Blog

Qazawah and Kaffarah ကဇွာရိုဇာဟ်နှင့် ကဖာရဟ်ရိုဇာဟ်

Khutbah

Qazawah and Kaffarah ကဇွာရိုဇာဟ်နှင့် ကဖာရဟ်ရိုဇာဟ်


Notice: Undefined index: options in /home/kpr4d695aq7d/public_html/wp-content/themes/edumall/elementor/widgets/original/section.php on line 45

ဖရဇ်ရိုဇာဟ်များကို တမင်ဖျက်ပစ်လျှင် ကဖာရဟ်ထိုက်၏။

ကဇွာရိုဇာဟ်နှင့် ကဖာရဟ်ရိုဇာဟ်များအကြောင်း

(၁) ရမ်ဇာမ်လမြတ်တွင် ဖရဇ်အဖြစ်စောင့်ထိန်းသင့်သည့် ရိုဇာဟ်များကို အကြောင်း အမျိုးမျိုးကြောင့် မထားနိုင်လျှင်၄င်း၊ (၂) ရက်လသတ်မှတ်ပြီး ကိုးထားသော ရိုဇာဟ် များကို သတ်မှန်အချိန်အတွင်း မထားနိုင်ခဲ့သော်၄င်း၊ (၃) နဖိလ်ရိုဇာကို စောင့်ထိန်း နေပြီးမှ ဖျက်လိုက်လျှင်၄င်း၊ ထိုရိုဇာဟ်များကို ပြန်လည်ဖြည့်စွက်ရမည်။ ကဇွာဖြည့် စွက်ခြင်းကို မြန်နိုင်သမျှမြန်အောင် ပြုလုပ်သင့်သည်။ ၄င်းရိုဇာဟ်များကို ရက်ဆက်၍ ၄င်း၊ ရက်ခြား၍၄င်းဖြည့်စွက်နိုင်သည်။

၄င်းကဇွာရိုဇာဟ်များကို မစောင့်ထိန်းနိုင်လောက်အောင်ဖြစ်နေလျှင်၄င်း၊ အိုမင်းယင့် ယော်လွန်းနေလျှင်၄င်း၊ ကျန်းမာလာလိမ့်မည်ဟု မမျှော်လင့်နိုင်တော့လျှင်၄င်း၊ ၄င်း တို့၏ ဆွေမျိုးသားချင်းများက ဖိဒ်ယာပေးရမည်ဖြစ်သည်။ ဖိဒ်ယာပေးရမည့် အခြေ အနေသည် ဂျုံဖြစ်လျှင် ၁ ပိသာ ၁ဝ ကျပ်သား မုယောဆန်ဖြစ်လျှင် ၃ ပိသာ ၂၀ ကျပ်သား၊ (သို့) ၄င်းတို့၏ တန်ဖိုးနှင့် ညီမျှသော ငွေကို၄င်း၊ သို့ ၄င်းတို့နှင့် တန်ဖိုးညီမျှ သော ဆီ၊ ဆန်၊ ဆား တို့ကိုလည်းပေးနိုင်သည်။ အကယ်၍ ရိုဇာဟ်ကဇွာစောင့်ထိန်း ရန်တာဝန်ရှိသူသည် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသွားလျှင် ၄င်း၏ ဆွေမျိုး သားချင်းများအနေဖြင့် ၄င်းအတွက် ဖိဒ်ယာ ပေးပေးရမည်။

ဖရဇ်ရိုဇာဟ်များကို တမင်ဖျက်ပစ်လျှင် ကဖာရဟ်ထိုက်၏။ ကဖာရဟ်ဆောင်ရွက် နည်းနှစ်မျိုးရှိ၏။ တစ်မျိုးမှာ ရက်ပေါင်း ၆၀ ဆက်တိုက် ရိုဇာဟ်စောင့်ထိန်းရမည်။ အကယ်၍ ရက်ပျက်ဖြစ်ခဲ့လျှင် အစမှပြန်၍ ထားရမည်ဖြစ်သည်။ အခြားတစ်မျိုးမှာ ဆင်းရဲသား ၆၀ ဦးအား ထမင်း ၂ နှပ် အဝ ကျွေးရမည်။ ထမင်းမကြွေးနိုင်ဖြစ်လျှင် ဆင်းရဲသားတစ်ဦးအား ဂျုံဖြစ်လျှင် ၁ ပိသာ ၁ဝ ကျပ်သား မုယောဆန်ဖြစ်လျှင် ၃ ပိသာ ၂၀ ကျပ်သား (သို့) ၄င်းတို့၏ တန်ဖိုးနှင့် ညီမျှသော ငွေကို၄င်း၊ သို့ ၄င်းတို့နှင့် တန်ဖိုးညီမျှ သော ဆီ၊ ဆန်၊ ဆား တို့ကိုလည်းပေးနိုင်သည်။ ပေးနိုင်သည်။ ဆင်းရဲ သားတစ်ဦးတည်းကို ၆၀ ဦးအတွက်ပေးရမည့် ဂျုံနှင့် ၄င်း၏တန်ဖိုးညီသော ငွေများ အားလုံးကို တစ်ချိန်တည်း မပေးအပ်ရပါ။ သို့သော် ၄င်းဆင်းရဲသားတစ်ဦးကို တစ်ရက်လျှင် ထမင်း ၂ နပ် ရက်ပေါင်း ၆၀ ကျွေးလျှင်လည်း ပိုင်ပါသည်။ ဆင်းရဲသား တစ်ဦးကို တစ်ရက်အတွက် ထိုက်သော ကဖာရဟ်ထက် ပိုပေးခဲ့လျှင်လည်း ပိုသမျှ သည် အကျုံးမဝင်ဘဲ တစ်ရက်အတွက်သာ ကဖာရဟ်ဖြစ်ပေမည်။ ကဖာရဟ် သတ် မှတ်ထားသည့် တန်ဖိုး (သို့) အလေးချိန်ထက် ရော့နည်းကာ ပေးအပ်လျှင်လည်း ကဖာရဟ်မပိုင်ပါ။ ရမ်ဇာမ်လ၏ ရိုဇာဟ်အချို့ပျက်ခဲ့လျှင်လည်း ကဖာရဟ်တစ်ခုသာ တာဝန်ရှိပါသည်။

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
Click outside to hide the comparison bar
Compare