Blog

၁၀၂။ စူရာ တကာစုရ် :ဥစ္စာကြွယ်ဝခြင်း ကဏ္ဍ (မက္ကာမြို့တော်ကျ- ၈ အာယသ်တော်)

surah-102_img
The Holy Quran and Myanmar Translation

၁၀၂။ စူရာ တကာစုရ် :ဥစ္စာကြွယ်ဝခြင်း ကဏ္ဍ (မက္ကာမြို့တော်ကျ- ၈ အာယသ်တော်)


Notice: Undefined index: options in /home/kpr4d695aq7d/public_html/wp-content/themes/edumall/elementor/widgets/original/section.php on line 45

မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။

၁၀၂ : ၁။ (ဥစ္စာပစ္စည်း၊ သားသမီးအစရှိသော လောကီစည်းစိမ်) ပေါများကြွယ်ဝမှုနှင့် စပ်လျဉ်း၌ လောဘရမ္မက် ဂုဏ်တု၊ ဂုဏ်ပြိုင် ပြုမှုသည် အသင်တို့အား (တမလွန်ဘဝကို) လျစ်လျူရှု ပေါ့တန်စေခဲ့၏။

၁၀၂ : ၂။ နောက်ဆုံးတွင် အသင်တို့သည် သင်္ချိုင်းများကို တွေ့မြင်ခဲ့ကြရလေသည်။

၁၀၂ : ၃။ သတိပြုကြလေကုန်၊ အသင်တို့သည် မကြာမြင့်မီ သိရှိကြပေမည်။

၁၀၂ : ၄။ တဖန်သတိပြုကြလေကုန်၊ အသင်တို့သည် မကြာမြင့်မီ သိရှိကြပေမည်။

၁၀၂ : ၅။ အကယ်၍ အသင်တို့သည် တပ်အပ်သေချာစွာ သိခြင်းအားဖြင့် သိရှိကြသည်ရှိသော အလျှင်း (လျစ်လျူရှု ပေါ့တန်ကြမည်) မဟုတ်ပေ။

၁၀၂ : ၆။ မလွဧငန် အသင်တို့ဥည် ဂျဟန္နမ်ငရဲကို တွေ့မြင်ကြပေမည်။

၁၀၂ : ၇။ ထို့နောက် မလွဲဧကန် အသင်တို့သည် ယင်း ဂျဟန္နမ် ငရဲကို မျက်မြင် တွေ့မြင်ကြပေမည်။

၁၀၂ : ၈။ ထို့နောက် အသင်တို့သည် စည်းစိမ်များနှင့် စပ်လျဉ်း၍ မုချအမှန် စစ်ဆေးမေးမြန်းခြင်းကို ခံကြရမည် ဖြစ်သတည်း။

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
Click outside to hide the comparison bar
Compare