Blog

၁၀၀။ စူရာ အာဒီယာသ် : အာဇာနီမြင်းများ ကဏ္ဍ (မက္ကာမြို့တော်ကျ- အစောင် ၃၀၊ ၁၁ အာယသ်တော်)

surah-100_img
The Holy Quran and Myanmar Translation

၁၀၀။ စူရာ အာဒီယာသ် : အာဇာနီမြင်းများ ကဏ္ဍ (မက္ကာမြို့တော်ကျ- အစောင် ၃၀၊ ၁၁ အာယသ်တော်)


Notice: Undefined index: options in /home/kpr4d695aq7d/public_html/wp-content/themes/edumall/elementor/widgets/original/section.php on line 45

မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။

၁၀၀ : ၁။ (ငါအရှင်မြတ်သည်) မောဟိုက်သံနှင့် တကွ လျှင်မြန်စွာ ပြေးကြသော တိုက်မြင်းများကို သက်သေထူတော်မူ၏။

၁၀၀ : ၂။ တဖန် (ငါအရှင်မြတ်သည် မိမိတို့၏ ခွာများဖြင့် ကျောက်ခဲများကို) ရိုက်ခတ်ခြင်းအားဖြင့် မီးပွားများထွက်စေကြသော မြင်းများကို သက်သေထူတော်မူ၏။

၁၀၀ : ၃။ တဖန် (ငါအရှင်မြတ်သည်) နံနက်မိုးသောက်ချိန်၌ (ရန်သူများအား) ဝင်ရောက်တိုက်ခိုက်ကြသော မြင်းများကို သက်သေထူတော်မူ၏။

၁၀၀ : ၄။ တဖန် (ငါအရှင်မြတ်သည်) ထိုနံနက်မိုးသောက်ချိန်၌ ဖုံများကို ထောင်းထောင်းထစေသော မြင်းများကို သက်သေထူတော်မူ၏။

၁၀၀ : ၅။ တဖန် (ငါအရှင်မြတ်သည် ရန်သူများ၏) အုပ်စုအလည်သို့ တရှိန်တည်း ထိုးဖေါက်ဝင်ရောက်ကြသော မြင်းမျာကို သက်သေထူတောမူ၏။

၁၀၀ : ၆။ ဧကန်မလွဲ လူသည် မိမိကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ကျေးဇူးကန်းသူဖြစ်၏။

၁၀၀ : ၇။ ထို့အပြင် ထိုလူသည် ကျေးဇူးကန်းမှုနှင့် စပ်လျဉ်း၍ မိမိကိုယ်တိုင်ပင် သက်သေဖြစ်၏။

၁၀၀ : ၈။ ထိုမှတပါး ထိုလူသည် ဥစ္စာပစ္စည်းကို ခံမင်စုံမက်ရာ၌ အလွန်စိတ်ထက်သန်နေသူဖြစ်၏။

၁၀၀ : ၉။ (ကိယာမသ်ဖြစ်သောအခါ) သင်္ချိုင်းများအတွင်း၌ ရှိကြကုန်သောသူတို့သည် (ထိုသင်္ချိုင်းများကို မှောက်လှန်၍) ထုတ်ဖေါ်ခြင်းခံကြမည်ကို ထိုသူသည် မသိလေသလော။

၁၀၀ : ၁၀။ ၄င်းအပြင် စိတ်နှလုံးများအတွင်း၌ လျှို့ဝှကင်ချက်များသည် ထင်ရှားစေခြင်းခံရမည်ကိုလည်း (ထိုသူ) မသိလေသလော။

၁၀၀ : ၁၁။ မလွဲဧကန် ၄င်းတိုပအား ဖန်ဆင်းမွေးမြူတော် မူသော အရှင်မြတ်သည် ထိုနေ့တွင် ၄င်းတို့နှင့် ပတ်သက်၍ အလုံးစုံတို့ကို ကောင်းစွာသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
Click outside to hide the comparison bar
Compare