Blog

၀၈၈။ စူရာ အလ်ဂါစီယဟ် : ဖုံးလွှမ်းမည့်အရာများ ကဏ္ဍ (မက္ကာမြို့တော်ကျ- အစောင် ၃၀၊ ၂၆ အာယသ်တော်)

surah-88_img
The Holy Quran and Myanmar Translation

၀၈၈။ စူရာ အလ်ဂါစီယဟ် : ဖုံးလွှမ်းမည့်အရာများ ကဏ္ဍ (မက္ကာမြို့တော်ကျ- အစောင် ၃၀၊ ၂၆ အာယသ်တော်)


Notice: Undefined index: options in /home/kpr4d695aq7d/public_html/wp-content/themes/edumall/elementor/widgets/original/section.php on line 45

မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။

၀၈၈ : ၁။ အိုနဗီတမန်တော် ကမ္ဘာတဝန်းကို ဖုံးလွှမ်းမည့်အကြောင်းအရာနှင့်ပတ်သက်သည့် သတင်းသည် အသင့်ထံရောက်ခဲ့ပြီးမဟုတ်ပါသလော။

၀၈၈ : ၂။ ထိုနေ့တွင် များစွာသောလူတို့၏ မျက်နှာများသည် ညှိုးငယ်လျက်ရှိကြပေမည်။

၀၈၈ : ၃။ ပင်ပန်းကြီးစွာ လုပ်ကိုင်မှုကြောင့် သတိုပ၏ မျက်နှာများသည် မောပန်းလျက်ရှိကြပေမည်။

၀၈၈ : ၄။ ၄င်းတို့သည် အလျှံပြောက်ပြောင် တောက်လောင်လျှက်ရှိသော မီးထဲသို့ ဝင်ရောက်ရပေမည်။

၀၈၈ : ၅။ ၄င်းတို့သည် ကျိုက်ကျိုက်ဆူလျက်ရှိသော စမ်းချောင်းတစ်ခုမှ ရေကို တိုက်ကျွေးခြင်း ခံရပေမည်။

၀၈၈ : ၆။ ၄င်းအဖို့ ဒွရိအ် အမည်ရှိ ဆူးပင်မှတစ်ပါး အခြားအဟာရ ရှိမည်မဟုတ်ပေ။

၀၈၈ : ၇ ထိုဆူးပင်သည် ၄င်းတို့ကို မဝဖြိုးစေသလို ဆာလောင်ခြင်းမှလည်း ပြေစေမည်မဟုတ်ပါ။

၀၈၈ : ၈။ များစွာသောသူတို့၏ မျက်နှာများမှာမူကား ထိုနေ့တွင် စိုပြေရွှင်လန်းလျက်ပင်ရှိမည်။

၀၈၈ : ၉။ ၄င်းတို့သည် မိမိတို့၏ ကြိုးပမ်းမှုနှင့် ပတ်သက်၌ နှစ်သက်ကြပေမည်။

၀၈၈ : ၁၀။ မြင့်မြတ်လှစွာသော ဂျန္နသ်သုခဘုံ၌ ရှိကြပေမည်။

၀၈၈ : ၁၁။ ၄င်းတို့သည် ဂျန္နသ်သုခဘံ၌ စီးတွေလျက်ရှိသော စမ်းချောင်းတစ်ခုရှိ၏။

၀၈၈ : ၁၂။ ယင်း ဂျန္နသ်သုခဘံ၌ စီးတွေလျက်ရှိသော စမ်းချောင်းတစ်ခုရှိ၏။

၀၈၈ : ၁၃။ ယင်းဂျန္နသ်သုခဘုံ၌ မြင့်မားသော သလွန်များရှိကြပေသည်။

၀၈၈ : ၁၄။ ၄င်းအပြင် သောက်ရေဖလားများသည် စီထားလျက် ရှိကြပေသည်။

၀၈၈ : ၁၅။ ထို့အပြင် ကော်ဇောများသည်လည်း စံနစ်တကျ ခင်ကျင်းထားလျက် ရှိကြပေသည်။

၀၈၈ : ၁၆။ ထိုမှတပါး မှီအုံးများသည်လည်း အနှံ့အပြား ခင်းထားလျက် ရှိကြပေမည်။

၀၈၈ : ၁၇။ အဘယ်ကြောင့် အသင်တို့သည် ကုလားအုပ်များကို မည်သို့ဖန်ဆင်းခြင်း ခံခဲ့ကြရသည်ကို ဆင်ခြင်သုံးသပ်ခြင်း မပြုလုပ်ကြသနည်း။

၀၈၈ : ၁၈။ ထိုနည်းတူစွာ မိုးကောင်းကင်သည် အဘယ်ကဲ့သို့ မြင့်မားစေခြင်းကို ခံခဲ့ကြသည်ကို၄င်း။

၀၈၈ : ၁၉။ ထို့အတူ တောင်များသည် မည်ကဲ့သို့ စိုက်ထူခြင်း ခံခဲ့ကြရသည်ကို၄င်း။

၀၈၈ : ၂၀။ ထိုမှတပါး ပထဝီမြေသည် မည်ကဲ့သို့ ခင်းကျင်းခံခဲ့ရသည်ကို၄င်း ဆင်ခြင်သုံးသပ်ခြင်း မပြုကြသလော။

၀၈၈ : ၂၁။ သို့ဖြစ်၍ အသင်သည် သူတို့ကို ဆုံးမပါလေ။ အသင်သည် ဆုံးမသူတစ်ဦးသာဖြစ်သည်။

၀၈၈ : ၂၂။ အသင်သည် ၄င်းတို့အပေါ် စောင့်ကြပ်အုပ်ထိန်းသူတော့ မဟုတ်ပေ။

၀၈၈ : ၂၃။ သို့သော် မည်သူမဆို မျက်နှာလွဲခဲ့လျှင်၄င်း၊ သွေဖည်ငြင်းပယ်ခဲ့လျှင်၄င်း။

၀၈၈ : ၂၄။ အလ္လာဟ်အရှင်မြတ်သည် ထိုသူအား ကြီးမားသော အပြစ်ကိုပေးအပ်မည်။

၀၈၈ : ၂၅။ ၄င်းတို့သည် မုချ အလ္လာဟ်ထံတော်သို့သာ ပြန်လည်ရောက်ရှိကြပေမည်။

၀၈၈ : ၂၆။ ထို့နောက် ၄င်းတို့အား စစ်ဆေးမြေးမြန်းခြင်းသည် ငါအရှင်မြတ်၏ တာဝန်ပင်ဖြစ်သည်။

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
Click outside to hide the comparison bar
Compare