Blog

၀၈၆။ စူရာ အသ်သွာရိက် : တောက်ပသောကြယ်တစ်ပွင့်ကဏ္ဍ (မက္ကာမြို့တော်ကျ- ၁၇ အာယသ်တော်)

surah-86_img
The Holy Quran and Myanmar Translation

၀၈၆။ စူရာ အသ်သွာရိက် : တောက်ပသောကြယ်တစ်ပွင့်ကဏ္ဍ (မက္ကာမြို့တော်ကျ- ၁၇ အာယသ်တော်)


Notice: Undefined index: options in /home/kpr4d695aq7d/public_html/wp-content/themes/edumall/elementor/widgets/original/section.php on line 45

မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။

၀၈၆ : ၁။ ငါအရှင်မြတ်သည် မိုးကောင်းကင်ကို၄င်း၊ ညအချိန်သွားလာသောအရာ(ကြယ်)ကို၄င်း၊ (သို့) မနက်ချိန်ထွက်သော ကြယ်ကို၄င်း သက်သေထူတော်မူ၏။

၀၈၆ : ၂။ ညအချိန်သွားလာသောအရာ(ကြယ်)ကို၄င်း၊ (သို့) မနက်ချိန်ထွက်သော ကြယ် မည်သည့်အရာကို အသင် သိပါသလား။

၀၈၆ : ၃။ ယင်းသည် (ထွင်းဖောက်) လင်းဝင်းတောက်ပသော ကြယ်တာရာပင်။

၀၈၆ : ၄။ လူတိုင်းလူတိုင်းတွင် ထိန်းသိန်းစောင့်ရှောက်သူ(ကောင်းကင်တမန်) တစ်ဦးစီ ရှိပေသည်။

၀၈၆ : ၅။ သို့ဖြစ်ပေရာ လူသားသည် မည်သည့်အရာမှ မိမိဖန်ဆင်းခြင်းခံခဲ့ရသည်ကို ကြည့်ရှုရမည်။

၀၈၆ : ၆။ ထိုလူသားသည် ပန်းထွက်သော အရည်မှ ဖန်ဆင်းခြင်းကို ခံခဲ့ရလေသည်။

၀၈၆ : ၇။ ထိုအရည်သည် ကျောရိုးနှင့် ရင်ရိုးများ၏ အကြားမှ (တစ်ကိုယ်လုံးမှ) ထက်လေသည်။

၀၈၆ : ၈။ ဧကန်စင်စစ် ထိုအရှင်မြတ်သည် ထိုလူသားအား ရှင်ပြန်ထစေနိုင်သောအရှင်မြတ်ဖြစ်သည်။

၀၈၆ : ၉။ လျှို့ဝှက်ချက်များ စစ်ဆေးစူးစမ်းခြင်း ခံရသောနေ့တွင်။

၀၈၆ : ၁၀။ ထိုလူသားတွင် မည်သည့် စွမ်းအားမျှလည်းရှိမည်မဟုတ်၊ ကူညီမှုတစ်ယောက်မျှလည်း ရှိမည်မဟုတ်ပေ။

၀၈၆ : ၁၁။ ငါအရှင်မြတ်သည် မိုးရေရွာသွန်းသော မိုးကောင်းကင်ကို သက်သေထူတော်မူ၏။

၀၈၆ : ၁၂။ ထို့အပြင် သီးနှံထွက်ချိန် အက်ကွဲသော မြေကို သက်သေထူတော်မူ၏။

၀၈၆ : ၁၃။ စင်စစ် ဤ ကျမ်းမြတ်ကုရ်အာန် သည် အပြီးအပြတ် (အဆုံးအဖြတ်) စကားဖြစ်သည်။

၀၈၆ : ၁၄။ ၄င်းအပြင် ထိုစကားသည် ကရောကမည် ပြောဆိုသော စကားမဟုတ်ပြီ။

၀၈၆ : ၁၅။ စင်စစ် ထိုကာဖိရ် တို့သည် အကြံ အစည် အမျိုးမျိုးကို ကြံစည်လျှက်ရှိကြသည်။

၀၈၆ : ၁၆။ ငါအရှင်မြတ်သည်လည်း အကြံအစည်အမျိုးမျိုးကို ကြံစည်လျှက်ရှိသည်။

၀၈၆ : ၁၇။ သို့ဖြစ်၍ အိုနဗီတမန်တော် ကာဖိရ်တို့ကို ရွှေ့ဆိုင်းခွင့် ပေးပါလေ။ ၄င်းတို့အား မသိမသာ အချိန်ဆွဲ၍ ထားပါလေ။

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
Click outside to hide the comparison bar
Compare