Blog

၀၈၄။ စူရာ အိန်ရှိကာက် : ကွဲအက်ခြင်း ကဏ္ဍ (မက္ကာမြို့တော်ကျ- ၂၅ အာယသ်တော်)

surah-84_img
The Holy Quran and Myanmar Translation

၀၈၄။ စူရာ အိန်ရှိကာက် : ကွဲအက်ခြင်း ကဏ္ဍ (မက္ကာမြို့တော်ကျ- ၂၅ အာယသ်တော်)


Notice: Undefined index: options in /home/kpr4d695aq7d/public_html/wp-content/themes/edumall/elementor/widgets/original/section.php on line 45

မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။

၀၈၄ : ၁။ အကြင်အခါဝယ် မိုးကောင်းကင်သည် အက်ကွဲသွားပေမည်။

၀၈၄ : ၂ ။၄င်းအပြင် ထိုမိုးကောင်းကင်သည် မိမိဖန်ဆင်းရှင်၏ အမိန့်ကို နာခံပေမည်။ နာခံရန်လည်း ထိုက်ပေသည်။

၀၈၄ : ၃။ ထို့အပြင် အကြင်အခါ ပထဝီမြေကြီးသည် ဆွဲဖြန့်ခြင်းကို ခံရပေမည်။

၀၈၄ : ၄။ ၄င်းအပြင် ပထဝီမြေကြီးသည် မိမိအတွင်းရှိ အရာများကို အန်ထုတ်ပြီးလျှင် ဗလာချည်းဖြစ်သွား ပေမည်။

၀၈၄ : ၅။ ထို့အပြင် ပထဝီမြေကြီးသည် မိမိဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ် အမိန့်ကို နာခံပေမည်။ နာခံရန်လည်း ထိုက်ပေသည်။

၀၈၄ : ၆။ အိုလူသား၊ စင်စစ် အသင်သည် မိမိဖန်ဆင်းရှင်ထံ အရောက်သွားရန် ပင်ပန်းကြီးစွာ ကြိုးပမ်းရမည်။ သင်သည် ကြိုးပမ်း၏ အကျိုးကို အသင်တွေ့ရပေမည်။

၀၈၄ : ၇။ မည်သို့ဖြစ်စေ မိမိမှတ်တမ်းကို ယဘက်လက်ဝယ် ပေးခြင်းခံရသောသူသည်

၀၈၄ : ၈။ ထိုသူသည် လွယ်ကူသော စစ်ဆေးခြင်းကို ခံရပေမည်။

၀၈၄ : ၉။ ၄င်းအပြင် ထိုသူသည် မိမိ၏ အိမ်သူအိမ်အား အပေါင်းအဖေါ်တို့ထံ ဝမ်းသာစွာ ပြန်လာပေမည်။

၀၈၄ : ၁၀။ သို့သော် မည်သို့ပင်ဖြစ်စေ မိမိမှတ်တမ်းကို နောက်ကျောက်ဖက်မှ ပေးအပ်ခြင်းကို ခံရသောသူသည်။

၀၈၄ : ၁၁။ အမှန်ပင် ထိုသူသည် သေခြင်းတရားကို ဖိတ်ခေါ်ပေမည်။

၀၈၄ : ၁၂ ။၄င်းအပြင် ထိုသူသည် ဂျဟန္နမ် ငရဲမီးတောက်ထဲသို့ ဝင်ရပေမည်။

၀၈၄ : ၁၃။ စင်စစ် ထိုသူသည် မိမိအိမ်သူအိမ်သားများနှင့် ပျော်ရွှင်စွာ ရှိခဲ့ပေသည်။

၀၈၄ : ၁၄ ။စင်စစ် သူသည် ၄င်း၏ အရှင်မြတ်ထံ ပြန်သွားရမည်ဟု မထင်မှတ်ခဲ့ပေ။

၀၈၄ : ၁၅။ ဧကန်မလွဲ ၄င်း၏ ဖန်ဆင်းရှင်သည် ၄င်းအား ကောင်းစွာ ကြည့်လျှက်ရှိပေသည်။

၀၈၄ : ၁၆။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် နေဝင်ဆည်းဆာ ရောင်နီကို သက်သေထူတော်မူ၏။

၀၈၄ : ၁၇။ ထို့အပြင် ငါအရှင်မြတ်သည် ညဉ့်ကို၄င်း၊ ထိုညဉ့်က ဖုံးလွှမ်းသောအရာများကို၄င်း သက်သေထူ၏။

၀၈၄ : ၁၈။ ထို့အပြင် ငါအရှင်မြတ်သည် လစန္ဒကို သက်သေထူတော်မူသည်။ ထိုအခါ လစန္ဒာသည် ပြည့်ဝန်းစွာ ထွက်ပေါ်နေပေသည်။

၀၈၄ : ၁၉။ အမှန်ပင် အသင်တို့သည် အဆင့် တစ်ဆင့်မှ တစ်ဆင့်သို့ တက်ကြရပေမည်။

၀၈၄ : ၂၀။ သို့ဖြစ်၍ အသင်တို့သည် အဘယ်ကြောင့် (အီမာန်) မယူကြသနည်း။

၀၈၄ : ၂၁။ ထိုမှတပါး ၄င်းတို့ရှေ့ဝယ် ကုန်အာန်ကျမ်းမြတ်ကို ဖတ်ကြားသည့်အခါ ၄င်းတို့သည် အဘယ်ကြောင့် ဆိဂျ်ဒဟ် မပြုကြသနည်း။

၀၈၄ : ၂၂။ ၄င်းအပြင် စင်စစ် ကာဖိရ် တို့သည် ကျမ်းမြတ်ကုရ်အာန်ကို မဟုတ်မမှန်ဟု ငြင်းဆိုကြသည်။

၀၈၄ : ၂၃။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် ၄င်းတို့ လျှို့ဝှက်ထားသည်များကို ကောင်းစွာသိတော်မူသည်။

၀၈၄ : ၂၄။ သို့ဖြစ်၍ အိုနဗီတမန်တော် ၄င်းတို့ ပြင်းပြသည့် အပြစ်ဒါဏ်နှင့် စပ်လျှင်း၍ သတင်းကောင်းကို ပြောပြပါလေ။

၀၈၄ : ၂၅။သို့သော် အီမန်သက်ဝင်ယုံကြည်၍ အကျင့်သီလကောင်း ကျင့်ကြံသူတို့အတွက် အဆုံးမရှိသော အကျိုးကျေးဇူးရှိလေသည်။

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
Click outside to hide the comparison bar
Compare