Blog

၀၉၈။ စူရာ ဘိုင်ယိန : ထင်ရှားသောသာဓက ကဏ္ဍ (မဒီနာမြို့တော်ကျ- အစောင် ၃၀၊ ၈ အာယသ်တော်)

surah-98_img
The Holy Quran and Myanmar Translation

၀၉၈။ စူရာ ဘိုင်ယိန : ထင်ရှားသောသာဓက ကဏ္ဍ (မဒီနာမြို့တော်ကျ- အစောင် ၃၀၊ ၈ အာယသ်တော်)


Notice: Undefined index: options in /home/kpr4d695aq7d/public_html/wp-content/themes/edumall/elementor/widgets/original/section.php on line 45

မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။

၀၉၈ : ၁။ ရှေးကျမ်းဂမ် ရရျိကြသူတို့အနက်မှ၄င်း၊ မွရှ်ရစ်က် တို့အနက်မှ၄င်း၊ ငြင်းပယ်သူတို့မှာကား ၄င်းတို့ထံ ထင်ရှားသော သာဒက မရောက်ရှိကြသမျှကာလပတ်လုံး (မိမိတို့မူဝါဒဟောင်းမှ) စွန့်ခွာကြမည့်သူများ မဟုတ်ခဲ့ကြပေး။

၀၉၈ : ၂။ သန့်ရှင်းသော ကျမ်းစာမျာကို ဖတ်ကြားအံ့သော အလ္လာဟ်အရှင်မြတ်၏ ရစူလ်် တစ်ပါးပင်ဖြစ်သည်။

၀၉၈ : ၃။ ယင်းကျမ်းစာများမှာ မှန်ကန်သော အကြောင်းအရာများ ရေးသားပါရှိသော ကျမ်းစာများပင်ဖြစ်သည်။

၀၉၈ : ၄။ သို့ရာတွင် ရှေးကျမ်းဂန်ရရှိသူတို့မှာ ၄င်းတို့ထံ ထင်ရှားစွာ သက်သေသာဓက ရောက်ရှိလာပြီးသည့် တိုင် ကွဲလွဲခဲ့ကြကုန်လေသည်။

၀၉၈ : ၅။ စင်စစ် ထိုသူတို့အား အလ္လာဟ်အရှင်မြတ်ကိုသာ သီးသန့် အာရုံစူးစိုက်လျှက် ကိုးကွယ်ကြရန်၄င်း ဆွလာတ်ဝတ်ပြုရန်၄င်း၊ ဇကာတ်ပေးရန်၄င်း၊ အမိန့်ပေးခံခဲ့ကြရသည်။ စင်စစ် ဤသည်သာ မှန်ကန်သည့် လမ်းစဉ်ပင်တည်း။

၀၉၈ : ၆။ ရှေးကျမ်းဂန် ရရှိသူတို့အနက်မှလည်းကောင်း၊ “မွရှ်ရစ်က်” တို့အနက်မှလည်းကောင်း၊ သွေဖည် ငြင်းပယ်ခဲ့ကြကုန်သောသူတို့မှာ ဧကန်အမှန် ဂျဟန္နမ်ငရဲဝယ် အမြဲ နေထိုင်ကြရသူများဖြစ်ပေမည်။ ထိုသူတို့သည် အဖန်ဆင်းခံတို့တွင် အဆိုးဆုံးသောသူများပင်ဖြစ်၏။

၀၉၈ : ၇။ “အီမာန်” သက်ဝင်ယုံကြည်ကာ ကောင်းသော အကျင့်သီလများကို ဆောက်တည်ကြသော သူတို့သည် စင်စစ် အဖန်ဆင်းခံတို့တွင် အကောင်းဆုံးသောသူများပင် ဖြစ်ကြကုန်၏။

၀၉၈ : ၈။ ၄င်းတို့၏ဖန်ဆင်းရှင်ထံမှရမည့် ဆုလဒ်ကား အမြဲနေထိုင်ကြရမည့် ဥယျာဉ်များပင် ဖြစ်ကြကုန်၏။ ထိုဥယျာဉ်များ၏အောက်မှ ရေချောင်းများသည် တသွင်သွင်စီးတွေလျက် သူတို့သည် ထိုဥယျာဉ်များတွင် အမြဲထာဝစဉ် နေထိုင်စံမြန်းကြရမည်။ အလ္လာဟ်အရှင်မြတ်သည်လည်း ၄င်းတို့အပေါ်ကျေနပ်သလို သူတို့သည် အလ္လာဟ်အရှင်မြတ်အပေါ် ကျေနပ်နေမည်။ ဤသည်ကာ အလ္လာဟ်အရှင်မြတ်အား ကြောက််ရွံ့သောသူတို့အဖို့သာတည်း။

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
Click outside to hide the comparison bar
Compare