Blog

၀၈၇။ စူရာ အလ် အအ်လဟ် : အမြင့်မြတ်ဆုံး ကဏ္ဍ (မက္ကာမြို့တော်ကျ- ၁၉ အာယသ်တော်)

surah-87_img
The Holy Quran and Myanmar Translation

၀၈၇။ စူရာ အလ် အအ်လဟ် : အမြင့်မြတ်ဆုံး ကဏ္ဍ (မက္ကာမြို့တော်ကျ- ၁၉ အာယသ်တော်)


Notice: Undefined index: options in /home/kpr4d695aq7d/public_html/wp-content/themes/edumall/elementor/widgets/original/section.php on line 45

မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။

၀၈၇ : ၁။ အိုနဗီတမန်တော် အသင်သည် မိမိ၏ အမြင့်မြတ်ဆုံးသော ဖန်ဆင်းရှင်၏ နာမံတော်ကို မြွက်ဆိုပါလေ။

၀၈၇ : ၂။ ထိုအရှင်သည် ဖန်ဆင်းတော်မူပြီးနောက် နေထားတကျဖြစ်အောင်လည်း ပြုလုပ်တော်မူသည်။

၀၈၇ : ၃။ ၄င်းအပြင် ထိုအရှင်မြတ်သည် တိုင်းတာစီမံကာ လမ်းညွှန်တော်မူခဲ့၏။

၀၈၇ : ၄။ ထို့နောက် မြက်သစ်ပင်များကို ပေါက်ရောက်စေတော်မူခဲ့၏။

၀၈၇ : ၅။ ထို့နောက် အရှင်မြတ်သည် ၄င်းမြက်ပင်များကို မည်းနက်သော ကောက်ရိုးဖြစ်စေတော်မူခဲ့၏။

၀၈၇ : ၆။ အိုနဗီတမန်တော် စင်စစ် ငါအရှင်မြတ်သည် အသင့်အား ရွတ်ဖတ်စေတောမူမည် သို့ဖြစ်စေ၌ အသင် သည် မေ့လျော့မည်မဟုတ်တော့ပေ။

၀၈၇ : ၇။ အလ္လာဟ်အရှင်မြတ် အလိုရှိသည်တပါး၊ ထိုအရှင်သည် ထင်ရှားသောအရာများကို၄င်း၊ ဖုံးကွယ်ထား သောအရာများကို၄င်း သိရှိတော်မူ၏။

၀၈၇ : ၈။ ထို့အပြင် ငါအရှင်မြတ်သည် အသင့်အား တဖြည်းဖြည်း လွယ်ကူမှုသို့ ပို့ပေးတော်မူမည်။

၀၈၇ : ၉။ သို့ဖြစ်၍ ဆုံးမခြင်းသည် အကျိုးဖြစ်စေလျှင် အသင်ဆုံးမပါလေ။

၀၈၇ : ၁၀။ အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့သောသူသည် အမှန်ပင်တရားရပေလိမ့်မည်။

၀၈၇ : ၁၁။ သို့သော် အလွန်ကံမကောင်းလှသူသည် ၄င်းအဆုံးအမမှ ဝေးကွာ၍ နေပေမည်။

၀၈၇ : ၁၂။ အကြင်အကြောင်းမလှသောသူသည် အလွန်ကြီးကျယ်သော မီးထဲသို့ ဝင်ရောက်ရပေမည်။

၀၈၇ : ၁၃။ ထိုနောက် ထိုသူသည် ယင်းမီးထဲ၌ သေဆုံးသွားမည်လည်းမဟုတ်ပေ၊ အသက်ရှင်၍နေမည်လည်း မဟုတ်ပေတကား။

၀၈၇ : ၁၄။ ဧကန်မလွဲ အကြင်သူသည် အောင်မြင်ခဲ့လေပြီ၊ ထိုသူသည် “အီမာန်” သက်ဝင်ယုံကြည်ခြင်းအားဖြင့် စင်ကြယ်သန့်ရှင်းခဲ့၏။

၀၈၇ : ၁၅။ ထို့နောက် ထိုသူသည် မိမိဖန်ဆင်းရှင်၏ နာမံတော်ကို သတိရပြီး ဆွလာသ် ဝတ်ပြုခဲ့၏။

၀၈၇ : ၁၆။ ထိုသို့ အလျှင်းမဟုတ် စင်စစ် အသင်တို့သည် လောကီဘဝကို ဦးစားပေးကြ၏။

၀၈၇ : ၁၇။ အမှန်သော်ကား တမလွန်ဘဝသည် ပို၍ကောင်းမြတ်သည့်အပြင် ပို၍တည်မြဲလေသည်။

၀၈၇ : ၁၈။ စင်စစ် ဤသည် ရှေးဟောင်းကျမ်းများ၌ လာရှိပြီးဖြစ်ပေသည်။

၀၈၇ : ၁၉။ တမန်တော် အီဗရာဟင်မ် ထံကျရောက်သောကျမ်းများ၌၄င်း၊ တမန်တော် မူစာထံကျရောက်သည့် ကျမ်းများ၌၄င်း။

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
Click outside to hide the comparison bar
Compare