Blog

Fittirah- ဖိသ်ရဟ်ပေးခြင်း

Khutbah

Fittirah- ဖိသ်ရဟ်ပေးခြင်း


Notice: Undefined index: options in /home/kpr4d695aq7d/public_html/wp-content/themes/edumall/elementor/widgets/original/section.php on line 45

စင်စစ် ရိုဇာဟ်စောင့်ထိန်းသည်ဖြစ် စေ မစောင့်ထိန်းသည်ဖြစ်စေ နိဆာဗ် ပစ္စည်းပိုင်ဆိုင်သူဖြစ်လာလျှင် ဖိသ်ရာဟ်ပေးရမည် ဖြစ်သည်။

ဖိသ်ရဟ်အကြောင်း

ဖိသ်ရဟ်ဟူသောစကားသည် အာရဗီစကားဖြစ်သည်။ ဝါဖြေချိန် (သို့) ရိုဇာဟ်မစောင့် ဘဲနေခြင်းဟု အဓိပ္ပါယ် ရ၏။ ရမ်ဇာမ်လကုန်သည့်အခါ ဝါကျွတ်သဖြင့် ဝမ်းသာအားရ ဖြစ်ပြီး အလ္လာဟ်အရှင်မြတ်အား ကျေးဇူးတင် သောအားဖြင့် ပေးဆောင်ရသော အလှု ဒါနဖြစ်သည်။

ဖိသ်ရဟ်ပေးဆောင်ရန်တာဝန်ရှိသူများ

လွတ်လပ်သူဖြစ်ပြီး နိဆာဗ်တန်ဖိုးငွေကျေးပိုင်ဆိုင်သူသည် ဖိသ်ရဟ်ပေးဆောင်ရန် တာဝန်ရှိသည်။ နိဆာဗ် တန်ဖိုးငွေဆိုသည်မှာ လူတစ်ဦးသည် ကြွေးမီကင်းပြီး မိမိ အတွက် နေထိုင်ရန်၄င်း၊ စားသောက်ရန်၄င်း၊ ဝတ်ဆင်ရန်၄င်း လုံလုံလောက်လောက် ရှိနေသည့် အခြေအနေကိုဆိုလိုသည်။ ၄င်းအခြေအနေသည် ဇကာသ် ၏ နိဆာဗ် ပိုင်ဆိုင်သကဲ့သို့ တစ်နှစ်အချိန် အထိ ပိုင်းဆိုင်ခြင်း ကာလ မလိုအပ်ပေ။ နိဆာဗ် တန်ဖိုးရှိလျှင် ဖိသ်ရဟ်ပေးရမည်။

နိဆာဗ် ပစ္စည်းရှိသူသည် မိမိ၏အရွယ်မရောက်သေးသော ကလေးများအတွက် ဖိသ်ရဟ်ပေးရန်တာဝန်ရှိသည်။ သို့သော် ၄င်းကလေးများအတွက် ငွေကြေး သီးသန့် ရှိနေလျှင် ၄င်းငွေမှ ကလေးများအတွက် ပေးဆောင်ရ မည်။ ရိုဇာဟ် မစောင့်သူတွင် ဖိသ်ရဟ်တာဝန်မရှိဟု ထင်မှတ်တတ်ကြ၏။ စင်စစ် ရိုဇာဟ်စောင့်ထိန်းသည်ဖြစ် စေ မစောင့်ထိန်းသည်ဖြစ်စေ နိဆာဗ် ပစ္စည်းပိုင်ဆိုင်သူဖြစ်လာလျှင် ဖိသ်ရာဟ်ပေးရမည် ဖြစ်သည်။

ဖိသ်ရဟ်ပေးရန်အချိန်

အိဒ်နေ့ အာရုဏ်တက်ချိန်ရောက်လာလျှင် ဖိသ်ရဟ်ပေးရန် အချိန်ရောက်လေပြီး။ ထိုအချိန် မရောက်မီ လူတစ်ဦးသည် ကွယ်လွန်ခဲ့လျှင် ၄င်းအတွက် ဖိသ်ရာဟ်ပေးရန်တာဝန်မရှိပါ။ ၄င်း အချိန်နောက်ပိုင်း မွေးဖွားလာသည့် ကလေးငယ် အတွက်မူ ဖိသ်ရာဟ်ပေးရန်တာဝန်ရှိသည်။ ဖိသ်ရာဟ်ကို အိဒ်မတိုင်မီ ရမ်ဇာမ်လအတွင်းပေးလျှင်ပိုင်ပါသည်။ အိဒ်နမာဇ် မတိုင်မီပေးလျှင် အလွန်သင့်တော်သောအချိန်ဖြစ်သည်။ အိဒ်နမာဇ်ပြီးနောက် ပေးအပ်လျှင်လည်း ပိုင်သလို မပေးဘဲနေ သမျှ ကာလပတ်လုံး အစဉ်တာဝန်ရှိနေမည်သာဖြစ်သည်။

ဖိသ်ရဟ်တန်ဖိုး

မဂျုံ သို့ ဂျုံမှုန့် ၁ ပိသာ ၁၀ ကျပ်သား သို့ မုယောဆန်ဖြစ်လျှင် ၃ ပိသာ ၂၀ ကျပ်သားပေးရ မည်ဖြစ်သည်။ ဖေါ်ပြပါ ပစ္စည်များ၏ တန်ဖိုးကို၄င်း၊ ၄င်းတန်ဖိုးနှင့် ညီမျှသော ငွေသားကို၄င်း ပေးနိုင်သည်။ တန်ဖိုးကိုတွက်ယူသည့်အခါ ပစ္စည်း များ၏ ကာလပေါက်စျေးကို ယူရမည်။ ပုံသေသတ်မှတ်ခြင်းမပြုနိုင်ပါ။

ဖိသ်ရဟ်စားထိုက်သူများ

ဇကာသ်စားပိုင်သောသူသည် ဖိသ်ရဟ် စားပိုင်သည်။ ဇကာသ် မစားထိုက်သူသည် ဖိသ်ရဟ် မစားထိုက်ပါ။ ဖိသ်ရဟ် ပေးသင့်သည် ဇကာသ် (သို့) ဖိသ်ရဟ်ကို မစားထိုက်ပါ။ လူတစ် ယောက်၏ ဖိသ်ရဟ်ကို ဆင်းရဲသားအချို့အား ဝေငှပေး ကမ်းနိုင်သလို လူအချို့၏ ဖိသ်ရဟ်ကို ဆင်းရဲသားတစ်ဦးအား ပေးပိုင်ခွင့်ရှိပါသည်။

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
Click outside to hide the comparison bar
Compare