Blog

၀၈၂။ စူရာ အင်န်ဖိသာရ် : စုတ်ပြတ်ခြင်း ကဏ္ဍ (မက္ကာမြို့တော်ကျ- ၁၉ အာယသ်တော်)

surah-82_img
The Holy Quran and Myanmar Translation

၀၈၂။ စူရာ အင်န်ဖိသာရ် : စုတ်ပြတ်ခြင်း ကဏ္ဍ (မက္ကာမြို့တော်ကျ- ၁၉ အာယသ်တော်)


Notice: Undefined index: options in /home/kpr4d695aq7d/public_html/wp-content/themes/edumall/elementor/widgets/original/section.php on line 45

မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။

၀၈၂ : ၁။ မိုးကောင်းကင်သည် အက်ကွဲသောအခါ။

၀၈၂ : ၂ ။၄င်းအပြင် ကြယ်တာရာများသည် ကြွေကျကြသောအခါ။

၀၈၂ : ၃။ ထို့အပြင် ပင်လယ်သမုဒ္ဒရာများသည် ဆူပွက်စီးထွက်စေခြင်းကို ခံကြရသောအခါ။

၀၈၂ : ၄။ ထိုမှတစ်ပါး သင်္ချိုင်းများသည် ဖရိုဖရဲ အထက်အောက်လှန်လှောခြင်းခံရသောအခါ။

၀၈၂ : ၅။ ဇီဝိန် အသက် အသီးသီးတို့သည် မိမိတို့ ရှေ့သို့ပို့ထားသည်များနှင့် နောက်ချန်ရစ်ခဲ့သည်များကို သိသွားကြပေမည်။

၀၈၂ : ၆ ။အိုလူသား မိမိအား မွေးမြူဖန်ဆင်းသည့်အရှင်နှင့် ပတ်သက်၍ မည်သည့်အရာသည် အသင့်အား လှည့်ဖျားခဲ့သနည်း။

၀၈၂ : ၇။ အကြင်အရှင်မြတ်သည် အသင့်အား မွေးမြူခဲ့သည်။ ထို့နောက် အနေအထားကျအောင်ဆီမံခဲ့သည်။ တဖန် အသင့်အား အချိုးအစားကျအောင်လည်း စီမံတော်မူခဲ့သည်။

၀၈၂ : ၈ ။မိမိအလိုရှိသော ပုံစံ၌ အသင့်အား စီစဉ်ပြုလုပ် ဖန်ဆင်းတော်မူခဲ့သည်။

၀၈၂ : ၉။ စင်စစ် အသင်တို့သည် အစားပေးခြင်းကို မမှန်ဟု ငြင်းပယ်ခဲ့၏။

၀၈၂ : ၁၀။ စင်စစ် အသင်တို့အပေါ်၌ ကိုယ်စောင့်များကား ဧကန်မလွဲ ရှိကြ၏။

၀၈၂ : ၁၁။ မြင့်မြတ်သူများ၊ အသင်တို့၏ ပြောဆိုပြုမူမှုများကို ရေးမှတ်သူများ။

၀၈၂ : ၁၂။ ၄င်းတို့သည် အသင်တို့ပြုမှုသမျှကို သိရှိကြသည်။

၀၈၂ : ၁၃။ ဧကန်မလွဲ သူတော်ကောင်းတို့သည် ထာဝရ သုခ၌ ရှိကြပေမည်။

၀၈၂ : ၁၄။ သို့သော် ဆိုးသွမ်းသူတို့မူကား အမှန် ဂျဟန္နမ် ငရဲ၌ပင် ရှိကြပေမည်။

၀၈၂ : ၁၅ ။၄င်းတို့သည် ထိုဂျဟန္နမ် ငရဲ၌ အစားပေးမည့် နေ့တွင် ဝင်ရောက်ကြပေမည်။

၀၈၂ : ၁၆။၄င်းအပြင် ၄င်းတို့သည် ယင်း ဂျဟန္နမ် ငရဲမှ ထွက်ခွာရမည်သူများ မဟုတ်ပေ။

၀၈၂ : ၁၇။ စင်စစ် အစားပေးမည်နေ့သည် မည်သည့်နေ့ဖြစ်သည်ကို အသင်သိပါသလား။

၀၈၂ : ၁၈။ တဖန် အစားပေးမည်နေ့သည် မည်သည့်နေ့ဖြစ်သည်ကို အသင်သိပါသလား။

၀၈၂ : ၁၉။ ထိုနေ့တွင် မည်သူမျှ မည်သူ့အပေါ် အမိန့်ပေး အကျိုးပြုနိုင်ခြင်းမရှိပါ။ ထိုနေ့တွင် အမိန့်အာဏာ အလုံးစုံတို့သည် အလ္လာဟ်အရှင်မြတ် အပေါ်၌ သာ ရှိကန်အံ့သတည်း။

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
Click outside to hide the comparison bar
Compare