Blog

၁၀၄။ စူရာ ဟုမဇဟ် : ကုန်းချော်သူကဏ္ဍ (မက္ကာမြို့တော်ကျ- အစောင် ၃၀၊ ၉ အာယသ်တော်)

surah-104_img
The Holy Quran and Myanmar Translation

၁၀၄။ စူရာ ဟုမဇဟ် : ကုန်းချော်သူကဏ္ဍ (မက္ကာမြို့တော်ကျ- အစောင် ၃၀၊ ၉ အာယသ်တော်)


Notice: Undefined index: options in /home/kpr4d695aq7d/public_html/wp-content/themes/edumall/elementor/widgets/original/section.php on line 45

မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။

၁၀၄ : ၁။ နေက်ကွယ်၌ အတင်းပြောသူတိုင်း၊ မျက်နှာစုံညီ စောင်းချိန်ရှုတ်ချသူတိုင်း၊ ကျိုးယုတ်ပျက်စီးမည်သာတည်း။

၁၀၄ : ၂။ အကြင် အတင်းပြောသူသည် ပစ္စည်းဥစ္စာကို စုဆောင်းပြီး ထိုပစ္စည်းဥစ္စာကို အကြိမ်ကြိမ် ရေတွက်လျှက်ရှိ၏။

၁၀၄ : ၃။ ထိုသူက မိမိဥစ္စာပစ္စည်းများသည် အမြဲတစေ တည်ရှိနေမည်ဟု ထင်မှတ်လေ၏။

၁၀၄ : ၄။ ထိုသို့ အလျှင်းမဟုတ် ထိုသူသည် အပိုင်းပိုင်းဖြစ်စေသော ငရဲတွင်းသို့ ပစ်ချခြင်း ခံရအံ့။

၁၀၄ : ၅။ စင်စစ် အပိုင်းပိုင်းဖြစ်စေသော ငရဲဟူကို အသင်သိပါသလား။

၁၀၄ : ၆။ မွှေးထားပြီးဖြစ်သော အလ္လာဟ်အရှင်မြတ်၏ ငရဲမီးပင်ဖြစ်သည်။

၁၀၄ : ၇။ အကြင်မီးသည် စိတ်နှလုံးများအထိ တိုးတက်ဖုံးလွှမ်းလေ၏။ ထိရောက်လေ၏။

၁၀၄ : ၈။ ဧကန်စင်စစ် ထိုမီးသည် ၄င်းတို့အပေါ်၌ ပိတ်ဆို့ပြီးဖြစ်ပေမည်။

၁၀၄ : ၉။ ရှည်လျှားစွာသော မီးကျီးတိုင်များ၌ (တုပ်နှောင်လျှက်)။

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
Click outside to hide the comparison bar
Compare