Blog

I’tikaf- အိသိကာဖ်

Khutbah

I’tikaf- အိသိကာဖ်


Notice: Undefined index: options in /home/kpr4d695aq7d/public_html/wp-content/themes/edumall/elementor/widgets/original/section.php on line 45

တမန်တော်မြတ် (ဆွ) သည် ရမ်ဇာန်လမြတ်၏ နောက်ဆုံး ၁၀ ရက်တွင် အစဉ် အိသိကာဖ် ထိုင်လေ့ရှိပါသည်။

Retiring to a Mosque for Remembrance of Allah (I’tikaf) အိသိကာဖ်

တမန်တော်မြတ် (ဆွ) မိန့်တော်မူသည်မှာ ရမ်ဇာန် လမြတ်၏ ပထမ ၁၀ ရက်သည် ရဟ်မသ်တော်များဖြင့် ပြည့်နက်နေပြီး ဒုတိယ ၁ဝရက်သည် ဘရ်ကသ် များဖြင့် ပြည့်ဝနေကာ နောက်ဆုံး ၁၀ ရက်သည် မဂ်ဖိရသ် ခွင့်လွှတ်ခြင်း ဖြင့် ပြည့်ဝနေသည်ဟူ၍ ဖြစ်သည်။ အထူးသဖြင့် တမန်တော်မြတ် (ဆွ) သည် နောက်ဆုံး ၁၀ ရက်ကို နှစ်စဉ် ဗလီဝတ်ကျောင်းတော်တွင် လုံးဝ အပြင်မထွက်ဘဲ အီဗါဒသ်တွင် နစ်မွန်းနေလေ့ရှိပါသည်။ ထိုနည်းအတူ မိမိ၏ အဆ်ဟာဗ် တော်များကိုလည်း ထိုသို့ အိဗါဒသ် လုပ်ရန်အတွက် တိုက်တွန်း ပြောဆိုလေ့ ရှိခဲ့ပါသည်။

ဘိုခါရီကျမ်း အတွဲ ၃ အပိုင်း ၃၃ ဟဒီးဆ် နံပါတ် ၂၄၃ တွင် အာအိရှာ (ရ) တင်ပြသည်မှာ- တမန်တော်မြတ် (ဆွ) သည် ရမ်ဇာန်လမြတ်၏ နောက်ဆုံး ၁၀ ရက်တွင် အစဉ် သေဆုံးချိန်တိုင်း အိသိကာဖ် ထိုင်လေ့ ရှိပါသည်။ တမန်တော်မြတ် ကွယ်လွန်ပြီးနောက် ဇနီးတော်သည် ဆက်လက်၍ အိသိကာဖ် ထိုင်လေ့ရှိ ပါသည်။ ဟဒီးဆ် နံပါတ် ၂၄၂ တွင် အဗ်ဒွလ္လာဟ် ဗင် အုမာရ် (ရ) တင်ပြသည်မှာ- တမန်တော်မြတ် (ဆွ) သည် ရမ်ဇာန်လမြတ်၏ နောက်ဆုံး ၁၀ ရက်တွင် အစဉ် အိသိကာဖ် ထိုင်လေ့ရှိပါသည်။

တမန်တော်မြတ် (ဆွ) အိသိကာဖ် ထိုင်ခြင်းနှင့် ပတ်သက်ပြီး အထောက်အထား ရရှိပြီးသည့်အခါ မည်သို့ မည်ပုံ အိသိကာဖ် ထိုင်သင့်ကိုလည်း သိရှိရန် လိုအပ်ပါသည်။ အစ္စလာမ် တရားတော်အရ အိသိကာဖ် ထိုင်ခြင်းသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ဖြစ်သည်။ ဗလီဝတ်ကျောင်းတော် တွင်းသို့ အိဗါဒသ် ပြုရန် နိယသ် ဖြင့် ဝင်ရောက်ကိန်းအောင်းနေခြင်းကို အိသိကာဖ် ပြုခြင်းဟု ခေါ်ပါသည်။ သတိပြုရမည်မှာ အိသိကာဖ် ထိုင်သော ဗလီသသည် ဂျမာအသ်ဖြင့် ဝတ်ပြုသော ဗလီဝတ်ကျောင်းတော်ဖြစ်ရန်အရေးကြီးသည်။ အမျိုးသမီးတို့လည်း အိသိကာဖ်ထိုင်နိုင်သည်။ သို့သော် ဗလီဝတ်ကျောင်းတွင် မထိုင်ရဘဲ မိမိအိမ်၏ သန့်ရှင်းသော အခန်း သို့ နေရာ တစ်နေရာကို သတ်မှတ်ကာ နေထိုင်နိုင်သည်။ အိသိကာဖ် ထိုင်သူတို့သည် အပေါ့ အလေးသွားခြင်းမှ အပ မိမိနေရာမှ မရွေ့မိရန် သတိပြုရမည်။

အိသိကာဖ်ထိုင်ခြင်းတွင် အမျိုးအစား သုံးမျိုးရှိသည်ကို တွေ့ရသည်။ (၁) ၀ါဂျိဗ် (၂) စွန္နသ် မုအက္ကိဒဟ် (၃) မွတ်စ်သဟဗ် စသည်တို့ဖြစ်သည်။
(၁) ၀ါဂျိဗ်အိသိကာဖ်သည် ကိုးထားသော အိသိကာဖ်ဖြစ်သည်။ ဥပမာ စါမေးပွဲ အောင်လျှင် အိသိကာဖ် ၅ ရက်ထိုင်မည်ဟု ကိုခြင်း။
(၂) စွန္နသ်မုအက္ကိဒဟ်- ရမ်ဇာန်လ၏ နောက်ဆုံး ၁၀ ရက်တွင် ထိုင်သော အိသိကာဖ်ဖြစ်သည်။ ရမ်ဇာမ်လ ၂၀ ရက်နေ့ ညနေတွင် ရေမိုးချိုးပြီး နောက် ဗလီသို့ သွားရောက်ပြီး အိဒ်နေ့လမြင်ချိန်တွင် ဗလီမှ ထွက်ခြင်းဖြစ်သည်။ တရားတော်တွင် ထိုသို့ထိုင်ခြင်းသည် လူအချို့အနေဖြင့် ထိုင်လျှင် ထိုမြို့ရှိ လူတိုင်းအပေါ် တာဝန်ကျေသွားမည်ဖြစ်သဖြင့် ၄င်းကို စွန္နသ် မုအက္ကိဒဟ် အလ် ကိဖာယဟ် ဟုလည်းခေါ်ပါသည်။
(၃) မွတ်စ်သဟဗ် အိသိကာဖ်သည် ၀ါဂျိဗ် နှင့် စွန္နသ်မုအက္ကိဒဟ် အိသိကာဖ် များမှအပ ကျန်ရှိသမျှတို့ သည် မွတ်စ်သဟဗ် များဖြစ်သည်။ တနှစ်ပတ်လုံး ထိုင်ချင်သည့် အချိန် ထိုင်နိုင်ပါသည်။

အိသိကာဖ်၏ စည်းကမ်းချက်များ

(၁) မွတ်စ်လင်မ် ဖြစ်ရမည်။
(၂) (ဟဒါစ် အက်ဘရ်) ရေချိုးထိုက်သည့် အဖြစ်မှ လွတ်ကင်းသန့်ရှင်းသူ ဖြစ်ရမည်။
(၃) ရာသီလာသူ နှင့် မီးနေသည် မဖြစ်စေရ။
(၄) အသိဥါဏ် ရှိသူဖြစ်ရမည်။ (အသိတရားပြည့်ဝသူဖြစ်ပြီး၊ ရူသွပ်သူမဖြစ်စေရ)။
(၅) နိယသ်ပြုရန် အရေးကြီးသည်။
(၆) ဂျမာအသ်နှင့် ဝတ်ပြုသော ဗလီတွင်သာ အိသိကာဖ် ထိုင်ရမည်။
(၇) ရိုဇဟ်စောင့်ထိန်းခြင်းသည် အိသိကာဖ်ထိုင်သည့် အချိန်အတောအတွင်း မပျက်စေရ။

အိသိကာဖ် အချိန်

၀ါဂျိဗ် အိသိကာဖ် ထိုင်ရန်သည် အနည်းဆုံး တစ်ရက်ဖြစ်ပြီး ရိုဇာဟ်စောင့်ထိန်းခြင်းလည်းပြုရမည်။
စွန္နသ်မုအက္ကိဒဟ် ရမ်ဇာန် လ နောက်ဆုံး အပိုင်းတွင်ထိုင်သော ရိုဇာဟ်သည် ၁၀ ရက်ဖြစ်သည်။
မွတ်စ်သဟဗ် အိသိကာဖ်သည် အချိန် သတ်မှတ်ချက် မရှိဘဲ ကြိုက်သလို ၁ နာရီ ၁ ရက် ၁၀ ရက် ထိုင်နိုင်သည်။ ခေတ္တ ဗလီအတွင်းသို့ ဝင်ရောက်ခြင်းကိုပင် အိသိကာဖ် နိယသ်ဖြင့် ဝင်ရောက် ထိုင် နိုင်ပါသည်။

အိသိကာဖ်၏ မွတ်စ်သဟဗ် အချက်များ

(၁) မွန်မြတ်သော စကားများပြောဆိုခြင်း
(၂) ကုရ်အာန် ကျမ်းမြတ် ရွတ်ဖတ်နေခြင်း
(၃) ဒရူဒ် ရှရီဖ်နှင့် ဇိကိရ် ရွတ်ဖတ်နေခြင်း
(၄) သာသနာရေးပညာရပ်များ သင်ယူခြင်းနှင့် ပို့ချခြင်း
(၅) တရားဟောခြင်း
(၆) ဂျာမေ့ ဗလီတွင် နေထိုင်ခြင်း

ဗလီအပြင်သို့ ထွက်ခွင့်ရှိသော အချက်များ

(၁) ကျင်ကြီးကျင်ငယ် စွန့်ခြင်း
(၂) ရေချိုးရန်အတွက် ဖရပ်ဇ် တာဝန်ဖြစ်လာခြင်း
(၃) အိသိကာဖ် ထိုင်သည့်ဗလီတွင် ဂျွမ္မာ ဆွလာသ် မဖြစ်လျှင် ဖြစ်သည့် ဗလီသို့ သွားရောက်ကာ ဂျွမ္မာ ဆွလာသ် ဖတ်ခြင်း။
(၄) အာဇာန် ဆိုရန် ထွက်ခြင်း (အာဇာန်ပေးမည့်သူ မရှိမှသာ ထွက်ရမည်။)

ဗလီဝတ်ကျောင်းတော်အတွင်း လုပ်ပိုင်ခွင့်ရှိသော အချက်များ

(၁) စားခြင်း သောက်ခြင်း
(၂) အိပ်စက်ခြင်း
(၃) အလိုရှိသော ပစ္စည်း ဗလီတွင်းအရှိလျှင် ထွက်ဝယ်ခြင်း
(၄) ထိမ်းမြားခြင်း

မကရူးဟ် ဖြစ်စေသောအချက်များ

(၁) လုံးဝတိတ်ဆိတ်စွာနေခြင်း ထိုသို့နေခြင်းကို အိဗါဒသ် ဟုယူဆခြင်း
(၂) အရောင်းအဝယ်ပြုခြင်း
(၃) ခိုက်ရန်ဖြစ်ပွားခြင်းနှင့် မဖွယ်ရာသော စကားများပြောခြင်း

အိသိကာဖ်ပျက်စေသောအချက်များ

(၁) အကြောင်းမရှိဘဲ တမင်ဖြစ်စေ၊ မေ့၍ဖြစ်စေ၊ အပြင်သို့ ထွက်ခြင်း။
(၂) အိသိကာဖ် ထိုင်နေစဉ် ဇနီသယ်နှင့် သံဝါသပြုခြင်း။
(၃) အကြောင်းတခုခုကြောင့် အပြင်သို့ထွက်သည့်အခါ လိုသည်ထက် အချိန်ပိုကြာအောင်နေခြင်း
(၄) ရောဂါကြောင့်ဖြစ်စေ၊ ကြောက်လန့်၍ဖြစ်စေ ဗလီအပြင်သို့ထွက်မိခြင်း
မှတ်ချက် ၀ါဂျိဗ် အိသိကာဖ် ပျက်လျှင် ပြန်ထိုင်ရန် တာဝန်ရှိသည်။ သို့သော် အခြား အိသိကာဖ်များ ပျက်လျှင် ပြန်ထိုင်ရန် တာဝန်မရှိပါ။

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
Click outside to hide the comparison bar
Compare