံ့။ (“အို – အရှင်) အရှင်မြတ်သည်သန့်ရှင်းစင်ကြယ်တော်မူပါ၏။ ကျွန်တော် မျိုးမှာ မိမိမပြောထိုက် သောစကားကို ပြောဆိုခွင့် အလျင်း မရှိပါ။ အကယ်၍သာ ကျွန်တော်မျိုးသည် ထိုစကားကို ပြောဆိုမိခဲ့ပါမူ၊ အရှင်မြတ် သည် ထိုပြောဆိုသည်ကို မုချသိရှိ တော်မူပြီးပင် ဖြစ်ပါသည်။ အရှင်မြတ်သည် ကျွန်တော်မျိုး၏ စိတ်တွင်း ၌ရှိသမျှတို့ကို (အကြွင်းမဲ့)သိရှိတော်မူပါ၏။ သို့ရာတွင် ကျွန်တော်မျိုးမှာ မူကား အရှင်မြတ်၏စိတ်တွင်း ၌ရှိသည်တို့ကို မသိပါ။ဧကန်စင်စစ် အရှင်မြတ်သည်သာလျှင် အကွယ်၌ ရှိသမျှတို့ကိုအအကြွင်းမဲ့သိရှိတော်မူသောအရှင် ဖြစ်တော်မူပါသတည်း။

၀၀၅ : ၁၁၇။ ကျွန်တော်မျိုးသည် ၎င်းတို့ကို အရှင်မြတ်ကကျွန်တော်မျိုးအား မိန့်တော်မူသည့် (အတိုင်း) ‘အို-အချင်းတို့၊အသင်တို့သည် ကျွနု်ပ်၏အရှင်လည်း ဖြစ်တော်မူသော၊ အသင်တို့၏အရှင်လည်းဖြစ်တော် မူသော(တစ်ဆူတည်းသော)အလ္လာဟ််အရှင်မြတ်အားသာ ကိုးကွယ်ကြလေကုန်’ ဟူသောစကားမှအပ အခြားမည်သည့်စကားကိုမျှ ပြောဆိုခဲ့သည် မရှိပါ။ ထို့ပြင်တဝ ကျွန်တော်မျိုးသည် ၎င်းတို့အထဲတွင် ရှိနေသမျှကာလပတ်လုံး ၎င်းတို့(၏အကြောင်း)ကို သိရှိသူ ဖြစ်ပါသည်။တဖန် အရှင်သည် ကျွန်တော်မျိုးအား ပင့်မယူဆောင်သောအခါ အရှင်သည်ပင်လျှင် ၎င်းတို့(၏ အကြောင်း)ကို သိရှိတော်မူသောအရှင် ဖြစ်တော်မူခဲ့ပါသည်။ အမှန်စင်စစ်သော်ကားအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို သိမြင်တော်မူသောရှင်မြတ်ပင် ဖြစ်တော်မူ ပါသည်။

၀၀၅ : ၁၁၈။ “အရှင်မြတ်သည် အကယ်၍ထိုသူတို့အားအပြစ်ဒဏ် ပေးတော်မူခဲ့ပါလျှင်၊ ၎င်းတို့သည် ဧကန်မလွဲ အရှင်မြတ်၏ကျွန် များပင် ဖြစ်ကြပါ၏။ ၎င်းပြင် အကယ်၍ အရှင်မြတ်သည် ထိုသူတို့ အား (အပြစ်မှ) လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော် မူပါလျှင်လည်း(ပြုစွမ်းတော်မူနိုင်ပါသည်။) အဘယ်ကြောင့်ဆိုသော် ဧကန်စင်စစ်အရှင်မြတ်သည်တန်ခိုးအာနုဘော်နှင့်ပြည့်စုံတော်မူသောအရှင်၊ ကျိုး ကြောင်းဆင်ခြင် တုံဉာဏ်နှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပါသည်။”

၀၀၅ : ၁၁၉။ အလ္လာဟ််အရှင်မြတ်သည် (ဤသို့) မိန့်ကြားတော်မူလတ္တံ့။ ယနေ့မူကား မှန်ကန်သူများအဖို့၊ ၎င်းတို့၏မှန်ကန်မှုသည် အကျိုးပေးသည့်နေ့ပင် ဖြစ်ချေသည်။ ထို(မှန်ကန်သူများ)အဖို့ အကြင်ဥယျာဉ်များသည် (အဆင်သင့်)ရှိကြပေအံ့။ထိုဥယျာဉ် များ၏အောက်မှစမ်းရေချောင်းများသည်စီးထွေ လျက်ရှိကြလတ္တံ့။ ၎င်းတို့သည် ထိုဥယျာဉ်များတွင်အမြဲထာဝစဉ် နေထိုင် (စံမြန်း) ကြကုန်အံ့။ အလ္လာဟ််အရှင်မြတ်သည် ၎င်းတို့အပေါ်၌ ကျေနပ်တော်မူပြီး ဖြစ်တော်မူ၏။၎င်းတို့သည်လည်း ထိုအသျှင်မြတ်အပေါ်၌ ကျေနပ်ပြီးဖြစ်ကြကုန်၏။ဤသည်ကား ထူးကဲမြင့်မြတ်လှစွာသော(ဇေယျတု မင်္ဂလာ) အောင်မြင်မှုကြီးပင်တည်း။

၀၀၅ : ၁၂၀။ မိုးကောင်းကင်များကို၎င်း၊ ပထဝီမြေပြင်ကိုလည်းကောင်း၊ ထိုမိုးကောင်းကင်များနှင့် ပထဝီမြေကြီး၌ရှိသမျှတို့ကိုလည်းကောင်း၊ စိုးမိုးအုပ်ချုပ်ခြင်း(အာဏာ)သည်အလ္လာဟ််အရှင်မြတ်၌သာ ရှိချေသည်။ စင်စစ်မူကား ထိုအရှင်မြတ်သည် အရာရာကို ပြုစွမ်းနိုင်တော်မူသောအရှင်ပင်ဖြစ်တော်မူချေ သတည်း။

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
Click outside to hide the comparison bar
Compare