Blog

၀၉၆။ စူရာ အလက် : တွယ်ကပ်သောသွေးခဲ ကဏ္ဍ (မက္ကာမြို့တော်ကျ- အစောင် ၃၀၊ ၁၉ အာယသ်တော်)

surah-96_img
The Holy Quran and Myanmar Translation

၀၉၆။ စူရာ အလက် : တွယ်ကပ်သောသွေးခဲ ကဏ္ဍ (မက္ကာမြို့တော်ကျ- အစောင် ၃၀၊ ၁၉ အာယသ်တော်)


Notice: Undefined index: options in /home/kpr4d695aq7d/public_html/wp-content/themes/edumall/elementor/widgets/original/section.php on line 45

မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။

၀၉၆ : ၁။ (အိုနဗီ တမန်တော်) အသင်သည် မိမိအရှင်မြတ်၏ နာမန်တော်ဖြင့် (အစပြု၍) ဖတ်ပါလေ။ ထိုအရှင်မြတ်သည် (သက်ရှိသက်မဲ့ အရာခတ်သိမ်းတို့ကို) ဖန်ဆင်းတော်မူခဲ့၏။

၀၉၆ : ၂။ ထိုအရှင်မြတသည် လူသားကို သွေးခဲဖြင့် ဖန်ဆင်းတော်မူခဲ့၏။

၀၉၆ : ၃။ (အိုနဗီ တမန်တော်) အသင်သည် ဖတ်ပါလေ။ စင်စစ် အသင့်အား ဖန်ဆင်းတော်မူသော အရှင်မြတ်သည် အလွန်ရက်ရောစွာပေးကမ်း ချီးမြှင့်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူသည်။

၀၉၆ : ၄။ အကြင်အရှင်မြတ်သည် ကလောင်ဖြင့် သင်ကြားပေးတော်မူခဲ့၏။

၀၉၆ : ၅။ ထိုအရှင်မြတ်သည် လူသားတို့အား ၄င်းတို့မသိခဲ့သောအရာများကို သင်ကြားပေးတော်မူခဲ့ ပေသတည်း။

၀၉၆ : ၆။ မှတ်ယူကြလေကုန်၊ ဧကန်မလွဲ လူသည် ဆိုးသွမ်း ပုန်ကန်လေ့ရှိ၏။

၀၉၆ : ၇။ ၄င်းသည် မိမိကိုယ်ကို လိုလားတောင့်တခြင်း ကင်းမဲ့သည်ဟု ထင်မြင်သောကြောင့်။

၀၉၆ : ၈။ ဧကန်မလွဲ (အားလုံးတို့၏) ပြန်လည်ရောက်ရှိခြင်းသည် အသင်၏ အရှင်မြတ်ထံတော်သို့သာလျှင် ဖြစ်သည်။

၀၉၆ : ၉။ (အိုနဗီ တမန်တော်) အသင်သည် အကြင်သူအား မြင်ခဲ့လေသလော။ ထိုသူသည် တားမြစ်၏။

၀၉၆ : ၁၀။ (အလ္လာဟ်အရှင်မြတ်) ကျွန်တစ်ပါးအား ထိုကျွန်သည် ဆွလာသ်ဝတ်ပြုသောအခါဝယ်။

၀၉၆ : ၁၁။ (အိုနဗီ တမန်တော်) အသင်သည် (ထိုလူ၏ အခြေအနေကို) ပြောပြပါလေ။ အကယ်၍ ၄င်းသည် တရားလမ်းမှန်ပေါ်၌ ရှိခဲ့မူ။

၀၉၆ : ၁၂။ သို့တည်းမဟုတ် ၄င်းသည် ပြစ်မှုများမှ ကြည့်ရှောင်ရန် အမိန့်ပေးခဲ့မှု (မကောင်းပါလော)။

၀၉၆ : ၁၃။ (အိုနဗီ တမန်တော်) အသင်သည် တွေ့ပါသလား။ ထိုသူသည် (နဗီတမန်တော်အား) မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းဆိုပြီး အီမာန်သက်ဝင်ယုံကြည်ခြင်းမှ မျက်နှာလွဲဖယ်ခဲ့၏။

၀၉၆ : ၁၄။ အလ္လာဟ်အရှင်မြတ်သည် ဧကန်အမှန်ရှုမြင်တော်မူသည်ကို ထိုသူသည် မသိခဲ့လေသလော။

၀၉၆ : ၁၅။ မှတ်ယူလော့ အကယ်၍ ထိုသူသည် (မိမိအပြုအမူကို) မရပ်ဆဲခဲ့သော်၊ ဧကန်မလွဲ ငါအရှင်မြတ် သည် ၄င်း၏ ဦးစွန်းကိုကိုင်၍ ဆွဲတော်မူမည်။

၀၉၆ : ၁၆။ ထိုစွန်းကား မုသားပြောဆိုလေ့ရှိသော၊ ပြစ်မှုကျူးလွန်လေ့ရှိသော စွန်းပင်။

၀၉၆ : ၁၇။ သို့ဖြစ်ပေရာ ၄ငး်သည် မိမိအခြွေအရံများကို ခေါ်ယူစေ။

၀၉၆ : ၁၈။ ယခုပင် ငါအရှင်မြတ်သည် ငရဲစောင့်ကောင်းကင်တမန်ကို ခေါ်ယူတော်မူမည်။

၀၉၆ : ၁၉။ အလျှင်းမဟုတ်၊ အိုနဗီတမန်တော် အသင်သည် ၄င်း၏ စကားကို မလိုက်နာလေနှင့်၊ ၄င်းအပြင် အသင်သည် (အလ္လာဟ်အရှင်မြတ်အား) စိဂျ်ဒဟ် ပျဝပ်ဦးချပါလေ။ ၄င်းအပြင် အသင်သည် ထိုအရှင်အပါးသို့ ချဉ်းကပ်ပါလေ။

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
Click outside to hide the comparison bar
Compare