Blog

၀၈၁။ စူရာ သက်ဝီရ် : ခေါက်လိပ်ခြင်း ကဏ္ဍ (မက္ကာမြို့တော်ကျ- ၂၉ အာယသ်တော်)

surah-81_img
The Holy Quran and Myanmar Translation

၀၈၁။ စူရာ သက်ဝီရ် : ခေါက်လိပ်ခြင်း ကဏ္ဍ (မက္ကာမြို့တော်ကျ- ၂၉ အာယသ်တော်)


Notice: Undefined index: options in /home/kpr4d695aq7d/public_html/wp-content/themes/edumall/elementor/widgets/original/section.php on line 45

မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။

၀၈၁ : ၁။ နေသည် ခေါက်လိပ်ခြင်းကိုခံရသောအခါ (အလင်းရောက်မဲ့သွားသောအခါ)။

၀၈၁ : ၂။ ထို့အပြင် ကြယ်တာရာများသည် ကြွေကျကြသောအခါ။

၀၈၁ : ၃။ ၄င်းအပြင်တောင်များသည် ရွေ့လျားခြင်းကို ခံကြရသောအခါ။

၀၈၁ : ၄။ တဖန် ကိုယ်ဝန်ဆောင် ဆယ်လစေ့ ကုလားအုပ်များကို စွန့်လွှတ်ထားခြင်းခံရသောအခါ။

၀၈၁ : ၅။ ထို့အပြင် တောတိရိစ္ဆာများသည် စုရုံးခြင်းကို ခံရသောအခါ။

၀၈၁ : ၆။ ထို့အပြင် ပင်လယ်သကုဒ္ဒရာမျာသည် ခြောက်ခမ်းဆူပွက်စေခြင်းကို ခံကြရသောအခါ။

၀၈၁ : ၇။ ၄င်းအပြင် လူအများ၏ အသက်ဝိဥါည် များကို စုရုံးစေခြင်းကိုခံရသောအခါ။

၀၈၁ : ၈။ ၄င်းအပြင် အရှင် မြှုပ်နှံခြင်းခံရသော မိန်းကလေးကို မေးမြန်းခြင်းခံရသောအခါ။

၀၈၁ : ၉။ ၄င်းအပြင် မည်သည့်အပြစ်ကြောင့် သတ်ဖြတ်ခြင်းကို ခံခဲ့ရသနည်း။

၀၈၁ : ၁၀။ ၄င်းအပြင် မှတ်တမ်းစာရွက်များသည် ဖြန့်ထားခြင်းကို ခံရသောအခါ။

၀၈၁ : ၁၁ ။ထိုအပြင် မိုးကောင်းကင်သည် အရေခွာခြင်း(ပွင့်စေခြင်း) ကိုခံရသောအခါ။

၀၈၁ : ၁၂။ ထိုပအပြင် ဂျဟန္နမ်ငရဲသည် မီးမွှေးခြင်းကို ခံရသောအခါ။

၀၈၁ : ၁၃။ ထို့အပြင် ဂျန္နသ် သုခဘုံသည် အနီးသို့ ယူဆောင်ခြင်းကို ခံရသောအခါ။

၀၈၁ : ၁၄။ လူအသီးသီးသည် မိမိလုပ်ခဲ့သည့် ကောင်းမှုနှင့် မကောင်းမှုတို့ကို သိသွားကြလိမ့်မည်။

၀၈၁ : ၁၅။ သို့ဖြစ်ရာ ငါအရှင်မြတ်သည် နောက်ဆုတ်တတ်သော ကြယ်တာရာတို့ကို သက်သေထူတော်မူ၏။

၀၈၁ : ၁၆။ ထိုနက္ခတ်များသည် ဖြောင့်မတ်စွာ သွားတတ်သော(သို့) ကွယ်ပြောက်၍သွားတတ်သော နက္ခတ်များဖြစ်သည်။

၀၈၁ : ၁၇။ ၄င်းအပြင် ငါအရှင်သည် ညဉ့်ကို သက်သေထူ၏။ ညဉ့်သည် ရောက်ရှိလာ(ကုန်လွန်) ၏။

၀၈၁ : ၁၈။ ၄င်အပြင် ထိုအရှင်သည် နံနက်ကို သက်သေထူ၏။ ၄င်းနံနက်သည်လင်းလက်လာ၏။

၀၈၁ : ၁၉။ ဧကန်မလွဲ ဤ(ကျမ်းမြတ်ကုရ်အာန်)သည် မြင့်မြတ်သော စေတမန်တပါး ယူဆောင်လာသည့် အာယသ်ဖြစ်သည်။

၀၈၁ : ၂၀။ ထိုစေတမန်သည် အင်အားကြီးမားသူ၊ အရ်ရှ် ပလ္လင်တော်ကို စိုးပိုင်သော အရှင်မြတ်ထံတော်၌ ဂုဏ်ရှိသူဖြစ်သည်။

၀၈၁ : ၂၁။ ထို့အပြင် မိုးကောင်းကင်များ၌ သြဇာညေင်းသူ၊ စိတ်ချရသူဖြစ်သည်။

၀၈၁ : ၂၂။ ၄င်းအပြင် အသင်တို့၏ အဖေါ်သည်လည်း ရူးသွပ်သောသူ မဟုတ်ပေ။

၀၈၁ : ၂၃။ ထို့အပြင် ဧကန် အသင်တို့အဖေါ်သည် ရှင်းလင်းသော မိုးကုပ်စက်ဝင်းပိုင်း၌ ၄င်းစေတမန်အား တွေ့မြင်ခဲ့ဖူးသည်။

၀၈၁ : ၂၄။ ၄င်းအပြင် အသင်တို့၏ အဖေါ်ကား အကွယ်၌ရှိအရာများနှင့် စပ်လျဉ်း၍ စေးနဲသူမဟုတ်ပေ။

၀၈၁ : ၂၅။ ထိုအပြင် ၄င်းကုရ်အာန်သည် နှင့်ထုတ်ခြင်းခံရသော ရှိုင်သွာန်၏ ပြောဆိုချက်လည်းမဟုတ်ပေ။

၀၈၁ : ၂၆။ သို့ဖြစ်၍ အသင်ဘယ်သို့ သွားနေသနည်း။

၀၈၁ : ၂၇။ ထိုကျမ်းမြတ်ကုရ်အာန်သည် စကြာဝဠာ ခပ်သိမ်းတို့အဖို့ ဆုံးမသြဝါဒသာလျှင်ဖြစ်သည်။

၀၈၁ : ၂၈။ အထူးသဖြင့် အသင်တို့အနက် ဖြောင့်မတ်စွာ သွားလိုသူတို့အဖို့။

၀၈၁ : ၂၉။ စင်စစ် စကြာဝဠာ ခပ်သိမ်းတို့ကို ဖနဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူမှ သာလျှင် အသင်တို့သည် အလိုရှိနိုင်ကြပေမည်။

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
Click outside to hide the comparison bar
Compare