Blog

၀၈၅။ စူရာ ဘူရူးဂျ် : ဒွါသရာသီစက် (ဂလက်စီ) ကဏ္ဍ (မက္ကာမြို့တော်ကျ- ၂၂ အာယသ်တော်)

surah-85_img
The Holy Quran and Myanmar Translation

၀၈၅။ စူရာ ဘူရူးဂျ် : ဒွါသရာသီစက် (ဂလက်စီ) ကဏ္ဍ (မက္ကာမြို့တော်ကျ- ၂၂ အာယသ်တော်)


Notice: Undefined index: options in /home/kpr4d695aq7d/public_html/wp-content/themes/edumall/elementor/widgets/original/section.php on line 45

မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။

၀၈၅ : ၁။ ငါအရှင်မြတ်သည် စကြဝဠာရှိ ကြယ်တာရာအစု (ဂယ်လက်စ်စီ) များကို သက်သေထူတော်မူ၏။

၀၈၅ : ၂။ ၄င်းအပြင် ချိန်းဆိုထားသောနေ့ကို သက်သေထူတော်မူ၏။

၀၈၅ : ၃။ ထို့အပြင် အသင့်ရောက်ရှိသည့်နေ့ကို၄င်း၊ ရောက်မည့်နေ့ကို၄င်း၊ သက်သေထူတော်မူ၏။

၀၈၅ : ၄။ ကျင်းရှင်(တွင်းရှင်) တို့သည် ပျက်စီးခဲ့ရလေပြီ။

၀၈၅ : ၅။ ထင်းများစွာ (လောင်စာများစွာ)မီးရှင်တို့သည်။

၀၈၅ : ၆။ ထိုအခါ ၄င်းတို့သည် မီးအနီးဝယ် ထိုင်လျှက်ရှိခဲ့ကြကုန်၏။

၀၈၅ : ၇။ ထို့အပြင် ၄င်းတို့သည် မုမင်န်တို့အား မိမိတို့ နှိပ်စက်ညှဉ်းပမ်းမှု ပြုလျှက်နေသည်ကို ရှုစားလျှက် ရှိသည်။

၀၈၅ : ၈။ စင်စစ် ၄င်းတို့သည် မု့မင်န်တို့ထံ တန်ခိုးကြီးမားသော၊ ချီးမွန်းခံထိုက်သော အလ္လာဟ်အရှင်မြတ်ကို အီမာန်ယုံကြည်သည်မှလွဲ၍ အခြားမည်သည့်အရာကိုမျှ မတွေ့ရှိခဲ့ပေ။

၀၈၅ : ၉။ ထိုအရှင်မြတ်ထံတော်တွင် မိုးနှင့်မြေကို ၄င်း အရာရာကို၄င်း အုပ်ချုပ်နိုင်သည့်အာဏာ ရှိပေသည်။

၀၈၅ : ၁၀ ။စင်စစ် ထိုသူတို့သည် မု့မင်န် အမျိုးသားများကို၄င်း အမျိုးသမီးများကို၄င်း နှိပ်စက်ညှင်းပန်းခဲ့သည်။ ထို့နောက် တောင်ပန်ခြင်းလည်းမရှိခဲ့ပေ။ ထိုသူတို့အတွက် ဂျဟန္နမ် ငရဲ အထူးသဖြင့် မီးလောင်ကျွမ်းခြင်း ပြစ်ဒါဏ်ရှိလေသည်။

၀၈၅ : ၁၁။ စင်စစ် အီမာန် ယုံကြည်၍ ကောင်းမွန်သည့် အကျင့်သီလများ တည်ဆောက်သူတို့အဖို့ စမ်းချောင်းများ စီးတွေလျက်ရှိသော ဥယဉ်များရှိပေသည်။ ဤသည်မှာ ကြီးကျယ်သော အောင်မြင်မှုပင်တည်း။

၀၈၅ : ၁၂။ ဧကန်အမှန် အသင့် ဖန်ဆင်းရှင်၏ အရေးယူမှုသည် အမှန်ပြင်းထန်လှပေသည်။

၀၈၅ : ၁၃။ ဧကန်မလွဲ ထိုအရှင်မြတ်သာလျှင် စတင်ဖန်ဆင်းတော်မူသလို ပြန်လည်၍လည်း ဖန်ဆင်းတော် မူမည်။

၀၈၅ : ၁၄ ထို့အပြင် ထိုအရှင်သည်သာလျှင် လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်သော၊ အလွန်ချစ်ခင်မြတ်နို်းသော အရှင်မြတ်ဖြစ်သည်။

၀၈၅ : ၁၅။ အရ်ရှ် ပလ္လင်တော်ကို ပိုင်စိုးတော်မူသောအရှင်၊ အထူးဂုဏ်ကျက်သရေနှင့် ပြည့်စုံသောအရှင်။

၀၈၅ : ၁၆။ မိမိ ရည်စူးသောကိစ္စကို ပြီးမြောက်အောင် ဆောင်ရွက်တော်မူသောအရှင်ဖြစ်သည်။

၀၈၅ : ၁၇။ အသင့်ထံ ထိုတပ်များ၏ အကြောင်း ရောက်ရှိခဲ့ပြီ မဟုတ်ပါလော။

၀၈၅ : ၁၈။ ဖိရ်အောန်၏ တပ်များ၊ ဆမူဒ် အမျိုးသားတို့အကြောင်းသည်၄င်း။

၀၈၅ : ၁၉။ ထို့အပြင် ကာဖိရ် တို့သည် ကျမ်းမြတ်ကုရ်အာန်ကို မဟုတ်မမှန်ဟု ငြင်းဆိုကြသည်။

၀၈၅ : ၂၀။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် ၄င်းတို့အား အဖက်ဖက်မှ ဝိုင်းဝန်းလျက်ရှိလေသည်။

၀၈၅ : ၂၁။ စင်စစ် ဤသည်ကား အထူးဂုဏ်နှင့် ပြည့်စုံသော ကုရ်အာန်ကျမ်းတော်မြတ်ပင်တည်း။

၀၈၅ : ၂၂။ လုံခြုံစွာ ထိန်းသိမ်းထားသည့် သင်ပုန်းဝယ် ရေးမှတ်ပြီးဖြစ်သည်။

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
Click outside to hide the comparison bar
Compare