Blog

၀၉၉။ စူရာ ဇိလ်ဇာလ် : မြေငလျင် ကဏ္ဍ (မက္ကာမြို့တော်ကျ- အစောင် ၃၀၊ ၈ အာယသ်တော်)

surah-99_img
The Holy Quran and Myanmar Translation

၀၉၉။ စူရာ ဇိလ်ဇာလ် : မြေငလျင် ကဏ္ဍ (မက္ကာမြို့တော်ကျ- အစောင် ၃၀၊ ၈ အာယသ်တော်)


Notice: Undefined index: options in /home/kpr4d695aq7d/public_html/wp-content/themes/edumall/elementor/widgets/original/section.php on line 45

မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။

၀၉၉ : ၁။ ပထဝီ မြေသည် မိမိငလျင်လှုပ်ခြင်း၊ မိမိသွက်သွက်ခါ တုန်လှုပ်ခြင်းဖြင့် တုန်လှုပ်ခြင်းကို ခံရလေသောအခါ။

၀၉၉ : ၂။ ၄င်းအပြင် ပထဝီမြေသည် မိမိ (အတွင်းရှိသေသူများ၊ ရွှေငွေရတနာ အစရှိသော) ဝန်ထုပ်များကို အပြင်သို့ထုတ်သောအခါ။

၀၉၉ : ၃။ ထို့အပြင် လူကပထဝီမြေ၌ (ယင်းကဲ့သို့ တုန်လှုပ်ရန်) မည်သည့်အကြောင်း ရှိသနည်းဟု ပြောဆိုသောအခါ။

၀၉၉ : ၄။ ထိုနေ့တွင် ယင်းပထဝီမြေသည် မိမိသတင်းစကားကို ပြောပြပေမည်။

၀၉၉ : ၅။ အကြောင်းသော်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ၄င်းအားယင်းသို့ပင် အမိန့်ုထုတ်ပြန်တော်မူခြင်ကြောင့်ဖြစ်အံ့။

၀၉၉ : ၆။ ထိုနေ့တွင် လူတို့သည် အုပ်စုအမျိုးမျိုးကွဲလျက် မိမိတို့၏ ကျင့်မူလုပ်ခဲ့သမျှကို ပြသရန်။

၀၉၉ : ၇။ သို့ဖြစ်ပေရာ မည်သူမဆို တစ်စုံတစ်ရာကောင်းမှုကို အနုမြူခန့်မျှပင် ပြုမူခဲ့ပါလျှင်လည်း ထိုသူသည် ထိုကောင်းမှုကို တွေ့မြင်ရပေမည်။

၀၉၉ : ၈။ ထိုနည်းတူစွာ မည်သူမဆို တစ်စုံတစ်ရာ မကောင်းမှုကို အနုမြူခန့်မျှပင် ပြုလူခဲ့ပါလျှင်လည်း ထိုသည် ယင်းမကောင်းမှုကို တွေ့မြင်ရမည်သာတည်း။

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
Click outside to hide the comparison bar
Compare