Blog

၀၉၃။ စူရာ အဒ်ဒိုဟာ : နေတက်ချိန် ကဏ္ဍ (မက္ကာမြို့တော်ကျ- ၁၁ အာယသ်တော်)

surah-93_img
The Holy Quran and Myanmar Translation

၀၉၃။ စူရာ အဒ်ဒိုဟာ : နေတက်ချိန် ကဏ္ဍ (မက္ကာမြို့တော်ကျ- ၁၁ အာယသ်တော်)


Notice: Undefined index: options in /home/kpr4d695aq7d/public_html/wp-content/themes/edumall/elementor/widgets/original/section.php on line 45

မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။

၀၉၃ : ၁။ ငါအရှင်မြတ်သည် နေတက်ချိန် (နေ၏အလင်းရောင်)ကို သက်သေထူတော်မူ၏။

၀၉၃ : ၂။ ထို့အပြင် ငါအရှင်မြတ်သည် ညဉ့်ကို သက်သေထူတော်မူ၏။ အကြင်အခါ ထိုညသည် လွှမ်းမိုးလေ၏။

၀၉၃ : ၃။ အသင်၏ ဖန်ဆင်းရှင်သည် အသင့်အား စွန့်ပစ်ထားခြင်းလည်းမဟုတ်၊ မုန်းတီးသည်လည်းမဟုတ်ပေ။

၀၉၃ : ၄။ စင်စစ် အသင့်အဖို့ တမလွန်ဘဝသည် လောကီဘဝထက် ကောင်းမြတ်လှ၏။

၀၉၃ : ၅။ ၄င်းအပြင် အကြာမီ အသင်၏ဖန်ဆင်းရှင်သည် အသင်ကျေနပ်လောက်အောင် အသင့်အား ချီးမြှင့်ပေးသနားလိမ့်မည်။

၀၉၃ : ၆။ ထိုအရှင်သည် အသင့်အား မိဘမဲ့အဖြစ် တွေ့ရှိ၍ အသင့်အား ခိုကိုးရာ ပေးတော်မူခဲ့သည် မဟုတ်ပါလား။

၀၉၃ : ၇။ ၄င်းအပြင် ထိုအရှင်မြတ်သည် အသင့်အား လမ်းမမြင်သူအဖြစ် တွေ့ရှိခဲ့ရာမှ လမ်းညွှန်ခဲ့၏။

၀၉၃ : ၈။ ထို့အပြင် အရှင်မြတ်သည် အသင့်အား ပစ္စည်းမဲ့အဖြစ်တွေ့ရှိခဲ့ရာမှ ဥစ္စာကြွယ်ဝစေခဲ့၏။

၀၉၃ : ၉။ သို့ဖြစ်၍ အသင်သည် မည်သို့ဖြစ်စေ မိဘမဲ့များအား ကြိမ်းမောင်းခြင်းမပြုလေနှင့်။

၀၉၃ : ၁၀။ ထိုနည်းတူစွာ မည်သို့ပင်ဖြစ်စေ အသင်သည် သူတောင်းစားများအား ငေါက်ငမ်းနှင်ထုတ်ခြင်း မပြုလေနှင့်။

၀၉၃ : ၁၁။ ထိုမှတစ်ပါး မည်သို့ပင်ဖြစ်စေကာမူ အသင်သည် မိမိ ဖန်ဆင်းရှင်၏ ကျေးဇူးတော်ကို ထုတ်ဖော်ပြောကြားနေပါလေ။

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
Click outside to hide the comparison bar
Compare