Blog

၀၉၁။ စူရာ ရှမ်စ် : နေ ကဏ္ဍ (မက္ကာမြို့တော်ကျ- အစောင် ၃၀၊ ၁၅ အာယသ်တော်)

surah-91_img
The Holy Quran and Myanmar Translation

၀၉၁။ စူရာ ရှမ်စ် : နေ ကဏ္ဍ (မက္ကာမြို့တော်ကျ- အစောင် ၃၀၊ ၁၅ အာယသ်တော်)


Notice: Undefined index: options in /home/kpr4d695aq7d/public_html/wp-content/themes/edumall/elementor/widgets/original/section.php on line 45

မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။

၀၉၁ : ၁။ ငါအရှင်သည် နေကို၄င်း ၄င်း၏ အလင်းရောင်တက်ချိန်ကို၄င်း သက်သေထူတော်မူ၏။

၀၉၁ : ၂။ ထို့အပြင် လကိုသက်သေထူတော်မူ၏။ ၄င်းလသည် နေအနောက်သို့လိုက်၏။

၀၉၁ : ၃။ ၄င်းအပြင် နေ့ကို သက်သေထူတော်မူ၏။ ၄င်းနေ့သည် ယင်းနေကို လင်းဝင်းစေ၏။

၀၉၁ : ၄။ ၄င်းအပြင် ညဉ့်ကို သက်သေထူတော်မူ၏။ ၄င်းညဉ့်သည် ၄င်းနေကို ဖုံးလွှမ်းလေ၏။

၀၉၁ : ၅။ ထို့အပြင် မိုးကောင်းကင်ကို၄င်း၊ ၄င်းမိုးကောင်းကင်ကို ဖန်ဆင်းတော်မူသော အရှင်အား၄င်း၊ သက်သေထူတော်မူ၏။

၀၉၁ : ၆။ ၄င်းအပြင် ငါအရှင်သည် ပထဝီမြေကို၄င်း၊ ၄င်းပထဝီမြေ၏ ဖန်ဆင်းရှင်ကို၄င်း သက်သေထူတော်မူ၏။

၀၉၁ : ၇။ ထိုမှတပါး ငါအရှင်သည် အသက်ဇီဝိန်ကို၄င်း၊ ၄င်းအသက်ဇီဝိန်ကို ဖန်ဆင်းတော်မူသော အရှင်အား၄င်း သက်သေထူတော်မူ၏။

၀၉၁ : ၈။ တဖန် အရှင်မြတ်သည် အသက်ဇီဝိန်အတွင်း မကောင်းမှုဒုစရိုက်၏အသိကို၄င်း၊ ကောင်းမှုသုစရိုက် အသိကို ထည့်သွင်းပေးတော်မူ၏။

၀၉၁ : ၉။ စင်စစ် မိမိအသက်ဇီဝိန်ကို စင်ကြယ်သန့်ရှင်းစေခဲ့သူသည် အောင်မြင်ခဲ့လေပြီ။

၀၉၁ : ၁၀။ သို့သော် အသက်ဇီဝိန်ကို ဒုစရိုက်အတွင်း နစ်မြှုပ်စေခဲ့သူသည် ပျက်စီးခဲ့ချေပြီ။

၀၉၁ : ၁၁။ ဆမူဒ် အမျိုးသားတို့သည် မိမိတို့၏ ဆိုးသွမ်းမှုကြောင့် နဗီတမန်တော် ဆွာလိဟ်အား ငြင်းပယ်ခဲ့ကြ၏။

၀၉၁ : ၁၂။ အကြင်အချိန်ဝယ် အယုတ်မာဆုံးသူသည် အရှိန်နှင့် ထွက်ပေါ်လာ၏။

၀၉၁ : ၁၃။ ထိုအခါ အလ္လာဟ်ရစူလ်က အလ္လာဟ်အရှင်မြတ်၏ ကုလားအုပ်မကို ရေသောက်ခြင်းမှ မတားမြစ်ကြရန် သတိပေးပြောဆိုခဲ့၏။

၀၉၁ : ၁၄။ သို့သော် ဆမူဒ် အမျိုးသားတို့သည် ထိုရစူလ်တမန်တော်အား ငြင်းဆိုခဲ့သည်။ ကုလားအုပ်မ၏ ခြေထောက်များကို ဖြတ်တောက်ခဲ့၏။ ထိုအခါ ၄င်းတို့၏ အရှင်သည် ၄င်းတို့၏ ပြစ်မှုများကြောင့် ပြစ်ဒါဏ်ချမှတ်ခဲ့သည်။ ၄င်းအပြစ်ကို အားလုံးအပေါ်သက်ရောက်စေခဲ့၏။

၀၉၁ : ၁၅။ စင်စစ် ထိုအရှင်မြတ်သည် ၄င်းပြစ်ဒါဏ်၏ တုံ့ပြန်မှုကို စိုးရိမ်မှုမရှိပါ။

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
Click outside to hide the comparison bar
Compare