Blog

၀၉၂။ စူရာ လိုင်းလ် : ညဉ့် ကဏ္ဍ (မက္ကာမြို့တော်ကျ- ၂၁ အာယသ်တော်)

surah-92_img
The Holy Quran and Myanmar Translation

၀၉၂။ စူရာ လိုင်းလ် : ညဉ့် ကဏ္ဍ (မက္ကာမြို့တော်ကျ- ၂၁ အာယသ်တော်)


Notice: Undefined index: options in /home/kpr4d695aq7d/public_html/wp-content/themes/edumall/elementor/widgets/original/section.php on line 45

မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။

၀၉၂ : ၁ ငါအရှင်မြတ်သည် ညဉ်ကို သက်သေထူတော်မူ၏။ အကြင်အခါဝယ် ထိုညဉ့်သည် လွှမ်းမိုးလေ၏။

၀၉၂ : ၂ ၄င်းအပြင် နေ့ကို သက်သေထူတော်မူ၏။ အကြင်အခါဝယ် ထိုနေ့သည် လင်းဝင်းလေ၏။

၀၉၂ : ၃။ ထိုပြင် အဖိုကိုလည်းကောင်း၊ အမကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသော အရှင်ကို သက်သေထူတော်မူ၏။

၀၉၂ : ၄ ဧကန်စင်စစ် အသင်တို့၏ ကြိုပမ်းဆောင်ရွက်မှုသည် အပြားပြားဖြစ်၏။

၀၉၂ : ၅ သို့ဖြစ်ပေရာ မည်သို့ပင်ဖြစ်စေ၊ အကြင်သူသည် ပေးကမ်းလှူဒါန်းလေ၏။ ၄င်းအပြင် ထိုသူသည် အရှင်မြတ်အား ကြောက်ရွံ ့လေ၏။

၀၉၂ : ၆ ထို့နောက် ထိုသူသည် ကောင်းမြတ်သောအရာကို ဟုတ်မှန်သည်ဟု ယုံကြည်လက်ခံလေ၏။

၀၉၂ : ၇ သို့ဖြစ်လျှင် မကြာမီ ငါအရှင်မြတ်သည် ထိုသူအား လွယ်ကူမှုသို့ ပို့ပေးတော်မူမည်။

၀၉၂ : ၈ သိုသော် မည်သို့ပင်ဖြစ်စေ ထိုသူသည် စေးနဲသည်။ ၄င်းအပြင် မိမိကို လိုလားတောင့်တခြင်းမှ ကင်းမဲ့သည်ဟု ထင်မှတ်၏။

၀၉၂ : ၉ ထိုမှတစ်ပါး ထိုသူသည် ကောင်းမြတ်သောအရာကို မဟုတ်မမှန်ဟု ငြင်းဆိုလေ၏။

၀၉၂ : ၁၀ သို့ဖြစ်လျှင် မကြာမီ ငါအရှင်မြတ်သည် ထိုသူအား ခက်ခဲမှုသို့ ပို့ပေးတော်မူမည်။

၀၉၂ : ၁၁ ၄င်း၏ ချမ်းသာမှုသည် ထိုသူ ဒုက္ခရောက်သောအခါ အသုံးဝင်လိမ့်မည်မဟုတ်ပေ။

၀၉၂ : ၁၂ စင်စစ် တရားလမ်းညွှန်ပြခြင်းသည် ငါအရှင်မြတ်၏ တာဝန်ပင်ဖြစ်၏။

၀၉၂ : ၁၃ ထို့အပြင် တမလွန်ကို၄င်း၊ ဤလောကကို၄င်း ငါအရှင်သာလျှင် ပိုင်ဆိုင်တော်မူ၏။

၀၉၂ : ၁၄ ထို့အပြင် ငါအရှင်သည် အသင်တို့အား ဟုန်းဟုန်းတောက်လောင်လျှက်ရှိသော ငရဲမီးနှင့် ပတ်သက်၍ နိုးဆော်ခဲ့ပြီးဖြစ်သည်။

၀၉၂ : ၁၅ ထိုငရဲမီးအတွင်းသို့ ယုတ်မာသောသူသာလျှင် သွားရမည်။

၀၉၂ : ၁၆ ထိုသူသည် နဗီတမန်တော်အား မဟုတ်မှန်သူဟူ၍ ုငြင်းပယ်ကာ မျက်နှာလွှဲခဲ့၏။

၀၉၂ : ၁၇ အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ရိုသေသူသည် ထိုငရဲမီးမှ ကင်းဝေးလိမ့်မည်။

၀၉၂ : ၁၈ ထိုသူသည် မိမိ သန့်ရှင်းစင်ကြယ်စေရန်အလို့ငှာ ဥစ္စပစ္စည်းကို ပေးလှူဒါန်း၏။

၀၉၂ : ၁၉ ၄င်းအပေါ်ဝယ် ပြန်လည်ပေးဆပ်ရန် တစ်ဦးတစ်ယောက်မျှ၏ ကျေးဇူးတစ်စုံတစ်ရာမျှ မရှိပါ။

၀၉၂ : ၂၀ မိမိအရှင်၏ ကျေနပ်မှုအတွက်သာ ပေးကမ်းခြင်းအမှုကို ပြုခဲ့၏။

၀၉၂ : ၂၁ စင်စစ် ထိုသူသည် မကြာမီ အမှန်ပင် ကျေနပ်သွားမည်ဖြစ်သည်။

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
Click outside to hide the comparison bar
Compare