Blog

၁၀၁။ စူရာ ကာရိအဟ် : ကြီးလေးသော ဘေးဥပဒ် ကဏ္ဍ (မက္ကာမြို့တော်ကျ- အစောင် ၃၀၊ ၁၁ အာယသ်တော်)

surah-101_img
The Holy Quran and Myanmar Translation

၁၀၁။ စူရာ ကာရိအဟ် : ကြီးလေးသော ဘေးဥပဒ် ကဏ္ဍ (မက္ကာမြို့တော်ကျ- အစောင် ၃၀၊ ၁၁ အာယသ်တော်)


Notice: Undefined index: options in /home/kpr4d695aq7d/public_html/wp-content/themes/edumall/elementor/widgets/original/section.php on line 45

မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။

၁၀၁ : ၁။ ထိုဘေးဆိုးကြီး ဆိုက်ရောက်ခြင်းသည် (ထိုတီးခေါက်သောအရာသည်)။

၁၀၁ : ၂။ ထိုဘေးဆိုးကြီး ဆိုက်ရောက်ခြင်းသည် (ထိုတီးခေါက်သောအရာသည်) မည်သည့်အရာနည်း။

၁၀၁ : ၃။ စင်စစ် ထိုဘေးဆိုးကြီး ဆိုက်ရောက်ခြင်းသည် (ထိုတီးခေါက်သောအရာသည်) မည်သည့်အရာဖြစ် သည်ကို အသင်သိပါသလော။

၁၀၁ : ၄။ အကြင်နေ့တွင် လူတို့သည် ပြန့်ကြဲလျှက်ရှိကြသော ပိုးဖလံများကဲ့သို့ပင် ဖြစ်ကြပေမည်။

၁၀၁ : ၅။ ထိုမှတစ်ပါး တောင်များသည် ဖွတ်ပြီးအရောင်ဆိုးထားသော သိုးမွှေးကဲ့သို့ ဖြစ်ကြပေမည်။

၁၀၁ : ၆။ ထိုအခါ အကြင်သူ၏ ချိန်ဆက်ခြင်းခံရသော (ကောင်းမှု) များသည် အချိန်စီးခဲ့မှု။

၁၀၁ : ၇။ ထိုသူတို့သည် စိတ်တိုင်းကျ စီးစိမ်၌ မွေ့လျော်စွာ ရှိပေမည်။

၁၀၁ : ၈။ သို့ရာတွင် အကြင်သူ၏ ချိန်ဆက်ခြင်းခံရသော (ကောင်းမှု) များသည် အချိန်မစီးဘဲ ပေါ့၍နေသော။

၁၀၁ : ၉။ ထိုသူ၏ နေထိုင်ရာဋ္ဌာနမှာ နက်ရှိုင်းသော ငရဲတွင်းပင်ဖြစ်ပေမည်။

၁၀၁ : ၁၀။ စင်စစ် ထိုငရဲတွင်းဟူသည် အဘယ်နည်းဟု အသင်သိပါသလား။

၁၀၁ : ၁၁။ (ထိုငရဲတွင်းမှာကား) အလျှံပြောင်ပြောင် တောက်လောင်လျှက်ရှိသော ငရဲမီးပင်ဖြစ်ချေသတည်း။

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
Click outside to hide the comparison bar
Compare