Blog

Zakat – ဇကာသ်

Khutbah

Zakat – ဇကာသ်


Notice: Undefined index: options in /home/kpr4d695aq7d/public_html/wp-content/themes/edumall/elementor/widgets/original/section.php on line 45

ဇကာသ်ပေးခြင်းသည် အစ္စလာမ်မဏ္ဍိုင်ကြီး ၅ ခုတွင်တစ်ခုအပါအဝင်ဖြစ်ပြီး နိဆာဗ် ရှိသူတို့အဖို့ မဖြစ်မနေလုပ်ရမည် ဖရဖ် တာဝန်ဖြစ် သည်။

ဇကာသ်

ဇကာသ် ဟူသည် မိမိတွင်ရှိသော ပစ္စည်းဥစ္စာများအနက်မှ ရှရီအသ်တရားတော်က သတ်မှတ် ထားသော အစိတ်အပိုင်းကို အလ္လာဟ်အရှင်မြတ်၏ အမိန့်ပညာတ်တော်အတိုင်း ဆင်းရဲသား များအား အပိုင်ပေးအပ်လှုဒါန်းခြင်းဖြစ်သည်။ ဆွလာသ်နှင့် ရိုဇာသည် ကိုယ်ကာယအားဖြင့် လုပ်ကိုင်ရသော အိဗါဒသ်ဖြစ်ပြီး ဇကာသ်သည် ဥစ္စာပစ္စည်းဖြင့် ပြုလုပ်အပ်သော အိဗါဒသ်ဖြစ် သည်။ ဇကာသ်ပေးခြင်းနှင့်ပတ်သက်ပြီး ကျမ်းမြတ်ကုရ်အာန် ( ၂း၂၇၇၊ ၆း၁၄၁၊ ၉း၅၊ ၄၁းရ၊ ရဝး၂၄-၂၅၊ ၇၃း၂၀၊ ၉၈း၅) တွင်လာရှိပါသည်။ ဇကာသ်ပေးခြင်းသည် အစ္စလာမ်မဏ္ဍိုင်ကြီး ၅ ခုတွင်တစ်ခုအပါအဝင်ဖြစ်ပြီး နိဆာဗ် ရှိသူတို့အဖို့ မဖြစ်မနေလုပ်ရမည် ဖရဖ် တာဝန်ဖြစ် သည်။ ဇကာသ်ပေးခြင်းကို ငြင်းဆန်သူသည် ကာဖိရ်ဖြစ်သည်။ ဇကာသ်ပေးဆောင်ရန်တာဝန် ရှိသောသူတို့မှာ-

(၁) မွတ်စ်လင်မ်ဖြစ်ခြင်း၊
(၂) လွတ်လပ်သူဖြစ်ခြင်း
(၃) အသိဥါဏ်ရှိသူဖြစ်ခြင်း၊
(၄) အရွယ်ရောက်သူဖြစ်ခြင်း၊
(၅) နိဆာဗ်ပစ္စည်းထက် ပိုမိုသော ပစ္စည်းဥစ္စာကိုပိုင်ဆိုင်ပြီး ကြွေးမြီကင်းသူဖြစ်ခြင်း၊
(၆) နိဆာဗ်ထက် ပိုသော ငွေကြေးများကို တနှစ်အနည်းဆုံး ပိုင်ဆိုင်သူဖြစ်ခြင်း။ လူတစ်ဦး တွင် ရွှေ ၇ ကျပ်သားခွဲခန့်ရှိလျှင် ထိုသူတွင် နိဆာဗ်ပမာဏ ရှိနေပြီဟု သတ်မှတ်ရမည်။

နိဆာဗ်

နိဆာဗ်ဆိုသည်မှာ ရှရီအသ်တရားတော်က သတ်မှတ်ထားသည့် ဇကာသ်ပေးသင့်သည့် လူတစ်ဦးပိုင်ဆိုင်သော ငွေကြေးပစ္စည်း၏ ပိုင်ဆိုင်မှုသတ်မှတ်ချက်ဖြစ်သည်။ ဥပမာ လူတစ်ဦး ထံတွင် ချောင်လည်စွာ စားသောက် ဝတ်စား နေထိုင်နိုင်သည့် အနေအထားသည် နိဆာဗ် ပမာဏ ပင်ဖြစ်သည်။ လူတစ်ဦးတွင် ၄င်းပမာဏထက် ပိုသောငွေရှိပြီး အကြွေးလည်းကင်းသူ ဖြစ်က ထိုသူသည် ဇကာသ်ပေးဆောင်ရမည်။ ငွေကြေးပမာဏအနေဖြင့် လူတစ်ဦးတွင် ငွေသား ၅၄ ကျပ်ခွဲသားခန့် သို့ ရွှေ ၇ ကျပ်ခွဲသားခန့် သည်နိဆာဗ်၏ ပမာဏပင်ဖြစ်သည်။ သို့ဖြစ်၍ ထိုလူသည် ၄င်းငွေသား သို့ ရွှေသား၏ တန်ဖိုးကို တွက်ချက်ယူပြီး စုစုပေါင်းငွေသား ၏ ၄၀ ပုံ တစ်ပုံကို ဇကာသ်အဖြစ်ပေးရမည်။ တနည်းအားဖြင့် ၁၀၀ ကျပ်လျှင် ၂ကျပ် ၅၀ ပြား ပေးရမည်ကို ဆိုလိုသည်။

ဇကာသ်ပေးရန်မလိုသည့် ပစ္စည်းများ

နိဆာဗ် အထက်ရှိသော မိမိပိုင်ဆိုင်သည့် ပစ္စည်းများတွင် မိမိနေထိုင်သည့် အိမ်၊ အသုံးအ ဆောင်ပစ္စည်းများ မပါဝင်ပါ။

ဥပမာ
(၁) မိမိနေသည့်အိမ်၊
(၂) မိမိ ငှားရမ်းထားသည့်အိမ်များ၊
(၃) အိမ်အသုံးအဆောင်ပစ္စည်းများ မည်မျှ များသည်ဖြစ်စေ၊ (အဝတ်အစား၊ အိုး၊ခွက်ယောက်၊ ပုကန်၊ ဆိုင်၊ ကား၊ စက်ဘီး၊ ဆိုင်ကယ်)
(၄) အရောင်းအဝယ်အတွက်မဟုတ်သည့် ကျောက်မျက်ရတနာများ၊
(၅) လူတစ်ဦးထံတွင် ရွှေ ၃ (သို့) ၄ (သို့) ၅ (သို့) ၆ ကျပ်သားခန့်သာရှိလျှင် နိဆာဗ် ပမာဏဖြစ်သည့် ၇ ကျပ်ခွဲ သားခန့် မရှိသဖြင့် ဇကာသ်ပေးရန်မလိုပါ။
(၆) လူတစ်ဦးတွင် ရွှေ နှင့် ငွေသား ပမာဏ နှစ်ခုပေါင်းလျှင် ရွှေ ၇ ကျပ်ခွဲသား တန်ဖိုးနှင့် ညီမျှသွားလျှင်မူ ဇကာသ်ပေးရမည်။

ဇကာသ်ပေးအပ်ရမည့် ပစ္စည်းများ

(၁) မိမိထံရှိ နိဆာဗ် ပမာဏ ပြည့်နေပြီဖြစ်သော ရွှေနှင့် ငွေများ၊ ရွှေခွက် ငွေခွက်များ၊
(၂) ရောင်းဝယ်ရန် ရည်ရွယ်ချက်ဖြင့် ဝယ်ထားသောပစ္စည်းများ၊
(၃) အသီးအနှံ၊ ကောက်ပဲသီးနှံများ၊ ပဲ၊ ပြောင်း၊ စပါး၊ မုယော၊ ဂျုံ၊
(၄) အဝတ်အထည်၊စားသောက်ဖွယ်ရာများ၊
(၅) အိမ်သုံးပစ္စည်းများ၊
(၆) အိမ်ထောင်ပရိဘောဂများ၊
(၇) အိမ်၊
(၈) ဆိုင်၊
(၉) ကား၊
(၁၀) ဆိုင်ကယ်၊
(၁၁) တိရိစ္ဆာန်များ၊ နွား၊ ကျွဲ၊ ကုလားအုပ်၊ ဆိတ်၊ သိုးနှင့် အခြားပစ္စည်းများ။

ဇကာသ်ပေးနည်း

(၁) ဇကာသ်ပေးဆောင်ရန် တာဝန်ရှိသူသည် ဇကာသ်စားထိုင်သူတစ်ဦးကို အလ္လာဟ် အရှင်မြတ် အဖို့ ရည်စူးလျှက် အပိုင်ပေး အပ်လိုက်ရမည်။ဇကာသ်ရသူသည် ၄င်းပစ္စည်း (သို့) ငွေကြေးကို မိမိနှစ်သက်သလို အသုံးပြု နိုင်သည်။
(၂) ဇကာသ်ငွေကို လုပ်ခအဖြစ်၄င်း၊ အလုပ်တစ်ခုခု ခိုင်းသည့် အတွက် အသုံးမပြုနိုင်ပါ။
သို့သော် ဇကာသ်ငွေမှ ပစ္စည်းဝယ်ပြီး ဆင်းရဲသားတို့အား ဝေငှခြင်းသည် ပြုပိုင်ခွင့် ရှိသည်။
(၃)နိဆာဗ်ပစ္စည်းပိုင်ဆိုင်ခြင်း တစ်နှစ်ပြည့်လျှင် ပေးသင့်သောဇကာသ်ပစ္စည်းကို ချက်ချင်းပေးသင့်သည်။
ဇကာသ်ကို ကြိုတင်ပေးထားခြင်းသည်လည်းပြုပိုင်သည်။
(၄) ရမ်ဇာမ်လမရောက် ခင် ရှာဘာန်လကတည်းက ကြိုတင်ပေးကကောင်းသည်။အကြောင်းအမျိုးမျိုးကြောင့် လူတစ်ဦး အား (အလှုငွေဖြစ်စေ) ငွေပေးပြီးနောက် ၄င်းငွေကို ဇကာသ် အဖြစ် ပြောင်းလဲပိုင်ခွင့်မရှိပေ။
(၅)မိမိသိသူတစ်ဦးအား ဇကာသ်ပေးချိန်တွင် ဇကာသ်ဟု မပြောဘဲ ချီးမြှင့်ငွေအဖြစ်၄င်း၊ အီဒ်လက်ဆောင် အဖြစ်ပြောပေးပိုင်ခွင့်ရှိသည်။ မသိသူများကိုမူ ဇကာသ်အဖြစ်ပြောရမည်။
(၆) နိဆာဗ်ပစ္စည်းပိုင်ဆင်ပြီး တစ်နှစ်ပြည့်ပြီးနောက် ဇကာသ်မပေးမီ ၄င်းပစ္စများ မီးလောင် ပျက်ဆီးဆုံးရှုံး သွားလျှင် ထိုသူအပေါ် ဇကာသ်တာဝန်မရှိတော့ပါ။
(၇) တစ်နှစ်ပြည့်သည့်အချိန် မိမိပစ္စည်းများအားလုံးကို အလ္လာဟ်လမ်းတွင် ပေးလှူလိုက် လျှင် ဇကာသ်အတွက် ခွင့်လွှတ်ချက်ရရှိသွားပြီဖြစ်သည်။

ဇကာသ်မယူထိုင်သူများ

နိဆာဗ် ပမာဏပစ္စည်းပိုင်ဆိုင်သူ။
ဆိုင်ယဒ်နှင့် ဗနီဟာရှင်အမျိုးအနွယ်များ။
ဇကာသ်ပေးသူ၏ အမိ၊ အဖ၊ အဖိုး၊ အဖွား၊ အထက်နှင့် အောက် အဆက် အနွယ်များ။
သားသမီး မြေး မြစ် နှင့် ၄င်းတို့မှ ဆင်းသက်လာသောသူများ။
ဇနိး (သို့) ခင်ပွန်း
ကာဖိရ်
ကြွယ်ဝချမ်းသာသူတို့၏ အရွယ်မရောက်သေးသော သားသမီးများ။

ဇကာသ်ယူထိုက်သူများ

နိဆာဗ် ပမာဏမျှ ပစ္စည်းမရှိသူများ။
သူဆင်းရဲများ။
ပစ္စည်းရှိသော်လည်း အကြွေးပေးလိုက်လျှင် နိဆာဗ်ပမာဏမျှ တန်ဖိုပင် မရှိတော့သူများ။
လမ်းခရီးတွင် ငွေကြေးပြတ်လတ်နေသော ခရီးသည်များ။
ဆင်းရဲသော ဆွေမျိုးသားချင်းများ။
ဆင်းရဲသော အိမ်နီးနာချင်း၊ မြို့ရွာရှိ လူများ။
မိဘမဲ့များ၊ အစောင့်အရှောက်ကင်းသော အဖိုးအိုများ
ဆေးကုသခံနေရသည့် သူဆင်းရဲများ။

ဇကာသ်ငွေမသုံးစွဲသင့်သည့်အခြေအနေ

ဗလီတည်ဆောက်ခြင်း။
ဗလီအသုံးအဆောင်ပစ္စည်များ ဝယ်ပေးခြင်း။
သေသူအတွက် ကဖန်ပိတ်ဝယ်ပေးခြင်း။
နာရေးအတွက်သုံးခြင်း။
သေသူ၏အကြွေးကို ပေးဆပ်ခြင်း။
ဗလီအတွက်ရေဝယ်ပေးခြင်း။
ဇကာသ်မပေးထိုက်သူတစ်ဦးကို ဇကာသ်ပေးအပ်ပြီးမှ ထိုသူမယူ ထိုက်မှန်းသိရလျှင်လည်း မိမိဇကာသ် အထမြောက် သွားပါမည်။

မြေထွက်သီးနှံများ၏ဇကာသ်

မြေထွက်သီးနှံများနှင့် ပတ်သက်လျှင် သီးနှံထွက်သည့်နေ့တွင်ပေးရမည်။
ရေသွင်းခြင်းမပြုရဘဲ အလေ့ကြပေါက်သော သီးနှံများအတွက် ၁၀ ပုံ ၁ ပုံ။
ရေသွင်းခြင်းဖြစ်ပေါက်သော သီးနှံများအတွက် ၂၀ ပုံ ၁ ပုံ။
လယ်ယာတစ်ခုတွင် တစ်နှစ် ၂ ကြိမ်၊ (သို့) ၃ ကြိမ်သီးလျှင် သီးတိုင်း ဇကာသ်ပေးရမည်။
လယ်ယာတစ်ကွက်ကို လူတစ်ဦးက ငှားရမ်းသီးနှံစိုက်ပျိုး၏။ ငှားသူကသာ ဇကာသ်ပေးရမည်။ လယ်ရှင်ပေးရန်မလိုပါ။
မိမိအိမ်ဝန်းအတွင်း စိုက်ပျိုးထားသော စားသောက်ပင်များအတွက် ပေးရန် မလိုပါ။

ကျွဲနွားအတွက် ဇကာသ်ပေးနည်း

ပျမ်းမျှခြင်းအားဖြင့် ကျွဲနွားကောင်းရေ ၅၀ ရှိလျှင် ဇကာသ်ပေးဆောင်ရမည်။
ကောင်ရေ ၄၀ တွင် ၂ နှစ်သား ၁ ကောင်။
ကောင်ရေ ၆၀ တွင် ၁ နှစ်သား ၂ ကောင်။
ကောင်ရေ ၈၀ တွင် ၂ နှစ်သား ၂ ကောင်။
ကောင်ရေ ၉၀ တွင် ၁ နှစ်သား ၃ ကောင်။
ကောင်ရေ ၁ဝဝတွင် ၁ နှစ်သား ၂ ကောင်နှင့် ၁ နှစ်သား ၁ ကောင်။

သိုးဆိတ်အတွက် ဇကာသ်ပေးနည်း

ဆိတ်ကောင်ရေ ၄၀ တွင် ၁ ကောင်။
ဆိတ်ကောင်ရေ ၁၂၀ တွင် ၂ ကောင်။
ဆိတ်ကောင်ရေ ၂၀၀ တွင် ၃ ကောင်။
ဆိတ်ကောင်ရေ ၄၀၀ တွင် ၄ ကာင်။
၄၀ အထက်ကောင်ရေ ၁၀၀ မပြည့်မချင်း ၁ ကောင်သာပေးရမည်။
၄၀၀ အထက် ၁၀၀ ပြည့်တိုင်း ၁ ကောင်ပေးရမည်။

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
Click outside to hide the comparison bar
Compare